လေကြောင်း

  • Oct- 2024 -
    1 October
    သတင်း

    သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ “ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း ၂ ကဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား ၇ ဦးထဲမှာ အမျိုးသမီး ၂ ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။ “ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့ရပါသေးတယ်။ အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • Sep- 2024 -
    23 September
    အင်တာဗျူး

    လေကြောင်းနဲ့တိုက်ခိုက်မှုအပြင်းထန်ကြုံနေရတဲ့ ပင်လည်ဘူးတိုက်ပွဲ ဆက်သွယ်မေးမြန်းချက်

    စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ တစ်လနဲ့ ၇ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ ကောလင်းမြို့ရဲ့အနောက်မြောက်ဘက် ၂၅ မိုင်အကွာ၊ ဝန်းသိုမြို့နဲ့ ၄၁ မိုင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ပင်လည်ဘူးမြို့ကို  KIA နဲ့  PDF ပူးပေါင်းတပ်တို့ဘက် ၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တိုင်းမြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ ၆ ကြိမ်တိုင်တိုင်ရှိလာပြီဖြစ်ပါတယ်။  ဒါပေမယ့် ဒီနေ့ထိ မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းမရှိသေးသလို ဩဂုတ်လ ၁၄ ရက်နေ့ကနေ စတင်လာတဲ့ ဒီတစ်ကြိမ်မြို့သိမ်းတိုက်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ဒုတိယအကြိမ် ထိုးစစ်ဆင်နေတဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။ တစ်လကျော်ထိုးစစ်ဆင်နေရတဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအခြေနေဘယ်လိုရှိနေလဲဆိုတာကို ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာပါဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကို KNG  က မေးမြန်းထားပါတယ်။ မေး– ပထမဆုံး ပင်လည်ဘူးတိုက်ပွဲနောက်ဆုံးအခြေနေကို ဦးစွာပြောပေးပါအုံး။ ဖြေ– ဟုတ် ဒီနေ့တစ်ရက်ထဲ တောကျောင်းဆိုတဲ့နေရာမှာ ရဲစခန်းနဲ့နီးတယ် မီတာအားဖြင့်ဆိုရင် ၁၄၆ မီတာလောက်ဘဲကွာတဲ့နေရာမှာ စစ်အင်အား လာချသွားတယ်။အဲဒါချနိုင်ဖို့ Y12  နဲ့တောက်လျှောက်ပစ်တာ နေ့လည် ၂ နာရီဝန်းကျင်အထိ ၁၂ ကြိမ်လောက်ရှိပြီ  Mi-17 နဲ့စစ်အင်အားချနေတာ ၇ ကြိမ်ရှိပြီ ဒါနောက်ဆုံးအခြေနေပါ။ မေး– အဲတော့ ဒီနေ့လာပို့သွားတဲ့ စစ်ကြောင်းက စစ်အင်အား ဘယ်လောက်ရှိနိုင်လဲ။ ဘယ်တပ်ရင်းဌာနချုပ်ကလဲဆိုတာကော သိရလား။ ဖြေ– စစ်အင်အားကတော့ ၁၀၀ ကျော်နိုင်တယ် ခန့်မှန်းပေါ့  ဒီနေ့ချတာက ကျနော်တို့သိရတဲ့အချက်လက်အရ မကွေးမြို့စောင့်တပ်လို့သတင်းရထားပါတယ်။ မေး– ပင်လည်ဘူး ခုလေလောဆယ်ကော စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်နေတော့ နှစ်ဖက်ထိတွေ့အခြေနေဘယ်လိုရှိလဲ။ ဖြေ–ခုနက လာချသွားတဲ့အဖွဲ့နဲ့ ကျနော်တို့အဖွဲ့တိုက်ပွဲပြင်းထန်နေပါတယ်။ ပြီးတော့ သူတို့လေကြောင်းကနေချပေးတဲ့ စစ်လက်နက်ရိက္ခာတွေကိုလည်း ကျနော်တို့ဘက်က အများကြီးသိမ်းရမိထားတာတွေရှိပါတယ်။ ဘာတွေလဲဆိုတော့ တိတိကျကျမသိရသေးဘူ။ မေး–အရင်တစ်ခေါက်လည်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ပို့နေတဲ့ စစ်လက်နက်ရိက္ခာတွေကို ကာကွယ်ရေးတပ်ဘက်က သိမ်းရမိတာရှိတယ်လို့ သိရတယ် ဟုတ်လား။ ဖြေ– ဟုတ်ပါတယ် ၈ လပိုင်း ၂၁ ရက်နေ့ လာချတဲ့ သိမ်းနိုင်တဲ့ထဲမှာ လက်နက်ခဲယမ်းနဲ့အစားသောက်အဓိကချသွားတာ ဆာလာအိတ်ရော၊သစ်သားသေတ္တာနဲ့ကော လေထီးနဲ့ချတာ။အဲချိန် လာပို့သွားတဲ့ စစ်ကြောင်းကိုလည်း ကျနော်တို့ဘက်က ဖမ်းရမိတာတွေလည်း များတယ်။ မေး– နောက်တစ်ခုက တိုက်ပွဲတစ်လတာအတွင်း ဖမ်းဆီးရမိတဲ့သုံ့ပန်းအခြေနေလေး သိရပါစေ။ ဖြေ–  ဒီနေ့လာချတာနဲ့ဆိုရင် စစ်အင်အားဖြည့်တာ ၃ ကြိမ်ရှိပြီ ပထမလာပို့တဲ့စစ်ကြောင်းက တစ်ကြောင်းလုံး လက်နက်ချအလင်းဝင်တယ်။ ဒုတိယအကြိမ်လာပို့တဲ့စစ်ကြောင်းက အရှင်ဖမ်းမိတာရှိတယ် နောက်တစ်ခုက ခုဒီမှာပို့လာတဲ့စစ်သားတွေက အောက်ပိုင်းကနေပို့လာတာဆိုတော့ ဒီဘက်ကို သူတို့နယ်မြေမကျွမ်းဘူး အဲတော့လမ်းမှားပြီး ကျနော်တို့ဘက်ကို ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။ ပြီးတော့ တစ်ချို့ကစစ်မတိုက်ချင်တော့ဘူးဆိုပြီး ထွက်ပြေးသွားတဲ့သူတွေကိုဖမ်းရမိတာရှိတယ်။ဖမ်းဆီးရမိတာ၊သုံ့ပန်းနဲ့ပေါင်းရင်တော့ ၈၀ ကျော်ပြီ။ မေး–အဲဆိုရင် လက်ရှိ ပင်လည်ဘူးမြို့ထဲ ဘယ်နေရာ၊ဘယ်စခန်းတွေ ကျန်သေးလဲ။ ဖြေ– ခုမြို့ထဲကရဲစခန်းနဲ့အာရှဘဏ်ကုန်းဘဲကျန်တော့တယ် ကျန်တာအကုန်ရပြီ။ ဒီနေရာကို လက်မလွတ်အောင် စစ်တပ်က အပြင်းထန်လေကြောင်းသုံးနေတာ မသိရင် အပြည်ပြည်ဆိုင်ရာလေဆိပ်လားထင်ရတယ်။ နေ့တိုင်းလာပစ်တယ် မပစ်တဲ့နေ့မရှိသလောက်ပါဘဲ။ နေ့တိုင်းတိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲအခြေနေဖြစ်ပါတယ်။ မေး– ပင်လည်ဘူးတိုက်ပွဲမှာ စစ်တပ်က လေကြောင်းပစ်ခတ်မှုကို အဓိကအားထားနေရတယ်လို့ ပြောချင်တာလား။…

    Read More »
  • 19 September
    သတင်း

    ဗန်းမော်ကိုဆက်တက်ဖို့ကြိုးစားနေတဲ့ စစ်သင်္ဘော ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေး

    ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာဆိုက်ထားတဲ့ စစ်သင်္ဘောတွေ ကချင်ပြည်နယ်အထက်ဘက်ကို ဆန်တက်ဖို့ကြိုးစားနေပေမယ့် ဒုတိယမြစ်ကျဥ်းကိုမကျော်နိုင်သေးဘူးလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ မနေ့က မနက်ပိုင်းမှာ လေကြောင်းပစ်ကူတွေအသုံးပြုပြီး ရွှေကူမြို့နယ်ကနေ အထက်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဇင်းဘိုကျေးရွာအရောက်မှာ ပစ်ခတ်ခံရပြီး ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ပစ်ခတ်ခံရပြီးမကြာခင်မှာပဲ လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုပြီး ပြန်ဆန်တက်ခဲ့ရာ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒုတိယမြစ်ကျဥ်းအနီး ဝဲမရွာတစ်ဝှိုက် ရေလယ်ခေါင်မှာသောင်တင်နေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “သင်္ဘောတွေ ဒုတိယမြစ်ကျဥ်းထဲမှာပဲ သူတို့မကျော်နိုင်သေးဘူး။ သူတို့ကျော်ဖို့ကြိုးစားနေတာပေါ့။ ကျနော်တို့တားဆီးတာကိုလည်း လေယာဥ်ပစ်ကူနဲ့ကြိုးစားတယ် ဒါပေမဲ့ ပစ်ခတ်တာက ဗန်းမော်ကားလမ်း မပေါ်ကိုကျတယ်။”လို့ပြောပါတယ်။ ဒါပေမဲ့ စစ်သင်္ဘော ၅ စီးထဲက သံခွန်ယာဥ်အသေးစား ၂ စီးကတော့ စင်းခန်းတံတားအထိဆန်တက်သွားနိုင် ပြီး အရေးကြီးတဲ့ စစ်ရိက္ခာယာဥ်သင်္ဘောတွေကတော့ ဆန်တက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေဆန်တက်နိုင်ဖို့ မနေ့ကညတစ်ညလုံးနီးပါး ဝေဟင်ကနေ ကင်းပတ် တာတွေလုပ်သလို ဒီကနေ့ မနက်ပိုင်းမှာလည်း ဧရာဝတီမြစ်ကမ်းနဘေးရွာတွေကို သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ကလည်း အဲ့သင်္ဘောတွေတက်လို့မရအောင်တိုက်ခိုက်နေပါတယ်။ ဒရုန်းတွေဘာတွေလည်း သုံးမရဘူး။ လက်နက်ကြီးနဲ့ပဲပစ်ရတာ။ စစ်သင်္ဘောတွေကတော့ရေလယ်ခေါင်မှာပဲ။ လေကြောင်းက မနေ့ကတော့ပစ်တယ်။ ညလုံးပေါက်လည်းလေယာဥ်နဲ့ဝဲတယ်။ ဒီမနက်လည်းဝဲတယ်”လို့ပြောပါတယ်။ တစ်ဖက်မှာ မြေပြင်စစ်ကြောင်းထိုးဖို့ကြိုးစားနေတဲ့ ရွှေကူမြို့နယ်ထဲက အင်အား ၆၀ ပါ စစ်ကောင်စီ စစ်ကြောင်းဟာလည်း ပြန်လည်ဆုတ်ခွာသွားပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်ခွာလာတာဖြစ်ပြီး ဆန်တက်လာတဲ့မြစ်ကြောင်းတစ်လျှောက်လည်း ကာကွယ်ရေးတပ်တွေက ဆက်တိုက်ပစ်ခတ်မှုတွေလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရွှေကူမြို့နယ်အရောက်မှာ ၁၀ ရက်ခန့်ကြာရပ်နားပြီး အဘက်ဘက်က ပြန်လည်ပြင် ဆင်ပြီးမှ ဗန်းမော်မြို့နယ်ဆီပြန်လည်ဦးတည်ဆန်တက်ဖို့ကြိုးစားလာတာဖြစ်ပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့ရွာတွေက အရပ်သားတွေကို ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပါသေးတယ်။  By – အမိုး

    Read More »
  • 13 September
    သတင်း

    KIA ပူးပေါင်းတပ်သိမ်းထားတဲ့ စင်းခန်းရွာဘက်ကို စစ်တပ်က လေကြောင်းအကူနဲ့မြေပြင်စစ်ကြောင်းထိုးနေ 

    “တိုက်ပွဲတော့ အဲလောက်မဖြစ်ဘူး သူတို့က ရွှေကူကနေ စစ်ကြောင်းထိုးလာတာ လေယာဉ်နဲ့ပစ်ပြီး စစ်ကြောင်းဆက်တိုက်ထိုးလာနေတယ်။ ကျနော်တို့ ဆုတ်ပေးရမယ့်အခြေနေဖြစ်နေတယ် ”လို့ ပြောပါတယ်။

    Read More »
  • 10 September
    သတင်း

    လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ

    ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ ၄ နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။ “ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။”လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ ၈ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ခဲ့ပေမယ့်  အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။  သို့သော် စက်တင်ဘာလ ၉ ရက်  ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား ၃ ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ  ဖြစ်ပါတယ်။  လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ ၁ လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ “ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။”လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။ ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။  ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။ “လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS ၀ တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့ ၆ ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။  လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ “စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။”လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။   လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။  ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 6 September
    သတင်း

    နမ့်ခမ်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်၊ကိုယ်ဝန်ဆောင်မိခင်အပါအဝင် ၁၃ ဦးသေဆုံး

    စက်တင်ဘာလ ၆ ရက်နေ့ မနက်အစောပိုင်း စစ်တပ်က နမ့်ခမ်းမြို့ညစျေးအနီးတစ်ဝိုက် ပေါင် ၅၀၀ ရှိတဲ့လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်ပြီး သေဆုံးတဲ့ ၁၃ ဦးထဲမှာ မိသားစုလိုက်အားလုံးသေဆုံးတာလည်းရှိနေတယ်လို့ ဆိုပါတယ်။

    Read More »
  • 4 September
    သတင်း

    ကသာမှာရပ်ထားတဲ့ စစ်သင်္ဘောတွေ လေကြောင်းပစ်ကူနဲ့  ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ကို ရောက်ရှိလာတဲ့ စစ်သင်္ဘော ၅ စီးလုံး ဝေဟင်ကနေ ဂျက်ဖိုက်တာနဲ့ ဆက်တိုက်ပစ်ကူပြီးတော့ ကချင်ပြည်နယ်ရွှေကူမြို့ဘက်ဦးတည်ထွက်ခွာနေပြီလို့ ကသာမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ စက်တင်ဘာလ၄ရက်နေ့ ဒီကနေ့မနက်ပိုင်း၉နာရီဝန်းကျင်လောက်မှာ ကသာမြို့နယ် သဖန်းကိုင်ရွာဆိပ်ကမ်း ကနေ ရွှေကူမြို့ဆီဦးတည်ထွက်ခွာနေတာဖြစ်ပြီး ကသာမြို့နယ်အဆုံးကရွာဖြစ်တဲ့ မိုးတားလေးတစ်ဝှိုက်ကို ရောက်ရှိနေပြီလို့ ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ “ မိုးတားလေးအထက်နားရောက်ပြီ ကသာနယ်ဆုံးတော့မှာ။ မနက်က ၉ နာရီကစထွက်တာ လေယာဥ်က လည်း ၈ စင်းလောက်သုံးသွားတယ်။ လေယာဥ်က ဗုံးတွေချလိုက်တာတွေရော စုံတယ် စက်သေနတ်တွေ နဲ့ရောပစ်တာ”လို့ပြောပါတယ်။ ကသာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေကလည်း တက်လာတဲ့စစ်သင်္ဘောတွေနဲ့ အပြန် အလှန်ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူဆက်တိုက်အသုံး ပြုတာတွေကြောင့် မရပ်တန့်နိုင်ခဲ့ဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောပေါ်ကရော လေကြောင်းကနေပါ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ခဲ့တဲ့ အတွက် ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကကျေးရွာနေအိမ်တစ်ချို့တော့ပျက်ဆီးနိုင်တယ်လို့ ဆိုပါ တယ်။ “ လောလောဆယ်တော့ ဒေသခံတွေအခြေနေမကြားသေးဘူး။ မြစ်ကမ်းဘေးကရွာတွေကတော့ ကြိုပြီး ရှောင်ခိုင်းထားတယ်။ ဒီနေ့တော့ထိခိုက်မှုမရှိလောက်ဘူးထင်ပါတယ်။ အဆောက်အဦးတွေကတော့ ပျက်ဆီးနိုင်တယ်”လို့ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ စစ်လက်နက်ရိက္ခာတွေအဓိကသယ်လာတဲ့ အဲ့ဒီစစ်သင်္ဘော ၅ စီးဟာ ကသာမြို့နယ် သဖန်းကိုင်ဆိပ်ကမ်း တွင် ၂ ညအိပ်ပြီး ကသာမြို့နယ်ထဲက စစ်သားအင်အားတွေလည်းဖြည့်တင်းသွားတယ်လို့ ကာကွယ်ရေးတပ် တွေဘက်ကပြောပါတယ်။ အဲ့ဒီ စစ်သင်္ဘောတက်လာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း လေကြောင်းပစ်ကူတွေဆက်တိုက်အသုံးပြုမှု စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဧရာဝတီမြစ်ကမ်းဘေးကမြို့တွေ ဖြစ်တဲ့ ထီးချိုင့်မြို့နယ် မောင်းကုန်းရွာနဲ့ကသာမြို့နယ် ကလုံ၊ညောင်ခြေထောက်ရွာတို့မှာ အရပ်သားတွေ ထိမှန်ပြီး ၁၁ ယောက်ထက်မနည်းသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ကစတင်လို့ မန္တလေးတိုင်း ဂေါဝန်ဆိပ်ကမ်းကနေ ထွက်လာတာဖြစ်ပြီး စတင်ထွက်ခွာလာချိန် ၈ စီးရှိပေမဲ့ ၃ စီးကတော့ သပိတ်ကျင်းမြို့နယ်မှာကျန်နေခဲ့တာ လို့ သိရပါတယ်။ သပိတ်ကျင်းမြို့နယ်ကနေတော့ စစ်သင်္ဘော ၅ စီးထွက်ခွာလာတာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်နေ့ ထီးချိုင့် နဲ့ မြတောင်ရွာအကြားမှာ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် တစ်ညအိပ်ရပ်နားပြီး စက်တင်ဘာ ၂ ရက်နေ့မှာ ကသာမြို့နယ်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ ဘယ်အထိဦးတည်ဆန်တက်မယ်ဆိုတော့မသိရသေးပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း ဒီနှစ်မတိုင်ခင်ကာလတွေမှာတော့ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အထိဆန် တက်ပြီး ရိက္ခာရောလူအင်အားပါဖြည့်တင်းလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမဲ့ ပြီးခဲ့တဲ့ မတ်လက KIA နဲ့ပူးပေါင်းအဖွဲ့တို့ဆောင်ရွက်ခဲ့တဲ့ ကချင်ပြည်နယ်တစ်ပြည်နယ် လုံး အတိုင်းအတာ အရှိန်မြင့်စစ်ဆင်ရေးအတွင်း ဧရာဝတီမြစ်ကြောင်းက အရေးပါတဲ့နေရာတစ်ချို့ကို KIA ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ကချင်ပြည်နယ်ထဲဝင်ရောက်နိုင်ဖို့မလွယ်ဘူးလို့ စစ်ရေး ကျွမ်းကျင်သူတွေကတော့သုံးသပ်ထားပါတယ်။ By – အမိုး

    Read More »
  • 3 September
    သတင်း

    ထီးချိုင့်မှာလေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ၉ ဦးသေဆုံး

    စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၉ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တွေဆီကသိရပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင် မိတ္ထီလာကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးနဲ့  ၂  ကြိမ်တိုင်တိုင်ဗုံးကြဲချခဲ့တာဖြစ်ပြီး ရွာထဲမှာရှိတဲ့ ဆိုင်တစ်ချို့ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ပြောပါတယ်။ “ထီးချိုင့်အောက်ဖက် သပိတ်ကျင်းမှာ သင်္ဘောတွေပစ်ခတ်ခံရတဲ့နေ့က ဖိုက်တာနဲ့လာပစ်သွားတာ ဒီနေ့အထိ ပြည်သူ ၉ ယောက်အထိသေဆုံးသွားရတာပါ”လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ စားသောက်ဆိုင်နဲ့ နီကယ်ပေါက်ရှေ့နားမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နောက်ထပ်အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါ တယ်။ ဒါ့အပြင် ဒီလုပ်ရပ်ဟာစစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိပဲ အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထီးချိုင့်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရတဲ့ မောင်းကုန်းကျေးရွာဟာ ကာကွယ်ရေးတပ်တွေ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက နီကယ်စက်ရုံ သိမ်းပိုက်နိုင်ချိန်ကစလို ထိန်းချုပ်စိုးမိုးထားတဲ့ဒေသဖြစ်တယ်လို့ Tigyaing Revolution TR က တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ “ အခြားဒေသတွေလိုပါဘဲဗျ။ ကျနော်တို့စိုးမိုးထားလို့ မလုံခြုံဘူးထင်ရအောင် လေကြောင်း တိုက်ခိုက်တာပါဗျ။တိုက်ပွဲလည်းမရှိပါဘူးကျနော်တို့စိုးမိုးနယ်မြေပါ။ စစ်ရေးအနေအထားလည်းမရှိ ပါဘူး”လို့ပြောပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တရုတ်ပိုင်နီကယ်စက်ရုံရှိရာ မောင်းကုန်းကျေးရွာက အရပ်သားတွေ ဘေးလွှတ်ရာကို ယာယီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ထီးချိုင့်မြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်နေ့လောက်က စတင်ပြီး မြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး မြတောင်ကျေးရွာကိုလက်လွှတ်ထားရတဲ့စစ်ကောင်စီတပ်ဟာ ထီးချိုင့်မြို့တွင်း ရဲစခန်းတစ်ဝှိုက်မှာသာ အထိုင်ချပြီး မြို့လက်မလွှတ်ရရေးဆက်လက်ခုခံနေတယ်လို့ သိရပါတယ်။ စစ်ကိုင်းနဲ့ကချင်အစပ် ထီးချိုင့်အပါအဝင် အင်းတော်၊ပင်လည်ဘူး ဒေသတို့မှာလည်း KIA နဲ့ပူးပေါင်း အဖွဲ့ရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေကြောင့် စစ်ကောင်စီတပ်ဟာ လေကြောင်း၊ ကုန်းကြောင်းအပါ အဝင် ရေကြောင်းပါအသုံးပြုရိက္ခာဖြည့်တင်းတာတွေလုပ်လာပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ NUG လက်အောက်ခံ ကာကွယ်ရေးတပ်၊ ABSDF ကျောင်းသားတပ် မတော် နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၅ ရက်မှစတင်ကာ စစ်ကိုင်း နဲ့ကချင်အစပ်က မြို့တွေမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Aug- 2024 -
    26 August
    သတင်း

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်  ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့  ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။ ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • 26 August
    သတင်း

    ပူတာအိုကနေ မြစ်ကြီးနား – မန္တလေး လေယာဉ်လက်မှတ်စျေးနှုန်း အဆမတန်မြင့်တက်

    ကချင်ပြည်နယ် ပူတာအိုမြို့ကနေ မြစ်ကြီးနားနဲ့ မန္တလေးသွားတဲ့ လေယာဉ်လက်မှတ်နှုန်း ဒီလအတွင်းထဲမှာပဲ ဈေးအဆမတန်မြင့်တက်သွားတယ်လို့ လေယာဉ်လက်မှတ်အရောင်းဌာနက သိရပါတယ်။ မတ်လနောက်ပိုင်းကစပြီး စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းတွေပိတ်သွားတဲ့နောက် မြစ်ကြီးနား နဲ့ မန္တလေး လေယာဉ်လက်မှတ်ဈေး‌ဟာ တစ်ရက်ထက်တစ်ရက်မြင့်တက်နေပြီး ဩဂုတ်မှာတော့ ၅ သိန်းနဲ့ ၇ သိန်းအထိ စျေးနှုန်းမြင့်တက်သွားတယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။ “စျေးက ပြီးခဲ့တဲ့ မတ်လကတည်းက နည်းနည်းတက်လာတယ်။ ဒါပေမယ့် ဒီလ ၁၅ ရက်နေ့နောက်ပိုင်း ဈေးပိုတက်သွားတာ အရင်ဆို ပူတာအို မြစ်ကြီးနားဆိုဈေးက ၃ သိန်းကျော်ဘဲ  မန္တလေးအထိဆိုရင်တော့ ၄ သိန်းကျော်ဘဲ အခုကမရတော့ဘူး တချို့လေကြောင်းလိုင်းတွေ မန္တလေးအထိ ၇…

    Read More »
Back to top button