လမ်းပျက်စီး

  • Sep- 2025 -
    12 September
    သတင်း

    ခေါင်လန်ဖူး – ပူတာအိုကြား ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးရ

    ကချင်ပြည်နယ် ပူတာအို – ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးနေတာကြောင့် ဆိုင်ကယ်ကယ်ရီငှားရမ်းခတစ်စီးကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။ ယခုနှစ် ဇွန်လ လဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ခေါင်လန်ဖူး – ပူတာအိုကားလမ်းပိုင်းနေရာအတော်များများမှာ လမ်းမြေပြိုတာ၊ တောင်ပြိုတာတွေကြောင့် လက်ရှိအချိန်အထိကားသွားလာလို့မရသေးပဲ ဆိုင်ကယ်နဲ့သာသွားလာနေရတာဖြစ်ပါတယ်။ …

    Read More »
  • Jul- 2025 -
    21 July
    သတင်း

    ခေါင်လန်ဖူး-ပူတာအိုလမ်းပျက်စီးမှု တစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေး

    ကချင်ပြည်နယ် ပူတာအို–ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးမှုတစ်လကျော်ကြာမြင့်လာတဲ့အထိ ပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် အသွားအလာပြတ်တောက်နေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇွန်လ ပထမအပတ်ကနေ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ခေါင်လန်ဖူး –ပူတာအိုကားလမ်းပိုင်း နေရာအများပိုင်း လမ်းမြေပြိုတာ၊တောင်ပြိုတာတွေကြောင့် လမ်းပိုင်းသွားလာလို့မရပဲ ဒီကနေ့အထိ အသွားအလာပြတ်တောက်နေတာဖြစ်တယ်လို့ ခေါင်လန်ဖူး ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လမ်းကအခုထိရှင်းကိုမရှင်းသေးတာ ဟိုတလောတခါပြိုတုန်းက ရှင်းသေးတယ်။ ဒါပေမယ့်ထပ်ပြိုထပ်ပြိုတော့ရှင်းလည်းမထူးတော့ဘူးဆိုပြီး အခုက မရှင်းတော့တာ မိုးကုန်မှပဲရှင်းမယ်တဲ့။ အဲ့ချိန်မှသွားလို့ရမှာအခုလမ်းကသွားလို့မရတာ တစ်လကျော်နေပြီ”လို့ အသက် ၄၀ ကျော်အရွယ်ခေါင်လန်ဖူးဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။  ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက်အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါးပြိုထားတာကြောင့်ပြန်လည်ပြုပြင်ဖို့ လနဲ့ချီကြာနိုင်တယ်လို့သိရပါတယ်။ “လမ်းကဒီရှစ်လကုန် ကိုးလပိုင်းလောက်မှရှင်းမယ်တဲ့ အခုရှင်းလည်းမိုးရွာရင်ထပ်ပြိုမှာဆိုတော့ အခုကမရှင်းတော့ဘူး ရှစ်လ၊ကိုးလ လောက်မှသွားလာလို့ရမှာ”လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ယင်းလမ်းပိုင်းဟာ ခေါင်လန်ဖူးဒေသအတွက် တစ်ခုတည်းသော ကုန်စည်စီးဆင်းရာလမ်းကြောင်းဖြစ်ပြီး အခုလိုအသွားအလာပြတ်တောက်နေတဲ့အတွက် ခေါင်လန်ဖူးဒေသခံအတွက် အခြေခံစားသောက်ကုန်၊လူသုံးကုန်တွေကို တရုတ်ပြည်နယ်စပ် ဝင်ပေါက်ဖြစ်တဲ့ရှိန်းခေါင်လမ်းပိုင်းကိုအသုံးပြုနေရတယ်လို့သိရပါတယ်။ ရှိန်းခေါင်လမ်းပိုင်းဟာ ကားသွားလို့မရတာတာကြောင့် ကုန်သယ်ယူဖို့ အခက်အခဲရှိနေပြီး ကုန်စည်အဝင်နှေးတဲ့အတွက် ကုန်စည်ရှားပါးတာ၊ကုန်စျေးတက်တာတွေလည်းကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ ပူတာအို –ခေါင်လန်းဖူး  ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။ ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာပြတ်တောက်နေဆဲ လို့သိရပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jun- 2025 -
    5 June
    သတင်း

    ပန်နန်းဒင်မြို့အဝင် တံတားအပါ ကျေးရွာချင်းဆက် တံတား ၅ ခုအထိရေထဲမျောပါသွား

    ကချင်ပြည်နယ် နောင်မွန်မြို့နယ်ထဲမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပန်နန်းဒင်မြို့အဝင်တံတားအပါအဝင် ကျေးရွာချင်းဆက်တံတား ၅ ခု အထိ ရေစီးထဲ မျောပါသွားကြောင်းသိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်ကတည်းက မိုးအဆက် မပြတ်ရွာသွန်းမှုကြောင့် တောင်ကျ ချောင်းရေကြီးတာ၊ မေခနဲ့ မလိခ ချောင်းရေမြင့်တက်တာတွေကြောင့် ပန်နန်းဒင်မြို့အဝင်…

    Read More »
Back to top button