အခွန်အကောက်

  • Feb- 2025 -
    12 February
    သတင်း

    တပ်သားသစ်စုဆောင်းမှု နဲ့ အခွန်ကောက်ခံမှုကြောင့် ဒေသခံတွေ သွားလာရေးမှာ အခက်ကြုံ

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ်စုဆေင်းမှုနဲ့ အခွန်ကောက်ခံမှုတွေကြား ဒေသခံတွေ သွားလာရေး အခက်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့တွေက မိုးညှင်းမြို့နယ်အတွင်း တပ်သားသစ် စုဆောင်းမှုတွေဆက်တိုက် လုပ်နေသလို ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်က တပ်သားသစ် စုဆောင်းမှုနဲ့ ဂိတ်ချအခွန်ကောက်ခံမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ဆိုပါတယ်။…

    Read More »
  • Nov- 2024 -
    23 November
    သတင်း

    NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း  ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။ “ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆိုကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ်စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့သိရပါတယ်။ “အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့အခုလိုဂိတ်တွေဘာတွေထိုင်လို့ရလာနေတာ နဂိုယုန်းအောင်အဖွဲ့ကတော့ဒါမျိုးမရှိဘူး ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။ နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကိုအခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။ NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေလက်ရှိ NSCN-K နှစ်ဖွဲ့ကွဲနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 19 November
    သတင်း

    မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး

    မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး နဲ့ ခရီးသွား ၄ ဦးသေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီကသိရပါတယ်။ နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ…

    Read More »
  • 14 November
    သတင်း

    နောင်ပိုအောင်ရွာမှာ အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆို 

    စစ်ကိုင်းတိုင်း ၊ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာမှာ SNA တပ်တွေအနေနဲ့ ဆိုင်အခွန်လျော့ကောက်ပေးဖို့ ဆိုင်ရှင်တစ်ချို့တောင်းဆိုနေကြပါတယ်။ ဟုမ္မလင်းမြို့နယ်တစ်ခုလုံးမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ် အများဆုံးရှိတဲ့ နောင်ပိုအောင်ကျေးရွာမှာ SNA တပ်က  ကုန်စုံဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀ (ခြောက်သိန်း) ၊စားသောက်ဆိုင်အကြီး တစ်လ ကျပ် ၆၀၀၀၀၀(ခြောက်သိန်း) ၊ ကုန်ခြောက်ဆိုင်၊ လက်ဖက်ရှည်ဆိုင်တစ်လ ကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ဆိုင်ကယ်ဝပ်လျော့ တစ်လ ကျပ် ၆၀၀၀၀ (ခြောက်သောင်း) စသဖြင့် အခွန်ကောက်ခံနေတာကြောင့် ဆိုင်လုပ်ငန်းလုပ်ကိုင်သူတွေ အခက်တွေ့နေကြတယ်လို့ နောင်ပိုအောင်ကျေးရွာနေအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “ဆိုင်အကြီးတွေဆို ခြောက်သိန်းတဲ့ ကွမ်းယာခုံတစ်ခုံဆိုလည်းခြောက်သောင်းတဲ့ တစ်လကိုနော် တောင်းတာတောင်တစ်နှစ်စာပေါင်းပြီးတောင်းတာ စာရွက်လေးတွေပေးပြီးတောင်းတယ် မပေးနိုင်ကြဘူးလေ တစ်နှစ်စာဆို ရာချီ၊ဆယ်ချီမပေးနိုင်လို့တချို့ဆိုင်တွေဖြုတ်လိုက်တဲ့လူတွေလည်းရှိတယ်”လို့ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီး ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမတိုင်ခင်အထိ SNA အနေနဲ့  ကုန်စုံဆိုင်အကြီးတစ်လလျှင် အများဆုံးကျပ် ၃၀၀၀၀၀ (သုံးသိန်း) ၊ကုန်ခြောက်ဆိုင်နဲ့တစ်ခြားသော ဆိုင်အသေးတွေ တစ်လ အနည်းဆုံးအခွန်ကျပ် ၃၀၀၀၀ (သုံးသောင်း) အထိသတ်မှတ်ပြီး လပေးစနစ်နဲ့ကောက်ခံတာလို့ သိရပါတယ်။ သို့သော် နိုဝင်လစပြီး အခွန်တိုးမြင့်ကောက်ခံလိုက်တဲ့အပြင် တစ်နှစ်စာပေါင်းပြီး ကောက်ခံနေတာကြောင့်  ရပ်နားသွားရတဲ့ ဆိုင်တွေလည်းအများအပြားရှိနေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။ “ဒီသုံးလေးလထဲအပြီးပေးရမယ်တဲ့ လျော့ပေးဖို့တောင်းဆိုကြတယ်အဆင်မပြေဘူး အဲ့ကြောင့်အရင်းအနှီးမရှိတဲ့လူတွေက မပေးနိုင်လို့ဆိုပြီးဆိုင်တွေရပ်ကုန်ကြတာ။ တချို့ဆိုစစ်ရှောင်ရင်းဒီရောက်လာပြီးရှိတာလေးနဲ့ဆိုင်လေးဖွင့်စားတာ သူတို့လည်းမရှိလို့ဆက်မရောင်းနိုင်ကြတော့ဘူး”လို့ ပြောပါတယ်။ လက်ရှိ နောင်ပိုအောင်ကျေးရွာက ကုန်စုံဆိုင်၊စားသောက်ဆိုင်လုပ်ကိုင်ကြတဲ့လူတွေထဲမှာ ရွာခံတွေရှိကြသလို ရွှေပြည်အေးမြို့၊လွှစင်ကုန်းနဲ့တစ်ခြားအနီးဝန်းကျင်ရွာကနေ စစ်ဘေးရှောင်ရင်း လာရောက်လုပ်ကိုင်သူတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ခုလို အခွန်တိုးကောက်လိုက်တဲ့အတွက် စစ်ရှောင်ရင်း ဆိုင်အသေးဖွင့်တဲ့သူအများပိုင်း ရပ်နားလိုက်ရကြပြီလို့ ဒေသခံတွေပြောပါတယ်။  နောင်ပိုအောင်ကျေးရွာဟာ ဟုမ္မလင်းမြို့နဲ့ဆယ်မိုင်ကျော်အကွာ ကချင်နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိပြီး SNAစစ်သားတွေရာချီတပ်ထိုင်ထားသလို SNA တပ်သားသစ်တွေကိုစစ်သင်တန်းပေးနေတဲ့ နေရာလည်းဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2024 -
    18 October
    သတင်း

    ဟုမ္မလင်းနယ်ထဲက SNA ဂိတ်တွေမှာ အခွန်အဆမတန်ကောက်ခံနေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်း ရှမ်းနီအမျိုးသားတပ်မတော် SNA စစ်ဆေးရေးဂိတ် ၄ နေရာလောက်မှာ အခွန်အဆမတန်ကောက်ခံနေတဲ့အတွက် သွားလာတဲ့ ဒေသခံပြည်သူတွေ အခက်တွေ့နေတယ်လို့ သိရပါတယ်။ ရှမ်းနီ SNA တပ်တွေ န်းချုပ်ထားတဲ့ ဟုမ္မလင်းအရှေ့ဘက်ခြမ်း နောင်ပိုအောင်၊ နောင်တော၊ မိုင်းကိုင်း၊ဆပ်ကယား စတဲ့ကျေးရွာတွေမှာ SNA ဂိတ်ထိုင်ထားပြီး…

    Read More »
  • 3 October
    သတင်း

    မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။ မြစ်ကြီးနား–မန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။ “ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ဂိတ်တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ထောင် ၁သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို ၂ သိန်းကျော်လောက်ကျတာပေါ့”လို့ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီးကို ၂ သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကားအသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံတာလို့ သိရပါတယ်။ “ အခုလမ်းတွေကဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ပေါ့။ အခွန်ရယ်လို့တစ်စီးကိုဘယ်လောက်သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ် မူတည်ပြီး မင်းတို့ဘာတွေတင်လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ” လို့ပြောပါတယ်။ အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ငွေကြေးများပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာအခွန်ကောက်ခံတဲ့ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေကပြောပါ တယ်။ “တကယ့်တကယ်ထိခိုက်တာကဒေသခံတွေပဲ သူတို့က လမ်းကြေး ၅၀၀၀ ဆိုရင် အဲ့အတွက် ကုန်သည်တွေ က အမြတ်ထပ်တင်၊ ကားသမားတွေကပါ ထပ်တင် ကြားထဲကနေပြည်သူတွေပဲ ကုန်ဈေးနှုန်း ဒဏ်ခံရတာ ပေါ့။ ကုန်ဈေးနှုန်းကမတက်ရင်လည်း သယ်ယူ စားရိတ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်ကုန် ကြတာ” လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။ လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေး တွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ် ကတည်းကဖြစ်ပါတယ်။ By – အမိုး

    Read More »
  • Dec- 2023 -
    16 December
    သတင်း

    အခွန်ကောက်ဂိတ်တွေများလာတဲ့အတွက် စင်ကြိုင်စစ်ရှောင်စခန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ခက်ခဲနေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် စင်ကြိုင်ကျေးရွာဘက် ကုန်ပစ္စည်းတင်ပို့ရာမှာအခွန်ကောက်ခံတဲ့ ဂိတ်တွေများတဲ့အတွက် ကုန်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် စင်ကြိုင်စစ်ရှောင် စခန်းမှာ စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။ လက်ရှိ ဝိုင်းမော်မြို့ကနေ စင်ကြိုင်ရွာအထိ လမ်းတစ်လျှောက် နယ်ခြားစောင့်ဂိတ်၊ ပြည်သူ့စစ်ဂိတ်၊ စစ်ကောင်စီဂိတ် ဂိတ်ပေါင်း ၁၂ ခုရှိတဲ့ထဲက ၁၃ မိုင်…

    Read More »
Back to top button