လျှပ်စစ်မီး

  • Mar- 2026 -
    12 March
    သတင်း

    မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ မီးရရှိတယ်လို့ဆို

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်ကို နာရီဝက်ခန့်သာ လျှပ်စစ်မီးရ‌နေတဲ့အတွက် အဖက်ဖက်အဆင်မပြေဖြစ်နေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ ပြည်သူတွေက ပြောပါတယ်။ ဘူးဂါးလျှပ်စစ်ရုံးကနေ ရပ်ကွက်အလိုက်မီး‌ပေးမယ့်စာရင်းထုတ်ပြန်ထားပေမယ့် အချိန်ဇယားအတိုင်း မီးပေးခြင်းမရှိပဲ တစ်ရက်လုံးမှ နာရီဝက်ခန့်သာ ရရှိနေတာ နှစ်ပတ်ခန့်ရှိလာပြီလို့ သိရပါတယ်။ ခုလို လျှပ်စစ်မီးပေးတဲ့အချိန်…

    Read More »
  • Feb- 2026 -
    13 February
    သတင်း

    မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ KNG စုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ပထမအပတ် လယ်ကုန်း၊ဇီးလွန်၊ကွက်သစ်ရပ်ကွက်ရှိ အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကို ဖြုတ်ခိုးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေပြာပါတယ်။ ဒါကြောင့် လျှပ်စစ်မီးပြန်လာဖို့အတွက် ကျပ်သိန်း ၆၀ အကုန်ကျခံကာ တစ်အိမ်ကို ၅ သောင်းကျပ်နှုန်းနဲ့ လျှပ်စစ်ကြိုးအသစ်တွေကို ပြန်လည်တပ်ဆင်ပြီး ပြုပြင်ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။ “ဖြစ်တာ သုံးလေးရက်တစ်ပတ်မှဘဲ သိတာ။ အကုန်လုံးက မီးမမှန်လို့ဘဲလို့ ထင်ထားကြတာလေ။ သူတို့ဟာက အိမ်မှာသွယ်ထားတဲ့ မီးကြိုးတွေတော့ မဟုတ်တော့ဘဲနဲ့ Transformer က မီးကြိုးအကြီးမျိုး ဖြစ်နေတာတဲ့”လို့ ဆိုပါတယ်။ ဒါအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံတောင် service ကြိုးတွေအခိုးခံခဲ့ရသလို ဒီကနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာလည်း လယ်ကုန်းရပ်ကွက် နယ်မြေ ၃မှာလည်း serviceမီးကြိုးတွေ ပြန်အခိုးခံလိုက်တယ်လို့ သိရပါတယ်။ ခုလို မီးကြိုးတွေအခိုးခံရမှုတွေကြောင့် အနည်းဆုံး အိမ်ခြေ ၅ ခုလောက်ကတော့ လျှပ်စစ်မီးတွေ ပျက်ခဲ့ရသလို ငွေကြေးကုန်ကျမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ခုလို အမှောင်ကျနေတဲ့ အချိန်တွေမှာ ခိုးလေ့ရှိတဲ့ သူခိုးတွေအတွက်ကတော့ လျှပ်စစ်မီး မကြာခန ပြတ်တောက်တာတွေဟာ အားသာချက်လို ဖြစ်နေပါတယ်။ လျှပ်စစ်မီးကြိုးခိုးတာတွေအပြင် အိမ်ထဲက အဖွဲ့လိုက် ဆိုင်ကယ်ဝင်ခိုးတာတွေ၊ ရပ်ကွက်တွေထဲက ပေါ်ပေါ်တင်တင် ဆိုင်ကယ်နဲ့ လက်ဝတ်ရတနာ လုယက်တာတွေကိုပါ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ခုလို ခိုးဆိုးလုယက်သူတွေဟာ ပိုမိုအတင့်ရဲလာတဲ့အတွက် မြစ်ကြီးနားမြို့က အပြစ်မဲ့ပြည်သူတွေအတွက်ကတော့ လုံခြုံမှုမရှိသလို ပိုမို ခံစားလာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် လုယက်ခံရတဲ့သူတွေအနေနဲ့လည်း ထိခိုက်ဒဏ်ရခဲ့တဲ့သူတွေရှိသလို တချို့ကတော့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ KNGကနေပြီးတော့ လက်လှမ်းမှီသလောက် လူမှုကယ်ဆယ်ရေးအသင်းတွေနဲ့ အရပ်သားပြည်သူတွေဆီက ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရဆိုရင် မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊ မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ၊ ဇွန် ၅ ကြိမ်၊ ဇူလှိုင်လ ၄ ကြိမ်နဲ့ ဩဂုတ်လမှာတော့ ၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ ခိုးဆိုးလုယက်မှုတွေကို သေချာ အရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကနေပြီးတော့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 5 February
    သတင်း

    မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးရရှိမှုပိုလျော့နည်းလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီး ရရှိမှု တစ်ရက်ထက်တစ်ရက် ပိုလျော့နည်းလာတယ်လို့ မြစ်ကြီးနားမြို့နေ ပြည်သူတွေဆီကနေ သိရပါတယ်။  ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ တစ်ရက်လျှင် မီးပြတ်ချိန် ၁၂ နာရီနဲ့ မီးလာချိန် ၈ နာရီဆိုပြီး သတ်မှတ်ပေးထားပေမယ့်…

    Read More »
  • Dec- 2025 -
    5 December
    သတင်း

    အင်းတော်နဲ့ မော်လူးမှာ လျှပ်စစ်မီးပြင်ဖို့ ကောက်ထားတဲ့ငွေ ပြန်အမ်းပေမယ့် အပြည့်မရဟုဆို

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နဲ့မော်လူးမြို့မှာ လျှပ်စစ်မီးပြုပြင်ဖို့ ပြည်သူတွေဆီကနေ ကောက်ယူထားတဲ့ငွေတွေကို ပြန်အမ်းပေးနေပေမယ့် အပြည့်မရကြောင်း ဒေသခံများထံမှ သိရပါတယ်။ အင်းတော်မြို့နဲ့ မော်လူးမြို့သိမ်းတိုက်ပွဲတွေကြောင့်  မီးကြိုး၊ဓာတ်တိုင်၊ထရန်စဖော်မာအများအပြားပျက်စီးခဲ့လို့ အင်းတော်နဲ့မော်လူးမြို့နယ်မှာ လျှပ်စစ်မီးလရှည်ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် NUG အစိုးကရလက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက ပျက်စီးသွားတဲ့ မီးကြိုး၊ဓာတ်တိုင်၊ ထရန်စဖောမာတွေကိုပြုပြင်ဖို့ ပြည်သူတွေဆီကနေ ငွေကောက်ယူခဲ့တာလို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက ပြောပါတယ်။ “အိမ်သုံးဆိုရင် တစ်အိမ်ထောင်ငါးသောင်းကောက်တယ် ပြီးတော့ လုပ်ငန်းသုံး ဆီစက်၊ဆန်ဆက်လိုမျိုးဆိုရင် လုပ်ငန်းတစ်ခုကို ငါးသိန်းကောက်ပါတယ်။ ဒါပေမယ့်မီးကပြင်တော့ပြင်တယ် အခုထိမီးကမရသေးတော့ပြည်သူတွေက အရမ်းဝေဖန်ကြတော့ပြန်အမ်းပေးကြတယ် အပြည့်တော့ပြန်မအမ်းဘူးတဲ့”လို့ သူကပြောပါတယ်။ NUG အစိုးရလက်အောက်ခံလျှပ်စစ်ဝန်ထမ်းတွေက လျှပ်စစ်မီးပြုပြင်ဖို့ တစ်အိမ်ထောင်(အိမ်သုံး) ကျပ်ငါးသောင်းနဲ့ လုပ်ငန်းသုံး ကျပ်ငါးသိန်းအထိကောက်ယူခဲ့ပြီး မီးပြန်မရလို့ပြန်အမ်းရမှာတော့ တစ်အိမ်ထောင်(အိမ်သုံး)ကျပ်ငါးသောင်းအစား ကျပ်နှစ်သောင်းခွဲ၊လုပ်ငန်းသုံးကျပ်ငါးသိန်း ပြန်အမ်းငွေ ကျပ်နှစ်သိန်းခွဲသာ ပြန်အမ်းတယ်လို့သိရပါတယ်။ “ပြန်အမ်းတာ အကုန်တော့ပြန်မရကြသေးဘူးအိမ်ထောင်စုအနည်းအကျဥ်းပဲ ပြန်ရတယ် အများစုက ပြန်မရသေးဘူးတဲ့ ပြီးတော့အပြည့်လည်းပြန်မအမ်းဘူး တစ်ဝက်ပဲ ကျန်တဲ့တစ်ဝက်က ပြန်အမ်းမလားမအမ်းဘူးလာမသိရသေးဘူး”လို့ အထက်ဖော်ပြပါအမျိုးသားကဆက်ပြောပါတယ်။ Indaw Revilution -IR ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာထုတ်ပြန်ထားချက်အရ ယခုနှစ်မေလအထိ  မော်လူးတမြို့နယ်လုံး အတိုင်းအတာနဲ့ လျှပ်စစ်မီးဖိုး ကောက်ခံရရှိငွေ ၃၉၀,၈၅၀,၀၀၀(သိန်းပေါင်း သုံးထောင့် ကိုးရာ ရှစ်သိန်း ငါးသောင်း) အထိရရှိခဲ့ပြီးအဲ့ဒီထဲက မေလကနေ ယခု နိုဝင်ဘာလအထိ ၇ လအတွင်း မီးပြင်စရိတ် ၁၇၆,၄၉၀,၃၀၀(သိန်း တထောင့် ခုနှစ်ရာ ခြောက်ဆယ့်လေးသိန်းကိုးသောင်းသုံးရာ)ကျပ် သုံးစွဲခဲ့တယ်လို့သိရပါတယ်။ အထက်ဖော်ပြပါစာရင်းဟာ မော်လူးတစ်မြို့နယ်ထဲက ကောက်ခံရရှိတဲ့စာရင်းဖြစ်ပြီး အင်းတော်မြို့နယ်ထဲက ကောက်ခံရရှိခဲ့တဲ့စာရင်းကိုသိရဖို့ မေးမြန်းထားဆဲဖြစ်ပါတယ်။ မော်လူးမြို့နယ်ထက် အင်းတော်မြို့နယ်ဟာ ကျေးရွာအုပ်စုနဲ့ အိမ်ထောင်စုပိုများကြောင်းလည်းသိရပါတယ်။ အင်းတော်မြို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရသလောက် လျှပ်စစ်မီးပြုပြင်ဖို့ ငွေကြေးကောက်ခံတဲ့ကိစ္စဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက တိုက်ရိုက်ဆောင်ရွက်တာမဟုတ်ပဲ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ လျှပ်စစ်ဝန်ထမ်းတွေက ဆောက်ရွက်တာလို့သိရပါတယ်။ အခုလို လျှပ်စစ်မီးပြန်ရရှိရေးအတွက် ငွေကြေးကောက်ခံခဲ့ပေမယ့် လျှပ်စစ်မီးပြန်မရတာ၊ ငွေပြန်အမ်းရာမှာလေးအပြည့်ပြန်မအမ်းတဲ့ကိစ္စတွေကြောင့်အင်းတော်နဲ့မော်လူးပြည်သူတွေဟာ NUG အစိုးရကိုအပေါ် ဝေဖန်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးမော်လူးနဲ့အင်းတော်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုက်ရိုက်ဆက်သွယ်ခဲ့ပေမယ့်ဆက်သွယ်လို့မရခဲ့ပါဘူး။ မော်လူးမြို့ကိုတော့ တော်လှန်ရေးအင်အားစုတွေက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာသိမ်းပိုက်ခဲ့ပြီး အင်းတော်မြို့ကိုတော့ ၂၀၂၄ ခုနှစ် သြဂုတ်လမှာသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Jul- 2025 -
    15 July
    သတင်း

    လျှပ်စစ်မီးမကြာခဏ ပြတ်တောက်မှုကြောင့် မြစ်ကြီးနားမြို့ ပြည်သူတွေအခက်ကြုံနေ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘူးဂါးလျှပ်စစ်မီးမကြာခဏပြတ်တောက်မှုကြောင့် ပြည်သူတွေ အဖက်ဖက်ကအခက်တွေ့နေတယ်လို့ သိရပါတယ်။ မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းလျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်တစ်ခု ၈ နာရီကြာအလှည့်စီပေးနေရာကနေ ၂၀၂၅ ဇန်နဝါရီလပိုင်းကစပြီး ရပ်ကွက်တစ်ခုကို မီးလာချိန် ၆ နာရီနဲ့…

    Read More »
  • 1 July
    သတင်း

    နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ စက်ချို့ယွင်းမှုကြောင့် ပူတာအိုတစ်မြို့နယ်လုံး လျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ထုတ်လွင့်ပေးနေတဲ့ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံမှာ စက်ပိုင်းဆိုင်ရှာချို့ယွင်းမှုတွေဖြစ်နေတာကြောင့် တစ်မြို့နယ်လုံးလျှပ်စစ်မီးတွေပြတ်တောက်နေတယ်လို့ သိရပါတယ်။ ပူတာအိုတစ်မြို့နယ်လုံးကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတဲ့ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံကို ထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်နေတယ်လို့ ပူတာအိုမြို့နယ် EPC ရုံးမှ တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဒီနေ့နဲ့ဆိုရင်တော့သုံးရက်ရှိပါပြီ။ မီးပြတ်တာက စက်ရုံတစ်ခုလုံးက Computer Systerm နဲ့ထိန်းချုပ်ထားတာလေး အဲ့Control room ကနေပျက်သွားတော့ဘာမှလုပ်မရဘူး Systerm တစ်ခုလုံးရပ်သွားတာ ပြင်တော့ပြင်နေတယ်”လို့ သူကပြောပါတယ်။ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံးကိုထိန်းချုပ်ထားတဲ့ ကွန်ပျူတာစနစ်ပျက်သွားတာကြောင့် ဇွန်လ ၂၈ ရက်နေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်သွားတာဖြစ်ပြီးအနည်းဆုံးရက်ပေါင်း ၂၀ နီးပါးကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။ “ဒီကလူတွေနဲ့ရသလောက်တော့ပြင်နေတယ် အဲ့တာမှမရရင် ပညာရှင်တွေသီးသန့်ခေါ်ပြီးပြင်ရမှာဗျအနည်းဆုံး ၁၅ ရက် ရက်၂၀ တော့ကြာမယ်ထင်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ပူတာအိုမြို့နယ် EPC ရုံးမှ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လျှပ်စစ်မီးရက်ရှည် ပြတ်တောက်လာပါက အဓိကအားဖြင့် လျှပ်စစ်မီးကိုအားကိုးနေရတဲ့ Stalink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ရေခဲသေတ္တာအသုံးပြုရတဲ့စားသောက်ဆိုင်တွေ၊Beauty Salon ဆိုင်တွေနဲ့အခြားလျှပ်စစ်မီးသုံးရတဲ့ လုပ်ငန်းတွေအတွက် လည်ပတ်ဖို့အခက်အခဲလာမှာဖြစ်ကြောင်း Starlink wifiဆိုင် ဖွင့်ထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတော့ Power Station နဲ့ Epc ကမီး နဲ့ ပဲတွဲပြီးလည်ပတ်နေတာ အခုက epcမရဘူးဆိုတော့ ဘာမှလုပ်ရဘူး wifi ဘေလ်ဖိုးလည်းတလစာကမနည်းဘူးအခွန်ကလည်းပေးရသေးတယ်။ သူများလည်းကိုယ်တွေလိုပဲညည်းနေကြတာပါ့”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။…

    Read More »
  • Mar- 2025 -
    26 March
    သတင်း

    နွေရာသီ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ အခက်

    မြစ်ကြီးနားမြို့မှာ ဖုန်းအင်တာနက်လိုင်း ခက်ခဲမှုနဲ့ အတူ တစ်ဖက်မှာ လျှပ်စစ်မီးလုံလောက်စွာ မရရှိမှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ နေ့စဉ်ဘဝမှာ အခက်ခဲဆုံး ဖြတ်သန်းနေရပါတယ်။ မြစ်ကြီးနားမြို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း လျှပ်စစ်မီး လုံလောက်စွာ မရရှိတဲ့ ပြဿနာ ကြုံတွေ့ နေရပေမယ့်…

    Read More »
  • Nov- 2024 -
    14 November
    သတင်း

    ပူတာအိုမှာ ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ EPC တစ်နှစ်စာငွေယူပြီး မီးလိုင်းဖြတ်

    ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် EPC ရုံးက ငွေကြေးတတ်နိုင်သူတွေကို လျှပ်စစ်မီးပုံမှန်ပေးမယ်လို့ဆိုကာ တစ်နှစ်စာငွေယူထားပြီး မီးလိုင်းဖြတ်ထားတယ်လို့ ပူတာအိုဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ် ငွေကြေးတတ်နိုင်တဲ့ လူနေအိမ်၊ စားသောက်ဆိုင်၊ ဘာသာရေးအဆောင်နဲ့ စီးပွားရေးလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တစ်ချို့ကို EPC ကနေ  ၂၄ နာရီလျှပ်စစ်မီးပေးမယ်လို့ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ်ကလစ တစ်နှစ်စာမီတာခကြိုယူထားပေမယ့် မီးမပေးတော့ပဲ မီးလိုင်းတွေပြန်ဖြတ်လိုက်တယ်လို့ တစ်နှစ်စာလျှပ်စစ်မီးယူထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး KNG ကိုပြောပါတယ်။ “ကြည့်ရတာအထက်က မသိဘူးထင်တယ် အောက်ခြေကဝန်ထမ်းတွေလုပ်စားတာဖြစ်မယ်။ ပိုက်ဆံ ရှိတဲ့လူကအချိန်ပြည့်မီးရပြီး ပိုက်ဆံမတတ်နိုင်တဲ့လူက မီးမလာတချက်လာတချက်ဆိုတော့တိုင်ကြတာပေါ့ အတိုင်ခံရပြီးနောက်ပိုင်း မီးကိုမလာတော့ဘူး။ အခုထိပိုက်ဆံပေးထားတာအလကားဖြစ်ပြီလေး”လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးတစ်ဦးကပြောပါတယ်။ ပူတာအို EPC ကနေ တစ်နှစ်စာ မီတာခကြိုရှင်းခိုင်းရာမှာ လူနေအိမ် တစ်အိမ်လျှင် တစ်နှစ်စာ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊  စားသောက်ဆိုင်နဲ့ကုန်စုံဆိုင် တစ်နှစ်စာကျပ် သိန်း ၂၀၊ ဘာသာရေးအဆောက်အအုံ ကျပ်သိန်း ၅၀ စသဖြင့် ငွေယူထားပြီး မီးမရတော့တဲ့အပြင် ယူထားတဲ့ငွေလည်းပြန်မအမ်းဘူးလို့ ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ “ကျွန်မတို့ကတစ်နှစ်စာဆိုပြီး သိန်း ၂၀ ပေးထားတာ အခုထိငွေပြန်မအမ်းဘူး မီးလည်းမပေးတော့ဘူး အထက်ကပဲသိသွားတာလား။ ဘာလို့လဲအသေအချာကိုမသိရသေးဘူးအဟုတ်မှတ်ပြီးတပ်ထားတာ”လို့ သူကပြောပါတယ်။ တစ်နှစ်စာ မီးယူမယ့်သူတွေကို ပူတာအိုမြို့နယ် EPC ရုံးက ဝန်ထမ်းတစ်ချို့ဟာ စားသောက်ဆိုင်၊ငွေကြေးတတ်နိုင်တဲ့နေအိမ်တွေကို နီးစပ်ရာထရန်န်စဖော်မာကနေ မီးကြိုးသီးသန့်ဆွဲပြီး မီးထပ်ပြီးတပ်ဆင်ထားပေးတာလို့ ဆိုပါတယ်။ မီးတပ်ဆင်ရာမှာလည်း  မီးတပ်ဆင်ခအဖြစ် တစ်အိမ်လျှင် ငွေကျပ် ၆၀၀၀၀ (ခြောက်သောင်း) သီးသန့်ပေးဆောင်ခိုင်းတယ်လို့ သိရပါတယ်။ တစ်နှစ်စာငွေကြိုပေးပြီး မီးလိုင်းယူထားတဲ့ နေအိမ်၊ ဘာသာရေးအဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို စက်တင်ဘာနဲ့အောက်တိုဘာလ ၂ လအတွင်း ၂၄ နာရီမီးပေးခဲ့ချိန် တစ်နှစ်စာမီးလိုင်းမယူနိုင်တဲ့ နေအိမ် ကုန်စုံဆိုင်၊စားသောက်ဆိုင်တွေကို နှစ်ညခြား သုံးရက်တစ်ကြိမ် မီးပေးလေ့ရှိတယ်လို့ လေယာဥ်ရပ်ကွက်နေအမျိူးသားတစ်ဦးက KNGကိုပြောပါတယ်။ “ပူတာအိုEPC ကအရမ်းလုပ်စားတယ်။ အခုလည်းဒီကောင်တွေအခုလည်း လုပ်စားနေတာပဲ အခုနည်းနည်းတော်သေးတယ်။ အရင်ခုနှစ်လ ရှစ်လပိုင်းကဆိုမီးကိုမလာတာတစ်ပတ်နှစ်ကြိမ်လောက်ပဲလာတာ  ရေမရှိဘူးပြောရအောင် အဲ့ချိန်က မိုးတွင်းကြီးလေ”လို့အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ပူတာအိုမြို့ပေါ်နဲ့မြို့နယ်အတွင်းက ကျေးရွာပေါင်း ၄၀ ဝန်းကျင်က အထက်နန့်ထွမ်ရေအားလျှပ်စစ်စ်ကရုံကနေ လျှစစ်မီးဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ ပူတာအို EPC ရုံးကို KNG သတင်းဌာနက ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ပူတာအို EPC အနေနဲ့ မီလိုင်းတွေကို ဒီနှစ် ဇွန်လကုန်ပိုင်း တပ်ဆင်ပေးခဲ့တာဖြစ်ပြီး သြဂုတ်လဆန်းပိုင်းအထိ ပုံမှန် ၂၄ နာရီမီးပေးခဲ့ပေမယ့် အဲ့ဒီနောက်ပိုင်း ဒီနေ့အထိ နှစ်လကျော်ကြာ မီးမပေးတော့ပဲ ပုံမှန်အလေ့အကျစနစ်နဲ့သာပေးတော့တယ်လို့ သိရပါတယ်။ By – Hope

    Read More »
  • 14 November
    သတင်း

    နန်းယွန်းမြို့တစ်ခုလုံး လျှပ်စစ်မိီးပြတ်တောက်နေတာ ၆ ကျော်ကြာမြင့်လာ

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့ပေါ် ရေကြီးရေလျှံဖြစ်ပြီးနောက်  ဒီနေ့အထိ လျှပ်စစ်မီးတွေပြတ်တောက်နေဆဲဖြစ်တယ်လို့ နန်းယွန်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ နန်းယွန်းမြို့တစ်မြို့လုံး ရေဘေးသင့်ခဲ့ချိန် ဓာတ်တိုင်အများအပြားပျက်စီးခဲ့ပြီး ဒီနေ့ထိအစားထိုးပြုပြင်တာမျိုးမရှိသေးတာကြောင့် လျှပ်စစ်မီးပြတ်တောက်နေတာ ၆ လကျော်ပြီလို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ရေကြီးတုန်းက ပျက်သွားတဲ့မီးတိုင် အခုထိမလှဲသေးတော့ မီးလည်းမရသေးဘူး နှစ်တောင်ကူးတော့မယ် သူတို့မီလာဖို့နေနေသာသာ ဓာတိုင်တစ်တိုင်တောင် ပြန်မစိုက်သေးဘူး ဒီတိုင်းပဲဖြစ်သွားမလားမသိဘူးမီးက”လို့ အသက် ၃၀ ကျော်အရွယ်နန့်ယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ပေါ်လျှပ်စစ်မီးတွေကို နန်းယွန်းချောင်းရေအားလျှပ်စစ်စက်ရုံကနေ ဓာတ်အားဖြန့်ဖြူးပေးနေတာဖြစ်ပြီး မေလတွင်း ရေဘေးသင့်ခဲ့ချိန် လျှပ်စစ်ဓာတ်အားပေးစက်ရုံထိခိုက်ပျက်စီးတာမျိုးရှိခဲ့သလို  ရေအားလျှပ်စစ်စက်နဲ့ နန်းယွန်းမြို့ကြားမှာရှိတဲ့ဓာတ်တိုင်တွေနဲ့ မီးကြိုးအများပိုင်းပျက်စီးခဲ့တာဖြစ်တာလို့ သိရပါတယ်။ “ရေကာတာပေါ့အဲ့ဒီရေအားလျှပ်စစ် စက်ရုံနဲ့မြို့ကဆယ်မိုင်နီးနီးရှိမှာ အဲဲ့ကြားမှာသွယ်ထားတဲ့မီးကြိုးတွေ၊ ဓာတိုင်တွေက ရေထဲပါသွားတဲ့ဟာပါသွားပြီ။  ပြီးတော့ မြေပြိုလို့ လှဲတဲ့ဟာလှဲချိုးတဲ့ဟာချိုး မီးကြိုးတွေလည်းအများကြီးပါသွားတယ် တကယ်ပြင်မယ်ဆိုရင်ပြီးလောက်ပြီဗျ မပြင်လို့ခုထိမီးမရတာ”လို့ ပြောပါတယ်။ အခုလိုလျှပ်စစ်မီးပြတ်တောက်နေတာကြောင့် ဒေသခံတွေဟာ ဆိုလာမီး၊ ဖယောင်းတိုင်မီး အားထားနေရလို့ အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။ “အစပိုင်းကတော့မီးရမလားရမလားနဲ့စောင့်နေကြတာ။ အခုကြာလာတော့ တချို့ဆိုလာမီးသုံးတဲ့သူသုံး တချို့ဆိုလာမဝယ်နိုင်တဲ့လူက ဖယောင်းတိုင်မီးတွေ ၊ရေနံဆီမီးခွက်တွေပြန်သုံးနေကြတယ် နေမပူတဲ့နေ့တွေဆိုရင်မှောင်မှောင်မဲမဲပဲ”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတော့ KNG သတင်းဌာနအနေနဲ့ နန်းယွန်းမြို့နယ် လျှပ်စစ်ဓာတ်အားရေးပေးရုံးကိုဆက်သွယ်ခဲ့ပေမယ့် နန်းယွန်းမြို့နယ်ထဲဖုန်းလိုင်းဖြတ်တောက်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။ နန်းယွန်းမှာ မေလတုန်းဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် အခုလို လျှပ်စစ်ဓာတ်အားတွေပြတ်တောက်ခဲ့ရသလို နန်းယွန်း– ရှင်ဗွေယန်ကြားရှိ နန်းယွန်းမြို့အဝင်က တံတားလည်းပျက်စီးသွားခဲ့ပြီး ဒီနေ့ထိပြန်လည်မပြုပြင်သေးတာကြောင့် လမ်းပမ်းဆက်သွယ်ရေးလည်း ခက်ခဲ နေဆဲဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက အရေးပါတဲ့မြို့တစ်မြို့ဖြစ်တဲ့ နန်းယွန်းမြို့မှာတော့ NLD အစိုးရလက်ထက် ၂၄ နာရီလျှပ်စစ်ဓာတ်အားရရှိနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နန်းယွန်းမြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်တာမရှိပေမယ့် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊လျှပ်စစ်မီးမရရှိမှုတွေကြောင့် အဖက်ဖက်ကနေ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    24 October
    သတင်း

    KIA သိမ်းပိုက်ထားတဲ့ပန်ဝါဒေသကို တရုတ်ကလျှပ်စစ်မီးဖြတ်တောက်၊ မြေရှားသတ္တုလုပ်ငန်းအားလုံး ရပ်နား

    ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့ကို တရုတ်အစိုးရက လျှပ်စစ်မီးအားလုံးဖြတ်တောက်လိုက်ပြီး မြေရှားသတ္တုလုပ်ငန်းအားလုံးရပ်တန့်သွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ကေအိုင်အေနဲ့ပူးပေါင်းအဖွဲ့တွေဟာ ပန်ဝါမြို့မှာရှိတဲ့ ဗျူဟာကုန်၊ ပြည်သူ့စစ်စခန်း၊ စစ်တပ်စခန်းနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို ထိုးစစ်ဆင်ခဲ့ပြီး မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို ကေအိုင်အေသိမ်းပိုက်ပြီးတဲ့ နောက်နေ့ အောက်တိုဘာ ၁၉ ရက်နေ့မနက်ကစပြီးတော့ တရုတ် အစိုးရက ပန်ဝါမြို့ကိုပေးထားတဲ့ လျှပ်စစ်မီးတွေအားလုံးကိုဖြတ်တောက်လိုက်သလို နယ်စပ်ဂိတ်ကိုပါပိတ် လိုက်ပြီလို့ ဒေသခံတွေကပြောပါတယ်။ “ပန်ဝါမှာ မီးတွေအကုန်ဖြတ်လိုက်ပြီ။ တရုတ်ပြည်ဘက်ကပေးတဲ့မီးတွေ။ ပန်ဝါမှာက တရုတ်ပြည်ဘက် ကပေးတဲ့မီးတွေပဲရှိတာ။ သတ္တုလုပ်ငန်းတွေကတော့ ကေအိုင်အေကပိတ်တာမဟုတ်ဘူး။ မီးဖြတ်လိုက် တော့ တရုတ်တွေလည်း ဘာမှလုပ်လို့မရတော့တာ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ KIA သိမ်းပိုက်လိုက်တဲ့ ကချင်အထူးဒေသ ၁ ပန်ဝါဒေသမှာ မြေရှားသတ္တုလုပ်ငန်းဆိုက်ပေါင်း ၃၀၀ ကျော်ရှိတယ်လို့ သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်တဲ့ Global Witness အဖွဲ့က ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာပန်ဝါနယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်ကပိတ်လိုက်တဲ့အတွက် စက်သုံးဆီဈေးနှုန်းတွေက လည်းမြှင့်တက်သွားပြီး ဒေသခံအများစုဟာလည်း မြစ်ကြီးနားမြို့ဘက်ကိုထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့ဒေသခံ တွေကပြောပါတယ်။ “အခုကသတင်းတွေအမျိုးမျိုးထွက်နေတော့အကုန်စွန့်ခွာကုန်ပြီ။အဓိကကတော့ဒေသခံတွေက မြစ်ကြီးနား ဘက်ကိုအကုန်ပြေးကုန်ကြတယ်။ ကေအိုင်အေကတော့ ချီဖွေမှာစစ်ဆေးရေးတင်းကြပ်ထားတယ်”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ပန်ဝါမြို့အတွင်းမြေရှားသတ္တုလုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်လူမျိုး လုပ်ငန်းရှင် အားလုံးဟာ လည်း တရုတ်နိုင်ငံထဲပြန်ဝင်သွားကြပြီလို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ နယ်ခြားစောင့်တပ် BGF တပ်ရင်း ၁၀၀၂ နဲ့ ပန်ဝါမြို့တို့အပါအဝင် မြန်မာ–တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ ကန်ပိုက်တည်မြို့ကို လုံခြုံရေးယူထားတဲ့ BGF ၁၀၀၃ တပ်ရင်းကိုပါ သိမ်းပိုက်ခဲ့ပြီး ကန်ပိုက်တည်မြို့နဲ့ BGF ၁၀၀၁ တပ်ရင်းရှိရာ ဖီမော်မြို့ကိုသာ သိမ်းပိုက်ဖို့ကျန်ရှိတော့တာ လည်းဖြစ်ပါတယ်။ တစ်ဖက်မှာ ဖီမော်၊ လဂွေ နဲ့ ကန့်ဖာဒေသတို့မှာတော့ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် တပ်စခန်း ၈ ခုထက်မနည်းကျန်ရှိနေသေးပြီး KIA ဘက်က ထိုးစစ်ဆင်တိုက်ပွဲတွေဆက်လုပ်လာ နိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေကသုံးသပ်နေကြပါတယ်။ ဒါ့အပြင် ပန်ဝါမြို့မသိမ်းပိုက်ခင် တရုတ်ဟာ KIA ကို ထိုးစစ်ရပ်ဖို့ဖိအားပေးခဲ့ပေမယ့် KIA ဘက်က ထိုးစစ်ရပ်တန့်ခြင်းမရှိဘဲ ပန်ဝါမြို့ကိုထပ်ပြီး သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ပန်ဝါမြို့ကို သိမ်းပိုက်လိုက်ပြီး နာရီပိုင်းအကြာမှာဘဲ တရုတ်နိုင်ငံဘက်က KIA ထိန်းချုပ်အောက်ရှိ နယ်စပ်ဂိတ်အားလုံး ပိတ်လိုက်ပြီဖြစ်ပါတယ်။ ပန်ဝါမြို့ဟာ မြစ်ကြီးနားမြို့နဲ့ မိုင် ၁၂၀ ဝန်းကျင်အကွာမှာရှိပြီး ကချင်အထူးဒေသ ၁…

    Read More »
Back to top button