စစ်ကိုင်းတိုင်း

  • Oct- 2023 -
    17 October
    သတင်း

    ခင်ဦးမြို့ပေါ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရလို့ ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ပြည်သူ့ဆေးရုံမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို ဒီကနေ့ မနက်ပိုင်း ကာကွယ်ရေးတပ်တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ယောက် သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရမိခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ဆေးရုံကနေစစ်ကောင်စီတပ်သား တစ်ချို့ ရေဦး–…

    Read More »
  • 16 October
    သတင်း

    ခင်ဦးမှာ စစ်ဘေးရှောင်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးရင်း စစ်ဘေးရှောင်အမျိုးသားတစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားခဲ့တယ်လို့ ခင်ဦးမြို့နယ်က ဒေသခံတွေဆီက သိရပါတယ်။ သတ်ဖြတ်ခံရသူဟာ ရွှေဘိုနယ် အနောက်တောင်ဘက်ခြမ်းက ညောင်ပင်စုကျေးရွာသား အသက် ၄၅နှစ်အရွယ် ကိုမင်းမင်းဆိုသူဖြစ်တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။ “သူတို့က ၁၅ရက်နေ့မနက်ပိုင်းမှာ ရွာစဥ်ခြေလျင်စစ်ကြောင်းဝင်တာ…

    Read More »
  • 13 October
    သတင်းထီးချိုင့်

    ထီးချိုင့်မှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်ခဲ့

    စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဒီကနေ့ အောက်တိုဘာလ ၁၃ရက်နေ့ မနက်ပိုင်း ၇နာရီလောက်ကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် ဘက်ကတော့ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ အင်အား ၁၆၀ကျော်လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ နဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေအကြား…

    Read More »
  • 4 October
    သတင်း

    ကောလင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေတိုက်ခိုက်ခံရပြီး ၃ ယောက်သေဆုံး

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကိုဝန်းသိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး သေနတ်တစ်လက်နဲ့ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဆီကသိရပါတယ်။ အောက်တိုဘာ ၃ရက်နေ့ မနေ့က နေ့လည် ၂နာရီလောက်မှာ ကောလင်းမြို့ပေါ် ကောလင်းဘူတာမီးရထားရပ်ကွက်မှာ ကင်းယူနေတဲ့စစ်ကောင်စီအဖွဲ့တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “ဝန်းသို ပကဖ အဖွဲ့တွေ သွားပစ်တယ်လို့သိရတယ် မြို့လည်ပဲဗျ ရဲစခန်းနဲ့…

    Read More »
  • 4 October
    သတင်း

    အင်းတော်မှာ စစ်ကောင်စီတပ်နဲ့ ABSDF တို့ကြား တိုက်ပွဲဖြစ်ပွား

    စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ဘက်ကနေ အင်းတော်မြို့နယ်ထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ကျောင်းသားတပ်မတော် (ABSDF)တို့ကြား ဒီကနေ့ မနက်ပိုင်းမှာ အင်းတော်နယ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အင်းတော် PDF ကနေ သိရပါတယ်။ တပ်မ ၇၇ လက်အောက်ခံ ခမရ ၁၀၁ တပ်နဲ့ ပျူစောထီးပူးပေါင်းတပ်တွေဟာ စစ် အင်အားအများအပြားနဲ့ အောက်တိုဘာ ၃ ရက်နေ့ကတည်းက အင်းတော်နယ်ထဲကိုဝင်လာတာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၄ရက်နေ့…

    Read More »
  • 3 October
    သတင်း

    ဒီပဲယင်းမှာ ဒေသခံ၂ ယောက်သတ်ဖြတ်ခံရ

    စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်က တစ်ပတ်ကြာစစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂ ယောက်သတ်ဖြတ်သွားသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြုပြီး ၂ ကြိမ် အထိ တိုက်ခိုက်ခဲ့တယ်လို့ ဒီပဲယင်းဒေသခံတွေဆီက နေသိရပါတယ်။ စစ်အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့နယ်ကနေ ဒီပဲယင်းနယ်ထဲကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ ကနေ…

    Read More »
  • 2 October
    သတင်း

    SNA နဲ့ PDF တို့ တိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေး

    စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ဟုမ္မလင်း PDF ၊ မဟာမိတ် ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့၊ အင်အား ၅၀ လောက်ရှိတဲ့ SNA တပ်တွေဟာ ဟုမ္မလင်းမြို့တောင်ဘက် မိုင်…

    Read More »
  • 2 October
    သတင်း

    အရာတော် စစ်ကောင်စီ ကင်းစခန်းတစ်ခုကို BNRA တိုက်ခိုက်

    စစ်ကိုင်းတိုင်း အရာတော်မြို့ စစ်ကောင်စီ ကင်းစခန်းတစ်ခုတိုက်ခိုက်ခံရမှုမှာ စစ်သား ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ အရာတော်မြို့ ခြေတော်ရာဘုရားနားက ၅၀၀၄ တပ်ရင်း၊ ကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဗမာအမျိုးသားတော်လှန်ရေး တပ်မတော် BNRA က သတင်းထုတ်ပြန်ထားပါတယ်။ “စစ်ကောင်စီအဖွဲ့ နေ့စဥ် ဆပ်ကြေးကောက်နေတဲ့နေရာကို BNRA ရဲ့ ဝိမောက္ခစစ်ကြောင်းက သွားရောက် ပစ်ခတ်ခဲ့တာပါ။ အူဇီသေနတ်နှစ်လက်၊…

    Read More »
  • Sep- 2023 -
    29 September
    ဖမ်းဆီးခံရမှု

    စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးကို ကာကွယ်‌ရေးတပ်က ဖမ်းဆီးထိန်းသိမ်း

    စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၂ စစ်ဆေးရုံက ဆရာဝန်ဗိုလ်ကြီးတစ်ယောက်ကို ဒေသကာကွယ်ရေးတပ်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ Black Falcon Guerrilla Forces က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့မှာပဲ သတင်းထုတ်ပြန် ပါတယ်။ ပြီးခဲ့တဲ့…

    Read More »
  • 29 September
    သတင်း

    ဝန်းသိုမှာ ကလေးတွေစာသင်နေချိန် လက်နက်ကြီးကျလို့ ကလေးငယ် ၁၉ ယောက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာက ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ စာသင်နေတဲ့ ကလေး ၁၉ ယောက်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဝန်းသိုမြို့အခြေစိုက် ခမရ ၁၀၂ တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီးတော့ လက်နက်ကြီးထိမှန်ခဲ့တဲ့ ကလေးတွေထဲက ကလေး ၇ယောက်ကတော့ ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ…

    Read More »
Back to top button