အာဏာသိမ်းပြီးနောက်ပိုင်း မိုးကောင်းတွင် သစ်ခိုးထုတ်မှုများရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဒေသခံ ပြည်သူ့စစ်အဖွဲ့များက အာဏာပိုင်တစ်ချို့နှင့် ပူးပေါင်းပြီး တရားမဝင် သစ်ခိုးထုတ်မူများပြုလုပ်နေကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။ မတ်လ ၂၂ ရက်နေ့ ညနေပိုင်း ၅နာရီခန့် အချိန်တွင် မိုးကောင်းမြို့ ထိုးဖူးကျေးရွာ၊ ရွှေအင်းကျေးရွာသွားလမ်း၊ သဲကုန်း ဘုန်းကြီးကျောင်းနားလမ်းဘေးတွင် မတရားမဝင်သစ်ခိုးထုတ်ဖို့ စီစဉ်ထားသည့် သစ်ကားတစ်စီးတွေ့ရသည်ဟု ဒေသခံ မျက်မြင်သက်သေ တစ်ဦးက ယခုလို ပြောဆိုသည်။ “လက်ရှိ နိုင်ငံရေးမတည်ငြိမ်မူကို အခွင့်ကောင်းယူပြီး တရားမဝင်သစ်ခိုးထုတ်လာပြီလို့…