သံယောဇဉ်

  • May- 2024 -
    3 May
    သတင်း

    ဆယ်ဇင်းရွာအနီး သံယောဇဥ်ကုန်းမှာ တိုက်ပွဲဆက်ပြင်းထန်နေ 

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ်ကုန်းမှာ စစ်ကောင်စီ၊SNA ပူးပေါင်းတပ် နဲ့ KIA၊KPDF တပ်တွေကြားတိုပ်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေ သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်အကွာ ကချင်နဲ့စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသအခေါ်(သံယောဇဥ်ကုန်း)မှာတပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDFတပ်တွေကြား ဧပြီ ၂၆ ရက်နေ့ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီကလေကြောင်းနဲ့ ပစ်ကူနေတယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “ပစ်တာတော့ပစ်နေကြတုန်းပါ့ ပစ်လိုက်နားလိုက်ပဲ တစ်ခါတလေကြရင်လည်း တစ်ညလုံးလိုလိုကိုပစ်နေကြတာ မနေ့ကတော့ညပိုင်းမှာ လေယာဥ်နဲ့နှစ်ကြိမ်ဝဲပြီး ဗုံးကြဲချသွားတယ်”လို့ ပြောပါတယ်။ ဖားကန့်ဆယ်ဇင်းနဲ့ ဟုမ္မလင်းနယ်နန့်တောကြားမှာရှိတဲ့ သံယောဇဥ်ကုန်းမှာ SNA အထိုင်တပ်တစ်ခုရှိတာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ နဲ့ ပူးပေါင်းတပ်ထိုင်ထားတယ်လို့ သိရပြီး ဒီစခန်းကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်ဖို့ တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့် KNPDF နဲ့နီးစပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “နဂိုကတော့အဲ့ရွှေမှော်မှာအခွန်ကောက်နေတဲ့ SNA တွေပဲထိုင်တာ အင်အား ၅၀လောက်အမြဲတမ်းရှိတယ်။ စကစတွေပါပေါင်းထိုင်တယ်လို့ကြားတယ် အဲ့တာကိုသိမ်းနေတာ SNA တွေကတပ်အခိုင်အမာချထားတော့နည်းနည်းကြာနေတာထင်တယ်”လို့ပြောပါတယ်။ တစ်ပတ်ကျော်ကြာတိုက်ပွဲတွေပြင်းထန်နေတဲ့ သံယောဇဥ်မှော်ထဲက ပြည်သူအများစုဟာ ဧပြီလ ၂၇ ရက်နေ့ ကတည်းကတိမ်းရှောင်သွားကြပြီး လက်ရှိ သံယောဇဥ်မှော်အနီးတဝိုက်ဖုန်းလိုင်းတွေလည်း မကြာခနဖြတ်တောက်ခံနေရတယ်လို့ ဆယ်ဇင်းဒေသခံတွေဆီကနေသိရပါတယ်။ ဒီနှစ် ဧပြီ ၂၃ ရက်နေ့က ဆယ်ဇင်းကျေးရွာစစ်ကောင်စီတပ်စခန်းထဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီကောင်စီစစ်သားနဲ့ SNA စစ်သား ၅၀ ကျော်က သံယောဇဥ်ကုန်းထဲက SNA တပ်စခန်းထဲကိုပူးပေါင်းထားတယ်လို့လည်း သိရပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ သံယောဇဥ်ကုန်းနဲ့ ၃ မိုင်ကျော်ဝေးတဲ့ ဆယ်ဇင်းကျေးရွာထဲက စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်စခန်းကို KIA၊KPDF တပ်တွေက ဧပြီ ၂၀ ရက်နေ့မှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့ညမှာ စစ်ကောင်စီပူးပေါင်းတပ်တွေ သံယောဇဥ် ကုန်းဘက်ထွက်ပြေးသွားတာကြောင့် ဆယ်ဇင်းရွာကို KIA နဲ့မဟာမိတ်တပ်တွေက ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    ဆယ်ဇင်းအနီး သံယောဇဥ်‌မှော်မှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA၊KPDF တို့တိုက်ပွဲပြင်းထန်

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ် ရွှေမှော်မှာ တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော်  KIA၊ KPDF တပ်တို့ကြားတိုက်ပွဲ ပြင်းထန်နေတယ်လို့သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်ဝေးပြီး ကချင် နဲ့…

    Read More »
Back to top button