CEC
-
Jun- 2024 -13 Juneသတင်း
CEC ကျောင်းမှာ ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေ
ကွတ်ခိုင်မြို့ထဲက ရပ်မိရပ်ဖတွေနဲ့ပူးပေါင်းပြီးဖွင့်လှစ်ထားတဲ့ Kachin Education Center ( CEC) ကျောင်းမှာ ဒီနှစ်ကျောင်းသားဦးရေတိုးလာတာကြောင့် စာသင်ခန်းနေရာအခက်အခဲကြုံနေတယ်လို့ သိရပါတယ်။ ဒီကျောင်းကို စတင်ဖွင့်လှစ်ခဲ့ချိန်ကစပြီး မနှစ်ကအထိ ကျောင်းသားဦးရေ ၁၀၀ ဝန်းကျင်ထိသာရှိခဲ့ပေမဲ့ ၂၀၂၄–၂၀၂၅ ပညာသင်နှစ်မှာတော့ ကျောင်းသားဦးရေ ၅၀၀ ခန့်တိုးလာတာကြောင့် စာသင်ဖို့နေရာထိုင်ခင်းအခက်အခဲကြုံနေတယ်လို့ ကျောင်းကော်မတီအဖွဲ့ဝင်တွေက ကချင်သတင်းဌာန Kachin News Group(KNG) ကို ပြောပါတယ်။ “ကျောင်းခန်းအခက်ဖြစ်နေတယ် ကျနော်တို့ ၁ ပတ်အတွင်းမှာပဲ ဘယ်မှာဘယ်လိုသင်ကြမယ်ဆိုတာ ပြင်ဆင်လိုက်နိုင်တော့ ကျောင်းခန်းတွေကဆက်လက်လိုနေတယ်။ ကျနော်တို့ခန့်မှန်းထားတာက ကျောင်းသားဦးရေ ၃၀၀ ကျော်၊ ၄၀၀ တောင်မရောက်လောက်ဘူးလို့ထင်ပြီး အဲလောက်စာပဲ ကျောင်းခန်းစီစဉ်ထားတာ အခုက ၅၀၀ လောက်ရောက်လာတော့ ကျောင်းခန်းအခက်ကြုံနေရတယ်။” လို့ Kachin Education Center ( CEC) ကျောင်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။ ကပ်ကာလနဲ့နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် ကလေးတွေပညာရေးနောက်ကျသွားမှာကိုစိုးရိမ်တဲ့ ကျောင်းသားမိဘတွေနဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့အပါအဝင် အသင်းတော်အဖွဲ့အစည်းနဲ့ ဒေသတွင်းရှိ CSO အဖွဲ့အစည်းတွေပူးပေါင်းကာ ကွတ်ခိုင် Christian Education Centre (CEC) ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကစပြီး စတင်သင်ကြားဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိ KG ကနေ ၉ တန်းထိကို စစ်ရှောင်စခန်း ကွတ်ခိုင်စစ်ဘေးရှောင်စခန်း KBC Camp ၁ က လွတ်တဲ့နေရာမှာနေရာထိုင်ခင်းပြင်ဆင်ပေးပြီး သင်ကြားပေးနေရပြီး ၁၀ တန်းကနေ ၁၂ တန်းကိုတော့ ကွတ်ခိုင် KTC ဓမ္မကောလိပ်ကျောင်းဝင်းဘက် နေရာပြင်ဆင်ထားပေးကာ ကျောင်းသုံးပစ္စည်း၊ ထိုင်ခုံတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။ “ကျမတို့ CEC ကျောင်းဖွင့်လိုက်တော့ အားလုံး တက်တက်ကြွကြွနဲ့ ဘယ်သူမဆို အများကြီး ကျောင်းနာမည်စရင်းတွေ ထည့်သွင်းလာတာက ထူးခြားပြောင်းလဲမှုတစ်ခုဖြစ်တယ်။ TNLA ဘက်ကလည်း အရင်အစိုးရကျောင်းတွေမှာ သူတို့ကျောင်းအဖြစ် ဖွင့်လှစ်နေပြီ။ သူတို့ဆီမှာ တက်တဲ့သူလည်းတက်တယ်။ ဒီကျောင်းကိုလည်း လူမျိုးမရွေး၊ ဘာသာမရွေး အများကြီး ရောက်လာကြတာကတော့ ဒီနှစ်ရဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။” လို့ ကွတ်ခိုင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။…
Read More »