,

Breaking News :

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ရွှေဘိုတွင် တစ်ရက်အတွင်း ကျေးရွာ ၃ ရွာမှ လူနေအိမ် ၁၇၀ ခန့် မီးရှို့ခံရ

ခင်ဦးတွင် ဒေသခံ ၂ သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ဆောင်နှင့် အဝတ်အထည်များလိုအပ်နေ

ခင်ဦးဒေသခံများ

ကျေးရွာများ မီးရှို့ဖျက်ဆီးခံရမှုကြောင့် တောတွင်းတိမ်းရှောင်နေသည့်ပြည်သူများ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ဝင်ရောက်စစ်ကြောင်းထိုးကာ ကျေးရွာများကို မီးရှို့ခဲ့သဖြင့် ဒေသခံ  သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ စောင် နှင့် အဝတ်အထည်များ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၁၈ ရက်နေ့ ကတည်းက စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်တောင်ဘက်ခြမ်း နှင့် မြောက်ဘက်ခြမ်းကို စစ်ကြောင်း နှစ်ခုခွဲကာ ဝင်ရောက်နေတာဖြစ်ပြီး ရွာပေါင်း ၁၀ ရွာထက်မနည်း နေအိမ် ၅၀၀ ကျော်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများဆိုသည်။

စစ်ဘေး‌ရှောင်တွေအတွက်အဓိကက ဒီဘက်မှာတော်တော်အေးနေပြီ။ ညပိုင်းတွေဆိုရင် ဆောင်းတွင်းဆိုတော့ မြောက်လေကလည်းတော်တော်တိုက်တယ်။ ညပိုင်းဆိုအိပ်စရာနားစရာအတွက် နေရာထိုင်ခင်းဆောင်တွေလိုအပ်နေတယ်။ ယာယီနေထိုင်ဖို့ပေါ့ အခုက မိုးကာပဲခင်းပြီးနေနေရတယ် ဆေးဝါးထောက်ပံ့မူလည်းလိုအပ်နေပါတယ်ဟုစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များသည် ဘေးလွှတ်ရာတောတောင်များတွင် တိမ်းရှောင်နေရသည်ဟု သူက ဆက်ပြောသည်။ 

စစ်ဘေးရှောင် ပြည်သူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ အများအပြားပါဝင်ပြီး ကျန်းမာရေးမကောင်းသူများလည်း ပါဝင်သည်ဟု သိရှိရသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းသည် ပြည်သူ ၆ ဦးကို အကြောင်းမဲ့သတ်ဖြတ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၂ဦးလည်း အသက်ဆုံးရှုံးခဲ့ရသည်။

ခင်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီလှူဒါန်းလိုပါက Khin U Dynamite ဖေ့စ်ဘုတ်စာမျက်နှာနှင့် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြား‌‌ရေး ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ခင်ဦးမြို့နယ်ရှိ ရွာပေါင်း၅၅ရွာမှ နေအိမ်၂၅၀၀ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ၂၀၀ကျော်အသက်ဆုံးရှုံးခဲ့ရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

Read Previous

ဖားကန့်တွင် ၁၀၀၀၀ ကျပ်တန်ငွေစက္ကူအတု ပိုမိုအသုံးပြုလာနေ

Read Next

ဖားကန့်တွင် အရပ်သားကား ၂ စီးကို စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦးသေဆုံး