ဗုံးကြဲတိုက်ခိုက်

  • Dec- 2025 -
    30 December
    စစ်ပြေးဒုက္ခသည်များ

    ကသာမြို့ပတ်လည်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ စစ်ဘေးရှောင်တွေထပ်တိုးလာနေ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး မနေ့ညပိုင်းကစလို့ ဒီကနေ့နေ့လည်ပိုင်းအထိ စစ်ကောင်စီက မြို့ပတ်ပတ်လည်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ယမန်နေ့ညပိုင်း ၉ နာရီဝန်းကျင်လောက်ကစလို့ စစ်ကောင်စီက Y12 အမျိုးအစားလေယာဥ်နဲ့ အကြိမ် ၆၀ ကျော်နီးပါး မြို့ပတ်ပတ်လည်ကိုဗုံးကြဲတိုက်ခိုက်ခဲ့ပြီး…

    Read More »
  • 29 December
    သတင်း

    အင်ဂျန့်ယန်မြို့နယ် ကျေးရွာတစ်ခုကို စစ်တပ်က ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

    ရွေးကောက်ပွဲနေ့မှာ ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ အင်ဂျန့်ယန်မြို့နယ် (Njang Yang) ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီခွဲလောက်မှာ မြစ်ဆုံအထက် အင်ဂျန်းယန်မြို့သို့ သွားလမ်းပေါ်ရှိ တန်ဘောင်ယန် (Tangbau Yang) ကျေးရွာကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ…

    Read More »
  • 9 December
    လူ့အခွင့်အရေးချိုးဖောက်မှု

    ကသာမြို့က အလယ်တန်းကျောင်းလေကြောင်းတိုက်ခိုက်ခံရ

    စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ် နမ့်စမ်းကျေးရွာက အလယ်တန်းကျောင်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့KG တန်းစာသင်ဆောင်တစ်ခုလုံးနဲ့ ၂ထပ်ဆောင်တစ်ခုအနည်းငယ်ပျက်ဆီးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်း ၇ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာအမျိုးအစား လေယာဥ်နဲ့ ဗုံး၂လုံး အသုံးပြုကြဲချခဲ့တာဖြစ်ပြီး ကျောင်းကပိတ်ထားတာကြောင့်…

    Read More »
  • Nov- 2025 -
    20 November
    လူ့အခွင့်အရေးချိုးဖောက်မှု

    ဗန်းမောက်နယ်ထဲက ဆေးရုံဗုံးကြဲခံရမှုမှာ ကျန်းမာရေးဝန်ထမ်း၂ ဦးသေဆုံးခဲ့တယ်လို့ NUG အတည်ပြု

    စစ်ကိုင်းနဲ့ကချင်အစပ် တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ MOH ဆေးရုံတည်ရှိရာ ဗန်းမောက်မြို့တောတွင်း တစ်နေရာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးသေဆုံးခဲ့ရတယ်လို့ NUG ဝန်ကြီးများရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်ကအတည်ပြုပါတယ်။ ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေ၄…

    Read More »
  • 19 November
    သတင်း

    စစ်တပ်က လန်ဟီဆင်စခန်းဘက် ဗုံးကြဲလို့ကျေးရွာတစ်ချိူ့တိမ်းရှာင်နေရ

    ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဟီဆင်စခန်းဘက်ကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်မှုလုပ်နေတာကြောင့် ကျေးရွာတစ်ချို့လေကြောင်းရန်စိုးရိမ်ပြီးတိမ်းရှောင်နေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မနေ့က နိုဝင်ဘာ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ခေါင်လန်ဖူးနဲ့ ဆော့လော်မြို့နယ်အစပ်ထဲက လန်ဟီဆင်စခန်းကို ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးကြဲသွားတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နီးစပ်တဲ့အမျိုးသားတစ်ဦး KNG ပြောပါတယ်။ “လန်ဟီဆင်စခန်းကိုကြဲတာ ထိခိုက်မှုတော့မရှိပါဘူး မှန်းပြီးကြဲသွားတဲ့ပုံစံပါ မထင်ရင်မထင်သလိုလာကြဲတယ် နေ့တိုင်းနီးပါးလေယာဥ်လာတယ်။ လေကြောင်းနဲ့နေ့တိုင်းကင်းထောက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၁၉ ရက်နေ့ ဒီနေ့မွန်းလွှဲ  ၂ နာရီခွဲဝန်းကျင်မှာလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချသွားကြောင်းသိရပြီး ထိခိုက်မှုနဲ့အခြေအနေအသေးစိပ် မသိရသေးပါဘူး။ ခုလို စစ်ကောင်စီတပ်ဟာ လန်ဟီဆင်စခန်းဘက်ကို ဒိီရက်ပိုင်း နေ့စဉ်ပုံမှန်လေကြောင်းနဲ့ကင်းထောက်တာတွေပုံမှန်လုပ်နေတဲ့အတွက် လန်ဟီဆင်နဲ့ ခေါင်လန်ဖူးမြို့ကြားထဲက ကျေးရွာနေပြည်သူတွေလည်း တိမ်း ရှောင်တာတွေရှိနေတယ်လို့ သိရပါတယ်။ “လေယာဥ်ကပုံမှန်လိုလာနေတော့ အဲ့ဒီလန်ဟီဆင်စခန်းနဲ့ ခေါင်လန်ဖူးမြို့ကြားထဲက လေယာဥ်လမ်းကြောင်းနဲ့နီးတဲ့ရွာတွေကတော့ ပြေးလိုက်ပြန်ဝင်လာလိုက်လုပ်နေရတယ်လို့ သိရပါတယ်”လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ လက်ရှိလာဟီဆင်ဘက် ဗုံးကျဲတာ၊ဝေဟင်ကင်းထောက်တာတွေပြုလုပ်နေတဲ့ ဂျက်ဖိုက်တာဟာ ပူတာအိုလေဆိပ်ကနေတဆင့်သွားတာလို့ရပါတယ်။ “မြစ်ကြီးနားဘက်ကနေတက်လာပြီးတော့ပူတာအိုလေဆိပ်မှာနားတယ်ဒီကနေတဆင့်ခေါင်လန်ဖူးတက်ပြီးသွားသွားကြဲတယ်။ ဂျက်ဖိုက်တာတက်သွားရင်ဒီကနေသိရတယ် တစ်ခါတလေတစ်ရက်ကိုနှစ်ကြိမ်သုံးကြိမ်သွားတယ်နော်နေ့တိုင်းပဲ”လို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပုံမှန်အားဖြင့် ပူတာအိုဒေသဘက် ဂျက်ဖိုက်တာလာ၊ ဆင်းသက်တာမျိုးမရှိပေမယ့် နိုဝင်ဘာလကစပြီး ခေါင်လန်းဖူးဘက်စစ်ရေးတင်းမားနေတာကြောင့် ပူတာအိုလေဆိပ်မှာဂျက်ဖိုက်တာဆင်းသက်ရတဲ့အထိရှိလာတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဟာ KIAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာသိမ်းပိုက်ခဲ့တဲ့ဆော့လော်မြို့နယ်ထဲက လန်ဆယ်မြို့နဲ့ လန်ဟီဆင် ရှေ့တန်းစခန်းကို ပြန်ထိန်းချုပ်ဖို့အတွက် စက်တင်ဘာ ၁၉ ရက်နေ့ ကစပြီး ၂၄ ရက်နေ့အထိ အင်အား ၅၀၀ ဝန်းကျင်နဲ့ထိုးစစ်ဆင်လာခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေခြုံခိုတိုက်ခိုက်မှုကြောင့် အရေးရှုံးနိမ့်ပြီးတပ်ပြန်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ ပြန်ဆုတ်သွားပြီးနောက် KIAနဲ့ပူးပေါင်းတပ်တွေဟာ လက်ရှိအချိန်အထိခေါင်လန်ဖူးဘက် ထိုးစစ်ဆင်နေတာဖြစ်ပြီး ပြည်သူ့စစ်စခန်းတွေတခုပြီးတစ်ခုသိမ်းခံနေရကြောင့် စစ်ကောင်စီဟာခေါင်လန်ဖူးမြို့ကိုစစ်အင်အားဖြည့်တာ၊လေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တာတွေပြုလုပ်နေတာဖြစ်ပါတယ်။ ပူတာအိုခရိုင်မှာ နောင်မွန်၊ခေါင်လန်ဖူး၊ဆွမ်ပရာဘွမ်နဲ့မချမ်းဘော့ လေးမြို့နယ်ရှိပြီး ယင်းလေးမြို့နယ်ထဲက ဆွမ်ပရာဘွမ်မြို့ကို KIA နဲ့ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Oct- 2025 -
    21 October
    တိုက်ပွဲ

    KIA တပ်ရင်း ၆ လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်ခံရ

    ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဌာနချုပ်ကို စစ်တပ်က ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ၇ နာရီခွဲအချိန် လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်သွားတယ်လို့…

    Read More »
  • 6 October
    လူ့အခွင့်အရေးချိုးဖောက်မှု

    နမ္မတူမြို့ကို စစ်တပ်က ဒုတိယအကြိမ်လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးထိခိုက်ပျက်စီး

    ရှမ်းမြောက် နမ္မတူမြို့ကို စစ်တပ်က လေကြောင်းနဲ့ထပ်မံဗုံးကြဲလို့ လူနေအိမ် ၅ လုံးပျက်စီးသွားပြီး မှန်လုံကား ၂ စီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးအဖွဲ့ PSLF/TNLA ထိန်းချူပ်ထားတဲ့ နမ္မတူမြို့၊ ပန်ဟိုက်ရပ်ကွက် ( ၂ ) စျေးအနောက်ဘက်ကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၆ ရက်နေ့ ဒီနေ့မနက် ၇ နာရီဝန်းကျင်မှာ  လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာဖြစ်တယ်လို့ နမ္မတူဒေသခံတစ်ဦးက အခုလို ပြောပါတယ်။ “နမ္မတူမီးသတ်ရုံးရှေ့က အိမ်တွေဟုတ်တယ်။ လူတွေတော့ ထိခိုက်တာမရှိဘူး။ ဟိုနေ့က ဗုံးလာကြဲကတည်းက အိမ်ရှင်တွေက အားလုံးရှောင်ကုန်တာကြောင့် လူထိခိုက်မှုတော့ မရှိဘူး အိမ်က ၅ လုံးထိတယ်။ လုံး၀ ရစရာမရှိ ဖြစ်သွားတာက ၃ အိမ်ဟုတ်တယ်။ မှန်လုံကား ၂ စီးထိတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ နမ္မတူမြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့မှာလည်း လေကြောင်းနဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တစ်လကျော်အကြာ ဒီနေ့မနက်မှာ ဒုတိယအကြိမ် နမ္မတူမြို့ကိုထပ်မံလေကြောင်းဗုံးကြဲတာဖြစ်ပါတယ်။ ခုလို စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် နမ္မတူမြို့ ဒေသခံပြည်သူတချို့လည်း  အောက်တိုဘာလကစပြီး တိမ်းရှောင်သူတွေရှိသလို ဒီနေ့မနက် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခံရပြီးနောက် လက်ရှိ နမ္မတူမြို့က ဘာသာရေးအဖွဲ့စည်းတွေအပါအဝင် ပြည်သူအများပိုင်းတိမ်းရှောင်ဖို့ရန် ပြင်ဆင်နေပြီလို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ကျောက်မဲမြို့ကို TNLA လက်ထဲကနေ အပြီးပြန်လည်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နမ္မတူမြို့ ၊ မန်တုံမြို့ ၊ နမ့်ဆန်မြို့ကိုတွေလည်း ဖိအားပေးတဲ့ပုံစံနဲ့ ချက်ချင်းဗုံးကြဲတိုက်ခိုက်လာတာဖြစ်ပါတယ်။ “စစ်တပ်က TNLA ကို နမ္မတူ၊ မန်တုံမြို့တွေအထိ ဖယ်ပေးဖို့ ပြောထားခဲ့တာဟုတ်တယ်။ သူတို့နေနေသရွေ့ ဘယ်မှာဖြစ်ဖြစ် ဗုံးကြဲနေမှာပဲဖြစ်တာကြောင့် အခုအခြေအနေအရဆို စစ်တပ်က ဆက်တိုက်ဗုံးကြဲဖိအားပေးသွားမဲ့အနေအထားပဲ။ နောင်ချိုပြီးတာနဲ့ သူတို့ညိနှိုင်းခဲ့စဉ်က ကျောက်မဲ၊ သီပေါ၊ နမ္မတူတွေကို ဖယ်ပေးဖို့ နဲ့  PSLF/TNLA အတွက်က မန်တုံနဲ့ နမ့်ဆန်ကို ယူပေါ့။ အဲလိုစစ်တပ်ဘက်က ညှိခဲ့တယ်လို့ သိရတယ်။ အခုက ကျောက်မဲကို စစ်တပ်တိုက်ခိုက်နိုင်ပြီဆိုတော့ ထပ်ဆွေးနွေးစရာမရှိဘူး။ ဒါတွေကိုလည်း သူတို့တိုက်ခိုက်ပြီး အနိုင်ရနိုင်တယ်လို့ ခြိမ်းခြောက်လာတဲ့ အနေအထားဖြစ်တယ်။” လို့ နမ္မတူဒေသခံအမျိုးသားက ဆက်ပြောပါတယ်။  အလားတူ စစ်တပ်က အောက်တိုဘာလ ၄ ရက်နေ့ မနက်မှာလည်း နမ့်ဆန်မြို့ကို လေကြောင်းဗုံးကြဲခဲ့ရာ လူထိခိုက်မှုတော့ မရှိခဲ့ပေမယ့် အောက်တိုဘာလ ၂ ရက်နေ့နဲ့ ၄ ရက်နေ့ သီပေါမြို့ဗုံးကြဲခံရမှုမှာ အရပ်သား ၂ ဦးသေဆုံးမှုရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တို ၆ ရက်နေ့ ဒီနေ့မနက်မှာလည်း နမ္မတူမြို့ဗုံးကြဲပြီးနောက် ၆ မိနစ်အကြာမှာပဲ သီပေါမြို့ကိုပါ ထပ်မံလေကြောင်းဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကစပြီး စစ်ကော်မရှင်တပ်တွေဟာ ကျောက်မဲမြို့ကို TNLA လက်ထဲကနေ ပြန်လည်ရယူဖို့ ထိုးစစ်ဆင်ခဲ့ကြတာဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်းမှာ ကျောက်မဲမြို့ကို အပြီး သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။  ဒါကြောင့် လက်ရှိမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံ၊ မိုင်းငေါ့နဲ့ မိုးကုတ်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်လာနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) နှစ်ဖက်တပ်တွေဟာ တရုတ်ကြားခံမှုနဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လနောက်ဆုံးပတ်က စတုတ္တအကြိမ် တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြတာဖြစ်ပေမဲ့ သဘောတူညီမှု မရရှိခဲ့ဘူးလို့  သိရပါတယ်။ နှစ်ဖက်လက်နက်ကိုင်တပ်တို့ ၄ ကြိမ်တိတိ တွေ့ဆုံဆွေးနွေးမှုမှာ သဘောတူညီမှုတစ်စုံတစ်ရာမရရှိတဲ့နောက် စစ်ကောင်စီတပ်က TNLA ထိန်းချုပ်ထားတဲ့မြို့တွေကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ကာ ဖိအားပေးနေတာဖြစ်ပြီး ကျောက်မဲ၊ မိုးကုတ်နဲ့ နောင်ချိုဘက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆက်တိုက်လုပ်နေပါတယ်။ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 2 October
    လူ့အခွင့်အရေးချိုးဖောက်မှု

    နမ္မတူမြို့ နဲ့ မန်တုံမြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အရပ်သား ၄ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ္မတူမြို့နဲ့ မန်တုံမြို့တွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံးကြဲခဲ့တာကြောင့် ကလေးငယ်အပါအဝင် ထိခိုက်၊ သေဆုံးသူ အရပ်သား ၁၁ ဦးခန့် ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အောက်တိုဘာလ ၂ ရက်နေ့ ဒီနေ့မနက် ၇ နာရီ…

    Read More »
  • Sep- 2025 -
    30 September
    လူ့အခွင့်အရေးချိုးဖောက်မှု

    လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ

    ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…

    Read More »
  • 29 September
    တိုက်ပွဲ

    ဆဒုံးမြို့စျေးတန်း ဗုံးကြဲတိုက်ခံရမှုမှာ ကလေးအပါအဝင် အရပ်သား ၈ ဦးသေဆုံး

    ဝိုင်းမော်မြို့နယ် ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး လမ်းမပေါ်ရှိ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က ဂျက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးအပါ ပြည်သူ ၈ ဦးသေဆုံးခဲ့ပြီး ၆ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခန့်အချိန်မှာ စစ်ကောင်စီက ဆဒုံးမြို့တွင်းစျေးတန်း…

    Read More »
Back to top button