ဝိုင်းမော်စစ်ရှောင်

  • Apr- 2026 -
    1 April
    စစ်ပြေးဒုက္ခသည်များ

    ဝိုင်းမော်စစ်ဘေးရှောင်များ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးပိုခက်ခဲလာ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူတွေဟာ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း  ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုထဲက လဘန်ကျေးရွာနဲ့အင်ဂန်းကျေးရွာဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ချို့ဆီကနေ ကူညီထောက်ပံ့မှုအနည်းငယ်ရခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၂၆ ခုနှစ်ကစပြီး လာရောက်လှူဒါန်းသူတွေမရှိတော့တဲ့အပြင် တစ်ဖက်မှာလည်း အလုပ်ကိုင်ရှားပါးမှုတွေကြောင့် စားဝတ်နေရေးပိုခက်ခဲလာတယ်လို့ နောင်ဟီးစစ်ရှောင်တာဝန်ခံအမျိုးသားတစ်ဦး KNG ကို ခုလိုပြောပါတယ်။ “လုပ်ကိုင်စားသောက်လို့ရမယ့် အလုပ်တွေလည်း မရှိဖြစ်နေတယ်။ စိုက်ပျိုးရေး လုပ်ဖို့လည်း မဖြစ်နိုင် အဲလို ခက်ခဲနေတာပေါ့။ ဆန်တွေဆိုရင်လည်း ရှိတဲ့သူတွေဆီကနေ ဝေမျှပြီး စားနေကြရတာပေါ့”လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေးအတွက် နေ့စားအလုပ်အလုပ် လုပ်ချင်သော်လည်း တစ်လမှာ သုံးလေးရက်လောက်သာ အလုပ်ရတာတွေကြောင့် ချေးငြားပြီး စားသောက်နေရသူလည်း များစွာရှိတယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိ လဘန်ကျေးရွာနဲ့ အင်ဂန်းကျေးရွာမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်မရှောင်ခင်ကာလ ကိုယ်ပိုင်လယ်ယာစိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်းပြုသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်တဲ့နောက် စစ်ရေးအခြေနေကြောင့် နေရပ်ပြန်ပြီးလယ်စိုက်ဖို့ခက်ခဲသွားသလို လက်ရှိတိမ်းရှောင်တဲ့နေရာမှာ လုပ်ကိုင်စားသောက်ဖို့ခက်ခဲနေတယ်လို့ အောင်မြေ ၂ စစ်ရှောင်စခန်းက အမျိုးသမီး တစ်ဦးက ခုလိုပြောပြပါတယ်။ “ကျွဲနွားတိရစ္တာန်တွေ မွေးဖို့ဆိုရင်လည်း နိုင်ငံရေးသာမကောင်းလို့ရှိရင် ပြန်လို့မရတဲ့ပုံစံမျိုး ဖြစ်နေတာ။ ဒီမှာလည်း ကြက်၊ ဝက်တွေလည်း မွေးလို့မရတော့ ကျွန်မတို့လည်း ထိုင်ငေးနေတာကလွှဲပြီး ဘာမှမလုပ်တတ်တော့ဘူး”လို့ ဆိုပါတယ်။ နောင်ချိန်း၊လဘန်ကျေးရွာ နဲ့ အင်ဂန်းကျေးရွာ တစ်လျှောက်မှာတိမ်းရှောင်နေထိုင်နေကြတဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လကစပြီး စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားတိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေကြသူတွေဖြစ်ပြီး အောင်မြေ(၁)၊ အောင်မြေ(၂)၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင်စတဲ့ ကျေးရွာက ခန့်မှန်းချေ စစ်ရှောင်စခန်းပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီက သိရပါတယ်။ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရဲ့ ဖော်ပြချက်အရ ကချင်ပြည်နယ်မှာ တစ်ကြော့ပြန် တိုက်ပွဲ ဖြစ်ကတည်းကနေ ၂၀၂၁ စစ်ကောင်စီ အာဏာမသိမ်းခင်အထိ စစ်ရှောင် ဒုက္ခသည် ဦးရေဟာ ၇၅၀,၀၀ခန့်ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ၂၀၁၁ခုနှစ်ကနေ လက်ရှိ ၂၀၂၆ ဇန်နဝါရီလ ၂၆ရက်နေထိ  စစ်ရှောင်ဦးရေဟာ၂၄၃,၂၀၀ ဦးထိ တိုးမြင့်လာ တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂၀၂၁စစ်ကောင်စီအာဏာသိမ်းပြီးကတည်းကနေ ၂၀၂၆ဇန်နဝါရီ ၂၆ရက်နေ့ထိဆိုရင်   ၅နှစ်အတွင်း ကချင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ဦးရေဟာ ၁၆၈,၄၀၀ ဦးထိ ရှိခဲ့တာဘဲ ဖြစ်ပါတယ်။ ခုလိုစစ်ရှောင်ဦးရေတိုးလာပေမယ့် ကူညီထောက်ပံ့မှုတစ်ချို့ရပ်တန့်သွားခဲ့တာကြောင့် စစ်ဘေးရှောင်တွေစားဝတ်နေရေး ပိုခက်ခဲလာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်ဝန်းကျင် နိုင်ငံတကာအဖွဲ့အစည်းတွေကနေပြီးတော့ စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတချို့နဲ့ ဆေးဝါးအကူအညီတွေ ရရှိခဲ့ကြတယ်လို့ စစ်ရှောင်တွေပြောပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေပြီးတော့ ၄၇ကြိမ်မြောက် သမ္မတဖြစ်လာတဲ့နောက်ပိုင်း နိုင်ငံခြားအကူအညီတွေကို ဖြတ်တောက်လောက်တဲ့အတွက် World Food Program ကနေပြီးတော့ စစ်ရှောင်တွေကို ဆန်တွေ ကူညီပေးတာတွေလည်း ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ Organization for Economic Co-operation…

    Read More »
  • Feb- 2026 -
    23 February
    လူ့အခွင့်အရေးချိုးဖောက်မှု

    စစ်ရှောင်ကလေးငယ်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာရှိတဲ့ စစ်ရှောင်စခန်းက ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက် ၈နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ်–၃ ရပ်ကွက်မှာနေထိုင်နေတဲ့ ဝူယန်စစ်ရှောင်စခန်းက သားအဖ ၃ ဦးစစ်ရှောင်စခန်းကနေ ရွာမှာရှိတဲ့နေအိမ်ခြံဝင်းထဲ ထင်းသွားသယ်နေချိန်…

    Read More »
  • Sep- 2025 -
    11 September
    စစ်ပြေးဒုက္ခသည်များ

    တိုက်ပွဲကြောင့် ဝါးရှောင်ရွာ အပါကျေးရွာတစ်ချို့ပြန်တိမ်းရှောင်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး ပြင်းထန်နေတဲ့တိုက်ပွဲကြောင့် ဝါးရှောင် ကျေးရွာအပါအဝင် အနီးဝန်းကျင်ရွာက ပြည်သူတွေထပ်မံတိမ်းရှောင်နေရတယ်လို့ ဝါးရှောင် ဒေသခံတွေပြောပါတယ်။ ဩဂုတ်လက‌နေ တစ်ဖန်ပြန်လည်ပြင်းထန်‌နေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က လေ‌‌ယာဉ်၊လက်နက်ကြီးအပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် လမြန်၊နမ့်ဝါ၊မုတ်ကြိတ်၊ဝါးရှောင်ကျေးရွာဘက် လက်နက်ကြီးကျပေါက်ကွဲတာ တွေကြောင့် ပြန်တိမ်း‌ရှောင်နေရပြီလို့ ဝါးရှောင်ရွာခံအမျိုးသားတစ်ဦး…

    Read More »
Back to top button