လေကြောင်း

  • Mar- 2026 -
    12 March
    သတင်း

    လေကြောင်းတိုက်ခိုက်ခံရချိန် ရုတ်ရုတ်သဲသဲထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များကြောင်း Indaw Revolution IR အဖွဲ့ သတိပေး

    စစ်ကိုင်းနဲ့ကချင်အစပ် မော်လူးမြို့အနီးတဝှိုက်ကို စစ်ကော်မရှင်က မနေ့ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ဒေသခံ တွေရုတ်ရုတ်သဲသဲထွက်ပြေးကြတာကြောင့် လေကြောင်းတိုက်ခိုက်ခံရချိန် အခုလိုထွက်ပြေးကြတာဟာ ပိုပြီးအန္တရာယ်များ ကြောင်း Indaw Revolution IR အဖွဲ့ကသတိပေးလိုက်ပါတယ်။ “မော်လူးမြို့ထဲကပြည်သူတွေကတော့ လေယာဥ်ဗုံးချကတည်းကအကုန်ရုတ်ရုတ်သဲသဲ ပြေးကြရတာပေါ့နော်။ တောင်ပြေး လိုက် မြောက်ပြေးလိုက်ပေါ့။…

    Read More »
  • 9 March
    သတင်း

    ကချင်ကုန်းရွာလေကြောင်းတိုက်ခိုက်ခံရ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါ ၂ ဦးသေဆုံး

    မြစ်ကြီးနား – မန္တလေးလမ်းပေါ်က ကချင်ကုန်းရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ၂ ဦးသေဆုံးသွားတယ်လို့ ကောလင်းမြို့နယ်ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Kawlin Revolution KR ကသတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ မကွေးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ကချင်ကုန်းရွာအနီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခဲ့ပါတယ်။  ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းမှာနေထိုင်သူ ကပ္ပရအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အဲဒီနောက် ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒေသခံတစ်ဦးက“ဘုန်းကြီးကျောင်းက ကပ်ပရလင်မယားထိတာပါ၊ မိန်းမကပြီးသေသွားပြီ။ ကချင်ကုန်းရွာလမ်းပေါ်မှာ တစ်လုံးကျတယ်။ တစ်လုံးကရှောက်ပင်ချုံဘက်၊ တစ်လုံးကနောက်ဘက်တောင်ရိုးပေါ်” လို့ ပြောပါတယ်။ ဒါ့အပြင် အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းထပ်ရှိခဲ့သလို ကချင်ကုန်းကျေးရွာဘုန်းကြီးကျောင်း ကအဆောက်အဦးတချို့ထိမှန်ပျက်ဆီးခဲ့ရတယ်လို့သိရပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ကချင်ကုန်းကျေးရွာကို တော်လှန်ရေးအင်အားစုတွေထိန်းချုပ် ထားပေမဲ့လည်း လက်တလောမှာနှစ်ဖက်တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမရှိသလို လေကြောင်းတိုက်ခိုက်ခံရတာဟာ အရပ်သား ပစ်မှတ်ဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကချင်ကုန်းရွာက မန္တလေး–မြစ်ကြီးနားလမ်းမပေါ်မှာရှိတာ။ တော်လှန်ရေးအင်အားစုတွေဘဲထိန်းချုပ်ထားတဲ့နေရာ ဟုတ်တယ်။ လက်တလောမှာ မန္တလေး–မြစ်ကြီးနားလမ်းကလည်းဖွင့်နေတယ်ဆိုတော့ စစ်ရေးကလည်းငြိမ်တယ်။ အဲ့ဘက်လမ်းပေါ်က တိုက်ပွဲသာဖြစ်ရင် ကားတွေအကုန်ပိတ်မှာလေ။ အခုလက်ရှိက ကားတွေနေ့တိုင်းထွက်နေကြတယ်။”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကဆိုရင်လည်း စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ ပင်လည်ဘူးမြို့ကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား ၉ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။ အလားတူ ဒီကနေ့မှာလည်း မော်လူးမြို့နယ် နန်းခွင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးလေကြောင်းတိုက်ခံရလို့ အရပ်သားတစ်ဥိီးသေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်တွေပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ သူတို့ကျင်းပခဲ့တဲ့ တရားမဝင်ရွေးကောက်ပွဲအလွန်မှာလည်း မြန်မာပြည်တစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ရှိနေဆဲဖြစ်သလို ဒီနှစ်ရဲ့ပထမဆုံးလ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၇၂ ဦးသေဆုံးခဲ့ရသလို ၂၄၁ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က သတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး

    Read More »
  • 4 March
    သတင်း

    ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်၊ တရုတ်အလံအားလုံးဖြုတ်သိမ်းခိုင်း

    ချီဖွေမြို့နယ် ပန်ဝါနယ်စပ်ဂိတ်ပြန်ဖွင့်ပြီး အခြေခံစားသောက်ကုန်တွေ ပုံမှန်အတိုင်းပြန်ဝင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပန်ဝါမြို့ကို လေကြောင်းဗုံးလာမယ်ဆိုတဲ့ သတင်းပျံ့နှံ့လာပြီးနောက် တရုတ်ဘက်က ပန်ဝါနယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် မတ်လ ၂ ရက်နေ့ကစပြီး…

    Read More »
  • Feb- 2026 -
    24 February
    သတင်း

    ဟုမ္မလင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူများတိမ်းရှောင်

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲက ပဲနုတ်ဆွပ်ကျေးရွာဘက်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတဲ့အတွက် အနီးအနားကျေးရွာတစ်ချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်ညပိုင်းမှာ ပဲနုတ်ဆွပ်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ တစ်ကြိမ်ဗုံးကျဲခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းမှာတော့…

    Read More »
  • 4 February
    သတင်း

    ရွှေညောင်ပင်မှာ စစ်တပ်ကလေယာဉ်ဗုံးကြဲ၊ ကုန်ကားတစ်စီးမီးလောင်

    ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာမှာ ဒီညနေပိုင်း စစ်တပ်က လေကြောင်းဗုံးကြဲသွားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ဖေဖော်ဝါရီလ ၄ ရက် ဒီညနေ ၅ နာရီဝန်းကျင် လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။ “လေယာဉ်သံကြားလို့ ကုန်ကားရပ်နေတာ လာပစ်သွားတယ်။…

    Read More »
  • Jan- 2026 -
    23 January
    သတင်း

    မော်လူးမြို့ပကဖရုံး ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

    ကချင်ပြည်နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့ မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံး စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မော်လူးဒေသခံတစ်ဦးက အတည်ပြုပါတယ်။ “မနေ့ညက…

    Read More »
  • 21 January
    သတင်း

    စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် နန်းမားမြို့အနီးဝန်းကျင် ကျေးရွာတစ်ချို့စတင်တိမ်းရှောင်

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့အနီး စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကျေးရွာတစ်ချို့ပြည်သူတွေစတင်တိမ်းရှောင်နေကြပြီလို့ ဒေသခံတွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ ဇန်နဝါရီလ ၁၉ ရက်ည တစ်ကြိမ်၊ ဇန်နဝါရီ၂၀ ရက်နေ့လည် ၁၂ နာရီတစ်ကြိမ် နန်းမားမြို့ လက်ပံတန်းဘက်ကို Y8 လေယာဉ်တစ်စီးပ်ဗုံးကြဲသွားတယ်လို့ နန်းမားဒေသခံတွေဆိုပါတယ်။ ဒါကြောင့် လက်ပံတန်း၊ဘုရားကြီးကွင်းကျေးရွာနေ ပြည်သူတစ်ချို့မိုးညှင်းမြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်လို့ မိုးညှင်းဒေသခံအမျိုးသမီးတစ်ဦး  KNG ကိုပြောပါတယ်။ “မြို့ပေါ်ကြဲတာမဟုတ်ဘူး မနေ့က ဟိုပင်နန့်ရင်းဖက်လည်းလာကြဲတယ် ဟိုပင်ပြီးတော့ မိုးညှင်းအနီးက နန်းမားလက်ပံတန်းဖက်လည်းလာကြဲလို့ အဲနီးကလူတွေကတော့ ထိတ်လန့်နေကြတယ်။ တစ်ချို့က ဒီမိုးညှင်းမြို့ထဲ စပြီးရှောင်လာကြပြီ”လို့ ပြောပါတယ်။ ဒါ့အပြင် မနေ့ ညနေ ၃ နာရီဝန်းကျင်အထိ စစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးဟာ မိုးညှင်းမြို့အနီးဆက်ပျံဝဲခဲ့တဲ့အတွက် မိုးညှင်းမြို့ပေါ်နေပြည်သူတွေလည်း စိုးရိမ်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ နန်းမားမြို့နယ် လက်ပံတန်းကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၃  ခုနှစ် မေလမှာလည်း စစ်တပ်အင်အား ၂၀၀ ဝန်းကျင် ရွာအတွင်းဝင်ရောက်တပ်စွဲနေထိုင်နေမှုကြောင့် လက်ပံတန်းကျေးရွာနှင့်ကြာကြီးကွင်းကျေးရွာဒေသခံများ ဘေးလွှတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေသခံများနေရပ်ပြန်ပြီးနေထိုင်ခဲ့ကြပေမယ့် မကြာခနဆိုသလို နန်းမားမြို့အနီးဝန်းကျင် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာမှုတွေကြောင့် ဒေသခံတွေစိုးရိမ်ထိတ်လန့်စွာနေထိုင်ကြရတာဖြစ်ပါတယ်။ “နေလို့အဆင်မပြေတော့ဘူး ခနနပစ်ကြ ခတ်ကြတာလေ ဟိုတစ်ခါလည်း ရဲစခန်းလာပစ်တယ်။ ပြီးတော့ မနေ့ကလည်း ရွာအနီးတစ်လုံးလာကျတယ်။ ထိခိုက်တာတော့မသိရဘူး ခုတစ်ချို့က ရှောင်နေကြပြီ”လို့…

    Read More »
  • 19 January
    သတင်း

    ကချင်မှာ စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေး ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးသေဆုံး

    ကချင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း ကလေးသူငယ် ၇ ဦးနဲ့ အမျိုးသမီး ၁၀ ဦးထိသေဆုံးခဲ့တယ်လို့ Kachin Human Rights Watch အဖွဲ့ကနေ သိရပါတယ်။ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)ရဲ့ဖော်ပြချက်အရ ပြိီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း စစ်တပ်က ကချင်ဒေသတွင်းလေကြောင်းပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာ၊လက်နက်ကြီးပစ်ခတ်တာတွေကြောင့် သေဆုံးသူစုစုပေါင်း ၁၃၃ ဦးရှိတယ်ဆိုပါတယ်။ အဲဒီထဲမှာ ကလေး ၇ ဦး အမျိုးသမီး ၁၀ ဦးပါဝင်တယ်လို့ ဖော်ပြထားပြီး ဒါဟာ စစ်တပ်က ယခင်နှစ်တွေထက် ၂၀၂၅…

    Read More »
  • 14 January
    သတင်း

    ခေါင်လန်ဖူးဘက်ကို စစ်ကောင်စီတပ်ကကုန်ကြောင်း ၊လေကြောင်းသုံးပြီးအင်အားဆက်ဖြည့်နေ

    ကချင်ပြည်နယ် ၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ကုန်းသုံးပြီး အင်အားဖြည့်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ် ဇန်နဝါရီလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့ ၂ရက်တိုက်တက်တိုက် စစ်ကောင်စီတပ်က ခေါင်လန်ဖူးမြို့နယ်ဘက်ကို Y-8 ထောက်ပို့လေယာဥ်နဲ့  စစ်သည်အင်အား ၂၀၀…

    Read More »
  • 9 January
    သတင်း

    ဝန်းသိုမြို့ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်

    စစ်ကိုင်းနဲ့ကချင်အစပ်က ဝန်းသိုမြို့ နမ်းခမ်းကျေးရွာကြီးကို စစ်ကော်မရှင်တပ်က ဇန်နဝါရီလ ၈ ရက်နေ့ မနေ့က ညပိုင်း၈ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်အိမ်မီးလောင်ပျက်ဆီးခဲ့ရပြီး အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ်းခမ်းကျေးရွာအုပ်စုက အရှေ့စက်ရပ်ကွက်နဲ့ဘူတာစုရပ်ကွက်တွေတစ်ဝှိုက်ကို တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမရှိဘဲ ရုတ်တရက်ဆိုသလို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲချခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “ဂျက်ဖိုက်တာ ၂ စီးနဲ့လာပစ်သွားတာ။ ပထမတစ်စီးနဲ့ ဒုတိယတစ်စီးက ၁၀ မိနစ်လောက်ပဲခြားတာ။ လေကြောင်းတိုက်ခိုက်မှု ကြောင့်တော့ ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ လူသေဆုံးမှုကတော့မကြားသေးဘူး”လို့ ဝန်းသိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ကထွက်ပေါ်လာတဲ့သတင်းတွေအရ တော်လှန်ရေးအင်အားစုတွေက ဝန်းသိုမြို့ကိုဝင်တိုက်တော့မှာ ဖြစ်တာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့နောက်ဆုံးထားပြီး ဒေသခံတွေလည်းဘေးလွှတ်ရာတွေမှာကြိုတင်တိမ်းရှောင်ကြဖို့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အထိတော့ စစ်ကော်မရှင်တပ်ဘက်ကသာ ဝန်းသိုမြို့ကနေ ဆိုင်ကယ်နဲ့သွားရင် မိနစ် ၂၀ ဝန်းကျင်လောက်ကွာဝေးတဲ့ အာမခံ၊ ဩဂ စတဲ့ကျေးရွာတွေတစ်ဝှိုက်စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး ဒီနေ့အထိနှစ်ဖက်တိုက်ပွဲဖြစ်ပွားတာတော့မရှိ သေးပါဘူး။ အထက်ပါဝန်းသိုမြို့ခံအမျိုးသားက“သူတို့ဘက်ကလေကြောင်းတိုက်ခိုက်တာကတော့ ၉ ရက်နေ့ကိုဒေသခံတွေကိုထွက်ဖို့ကြေညာထားတာကြောင့်မို့ ဗုံးကြဲတာ နေမှာ”လို့သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နမ့်ခမ်းကျေးရွာအုပ်စုဟာ ဝန်းသိုမြို့နယ်ထဲက အကြီးဆုံးစံပြကျေးရွာထဲကတစ်ခုဖြစ်ပြီး လက်ရှိတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။ နမ့်ခမ်းကျေးရွာကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့ စစ်ကိုင်းငလျင်ကြောင့်အပစ်ရပ်ထားချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပြီး အဲ့ဒီတိုက်ခိုက်မှုမှာ အရပ်သား ၂၀ ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါသေးတယ်။ ဝန်းသိုမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ပြီး ၆ လအကြာမှာပြန်လည်လက်လွှတ်ခဲ့ရတဲ့ ကောလင်းမြို့နဲ့ ကပ်လျှက်မှာတည်ရှိပြီး ဗန်းမောက်၊အင်းတော်၊ ပင်လည်ဘူးစတဲ့ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲမြို့တွေနဲ့လည်း နယ်နိမိတ်ချင်းထိစပ်နေတဲ့မြို့ဖြစ်ပါတယ်။ By – အမိုး

    Read More »
Back to top button