ကာမိုင်း

  • Sep- 2026 -
    18 September
    လူ့အခွင့်အရေးချိုးဖောက်မှု

    KIA ဒုတပ်ရင်းမှူးဟု စွပ်စွဲဖမ်းဆီးခံရသူမှာ ကျောက်လုပ်ငန်းရှင်ဖြစ်ကြောင်း ပြော

    ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့က KIA ဒုတပ်ရင်းမှူးတစ်ဦးဖြစ်တယ်လို့ စွပ်စွဲကာ ဖမ်းဆီးထားတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိမဟုတ်ဘဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်တယ်လို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ ယခုရက်ပိုင်းအတွင်း ကာမိုင်းစစ်တပ်ဂိတ်မှာ ဖမ်းဆီးခံထားရတဲ့ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA တပ်မဟာ (၉)၊ တပ်ရင်း (၆) ရဲ့ ဒုတပ်ရင်းမှူးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် ဦးဝါ့ဂျယ်နော်တောင်ဟာ ဖားကန့်မြို့နယ် အောင်ဘာလီကျေးရွာက ကျောက်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြစ်ကြီးနားနဲ့ ဖားကန့်ကို ပုံမှန်သွားလာနေသူဖြစ်တယ်လို့ သူ့ကို သိရှိတဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ဖားကန့် အောင်ဘာလီက ကျောက်လုပ်ငန်းရှင်တစ်ဦး ဟုတ်တယ်။ သူက မြစ်ကြီးနားကို ဆင်းသွားလိုက်၊ ပြန်လိုက်နဲ့ ပုံမှန်သွားနေတာ ဟုတ်တယ်။ ဒီလိုနဲ့ ကျောက်လုပ်ငန်းလုပ်နေသူဖြစ်တယ်။ အဲ့လိုဖမ်းလိုက်ပြီးတော့ KIA တပ်ရင်း (၆) ရဲ့ ဒုအရာရှိဖြစ်တယ်ဆိုပြီး မဟုတ်တာတွေ အတင်းအဓမ္မ ရေးသားနေတာ” လို့ ပြောပါတယ်။ KIA တပ်ရင်း (၆) မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ရင်းမှူးဟာ ဗိုလ်ကြီးအောင်နန်ဆိုသူသာ ဖြစ်တယ်လို့ KNG က စုံစမ်းသိရှိရပါတယ်။ ဒါ့အပြင် ဦးဝါ့ဂျယ်နော်တောင်ကို KIA အရာရှိတစ်ဦးဖြစ်တယ်လို့ စွပ်စွဲရေးသားပြီး လူထုအမြင်မှားအောင် ဝါဒဖြန့်နေသလို ငွေကြေးနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း အထက်ပါ ဒေသခံက ဆက်ပြောပါတယ်။ “ဒီပုံစံက ပြန်ပေးဆွဲတဲ့သဘောနဲ့ လုပ်လာတယ်လို့ မြင်ပါတယ်။ အခုကြားရသလောက် ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့လည်း ကြားနေရတယ်”လို့ပြောပါတယ်။ ဦးဝါ့ဂျယ်နော်တောင်ကို ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့ သတင်းကို သတင်းအရင်းအမြစ်တချို့က ပြောပြထားပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဦးဝါ့ဂျယ်နော်တောင်ဟာ KIA အရာရှိတစ်ဦးဖြစ်တယ်လို့ Shanni Empire အမည်ရှိ Facebook အကောင့်က ရေးသားဖော်ပြထားတာနဲ့ ပတ်သက်ပြီး NUG အစိုးရလက်အောက်ခံ သယံဇာတဝန်ကြီး ဦး Hkalen Uma ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ခုလို တုံ့ပြန်ထားပါတယ်။ “နမ့်ဖက်ကာက ဆရာတစ်ယောက်မန့်ထားတာတွေ့လို့ပါ။ Waje Naw Tawng , ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ နားဖိုင်ရွာက ဆရာမကြီးအနန်၊ ပညာရေး(ငြိမ်း)ရဲ့ ဒုတိယသားပဲ။ KIA စစ်သားတော့မဟုတ်ဘူးထင်ပါတယ်။ ကျောက်စိမ်းလုပ်ငန်းလုပ်သူလို့တော့ကြားပါတယ်။ သူ့အမေ ဆရာမကြီးက လွန်ခဲ့တဲ့အပတ်မှာ ဆုံးသွားပါပြီ”လို့ ။ဦး Hkalen Uma  အကောင့်က ဖော်ပြထားပါတယ်။…

    Read More »
  • Jun- 2026 -
    20 June
    သတင်း

    မိုးအဆက်မပြတ်ရွာလို့ လူနေအိမ်တစ်ချို့ရေနစ်မြှုပ်ပြီး လမ်းပိုင်းပျက်စီး

    ဖားကန့်မြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျေးရွာတစ်ချို့မှာ ရေဝင်ရောက်ပြီး လူနေအိမ်တွေ နစ်မြှုပ်သွားခဲ့သလို နန့်တိန့် ကားလမ်းပိုင်းလည်း သွားလာလို့မရအောင် ဆိုးရွားစွာပျက်စီးနေတယ်လို့ သိရပါတယ်။

    Read More »
  • May- 2026 -
    27 May
    တိုက်ပွဲ

    KIA က ဖားကန့်လမ်းပိုင်း ယာယီပြန်ဖွင့်ပေး

    ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်ပိတ်ထားတဲ့ ကားမိုင်း–နန့်ယား–ဖားကန့်လမ်းပိုင်းကို မေ ၂၈ ရက်နေ့ကစပြီး ၁၀ ရက်ကြာ ယာယီသွားလာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဖားကန့်ဒေသထဲမှာ နေထိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းဖွင့်ချိန်အတွင်း လွတ်လပ်စွာ သွားလာနိုင်ဖို့ အခုလို…

    Read More »
  • 11 May
    သတင်း

    ဖားကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို စစ်တပ်က သယ်ထုတ်ယူ

    ဖားကန့်မှာ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့မှာ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။

    Read More »
  • 7 May
    သတင်း

    ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ

    ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။

    Read More »
  • Aug- 2025 -
    27 August
    စစ်ရေး

    စစ်‌ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်‌ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ

    စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…

    Read More »
  • 21 August
    စစ်ရေး

    ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀…

    Read More »
  • 15 August
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး

    ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…

    Read More »
  • 14 August
    တိုက်ပွဲ

    ကားမိုင်း-နန့်ယားကြား တိုက်ပွဲပြင်းထန်နေ

    ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်း ၊ မိုးကောင်းမြို့နယ် ဘက်ကနေ စစ်အင်အား…

    Read More »
  • 12 August
    တိုက်ပွဲ

    ကားမိုင်း – နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ

    ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက်…

    Read More »
Back to top button