လိုင်ဇာ KIO အုပ်ချုပ်ရေးရုံးကုန်း ကို မြန်မာစစ်တပ် လက်နက်ကြီးများ ပစ်ခတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ အုပ်ချုပ်ရေးဌာန အနှစ် (၅၀)ပြည့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲကို ပြုလုပ်ရန် ပြင်ဆင်ထားသောနေရာ လိုင်ဇာမြို့ ကုန်းပေါ်ကို နိုဝင်ဘာလ (၇)ရက် ကြသာပတေးနေ့ည က မြန်မာအစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KIO အရာရှိများဆိုပါသည်။ “ယမန်နေ့ည မြန်မာစံတော်ချိန် ည ၁၁ နာရီကျော်လောက်မှာ လိုင်ဇာ DGA (အုပ်ချုပ်ရေး)ကုန်းပေါ်ကို မြန်မာစစ်တပ်မှ လက်နက်ကြီး (၈)ကြိမ်လောက် ပစ်ခတ်လို့ တချို့ ပြေးကုန်ကြတယ်”…