တိုက်ပွဲသတင်း

ဗန်းမော် ၃ မိုင်ရပ်ကွက်မှာ ဒေသခံပြည်သူထောင်ချီပိတ်မိနေ

စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့နဲ့စာသင်ဆောင်ပျက်စီး

ဗန်းမော်မြို့   မိုင်ရပ်ကွက်မှာ စစ်တပ်ကအဝင်အထွက်အားလုံး ပိတ်လိုက်တဲ့အတွက် ဒေသခံပြည်သူထောင်ချီပိတ်မိနေတယ်လို့  မိုင်ရပ်ကွက်မှာနေထိုင်တဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ဗန်းမော်မြို့ဘက်ဝင်ရောက်လာချိန်  မိုင်ရပ်ကွက်အရောက် စစ်တပ်နဲ့ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူတွေ ပိတ်မိကုန်တာဖြစ်တယ်လို့  မိုင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး KNG ကိုခုလိုပြောပါတယ်။

“KIA တွေဝင်လာပြီဆိုတာ ဘယ်သူသတင်းပေးလိုက်လဲမသိ  လေယာဉ်လည်းလာကြဲတယ် နှစ်ဖက်တပ်က မနေ့ကတော်တော်လေး ပစ်ခတ်မှုဖြစ်သွားတယ်။ စစဖြစ်ချင်းက ပြည်သူတွေတစ်ဖက်ကမ်းပြေးတဲ့သူပြေး၊ မြို့ထဲပြေးတဲ့သူပြေးနဲ့ပြေးကြတာ။ ဒါပေမယ့် မနေ့ ညနေပိုင်း KIA ဘက်က တစ်ခြားနေရာရွှေ့သွားပြီ အဲဒါကိုစစ်တပ်က အဝင်အထွက်အားလုံးပိတ်ချလိုက်တာလို့ ပြောပါတယ်။

ဒီဇင်ဘာလ  ရက်နေ့  မိုင်ရပ်ကွက်ထိတွေ့တိုက်ပွဲအတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့၊ဆိုင်တစ်ချို့၊စာသင်ကျောင်းဆောင်၊ ရပ်ကွက် ခန်းမဆောင်တွေ ထိခိုက်ပျက်စီးတာရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒီဇင်ဘာလ  ရက်နေ့ ဒီနေ့မှာတော့ ရပ်ကွက်တွင်းတိုက်ပွဲမဖြစ်ပေမယ့် စစ်ကောင်စီတပ်က ရပ်ကွက်အဝင်ထွက်အားလုံးပိတ်လိုက်တဲ့အပြင် လျှပ်စစ်မီးတွေလည်း ဖြတ်ထားပေးတယ်လို့ နောက်ထပ်  မိုင်ဒေသခံတစ်ဦး ဆက်ပြောပါတယ်။

ခု မီးလည်းဖြတ်ပေးလိုက်ပြီ အားလုံးက အိမ်ထဲမှာပဲ တံခါးပိတ်ပြီးနေနေကြတယ်။ အတော်များများတော့ ပိတ်မိနေတယ်။ မြို့ဘက်နဲ့မြစ်တစ်ဖက်ကမ်းကို ပြေးသွားနိုင်တာ အနည်းအကျဉ်းပဲရှိတယ်။ ခုက ရပ်ကွက်တစ်ခုလုံး ထွက်လို့လည်း မရဘူး ထွက်တာနဲ့ သေနတ်နဲ့လိုက်ပစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ  မိုင်ရပ်ကွက်အဝင်ထွက်ပိတ်ထားတဲ့အပြင် ရပ်ကွက်လမ်းကြားပါမကျန် ကင်းစောင့်နေပြီး ရပ်ကွက်ထဲထွက်လာသူမှန်သမျှကို ပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ မနေ့ဝင်ရောက်လာချိန် တိုက်ပွဲရုတ်တရုတ်ဖြစ်သွားတာကြောင့် စျေးသည်တွေနဲ့ခရီးသွားတစ်ချို့ လမ်းမတစ်လျှောက်ပိတ်မိသွားသူများလည်းရှိပြီး နီးစပ်ရာ ဘုန်းကြီးကျောင်း၊ဘုရားကျောင်းတွေမှာ ခိုလှုံနေသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

 မိုင်ရပ်ကွက်ဟာ အိမ်ခြေ ၆၀၀ ထက်မနည်းရှိပြီး လူဦးထောင်ချီရှိတဲ့ ရပ်ကွက်ကြီးတစ်ခုဖြစ်တာကြောင့် လက်ရှိပိတ်မိသူတွေလည်း ထောင်ချီရှိနိုင်တယ်လို့  မိုင်ရပ်ကွက်နေပြည်သူတွေ ပြောပါတယ်။

By – Zami

Show More

Related Articles

Back to top button