အမျိုးသမီးအခွင့်အရေး

  • Jun- 2026 -
    26 June
    သတင်း

    အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကာကွယ်နိုင်ဖို့ ဖိုရမ်တစ်ခုထပ်မံဖွဲ့စည်း

    ကချင်ဒေသတွင်း အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကာကွယ်နိုင်ဖို့နဲ့ အမျိုးသမီးတွေအချင်းချင်း ချိတ်ဆက်မှုအားကောင်းအောင် Kachin Women Forum ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။ အထူးသဖြင့် ကချင်ဒေသတွင်း အမျိုးသမီးတွေ ဆုံဖြတ်ပိုင်ခွင့် အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်အောင် ၊ အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်နိုင်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းများ စုဝေးကာ Kachin Women Forum ကို နှစ်စဉ်ပြုလုပ်သွားနိုင်ဖို့ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ထားတာဖြစ်ပါတယ်။ “ကျမတို့ဒေသမှာက အမျိုးသမီးတွေမှာ ခက်ခဲမှုပေါင်းစုံဟုတ်တယ်။ အဲလိုကြားမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေရှိတယ်၊ Gender Base Violence ဖြစ်ရပ်တွေ၊ အခြားခက်ခဲမှုများစွာရှိတာကို ဖလှယ်နိုင်ဖို့၊ အမျိုးသမီးတွေ သူ့ဟာနဲ့သူလုပ်ငန်းတွေတော့ လုပ်နေပေမယ့် ပိုပြီးချိတ်ဆက်မှုအားကောင်းအောင်၊ ကူညီဖေးမနိုင်အောင် ရည်ရွယ်တာဖြစ်တယ်။”ဟု Kachin Women Forum ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှစတင်ပြီး ပြည်တွင်း၊ပြည်ပ ဒေသအသီးသီးမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်များအပါအဝင်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ မြေပြင်မှာရှိနေသော ဒေသခံအမျိုးသမီးများလည်း ပါဝင်တဲ့ လူဦးရေ စုစုပေါင်း ၁၁၉ ဦးမှ Kachin Women Forum ဖြစ်လာဖို့ စတင်ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ ၂၂ ရက်နေ့မှာတော့ Kachin Women Forum ကို ထုတ်ပြန်နိုင်ခဲ့တာလို့ သိရပါတယ်။ ကချင်ဒေသတွင်း ကချင်အမျိုးသမီးများနဲ့သက်ဆိုင်သော အကြောင်းအရာတွေနဲ့ အခက်အခဲ၊ အတားအဆီး စိန်ခေါ်မှုတွေကို အချင်းချင်းဝိုင်းဖွဲ့ ဖလှယ်နိုင်ခဲ့ကြပြီး ဦးစားပေးအဖြစ် အမျိုးသမီးများချိတ်ဆက်မှုမပြတ်အလပ်အောင် လုပ်ငန်းတွေလုပ်ဆောင်သွားဖို့၊ Advocacy လုပ်ငန်းတွေကို ဝိုင်းဝန်းအားစိုက်သွားကြဖို့ ၊ Kachin Women Forum ကို တစ်နှစ်တစ်ကြိမ် လုပ်ဆောင်သွားဖို့ စတာတွေကို လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ Kachin Women…

    Read More »
Back to top button