လမ်းပိုင်းပိတ်ဆို့

  • Feb- 2026 -
    12 February
    သတင်း

    ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ခရီးသည်ကားနဲ့ကုန်ကားကြီးများ ရာချီပိတ်မိ‌နေ

    ရွှေဘို–မြစ်ကြီးနားဗျူဟာကားလမ်းပိုင်းပိတ်ထားတဲ့အတွက်  ခရီးသည်တင်(Express)ကားကြီးတွေနဲ့ ကုန်ကားကြီးများ ရာချီပိတ်မိနေဆဲဖြစ်တယ်လို့ ခရီးသည်တွေဆီက နေသိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ၂၇ ရက်နေ့နောက်ပိုင်း မန္တလေးကနေ ကချင်ပြည်နယ် မြစ်ကြီးနားဘက်ကိုတက်လာတဲ့ ခရီးသည်တင် Express ကားကြီးတွေနဲ့ကုန်ကားကြီးတွေဟာ စစ်ကိုင်းတိုင်း  ရွှေဘိုမြို့အနီးရွှေကိုးပင်ဂိတ်မှာ ပိတ်မိနေတာ ရက်ပေါင်း ၂၀…

    Read More »
  • Nov- 2025 -
    24 November
    သတင်း

    စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ.လ.ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မချမ်းဘော့မြို့ရဲ့အောက်ဘက် မလိခမြစ်အနီးမှာ စစ်ကောင်စီတပ်နဲ့…

    Read More »
  • Oct- 2025 -
    8 October
    သတင်း

    အင်းတော်ကြီး-ဂွေခါလမ်းပိုင်း စစ်တပ်ပိတ်ထားလို့ အခြေခံစားသောက်ကုန်သယ်ယူဖို့ခက်ခဲလာ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး – ဂွေခါကားလမ်းပိုင်းကို စစ်တပ်ကပိတ်ထားတဲ့အတွက် ယင်းလမ်းပိုင်းရှိကျေးရွာတွေမှာ အခြေခံစားသောက်သယ်ယူဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ အင်းတော်ကြီး–ဂွေခါကားလမ်းပိုင်း လုံးတုံရွာမှာထိုင်ထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယအပတ်ကစပြီး ပိတ်လိုက်တာဖြစ်တယ်လို့ အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကပိတ်လိုက်ဖွင့်လိုက်နဲ့ဒီတခေါက်ပိတ်လိုက်တာကကြာတယ် လုံးတုံကနေပိတ်ချလိုက်တော့ အင်းတော်အနောက်ဘက်ခြမ်းရွာတွေက ဘယ်မှသွားလာလို့မရဘူးဘူးပိုဆိုးတာက စားသောက်ကုန်တို့ ဆန်၊ဆီ၊ဆားသယ်ယူပို့ဖို့အရမ်းခက်ခဲသွားတယ်လမ်းမပေါက်တော့”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ခုလို လမ်းပိတ်လိုက်တာကြောင့် အင်းတော်ကြီးကန်အနောက်ဘက်ခြမ်းရှိ လုံးတုံနဲ့ ဂွေခါကြားထဲက ရွာတွေဖြစ်တဲ့ ကုန်းမန၊ဟဲပန်၊လွဲမွန် ၊ နန့်ပတဲအစရှိတဲ့ကျေးရွာတွေဟာ အခြေခံစားသောက်ကုန်၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်ပစ္စည်းတွေကို တောလမ်းကနေခက်ခက်ခဲခဲသယ်ယူနေရကြောင်း အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ “ကားလမ်းကတော့ပိတ်ထားတော့ ဟဲပန်တို့၊ကုန်းမနဘက်ကရွာတွေအခုဆန်၊ဆီ၊ဆားပေါ့လိုအပ်တဲ့ကုန်တွေကို တောလမ်းကနေဖြတ်ပြီးသယ်ယူရတာ ရွေမှော်သွားလမ်းတွေကနေတဆင့် သယ်ယူရတာပေါ့တချို့နေရာတွေတောရှင်းပြီးသွားလာရတာ ကားလည်းမပေါက်ဆိုင်ကယ်တောင်တချို့နေရာတွေပဲရတယ်ဒါတောင်မနည်းတိုးရတာ”လို့အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ အင်းတော်ကြီး–ဂွေခါလမ်း ပိတ်ထားတာကြောင့် အထက်ဖော်ပြပါကျေးရွာတွေဟာ လိုအပ်တဲ့ကုန်တွေကို မမုံကိုင် ကျေးရွာအနောက်ဘက်ခြမ်းတောလမ်းကနေတစ်ဆင့်သယ်ယူနေကြကြောင်းသိရပါတယ်။ ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်ဟာ လုံးတုံနဲ့ဂွေခါကြားကိုသာပိတ်ထားပြီး လုံးတုံနဲ့ ဟိုပင်အထိကိုတော့လမ်းဖွင့်ထားကြောင်းသိရပါတယ်။ “အင်းအနောက်ဘက်ခြမ်းပဲပိတ်တာအင်းအရှေ့ဘက်ကတော့ပုံမှန်ပါပဲ ဘာလို့ဆိုအင်းအရှေ့ဘက် လုံးတုံကနေ နန့်မွန်း၊မိုင်းနောင်တကြောက SNA တွေနဲ့စကစ တွေနေရာယူထားတော့ဖွင့် အင်းအနောက်ဘက်က တောဘက်က(KIA) ရှိနေတော့ပေးမထွက်ခိုင်းတာ”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ လုံးတုံအနောက်ဘက်ရှိကုန်း မနကျေးရွာကနေ ညောင်ပင်၊ချောင်းဝ၊ဂွေခါတကြောအထိ KIAနဲ့ပူးပေါင်းတပ်တွေနေရာယူထားတယ်လို့ သိရပါတယ်။ သြဂုတ်လကတည်းကနေပိတ်ထားတဲ့ အင်းတော်ကြီး–ဂွေခါ ကားလမ်းပိုင်း အောက်တိုဘာ ၆ ရက်နေ့ကနေ ဒီကနေ့အထိ သီတင်းကျွတ်ပိတ်ရက်ကာလတွင်း ရက်အကန့်အသတ်နဲ့ခေတ္တပြန်ဖွင့်ပေးပေမယ့် အစစ်အဆေးများတာ၊ကုန်တွေလွတ်လွတ်လပ်လပ်သယ်လို့မရတာစတဲ့ကန့်သတ်ချက်တွေရှိနေကြောင်းသိရပါတယ်။ “လမ်းခနပဲဖွင့်တာပါသီတင်းကျွတ်ပိတ်ရက်မှာခနဖွင့်ပေးတာတဲ့ ဒီနေ့ပဲပိတ်မလားမနက်ဖြန်လောက်ပိတ်မလားမသေချာဘူး။ ပြန်ပိတ်မှာလို့တော့ ပြောနေကြတယ်”လို့ နန်းမားကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လုံးတုံမှာထိုင်ထားတဲ့စစ်ကောင်စီတပ်ဟာ အင်းတော်ကြီး–ဂွေခါ လမ်းပိုင်းကို သြဂုတ်လနဲ့ မေလ ကြားထဲမှာလည်း မကြာခနဆိုသလို လမ်းပိတ်ထာမျိုးပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဖားကန့်မြို့နယ်ထဲကိုဝင်ရောက်နိုင်တဲ့ ဂွေခါ–အင်းတော်ကြီးက လမ်းပိုင်းကိုထိန်းချုပ်ဖို့နဲ့ အင်းတော်ကြီးဒေသထဲမှာ ရှမ်းနီပြည်သူ့စစ်တွေစိုးမိုးထားနိုင်ဖို့ ပြီးခဲ့တဲ့ မေလကတည်းကနေ အင်အားသုံးပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2025 -
    26 August
    သတင်း

    မန္တလေး – မြစ်ကြီးနားကားလမ်းပိုင်းတိုက်ပွဲကြောင့် အဆင်းကားထောင်နဲ့ချီပိတ်မိနေ

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့သိမ်းတိုက်ပွဲပြီးနောက် မန္တလေး–မြစ်ကြီးနားလမ်းပိုင်းက ပိတ်ဆို့ထားတဲ့နေရာကို စစ်ကောင်စီကရုတ်တရက်ဖွင့်ပေးခဲ့ပေမဲ့ လမ်းပိုင်းနှစ်ဖက်တိုက်ပွဲတွေအကြား အဆင်းကားထောင်နဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေကပြောပါတယ်။ ၂၀၂၄ခုနှစ် ဩဂုတ်လကစတင်တဲ့ အင်းတော်မြို့သိမ်းစစ်ဆင်ရေးကြောင့် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မန္တလေး–မြစ်ကြီးနားလမ်းပိုင်းကိုသွားလာခွင့်ကန့်သတ်ခဲ့ပြီးပေကြီးကွင်းလမ်းလို့သိကြတဲ့ မိုင် ၄၀ ကျော်ရှိတဲ့ကွင်းလမ်းကိုကားသမားတွေအသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ် ၂၀၂၅ ခုနှစ် ဧပြီလ…

    Read More »
  • 22 August
    သတင်း

    မြစ်ကြီးနား-မန္တလေးခရီးစဥ် ဇာတ်ကူးဖြတ်သန်းနေရတာကြောင့် ကားကြီးများသွားလာလို့မရ

    မြစ်ကြီးနား–မန္တလေးခရီးစဥ် လမ်းပိုင်းဆိုးရွားမှုတွေကြောင့် ဧရာဝတီမြစ်ကိုဇာတ်ကူးပြီးဖြတ်သန်းနေရတာတစ်လကြာရှိလာပြီလို့ကားသမားတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်နေ့ကစလို့ မြစ်ကြီးနား–မန္တလေးလမ်းပိုင်းက မိုင် ၄၀ ကျော်ရှိတဲ့ ပေကြီးကွင်းလမ်းဟာ မိုးရွာသွန်းမှုတွေကြောင့်အသုံးပြုဖို့ခက်ခဲလာတာကြောင့် ကားသမားတွေဟာ ကသာမြို့နယ်ဘက်ကနေပတ်ပြီးခရီးနှင်နေကြရတာလို့သိရပါတယ်။ လက်ရှိ မြစ်ကြီးနား–မန္တလေးခရီးစဥ်ဟာ ၅ ရက်ဝန်းကျင်သွားနေရတဲ့အကြောင်းကားသမားတစ်ဦးကအခုလိုပြောပါတယ်။ “ကျနော်တို့ကဇာတ်ကူးပြီးသွားနေရတာပေါ့။ ကွင်းလမ်းတွေကသွားလို့မရဘူး။…

    Read More »
  • 5 August
    သတင်း

    ကားမိုင်း – နန့်ယားလမ်းကို စစ်တပ်က ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီလစဉ်သုံးပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်ထား

    ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်‌ပေမယ့် ဆန်နဲ့ အခြား အခြေခံစားသောက်ကုန်တစ်ချို့ကန့်သတ်ချက်နဲ့သာသယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။ စစ်ရေးကြောင့် လေးလကျော်အကြာ နှစ်ဖက်တပ်ပိတ်ဆို့ထားတဲ့ ဖားကန့်လမ်းပိုင်းကို ဇူလိုင်လ ၃ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းအားလုံးကို…

    Read More »
  • Jul- 2025 -
    18 July
    သတင်း

    မိုင်းနား- ဝါးရှောင်- နန်ဇော်ယန် လမ်းပိုင်း ရက်အကန့်အသတ်မရှိပိတ်

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ မိုင်းနား –ဝါရှောင်၊ ဝါရှောင်– နန်ဇော်ယန်ကျေးရွာ လမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်အကန့်အသတ်မရှိ ပိတ်လိုက်ပြီလို့ သိရပါတယ်။ ဒီလမ်းပိုင်းအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးစိုးရိမ်တာကြောင့်လို့ဆိုပြီး ဇူလိုင်လ ၁၆ ရက်ကစ ပိတ်လိုက်တာဖြစ်တယ်လို့  KIA နဲ့ နီးစပ်တဲ့ ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “မြစ်ကြီနား၊ ဝိုင်းမော်ကနေ– ဝါရှောင်– လိုင်ဇာဘက်ကို ဆင့်ကူးသွားတဲ့လမ်းပိုင်အားလုံးကို KIA က ပိတ် လိုက်ပြီ။  မြစ်ကြီးနား – ဝိုင်းမော်ကနေ လုံးဝ ဝင်လို့မရတော့ဘူး ပိတ်လိုက်ပြီ။ တိုက်ပွဲ တွေလည်း ပြန်ဖြစ်လာတော့ ပြန်ပိတ်လိုက်တာလို့သိရတယ်”လို့ပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်က ပြီးခဲ့တဲ့ ဧပြီလကုန်ကစပြီး စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက်နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလာတာ နှစ်လနီးပါးကြာမြင့်လာချိန် ဇူလိုင်လ ပထမအပတ်ပိုင်းကစလို့ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် တိုက်ပွဲကြားအရပ်သားပြည်သူတွေရဲ့ အသက်အန္တရာယ်ထိပါးလာနိုင်တဲ့အတွက် အကန့်သတ်မရှိပိတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • Jul- 2024 -
    15 July
    သတင်း

    မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ

    မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့  အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဇူလိုင်လဆန်းပိုင်းကနေ တစ်ပတ်လောက်အကြာ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြစ်ကြီးနား– ဆွမ်ပရာဘွမ့်– ပူတာအိုအထိ ကားလမ်းပိုင်းမြေပြိုကျပျက်စီးမှုဟာ ပေ ၂၀၀ ဝန်းကျင်အထိရှည်လျားပြီး ပျက်စီးနေတာကြောင့် အတက်၊အဆင်း လုပ်နေတဲ့ ကုန်ကား ၈၀ ဝန်းကျင် ပိတ်မိနေတာ ခုဆိုရင်ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီလို့သိရပါတယ်။ လက်ရှိအများဆုံးမြေပြိုကျပျက်စီးသွားတဲ့နေရာတွေက မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်ကျေးရွာကတ္တရာလမ်းတစ်ကြောနဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုမြို့နယ်ထိစပ်တဲ့ လမ်းနေရာတွေမှာဖြစ်တယ်လို့ သိရပြီး လမ်းပျက်စီးမှုအများဆုံးဖြစ်နေတဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ KIO အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့အတူ လမ်းပြုပြင်ဆောင်ရွက်တာတွေလုပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကုန်ကားတွေသွားလာနိုင်ဖို့ အချိန်ကြန့်ကြာနိုင်သေးတယ်လို့ တယန်ဇွပ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “လမ်းတွေက စတင်လုပ်ဆောင်လာတာတွေရှိနေပါတယ်။ လူနဲ့ လုပ်တဲ့နေရာမှလုပ် စက်နဲ့ လုပ်တဲ့နေရာမှာလုပ်။ အခုက မြစ်ကြီးနားနဲ့ တယန်ဇွပ်ကြားမှာ စလုပ်နေပါပြီ။ အဓိကတော့ လူအရင်သွားနိုင်ဖို့၊ ကုန်ကားတွေက ဘယ်လိုလဲတော့မသိဘူး။ အခုသူတို့ လုပ်နေတာက နှစ်ပတ်အတွင်းမှာ တယန်နဲ့ မြစ်ကြီးနားကို သွားနိုင်ဖို့က လုပ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် မိုးက တိတ်လိုက် ပြန်ရွာလိုက်နဲ့ဆိုတော့ လုပ်တာ ထိရောက်ဖို့တော့ ကြိုးစားနေကြတာပဲ”လို့ပြောပါတယ်။ လက်ရှိ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း ပျက်စီးနေတဲ့နေရာတွေထဲက မြစ်ကြီးနားဘက်ခြမ်း တယန်ဇွပ်နေရာတွေကို စစ်ကောင်စီအဖွဲ့ လုပ်ဆောင်နေပြီး ဆွမ်ပရာဘွမ့်ဘက်ခြမ်းကို KIO အစိုးရအဖွဲ့တွေက တာဝန်ယူလုပ်ဆောင်နေတယ်လို့သိရပါတယ်။ မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတစ်ကြောမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့စကပြီး ကားလမ်းပိုင်းပျက်စီးသွားတာကြောင့် ဆွမ်ပရာဘွမ့်မြို့နယ်ထဲမှာရှိတဲ့ ပြည်သူတစ်ချို့က ကုန်းလမ်းပျက်စီးနေတဲ့အတွက် တယန်ဇွပ်အထိရေကြောင်းနဲ့ သွားလာပြီးတော့ မြစ်ကြီးနားဘက်ကို ကား၊ ဆိုင်ကယ်တွေနဲ့ ခက်ခက်ခဲခဲထွက်လာရတယ်လို့ သိရပြီး ကုန်ကားတွေကတော့ ဒီနေ့ထိပိတ်မိနေဆဲဖြစ်တယ်လို့ တယန်ဇွပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ “တယန်ကနေ ပူတာအိုအထိ ကားအစီးရေဘယ်လောက်ရှိလဲတော့ မသိဘူး။ ဒါပေမယ့် မြစ်ကြီးနား – ပူတာအို လမ်းတစ်ကြော အားလုံးဆိုရင် ၈၀ လောက်တော့တယ်လို့ သွားလာတဲ့ သူတွေက ပြောနေကြတယ်။ လူလောက်ပဲ သွားလာလို့ရပေမယ့် ကုန်ကားနဲ့ ကားသမားတွေက လုံးဝသွားလာလို့မရတဲ့ အခြေအနေမှာပါ။ အခုပိတ်မိနေတဲ့ ကားသားတွေကလည်း အဆင်းအတက်အကုန်ဖြစ်သွားတာပေါ့လေ”လို့ပြောပါတယ်။ ဒါကြောင့် လက်ရှိ ကားလမ်းပိုင်းပျက်စီးသွားတဲ့အတွက် မြစ်ကြီးနား – ဆွမ်ပရာဘွမ့်တစ်ကြောမှာရှိတဲ့ ပြည်သူတွေက စားသောက်ကုန်ပစ္စည်းတွေ သယ်ယူရခက်နေတဲ့အခြေအနေမှာ ကုန်ပစ္စည်းတွေလည်း ပြတ်လပ်လာတဲ့အတွက် အစားအသောက်တွေကို ချွေတာစားသောက်နေကြရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအတွင်း မလိခမြစ်ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းပိုင်းတစ်ကြောမှာရှိတဲ့ ဖုန်အိန်ယန်၊ အင်ဂျိပ့်၊ အင်ဆောပ့်၊ တယန်ဇွပ်၊ အင်ဒွပ့်ယန်၊ အင်ထန်းဇွပ် စတဲ့ ကျေးရွာတွေမှာ ကားလမ်းပိုင်းပျက်စီးတဲ့အပြင် ဒေသခံပြည်တွေက ရေဘေးအန္တရာယ်ကိုပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုလမ်းပိုင်း ရေကြီးရေလျှံဖြစ်ကြီး လမ်းပိုင်းပျက်စီးတာတွေ နှစ်စဉ်ကြုံတွေ့ရပေမယ့် ဒီနှစ်ရေဘေးအန္တရာယ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ ခုလို ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊တနိုင်း၊ချိီဖွေ၊ဆော့်လော်နဲ့ကမ်းဖန့်တို့မှာ  ဒီနှစ် ဇွန်လပိုင်းကစပြီး အနောက်တောင်မုတ်သုံလေဝင်ရောက်လာတာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နေရာဒေသအနှံ့ လမ်း၊တံတားကျိုးပဲ့ပျက်စီးတာ၊ မြေပြိုကျတာတွေအပြင် စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတာဘဲဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
Back to top button