ဗန်းမော်
-
Oct- 2025 -3 Octoberတိုက်ပွဲ
ဗန်းမော် ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ပြန်သိမ်းနိုင်ပြီး ဗျူဟာမြောက်တဲ့ တပ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေ
ဗန်းမော်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်လွတ်ထားတဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်လည်နေရာရယူနိုင်ပြီး အရေးပါတဲ့ ဗျူဟာမြောက်တပ်နေရာ ၃ နေရာလောက်မှာ တိုက်ပွဲဆက်ဖြစ်နေသေးတယ်လို့ KIO ပြောပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ နောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ ခလရ ၄၇ တပ်ရင်းရဲ့ အနောက်ဘက်ခြမ်း လုံခြုံရေးရယူထားတဲ့…
Read More » -
Sep- 2025 -26 Septemberတိုက်ပွဲ
ဗန်းမော်တိုက်ပွဲ လေယာဉ်ကွင်းနဲ့ မနောကွင်းအနီး တိုက်ပွဲပြင်းထန်နေ
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ လေယာဉ်ကွင်း နဲ့ မနောကွင်းရှိတဲ့ ဘက်ခြမ်းကို စစ်တပ်က လေကြောင်းအပါ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့စပြီး ဗန်းမော်တိုက်ပွဲက ရပ်လိုက်နားလိုက်နဲ့ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ရှေ့တန်းရောက် KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “တိုက်ပွဲက ဖြစ်လိုက် နားလိုက်နဲ့ ဖြစ်နေတယ်။ အခုက လေယာဉ်ကွင်းထိပ်ပိုင်းနဲ့ မနောကွင်းရှိတဲ့ ဘက်ကို စစ်တပ်ဘက်က ပြန်ထိုးနေတယ်။ တစ်ခါတစ်လေ မနက်ပိုင်းဖြစ်တယ်။ ညနေပိုင်းဖြစ်တဲ့အချိန်တွေလည်းရှိတယ်။ ဒီကနေ့လည်း သူတို့ဘက်က လက်နက်ကြီး ပစ်တာတွေ ဆက်တိုက်လုပ်နေတယ်။ လေယာဉ်နဲ့ လာပစ်တာ ၄ ၊ ၅ ကြိမ်ရှိသွားပြီ”လို့ပြောပါတယ်။ ဒီကနေ့ နေ့လည် ၁၂ မတိုင်မှီ စစ်တပ်က လေကြောင်းနဲ့ ၅ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကတော့ ယခု ညနေပိုင်း ၃ နာရီအထိ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ KIA စစ်ရေးသတင်းအရင်းအမြစ်နဲ့ ဆက်သွယ်မေးမြန်းနေတဲ့ အချိန်မှာလည်း လက်နက်ကြီးပေါက်ကွဲ ပစ်ခတ်သံတွေ ဆက်တိုက်ကြားနေရတာဖြစ်ပါတယ်။ အခုလို စစ်တပ်ဘက်ကနေ လေကြောင်းအပါ မြေပြင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တပ်ဆုတ်သွားခြင်းမရှိဘဲ စစ်ကြောင်းဝင်လာတဲ့ လမ်းကြောင်းတွေကို ခုခံတိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ “စစ်တပ်ဘက်ကနေ ဒရုန်းနဲ့ ၂၄ နာရီစောင့်ကြည့်နေတယ်။ လူတစ်ယောက်ထွက်လာတဲ့ အရိပ်မွက်တွေ့နဲ့ ဆူဆိုက်ဒရုန်းနဲ့ ပစ်တယ်။ ဒါမှမဟုတ်ရင် ချက်ချင်း လေယာဉ်လှမ်းခေါ်တာတွေလုပ်တယ်။ အခြေအနေက အဲ့လိုဖြစ်နေတာ”လို့ပြောပါတယ်။ ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်အတွင်း စစ်တပ်ရဲ့ စစ်ရိက္ခာတင် စစ်သင်္ဘော အစီး ၂၀ ကျော်ဝင်ရောက်သွားပြီးနောက် ဩဂုတ်လထဲမှာပဲ စစ်တပ်က ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ ၂၀၂၅ နှစ်ဆန်းပိုင်းအတွင်း KIA သိမ်းပိုက်လိုက်တဲ့ တင့်ကားတပ်အမှတ်(၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်ရင်းနှစ်ခုအပါ နေရာတစ်ချို့ကို ယခု စက်တင်ဘာလအတွင်းမှာပဲ လက်လွတ်လိုက်ရတာဖြစ်ပါတယ်။ အခုလို တပ်နေရာတစ်ချို့ကို လက်လွတ်လိုက်ရပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မဆုတ်မနစ်ပဲ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်။ ဗန်းမော်တိုက်ပွဲဟာ ယခုလာမယ့် အောက်တိုဘာလထဲမှာဆိုရင် တိုက်ပွဲကာလ ၁၀ ကျော်ခန့် ကြာမြင့်လာပြီလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲမှာ ဗန်းမော်တိုက်ပွဲအပြင် စစ်တပ်က လက်လွတ်လိုက်ရတဲ့ နေရာတွေ ပြန်လည်ရယူဖို့ ကြိုးပမ်းနေတာကြောင့် ခေါင်လန်ဖူး – လန်ဆယ်ဒေသနဲ့ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်ဒေသတွေမှာလည်း တိုက်ပွဲဖော်ဆောင်လျက်ရှိနေပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)
Read More » -
12 Septemberတိုက်ပွဲ
ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။ “ဗန်းမော်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ…
Read More » -
9 Septemberလူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး
စစ်သင်္ဘောစုန်ဆင်းချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုထဲ အမျိုးသမီး ၇ ဦးပါဝင်
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေစုန်ဆင်းသွားချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦးအထိပါဝင်သေဆုံးသွားခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သူတွေကပြောပါတယ်။ အဲ့ဒီသေဆုံးသူအမျိုးသမီး ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ဆယ်ကျော်သက် မိန်းကလေးငယ် ၃ ဦးအထိပါဝင် တယ်လို့သိရပြီး…
Read More » -
5 Septemberသတင်း
ဗန်းမော်ရောက် စစ်သင်္ဘောများ ပြန်စုန်ဆင်း
ကချင်ပြည်နယ် ဗန်းမော်ကို ရောက်ရှိနေတဲ့စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်တင်ဘာလ ၅ ရက်နေ့ ဒီကနေ့မနက်ပိုင်းမှာပဲ ပြန်စုန်ဆင်းသွားပြီလို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ စုစုပေါင်းစစ်သင်္ဘော ၆ စီးလို့သိရပြီး ဒီစုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁ ရက်နေ့ကပဲ ဗန်းမော်မြို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနဲ့လူအင်အားတွေတင်ပို့ခဲ့တဲ့စစ်သင်္ဘောတွေပဲဖြစ်ပါတယ်။…
Read More » -
3 Septemberသတင်း
ကသာမှာ သံခွန်သင်္ဘော၅စီး ဗန်းမော်ကိုဆန်တက်ဖို့ပြင်ဆင်နေ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် သဖန်းကိုင်းဆိပ်ကမ်းတစ်ဝှိုက်မှာ သံခွန်သင်္ဘော ၅ စီး ဗန်းမော်မြို့ကိုဆန်တက်ဖို့အတွက်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ–ကချင်ပြည်နယ်ဗန်းမော်မြို့အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကိုစစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀…
Read More » -
Aug- 2025 -29 Augustတိုက်ပွဲ
ဗန်းမော်အပါအဝင် မြို့နယ် ၃ ခုစစ်တပ်ကထိုးစစ်ဆင်တိုက်ခိုက်နေ
ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဗန်းမော်၊ ဖားကန့်အပြင် နောက်ထပ်လက်လွတ်ထားရတဲ့ ဝိုင်းမော်မြို့နယ်မှာလည်း တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ကြာမြင့်လာပြီလို့ သိရပါတယ်။ ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ပြီး တစ်လခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေက ဝိုင်းမော်မြို့နယ်၊ လမြန်အထက်ဘက်ကို…
Read More » -
28 Augustသတင်း
အလင်းဝင်ဖို့ သတိပေးခံရတဲ့ သုံပွင့်ဗိုလ် ခန့်ထက်နောင် ဗန်းမော်တိုက်ပွဲမှာ သေဆုံး
စစ်ကောင်စီတပ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိနေတဲ့ထဲ သုံးပွင့်ဗိုလ်တစ်ဦးဖြစ်တဲ့ ခန့်ထက်နောင်ဆိုသူလည်း သေဆုံးသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့ သုံးပွင့်ဗိုလ် ခန့်ထက်နောင်ဆိုသူဟာ ဩဂုတ်လ ၂၃ ကနေ ၂၅ ရက်နေ့အထိ ဗန်းမော် သံချပ်ကာတပ်…
Read More » -
27 Augustတိုက်ပွဲ
ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ရှင်းလင်းနိုင်ခဲ့တယ်လို့ဆို
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ခုကို KIA ဘက်က ပိတ်ဆို့တိုက်ခိုက် ရှင်းလင်းနိုင်းခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၃ ရက်နေ့မှာ အမှတ် ၅၀၁၄ သံချပ်ကာတပ်ရှိတဲ့ဘက်ကနေ…
Read More » -
20 Augustသတင်း
ဗန်းမော်မှာ စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီး KIA ပစ်ခတ်လို့ ပျက်စီးသွား
ဗန်းမော်မှာ စစ်ကောင်စီတပ် နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီးတော့ KIA ရဲ့ ပစ်ခတ်မှုကြောင့် စစ်တပ်ရဲ့ အမြှောက်ပါတဲ့ တင့်ကားတစ်စီးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကနေ တိုက်ပွဲပြန်ဖြစ်နေတဲ့ ဗန်းမော်မြို့မရပ်ကွက် မြစ်ဆုံဟိုတယ်၊ ဝင်းလိုက်ဟိုတယ်နဲ့…
Read More »