မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့နယ်ခွဲ၊ လွယ်ဆာရွာမှာ ယနေ့ မွန်းလွဲပိုင်းမှစတင်ပြီး ညနေ မိုးချုပ်ခါနီးအထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ "ညနေ ၁ နာရီခန့်ကစ ဖြစ်တာ။ စစ်ကောင်စီက လွယ်ဆာရွာမှာ ရှိနေတဲ့ အချိန် ကိုးကန့်တွေ ထွက်လာတာနဲ့ ပက်ပင်း တိုးပြီး ထိတွေ့ တိုက်ပွဲ ဖြစ်သွားတယ်။ ကြောက်လို့ ခုထိ တုန်နေတယ်။" လို့