,
ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၂ နှင့် ၉ နယ်မြေတွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ရာ KIA ဘက်မှ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။ ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများမှာ ကချင် စစ်ကိုင်းနယ်စပ် ခန္တီးဒေသ KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ နှင့် ၂၆ တပ်စခန်းများနှင့် တနိုင်းမြို့နယ် KIA တပ်မဟာ ၂ ဌာနချုပ်တို့တွင် ဖြစ်သည်။ ယမန်နေ့ ညနေ ၆ နာရီ
ဖားကန့်မြို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ရင်း ၆ နယ်မြေဘက်သို့ စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်း လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည် "လက်နက်ကြီးသံကတော့ ဟုတ်တယ် တော်တော်များမယ်ဗျ။ ငါးချက်ခြောက် ချက်လောက်ပစ်တယ်။ မနက်ခြောက် နာရီခွဲ လောက်ကပစ်တာ"ဟု ဖားကန့်မြို့နေအမျိုးသားတစ်ဦးကပြောသည်။ KIA တပ်မဟာ ၉ သည် ဖားကန့်မြို့နယ် ကံဆီး (Ginsi) ကျေးရွာဘက်တွင်တည်ရှိသည်။ ယနေ့ နံနက်ပိုင်းတွင် ဖားကန့်မြို့