လေကြောင်းပြေးဆွဲ
-
Apr- 2026 -1 Aprilသတင်း
တစ်လကျော်ရပ်နားထားတဲ့ မြစ်ကြီးနားလေကြောင်းလိုင်းခရီးစဉ်အားလုံးပြေးဆွဲတော့မည်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်လကျော်ရပ်နားထားတဲ့ လေကြောင်းခရီးစဉ်တွေအားလုံး ပြန်လည်ပြေးဆွဲတော့မယ်လို့ လေကြောင်းလိုင်း ဝန်ထမ်းတွေဆီကနေ သိရပါတယ်။ လေကြောင်းခရီးစဉ်တွေအနေနဲ့ကတော့ ဒီလ ဧပြီလ ၅ရက်နေ့နဲ့ ၈ရက်နေ့ကစပြီး စတင်ပြေးဆွဲတော့မှာဖြစ်သလို လတ်တလော လေယာဉ်လက်မှတ်အားလုံးပြည့်နေပြီဖြစ်တယ်လို့ မြန့်မာအမျိုးသား လေကြောင်းလှိုင်း(Myanmar National Airline)က ဝန်ထမ်းတစ်ဦးက ခုလိုပြောပါတယ်။ “ပြည့်နေပါပြီ နေရာတော့ မရှိတော့ပါဘူး။ ၅ရက်နဲ့ ၈ရက်နေ့ဟာတော့ လောလောဆယ်တင်ထားပေမယ့် ပြည့်နေပါပြီ။ နောက်ရက်တွေအတွက်ကတော့ မသိရသေးပါဘူး”လို့ ဆိုပါတယ်။ လက်ရှိချိန်ထိတော့ ထိုင်ခုံတွေပြည့်နေပြီလို့ သိရပြီး ဧပြီလ ၅ ရက်နေ့နဲ့ ၈ရက်နေ့ ပြေးဆွဲပြီးနောက် ဘယ်ရက်တွေမှာမှ ပြန်လည်ပြေးဆွဲမယ်ဆိုတာကိုတော့ သေချာ မသိရှိရသေးဘူးလို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ်ထိ မြစ်ကြီးနား– ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်း ကျပ်၉ ၈၅,၀၀၀ ဝန်းကျင်၊ လက်ရှိ ကျပ်၁,၀၃၀,၀၀၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။ အလားတူ မြစ်ကြီးနား– မန္တလေးမြို့ဆိုရင် ယခင် ကျပ် ၇၈၀,၀၀၀ ကျပ်၊လက်ရှိ ကျပ် ၇၉၀,၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပြီး စျေးနှုန်းအနည်းငယ်မြင့်တက်သွားတာလည်းဖြစ်ပါတယ်။ ဒါအပြင် လေကြောင်းလိုင်းအနေဖြင့် ယခင်ကတော့ Myanmar National Airlineအပြင် Air KBZ (KBZ Airlines)၊Mann Yadanarpon ၊AirlinesAsian၊ Wings Airways (ceased operations 2019) ၊Air Bagan…
Read More »
