,
တနိုင်း လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ပြည်သူ့စစ်အဖွဲ့ စိုးမိုးကာ အကျိုးအမြတ်ရနေသော ရွှေတူးဖော်ရေးလုပ်ငန်းအားလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ညွန်ကြားထားသည်ဟု သိရသည်။ (more…)
ပူတာအိုမြို့နယ် လုန်ရှာယန်ကျေးရွာအုပ်စု တန်ဂျာကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ကြား ယနေ့ ညနေ ၅နာရီဝန်းကျင်ခန့်က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်သေဆုံးမှု ၁၅ ဦးထက်မနည်း ရှိခဲ့ကြောင်းသိရသည်။ (more…)
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဆီဘောက်ဆာ ကား ၂စီး ယမန်နေ့က ပစ်ခတ် ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။ (more…)
အာဏာသိမ်းစစ်တပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIO ဗဟိုဌာနချုပ်နယ်မြေသို့ ဧပြီလ ၈ ရက်ညက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ “၈နာရီလောက်မှာ ဒေါ့ဖုန်းယန် Hkang Kai Bum က စစ်တပ်ကလည်းပစ်တယ်။ နောက်ပြီး Hpun Pyen Bum ကသူတွေလည်း ပစ်တယ်။ နေရာအလိုက်ဆိုင်ရင် ၁၀နေရာလောက်မှာ လက်နက်ကြီးတွေ ပစ်တယ်လို့ ပြောလို့ရတယ်”ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက ပြောဆိုသည်။ ယမန်နေ့ည ပစ်ခတ်မှုမှာ
ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းနှင့် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၃၁ ရက်နေ့ နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်သော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အနောက်ဘက် နမ့်ကြိုင်းမှော်ဘက်သို့ တက်လာသော အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ၆ စီးကို မွန်းလွဲပိုင်း ၃ နာရီခန့်တွင် KIA က
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၂ အောက် တပ်ရင်း ၁၄ နှင့် တပ်ရင်း ၁၁ နယ်မြေသို့ ယနေ့ ညနေပိုင်းတွင် အာဏာသိမ်းစစ်တပ်က ဂျက်လေယာဉ် ၂ စီး စီဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ (more…)
ကချင်ပြည်နယ် ဟူးကောင်း လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်-စံပြကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်တွင်ရှိသော ပြည်သူ့စစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်အဖွဲ့ KIA က ယနေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် ၄ နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ စံပြကျေးရွာဖြင့် ၅ဖာလုံခန့် ကွာဝေးသည့်ပြည်သူ့တပ်စခန်းကို ကချင်လွတ်လပ်ရေးအဖွဲ့ KIA ဘက်က မနက်ပိုင်း ၂နာရီခန့်အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၅နာရီအချိန်အထိ လက်နက်ကြီးများဖြင့် အပြန်လှန်ပစ်ခတ်ခဲ့ကြသည်ဟု စံပြဒေသခံတစ်ဦးထံမှ သိရသည်။ “စခန်းသိမ်းတဲ့အထိတော့ ဖြစ်မသွားခဲ့ဘူး။ ပြောရရင် လာထိုးဆွပေးတဲ့
မိုးကောင်း-ကာမိုင်းကြား Nam Shem (နမ်ဟိုင်) ဘွမ့်ရှန်တောင်တွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲဖြစ်ပွားနေချိန် ကာမိုင်းဗျူဟာကုန်းမှ လက်နက်ကြီးပစ်ခတ်မှု ကျေးရွာအတွင်းသို့ ကျရောက်သောကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တာက ကာမိုင်းအကျော် နန့်ဟိုင်အနီးတဝိုက်မှာဖြစ်တယ်လို့တော့သိရတယ်။ ဒါပေမယ့် ကျနော်တို့ ကားမိုင်းဗျူဟာကုန်းကနေ လူနေရပ်ကွက်အတွင်းပြန်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ဘက်ပစ်တာလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိနဲ့ဒေသခံတွေကို ပစ်တာလားတော့မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း နမ့်ခေါင်ကျေးရွာအုပ်စု မန်ဒေါင်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသခံ ၄ ဦးကို တပ်မတော်ဘက်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ (more…)
ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၆ အောက်၊ တပ်ရင်း ၉ နယ်မြေ တီမာ (Dima) ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KIA တို့ ယနေ့ နံနက် ၈ နာရီကစတင်ပြီး တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေသည်ဟု သိရသည်။ (more…)