CRPH နှင့် ဆွေးနွေးရန် ကချင်အမျိုးသားနိုင်ငံရေးညှိနှိုင်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းထား

လက်ရှိနိုင်ငံရေးကြားကာလအခြေအနေတွင် ကချင်အမျိုးသားများကိုယ်စားနိုင်ငံရေးကို ကိုယ်စားညှိနှိုင်းဆောင်ရွက်ရန် Kachin Political Interim Coordination Team ကို ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် မတ်လဆန်းတွင် ကချင်နှင့် ရှမ်းမြောက်ဒေသနှင့် ပြည်ပရောက်ကချင်အဖွဲ့အစည်းတချို့ပါဝင်ကာ အစည်းဝေးပြုလုပ်ခဲ့ပြီးနောက် ယခုလိုထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။ အဆိုပါ KPICT အဖွဲ့သည် လက်ရှိအာဏာသိမ်းသည့် ကြားကာလအခြေအနေတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ဖြင့် ဆွေးနွေးကာ ဖက်ဒရယ်ဒီမိုကရေစီရရှိအောင်စီစဉ်ထားသည်ဟု အဖွဲ့၏ လက်ရှိပြောရေးဆိုခွင့်ရှိသူ…