သံကျောက်
-
Mar- 2026 -12 Marchသတင်း
သံသတ္တုရိုင်းထွက်တဲ့ ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု နဲ့ လူမှုကျန်းမာရေး ထိခိုက်မှုရှိလာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတချို့မှာတိုးချဲ့လာတဲ့ သံသတ္တုရိုင်းတူးဖော်မှုကြောင့်ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာ၊ ပြည်သူတွေရဲ့လူမူကျန်းမာရေးထိခိုက်တာတွေရှိလာတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။ ကချင်ပြည်နယ်တွင်း ရွှေကူမြို့နယ် နဲ့ ဝိုင်းမော်မြို့နယ်တွေမှာ သံသတ္တုရိုင်းကို ကျယ်ကျယ်ပြန့်ပြန် တူးဖော်လာကြပြီး လုပ်ငန်းအများစုကို တရုတ်နိုင်ငံသား လုပ်ငန်းရှင်တွေ ကြီးကြပ်လုပ်ဆောင်နေကြပါတယ်။ ရွှေကူမြို့နယ် အရှေ့ဘက် စီသာ၊ စီသောင် ကျေးရွာတွေကနေ ၅ မိုင်ခန့်ဝေးတဲ့ တောထဲမှာ တရုတ်လုပ်ငန်းရှင်တွေက ၂၀၂၅ ခုနှစ် ဇွန်လကစပြီး သံသတ္တုရိုင်းတူးဖော်မှုတွေကို လုပ်ဆောင်နေတယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။ “သူတို့ ဝင်လာတာက မနှစ်က မိုးရာသီလောက်က စဝင်တာ မနှစ်ကလည်း တစ်မိုးလုံး တောက်လျှောက်တူးတယ်။ ဒီနှစ်လည်း ဆက်တိုက်တူးနေတာပဲ တူးတာက ဘတ်ဖိုးတွေနဲ့တူးပြီး သယ်ထုတ်တာကတော့ ကားကြီးတွေနဲ့ တရုတ်ပြည်ဘက်ကို သယ်ထုတ်နေတယ်” လို့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသားက ပြောပါတယ်။ လက်ရှိမှာ တရုတ်လုပ်ငန်းရှင်လေးဦးက ဘတ်ဖိုး ၁၀ စီးနဲ့ တူးဖော်နေပြီး ရရှိလာတဲ့ သံသတ္တုရိုင်းကုန်ကြမ်းတွေကို ရွှေကူမြို့ကနေ နယ်စပ်ကတရုတ်ပြည်ကို ပို့ဆောင်နေကြတာဖြစ်ပါတယ်။ “ဒီမှာက တူးပဲတူးတာ သန့်စင်တာက တရုတ်ပြည်ထဲမှာ သန့်စင်တာဗျ။ လမ်းကြောင်းကတော့ ကျနော်တို့ စီသာ၊ စီသောင် နယ်မြေကို ဖြတ်ပြီး ရွှေကူ–ဗန်းမော် လမ်းမကြီးကို ထွက်တယ်။ အဲဒီကနေ မံစီဘက်ကို ထွက်ပြီး မံစီကနေ မံဝိန်းကြီးဘက်ကို ဆက်ထွက်ပြီး အဲဒီကနေ တရုတ်ပြည်ထဲ ဝင်တာ” လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ သံကျောက် တစ်ကြိမ်သယ်ထုတ်လျှင် ကုန်ကားကြီးအစီး ၂၀ နဲ့ ၃၀ ကြားဖြင့်အလုံးအရင်း သယ်ဆောင်နေတဲ့အတွက် ရွာချင်းဆက်လမ်းတွေ ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ရွှေကူမြို့နယ်အတွင်း သံသတ္တုရိုင်းတူးဖော်နေတဲ့ဒေသတွေဟာ KIA တပ်ရင်း ( ၁၂ ) နယ်မြေဖြစ်ပြီး KIO အစိုးရရဲ့ခွင့်ပြုချက်နဲ့တူးဖောနေကြကြတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။ ခုလို သံသတ္တုရိုင်းကို ကြီးကြီးမားမားတူးဖော်နေတဲ့အတွက် ဒေသခံတွေရဲ့ ကျွဲ၊နွား စားကျက်မြေကျဉ်းမြောင်းလာတာ၊ တောင်ယာနဲ့ သီးနှံစိုက်ခင်းတွေ အသုံးပြုတဲ့မြေလွှတ်မြေရိုင်းလျော့နည်းလာတာ၊ ရေအရင်းမြစ်တွေလည်းထိခိုက်ပျက်စီးတာတွေ ရှိလာနေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ သံသတ္တုရိုင်းတူးဖော်တဲ့ ပုံစံဟာ ရွှေတူးဖော်တဲ့ ပုံစံလို မဟုတ်ဘဲ ဘတ်ဖိုးတွေ၊ မြေကော်စက်တွေ အသုံးပြုပြီး တောင်တွေကို ဖြိုဖျက်၊ မြေတွေကို လှန်ပြီး တူးဖော်ရတာကြောင့် သစ်တောပြုန်းတီးမှုနဲ့ မြေယာပျက်စီးမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ရွှေကူနယ် တစ်ဝိုက်တူးဖော်တဲ့ သံသတ္တုရိုင်းတွေကို အမှုန့်ကြိတ်တဲ့အထိ လုပ်ဆောင်တာမျိုးမဟုတ်ပဲ ကျောက်တုံးလိုက်တင်ဆောင်သွားတာလို့ ဒေသခံတွေပြောပါတယ်။ အလားတူ နောက်ထပ် မြစ်ကြီးနား–ဗန်းမော် လမ်းမပေါ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ ဆိုင်မိုင်ပါ အနီးမှာလည်း တရုတ်လုပ်ငန်းရှင်တွေက သံကျောက်သတ္တုကိုတူးဖော်နေကြတယ်လို့ သိရပါတယ်။ ဆိုင်မိုင်ရွာနီး တူးဖော်နေတဲ့ လုပ်ငန်းရှင်တွေဟာ ကျောက်တုံးလိုက်တင်ဆောင်တာမျိုးမဟုတ်ပဲ အမှုန့်ကြိတ်ယူတဲ့အဆင့်ထိ လုပ်ဆောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအမှုန့်ကြိတ်စက်ဟာ ကျေးရွာအနီးဝန်းမှာထားရှိတဲ့အတွက် ကျောက်အမှု့န်ကြိတ်စက်က အမှုန့်တွေဟာ ရွာထဲရှိ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အိုတွေတွက် အသက်ရှုလမ်းကြောင်နဲ့ ကျန်းမာရေး ထိခိုက်လာနိုင်တယ်လို့လည်း ဒေသခံတွေပြောပါတယ်။ ဒါ့အပြင် သံသတ္တုကြိတ်တဲ့စက်အနီး ရေစစ်ကန်လည်းလုပ်ထားပြီး အဲဒီရေစစ်ကန်ကအရည်တွေဟာ အနီရောင်ဖြစ်ကာ အနီးနားရှိ ချောင်းရေများသို့စီးဝင်တာတွေရှိတဲ့တွက် ရေအရင်းအမြစ်များ သုံးစွဲလို့မရအောင် ညစ်ညမ်းနေပြီ ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေပြောပါတယ်။ ဒါ့အပြင် နောက်ထပ် သံကျောက်သတ္တုတူးဖော်တဲ့နေရာတွေဟာ တောင်ပေါ်၊လယ်ယာ၊မြေစာတွေအားလုံးဖုံးသွားတဲ့အတွက် ဘိုးဘွားပိုင်မြေယာတွေဆုံးရှုံးနစ်နာမှုအကြီးမားဆုံးကြုံတွေ့နေကြရပြီး ဒေသခံတွေအတွက် ရေရှည်လုပ်ကိုင် စားသောက်ဖို့ခက်ခဲမှုတွေလည်း ရှိလာနိုင်တယ်လို့ ဒေသခံတစ်ဦးခုလိုပြောပါတယ်။ “KIO ကလုပ်နေတဲ့ သံကျောက်တူးတာနဲ့ပတ်သက်ပြီး ရွာသားတွေက အရမ်းသဘောတူတာတော့ မဟုတ်ဘူး။ ကျနော်တို့က စစ်ရှောင်နေရပ်ပြန်ရွာတွေလည်းဖြစ်တယ် ဒါကြောင့်အလုပ်ကိုင် စားသောက်ဖို့ လိုအပ်ချက်ကြောင့် ခွင့်ပြုထားတဲ့ပုံစံတော့ ဟုတ်တယ်။ဒါပေမယ့် ရွာနဲ့အရမ်းနီးလာရင်တော့ မကောင်းဘူးပေါ့” လို့ ဆိုင်မိုင်ရွာဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။ ဆိုင်မိုင်ကျေးရွာအနီး သံကျောက်သတ္တုတူးဖော်မှုကိုတော့ တစ်ကျော့ပြန်တိုက်ပွဲ မဖြစ်ခင် ၂၀၀၈ ခုနှစ်ဝန်းကျင်ကစပြီး ဦတေဇပိုင် (ထူးကုမ္မဏီ)က စပြီးတူးဖော်နေရာကနေ စစ်တပ်က အဲကုမ္မဏီကို ဖမ်းဆီးထိန်းချုပ်လိုက်တာဖြစ်ပါတယ်။…
Read More » -
Jun- 2023 -7 Juneမြေယာနှင့် သဘာဝပတ်ဝန်းကျင်
သံကျောက်သတ္တုတူးဖော်မှုကို ကန့်ကွက်နေသည့် ဒေသခံများကို ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့ လိုက်လံဖမ်းဆီးနေ
ဝိုင်းမော်မြို့နယ် အောင်မြေ (၁) (Nlung hka) ကျေးရွာရှိ ဒေသအစုအဖွဲ့ပိုင်သစ်တော CF နေရာတွင် ဦးရွှေမင်း ဦးဆောင်သော ပြည်သူ့စစ်အဖွဲ့မှ သံကျောက်သတ္တုတူးဖော်နေသည်ကို ကန့်ကွက်သော ဒေသခံများကို ပြည်သူ့စစ်တပ်ဖွဲ့က လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း သိရသည်။ အောင်မြေ (၁) (Nlung hka mare) ကျေးရွာ မှ ၄ မိုင်အကွာ အင်ဒုံဘွမ် (Ndung bum) အနီးရှိ ဒေသခံများ၏ အစုအဖွဲ့ပိုင်သစ်တော CF နယ်မြေတွင်…
Read More » -
Dec- 2022 -17 Decemberသတင်း
ဆိုင်မိုင်ကျေးရွာ သံကျောက်တူးသည့် လုပ်ကွက်ကို စစ်တပ်က ဗုံးကျဲ တိုက်ခိုက်
မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ ကန်တော်ယန် ကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ဆိုင်မိုင်ကျေးရွာ သံကျောက်တူးဖော်သည့် လုပ်ကွက်ကို ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။ နံနက် ၁ နာရီတွင် လေယာဉ်…
Read More »


