ကချင်စစ်ရှောင်များအတွက် ဆေးဝါးအကူညီများလိုအပ်နေ

ကချင်ပြည်နယ်ရှိ မြို့နှင့်ဝေးကွာသော တောင်ပေါ်ဒေသရှိ စစ်ရှောင်ပြည်သူများအတွက် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့  (Back Pack) ထံမှ သိရသည်။ အင်ဂျန်ယန်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်ရှိ မြို့နှင့်အလှမ်းဝေးသော နေရာမှ စစ်ပြေးဒုက္ခသည်များအတွက် ဆေးဝါးလိုအပ်နေသည့်အကြောင်း Back Pack အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။ “အစားအသောက်တွေ နည်းနည်းပါးပါးရောက်ပေမဲ့ ဆေးဝါးက ရောက်ကို မရောက်နေဘူး။ ဆေးရောက်ခဲ့ရင်လည်း ဆေးကုပေးမယ့် ဆရာမတွေက မရှိပြန်တော့ သူတို့အတွက် အဓိက ကျန်းမာရေးဖြစ်နေတယ်။ မြို့ထဲမရောက်တဲ့သူတို့က…