ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။ “စစ်ဘေး‌ရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက