မန်ခိန်ရပ်ကွက်မှ နေအိမ် ၂လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မန်ခိန်ရပ်ကွက် အုပ်စု(၁)ရှိ နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများမှ သိရသည်။ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်စု(၁)တွင် နှစ်ထပ်အိမ်နှင့်တစ်ထပ်အိမ် နေအိမ်နှစ်လုံးနှင့် ဗက်လင်ဘုရားကျောင်းခန်းမဆောင်တို့ ယနေ့နံနက် ၁၀နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။ "ဖုန်းအားသွင်းထားပြီး ဝါယာလျှော့ဖြစ်တယ်လို့ပြောတယ် အလယ်က နှစ်ထပ်အိမ်ကနေစလောင်တာ ဘုရားကျောင်းခန်းမဆောင်နဲ့ ဘေးကအိမ်ကို ကူးသွားတာ" လို့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်အနီးမှ အမျိုးသားတစ်ဦးက‌ ပြောသည်။ ဒေသခံများ၏ ပြောဆိုချက်အရ မီးသတ်ကားသုံးစီးလာရောက်ငြိမ်းသတ်ခဲ့သော်လည်း နေအိမ် ၂လုံးငြိမ်းသတ်နိုင်ခြင်းမရှိဘဲ မီးထဲပါသွားခဲ့ကြောင်း