စာသင်ကျောင်း
-
Sep- 2025 -30 Septemberသတင်း
ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် လဟယ်မြို့နယ်အတွင်း စာသင်ကျောင်းအချို့ မဖွင့်နိုင်သေး
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက လဟယ်မြို့နယ်ထဲမှာ စစ်ကောင်စီက ပညာရေးဝန်ထမ်းတွေ မချပေးတာကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ လဟယ်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၀ ရွာနီးပါးမှာ ၂၀၂၅–၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းဆရာ/မ တွေ မချပေးတာကြောင့်စာသင်ကျောင်းတွေ ပိတ်ထားရပြီး ကလေးပညာရေးသင်ကြားခွင့် ဆုံးရှုံးနေရကြောင်း လဟယ်မြို့ခံ အသက်…
Read More » -
3 Septemberသတင်း
စစ်ရေးကြောင့် ဖားကန့်မြို့ပေါ်ကျောင်းများတစ်ပတ်ကြာပိတ်ထားမယ်လို့ သိရ
ဖားကန့်မြို့တွင်း စစ်ရေးအခြေနေတွေကြောင့် မြို့ပေါ်ကျောင်းတွေအားလုံး တစ်ပတ်တိတိပိတ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က စက်တင်ဘာလ ၂ ရက်နေ့ကစတင်ကာ ပိတ်ထားတာဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေကြောင့်လို့ သိရပါတယ်။ ဒေသခံအမျိုးသားတစ်ဦးက“ကျောင်းတွေပိတ်ထားတာဟုတ်တယ်။ အထက်တန်းကျောင်းတွေရောပေါ့ တစ်ပတ်လို့သိရတယ်။ စစ်ကောင်စီဘက်ကထုတ်ပြန်တာလို့ပြောတယ်။ ဖားကန့်မြို့ပေါ်ရပ်ကွက်ပဲဟုတ်တယ်။…
Read More » -
Jul- 2025 -17 Julyသတင်း
ရွှေကူမှာ ကိုယ်ထူကိုယ်ကျောင်းပေါင်း ၄၀ မှာ သင်ကြားရေးဆရာ/မ တွေလိုအပ်နေ
ကချင်ပြည်နယ် ၊ရွှေကူမြို့နယ်တွင်း KIA၊PDF ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်အထိဖွင့်လှစ်ထားနိုင်ပေမယ့် သင်ကြားရေး ဆရာ/မ လုံလောက်မှုမရှိတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွှေကူမြို့ရဲ့ အရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ စီသာ၊စီသောင်၊ မံဝင်း၊ စင်းဖုတ်၊မံခါး၊စီမူလေး၊စီမူကြီး ရွာတွေအပါအဝင် ရွာပေါင်းလေးဆယ်ကျော်မှာ ဒေသခံတွေကိုယ်ထူကိုယ်ထစနစ်နဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင် ဖွင့်လှစ်ထားနိုင်ခဲ့ပေမယ့် သင်ကြားရေးဆရာ/မ မလုံလောက်တဲ့အခက်အခဲရင်ဆိုင်နေရတယ်လို့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “ရွာတိုင်းလိုလိုမှာတော့ ကိုယ်ထူကိုယ်ထ စနစ်နဲ့ကျောင်းဖွင့်ထားပေးတယ်။ ဒါပေမယ့်သင်ကြားရေးပိုင်း အားနည်းနေတယ်ဆရာ/ဆရာမ မလုံလောက်ဘူး တစ်ကျောင်းကိုဆရာမ လေးငါးယောက်ထဲနဲ့သွားနေရတဲ့ကျောင်းတွေရှိတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ဘူး”လို့ သူကပြောပါတယ်။ ဖွင့်လှစ်ထားတဲ့ကျောင်းပေါင်း ၄၀ ဝန်းကျင်မှာ KG တန်းကနေ Grade 12 အထိဖွင့်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေကများပြီး ဆရာ/မ တွေအင်အားနဲ့မမျှတဲ့အတွက် အချိန်ခွဲ ပြီးသင်ကြားရတယ်လို့သိရပါတယ်။ “ဆရာ/မ တွေမလောက်တော့ တစ်ချို့ကျောင်းတွေဆိုရင် အငယ်တန်းတွေကိုမနက်ပိုင်းသင်ပြီး အကြီးတန်းတွေကို ညပိုင်းမှ သင်ရတဲ့ပုံစံမျိုးနဲ့သွားတာရှိတယ်။ အဓိက Grade 12 အထိဖွင့်ထားတော့ Grade 12 တွေအတွက်ဆရာ/မ တွေအရမ်းလိုအပ်နေတာမလောက်ဘူး”လို့ အထက်မှာဖော်ပြခဲ့တဲ့ စီသောင်ကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ လက်ရှိ ကျေးရွာရဲ့ထောက်ပံ့မှုနဲ့ခေါ်ယူထားတဲ့ဆရာ/မ ၊ စေတနာ့ဝန်ထမ်းဆရာ/မ တွေအပါ စုစုပေါင်း သင်ကြားရေးဆရာ/မ ၂၀၀ ဝန်းကျင်ခန့်နဲ့လည်ပတ်နေပြီး ကျောင်းအားလုံးမှာ ဆရာ/မ မလုံလောက်ဘူးလို့သိရပါတယ်။ အထက်ဖော်ပြပါစာသင်ကျောင်းတွေမှာ သင်ကြားရေးဆရာ/မ တွေမလုံလောက်တဲ့အပြင် ပုံနှိပ်စာအုပ်တွေလည်းအခက်အခဲဖြစ်နေပြီး တစ်ချို့ကျောင်းသား/သူတွေ ပုံနှိပ်စာအုပ်မရှိပဲ ကျောင်းတက်နေရတဲ့အခြေအနေအထိဖြစ်နေတယ်လို့ စီသောင်းကျောင်းနေတစ်ခြားအမျိုးသားတစ်ဦးကပြောပါတယ်။ “ဒုတိယအခက်အခဲကတော့ပုံနှိပ်စာအုပ်ပါ့ တချို့ကလေးတွေပုံနှိပ်စာအုပ်မရှိကြဘူး ဟိုလူ့ဆီကကူးချဒီလူ့ဆီကကူးချနဲ့ကျောင်းတက်နေရတာ။ ပုံနှိပ်က အသစ်ရှိကိုမရှိဘူးဗျ အဟောင်းပဲလက်ဆင့်ကမ်းသုံးနေကျတာ”…
Read More » -
Apr- 2025 -11 Aprilသတင်း
ကောလင်းမြို့ကျေးရွာတစ်ခုက စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံရလို့ ကလေးငယ်တစ်ဦးသေဆုံး
စစ်ကိုင်းနဲ့ကချင်အစပ် ကောလင်းမြို့နယ်က အင်ပင်လှကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ရတယ်လို့ Kawlin People Defense Force က သတင်းထုတ်ပြန်ပါတယ်။ မနေ့က ဧပြီလ ၁၀ ရက်နေ့…
Read More » -
Dec- 2024 -6 Decemberသတင်း
မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA ဖမ်းဆီးထား
ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာစာသင်ကျောင်းမှာ တပ်မစွဲဖို့ကန့်ကွက်တယ်လို့ဆိုကာ ရွာအုပ်ချုပ်ရေးမှူးကို TNLA တပ်က ဖမ်းဆီးထားပြီး စာသင်ကျောင်းကိုလည်း ပိတ်ပေးလိုက်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာမြို့ကြား ခိုမုန်းကျေးရွာအနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက် ရေးတပ်မတော် TNLA တပ်က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာ ၃၀ ရက်နေ့ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ ၊ ကျောင်းသားမိဘ၊ ကျောင်းကော်မတီတွေနဲ့ ကျောင်းဆရာဆရာမအားလုံး TNLA ကို ကျောင်းနေရာကနေ ဖယ်ပေးဖို့ သွားတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် TNLA တပ်ဘက်က ဒေသခံကျောင်းသားမိဘ၊ ရွာသားတွေကို သေနတ်ခြိမ်းခြောက်တာအပြင် ကလေးတွေ စာသင်နေတဲ့ကျောင်းကိုလည်း သစ်သားနဲ့ပိတ်ပေးလိုက်ပြီး ကျောင်းရှေ့ကချင်အမျိုးသားအလံကို ဆွဲဖြုတ်လိုက် တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၂ ရက်နေ့နဲ့ ဒီဇင်ဘာ ၃ ရက်နေ့ ကျောင်းသားမိဘတွေ TNLA ကာထားတဲ့ သစ်သားတွေကို ပြန်ဖယ်လိုက်ပြီး ကျောင်းဆက်တက်ကြပေမယ့် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီခွဲမှာ TNLA တပ်က အသက် ၃၀ အရွယ်ရှိ ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကျော်လွန်ကို နေအိမ်ကနေ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောပါတယ်။ “ရွာက အုပ်ချူပ်ရေးတာဝန်ယူထားသူကိုဖမ်းသွားတယ်။ သူတို့လာဖမ်းတဲ့အချိန် သေနတ်တွေပစ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းဆီးသွားတယ်။ အဲဒါအပြင် အခု ကျောင်းကိုသူတို့က ပိတ်ပေးလိုက်တယ်။ အဲဒါကြောင့် ဒီတစ်ပတ်လုံး ကလေးတွေ စာမသင်ရပဲ နေနေတယ်။ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး။”လို့ မန်ပိန်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA တပ်ဖွဲ့ဟာ စာသင်ကျောင်းမှာ တပ်ချခွင့်မရလို့ဆိုပြီး ကျောင်းကို ပိတ်ထားပေးတဲ့အတွက် တစ်ပတ်လုံး ကလေးတွေကျောင်းမတက်ရပဲ ရပ်နားထားရတယ်လို့…
Read More » -
5 Decemberသတင်း
ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ
ဗန်းမော်မြို့ ၃ မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန် ၃ မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့ ၃ မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာ”လို့ ပြောပါတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့ ၃ မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ် ၃ မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။ “ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ၃ မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ၃ မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့ ၃ မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။ By – Zami
Read More » -
Sep- 2024 -6 Septemberသတင်း
ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်
ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ “ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။…
Read More » -
Jul- 2024 -19 Julyပညာရေး
KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား
ကချင်ပြည်နယ် ဖားကန့်မြိို့နယ် KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ “ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲ”လို့သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12 အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။ “ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။ လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/မ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/မ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂ –၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ်…
Read More » -
Jun- 2024 -28 Juneသတင်း
စစ်ရေးတင်းမာနေတဲ့ အင်းတော်ကြီးဒေသထဲမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထား
စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲက အင်းတော်ကြီးဒေသမှာ ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့သိရပါတယ်။ KIA၊ KPDF ပူးပေါင်းတပ်တွေက အင်းတော်ကြီး–ဝှေခါကားလမ်းပိုင်းမှာရှိတဲ့ ဝှေလုံစစ်ကောင်စီတပ်စခန်း၊ ညောင်ပင်တပ်စခန်းနဲ့ အင်းတော်ကြီးအနောက်ဘက် က ချောင်းဝစစ်ကောင်စီတပ်စခန်းကုန်းသုံးခုကို ထိုးစစ်စတင်လိုက်တဲ့ ဇွန်လ ၂၂ ရက်နေ့ကနေ ဒီကနေ့အထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကြောင့် အင်းတော်ကြီးဒေသထဲက ကျောင်းပေါင်း ၃၀ ကျော်ပိတ်ထားရတယ်လို့ အသက် ၄၀ ကျော်အရွယ် အင်းတော်ဒေသခံတစ်ဦးကKNGကိုပြောပါတယ်။ “အကုန်လုံးပိတ်ထားပြီ ပိတ်ထားတာ လေးရက်လောက်ရှိပြီ မဖွင့်ရဲကြဘူးလေ ကျောင်းပေါင်း ၃၀ ကျော်တယ်လောက်ရှိမှာပေါ့ အထက်တန်းကျောင်းတောင် ၅ ကျောင်း၊ ၆ ကျောင်းလောက်ပါတယ်”လို့ သူကပြောပါတယ်။ လက်ရှိ စစ်ရေးခြေနေကြောင့် ပိတ်ထားရတဲ့ကျောင်းတွေထဲမှာ မိုင်းနောင်၊ လုံးတုံ၊ နန့်မွန်း၊ ချောင်းဝ၊ လုံးစခန်း၊ ညောင်ပင် စတဲ့အထက်တန်းကျောင်းတွေအပြင် အင်းတော်–ဝှေခါကားလမ်းပိုင်းက ရွာတွေနဲ့အင်းတော်ကြီးကန်အနောက်ဘက်ပိုင်းကကျေးရွာစာသင်ကျောင်းတွေအားလုံးပိတ်ထားရတာကြောင့် စုစုပေါင်းကျောင်းပေါင်း ၃၅ ကျောင်းအထက်ရှိတယ်လို့သိရပါတယ်။ အင်းတော်ကြီးဒေသမှာ အခြေခံးပညာကျောင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ နောက်ပိုင်း စကပြီးပိတ်ထားရကြတယ်လို့သိရပြီး ခုလိုစစ်ရေးတင်းမာနေတာကြောင့် ကျေးရွာအများက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးကပြောပါတယ်။ “လောလောဆယ်က နန့်မွန်းကနည်းနည်းတင်းမာသလိုဖြစ်နေတာ အခြေအနေက နည်းနည်းမလှဘူး ပြောင်းခိုင်းတာတော့မရှိပါဘူးကြောက်လို့ပြောင်းကြတာတော့ရှိတယ် သူတို့(စစ်ကောင်စီစစ်သား)တွေရှိတဲ့အခါကြတော့ပြောင်းကြတာပေါ့ ရွာအတိအကျတော့မသိဘူးအင်းအနောက်ဘက်ကတော့ ရွာ၂၀ ကျော်လောက်ရှိမယ် ရွာလုံးကျွတ်တိမ်းတာမျိုးတော့မဟုတ်ဘူး”လို့သူကပြောပါတယ်။ အင်းတော်ကြီးဒေသထဲက နန့်မွန်း၊ လုံးတုံ၊ ချောင်းဝ၊ဝှေလုံ၊…
Read More » -
24 Juneသတင်း
ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA က ချိတ်ပိတ်လိုက်ပြီး ဆရာ၊မတွေကိုလည်း ကျောင်းကနေမောင်းထုတ်ထား
ကွတ်ခိုင်မြို့နယ် ဂါလိုင်(Galeng Jawng)ကျေးရွာမှာဖွင့်ထားတဲ့ စာသင်ကျောင်းကို TNLA လက်နက်ကိုင်တပ်ဖွဲ့က ပိတ်ပေးလိုက်ပြီး ကျောင်းမှာနေတဲ့ ဆရာ၊ဆရာမတွေကိုလည်းမောင်းထုတ်လိုက်တယ်လို့ ကျောင်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။ ဇွန် ၂၃ ရက်နေ့ မနေ့ည ၉ နာရီခွဲအချိန်လောက်မှာ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ကျောင်းကိုရောက်လာပြီး ကျောင်းဝင်းထဲရှိနေတဲ့ဆရာ၊ဆရာမတွေကို မောင်းထုတ်ခဲ့သလို စာသင်ခန်းအားလုံးကိုလည်း သစ်သားပြားတွေနဲ့ချိတ်ပိတ်ပေးလိုက်တယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက Kachin News Group(KNG) ကချင်သတင်းဌာနကို ပြောပါတယ်။ “မနေ့ညက သူတို့က အင်အားနဲ့လာပြီး ကျောင်းထဲနေတဲ့ ဆရာ၊ဆရာမတွေကိုမောင်းထုတ်လိုက်တယ်။ သူတို့က ဆရာ၊ဆရာမတွေကို ဖမ်းခေါ်သွားဖို့တောင် လုပ်တယ်။ ဒါပေမဲ့ ဆရာမတွေက ကလေးအငယ်တွေနဲ့ ဘာနဲ့ဆိုတော့ အပြင်ကိုပဲ မောင်းထုတ်ထားလိုက်တာ။ ပြီးတော့ ကျောင်းစာသင်ခန်း အားလုံး သစ်ပြားတွေနဲ့ ရိုက်ပြီးပိတ်လိုက်တယ်။ ကျောင်းရှေ့က အလံကိုလည်း ဖြုတ်သိမ်းသွားတယ်။” လို့ ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့က ကား ၃ စီး၊ အင်အား ၄၀ ခန့်နဲ့ စာသင်ကျောင်းထဲရောက်လာကာ ကျောင်းဝင်းထဲနေတဲ့ ဆရာ၊ဆရာမ မိသားစု ၃ စုလုံးကို ကျောင်းထဲကနေ မောင်းထုတ်လိုက်ပြီး ကျောင်းတံခါးအားလုံးပိတ်ကာ ကျောင်းရှေ့လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်းဖြုတ်သိမ်းသွားတယ်လို့ ဆိုပါတယ်။ ဂါလိုင်အလယ်တန်းကျောင်းမှာ TNLA တပ်ဖွဲ့ဝင်တွေက အစကတည်းကနေရာယူတပ်စွဲထားတာဖြစ်ပြီး ဇွန်လ ၂၃ ရက်ည ကျောင်းကိုပိတ်ပေးလိုက်ပြီးနောက်မှာတော့ ကျောင်းဝင်းထဲ TNLA မရှိတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇွန် ၂၄ ဒီမနက်မှာတော့ ကျောင်းသား၊ကျောင်းသူများအားလုံး ကျောင်းခန်းထဲမဝင်နိုင်ပဲ ကျောင်းဘောလုံးကွင်းမှာပဲစုနေကြရပြီး ကျောင်းတာဝန်ရှိသူတွေနဲ့ TNLA တပ်ဖွဲ့ကကျောင်းနဲ့ပတ်သက်ပြီး ညှိနှိုင်းတွေ့ဆုံတာတွေလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ “ကျနော်တို့က ဒီကျောင်းကို အရင်းကတည်းက ဖွင့်နေပြီးသားဖြစ်တယ်။ ဒါပေမဲ့ သူတို့ပြောတာက အရင်ကဖွင့်တာ သူတို့နဲ့မဆိုင်ဘူးတဲ့။ အခု ကွတ်ခိုင်ကိုသူတို့သိမ်းထားတာဖြစ်တာကြောင့် သူတို့အောက်မှာရှိရမယ်တဲ့။ ဘာပဲလုပ်လုပ် သူတို့ထံ ညှိနှိုင်းတိုင်ပင်ရမယ်တဲ့။ ကျနော်တို့ ပြောချင်တာက ဒီကျောင်းက အရင်ကတည်းက KIO အစိုးရအောက်ဖွင့်လှစ်နေပြီးသား ကျောင်းဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ကျောင်းတာဝန်ရှိသူတွေ ဘာမှဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ KIO အစိုးရနဲ့ပဲဆိုင်တယ်။ ” လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။ ဂါလိုင်ရွာက စာသင်ကျောင်းကို TNLA တပ်ဖွဲ့ က ခွင့်ပြုချက်နဲ့အတူ ၎င်းတို့ချပေးတဲ့စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်မှကျောင်းဖွင့်ခွင့်ပေးရမယ်ဆိုတဲ့အကြောင်းနဲ့ TNLA ထံ ခွင့်တောင်း၊ ညှိနှိုင်းခြင်းမရှိပါက ဂါလိုင်ကျောင်းကို ဇွန်လ ၁၀ ရက်နေ့နောက်ဆုံးထား ကျောင်းပိတ်လိုက်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မှာ TNLA တပ်က ကျောင်းသက်ဆိုင်သူတွေထံ စာပို့ထားတာဖြစ်ပါတယ်။ စာပို့ခဲ့ပြီးနောက် ဇွန်လ ၁၂ ရက်နေ့လောက်မှာ TNLA တပ်ဖွဲ့က ကျောင်းဝင်းထဲရောက်လာပြီး ကျောင်းသားစာရင်း ၊ကျောင်းဆရာ၊ဆရာမ စာရင်းနဲ့ ကျောင်းကော်မတီဝင်တွေနဲ့ နာမည်စာရင်းတွေရဲ့ နေရပ်လိပ်စာ၊ ဓါတ်ပုံတွေပေးရန် လာရောက်တောင်းဆိုတာတွေရှိခဲ့ပေမယ့် ကျောင်းဆရာ၊ဆရာမတွေကတော့ မပေးခဲ့ဘူးလို့ ဆိုပါတယ်။ လက်ရှိ တအာင်းလွတ်မြောက်တပ်မတော် TNLA ဟာ နမ့်ဖတ်ကာကျေးရွာမှာ TNLA ကျောင်းဖွင့်ဖို့ KIA ကို ခွင့်တောင်းခဲ့သလို ကွတ်ခိုင်ကိုလည်း TNLA က သိမ်းထားတာကြောင့် TNLA ဆီ ခွင့်တောင်းရမယ်ဆိုတဲ့သဘောနဲ့ အကြပ်ကိုင်နေတယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။။ နမ့်ဖတ်ကာကျေးရွာမှာ TNLAအောက် TLEC ကျောင်း ၃ ကျောင်း စတင်ဖွင့်လှစ်ဖို့ TNLA က KIA ထံခွင့်တောင်းခဲ့ပြီး KIA ရဲ့ခွင့်ပြုချက်နဲ့ ကျောင်း ၂ ကျောင်းဖွင့်လှစ်နေပြီဖြစ်ပါတယ်။ ဒေသခံတွေပြောပြချက်အရ TNLA က အကြပ်ကိုင်နေပေမယ့် ဂါလိုင်ဇွပ်အောင်ကျေးရွာဟာ အရင်ကတည်းက အစိုရလက်လှမ်းမမှီတဲ့နေရာတစ်ခုဖြစ်သလို KIO တပ်မဟာ ၄ နယ်မြေ ဖြစ်တာကြောင့် KIO အစိုးရအောက် စာသင်ကျောင်းအဖြစ် ဖွင့်လှစ်နေခဲ့တာလို့ ပြောပါတယ်။ လက်ရှိ ကွတ်ခိုင်မြို့ပြင် ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းမှာ ကျောင်းသားပေါင်း ၂၀၀ ကျော်၊ ဆရာ၊ဆရာမ ၂၀ ခန့်နဲ့ ပညာသင်ကြားနေတာဖြစ်ပါတယ်။ “ဒီနယ်မြေဟာ ဘယ်သူပစ်ယူထားတာပဲဆိုပါစေ ပညာရေးဟာ စစ်ရေး၊နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။ ကလေးတွေရဲ့ ရှေ့ရေးအတွက်ပဲ ကြိုးပမ်းနေကြတာဖြစ်တာကြောင့် ဘယ်သူပဲ အုပ်စိုးပါစေ ကျောင်းဖွင့်နေတာကိုတော့ အနှောက်အယှက်မပေးပဲ ကျောင်းဖွင့်ခွင့်ပေးထားပြီး လိုအပ်တာတွေကို အချင်းချင်း ညှိနှိုင်းဆွေးနွေးရင်းနဲ့ပဲ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစားပေးစေချင်တယ်။” လို့ ဂါလိုင်ကျေးရွာ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တစ်ဖက်မှာ တအာင်းပညာရေးကောင်စီ Ta’ang Land Education…
Read More »









