အိမ်စီးကားပစ်ခံရ

  • Jul- 2023 -
    19 July
    သတင်းPhoto- မနေ့က ပစ်ခတ်ခံရတဲ့အိမ်စီးကား( Crd-Oi Ye Kyaw)

    ဗန်းမော်-မြစ်ကြီးနားလမ်း အိမ်စီးကားတစ်စီးပစ်ခံရပြီး တရုတ်လုပ်ငန်းရှင်အပါအဝင် ၂ ဦးထိခိုက်ဒဏ်ရာရ

    စစ်ရေးတင်းမာနေတဲ့ ဗန်းမော်-မြစ်ကြီးနားလမ်းမှာ မနေ့က အိမ်စီးကားတစ်စီးပစ်ခတ်ခံရပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ စကားပြန်မြန်မာအမျိုးသမီးငယ်တစ်ဦး ကျည်ထိမှန်သွားတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ ဇူလိုင်လ ၁၈ ရက် နေ့လည် ၁၂နာရီဝန်းကျင် မြစ်ကြီးနား-ဗန်းမော်လမ်း ဒဘတ်ယန်ရွာနဲ့ ဆမားရွာလမ်းခွဲအထက်မှာ မောင်းနှင်လာချိန် ပစ်ခတ်ခံရတာဖြစ်ပါတယ်။ “အဲလမ်းက ခုသွားလို့မရဘူးလေ သိသိရက်နဲ့မောင်းချလာတာ ဘယ်ဘက်ကပစ်လိုက်တာလဲ ဆိုတော့ မသိဘူး။ ခုအဲဒီနေရာမှာက ရွှေမင်းအဖွဲ့နဲ့ဒီဘက်ကလူတွေ စစ်ရေးတင်းမာ နေတဲ့ချိန်လေ” လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပစ်ခတ်ခံရတဲ့ ၂ ဦးအနက် တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးက ခြေထောက်ကျည်ထိမှန်သွားပြီး စကားပြန်အမျိုးသမီးက လည်ပင်းနဲ့နားမှာ ကျည်ထိမှန်ပြီးဒဏ်ရာပြင်းထန်တဲ့အတွက် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံမှာဆေးကုမှုခံယူနေတယ်လို့ သိရပါတယ်။…

    Read More »
Back to top button