မူဆယ် Asia World Company တိုးဂိတ်မှာ မိုင်း ပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ Asia World Company တိုးဂိတ်တွင် မိုင်းပေါက်ကွဲမှု တစ်ခု မေ (၁၁)၊ တနင်္လာနေ့ည ဖြစ်ပွားခဲ့သည်။ မြန်မာ–တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းမပေါ် ဘီးခွန်ကောက်ခံနေသော Asia World Company တိုးဂိတ်တွင် ညနေ ၆နာရီကျော်ခန့်မှာ မိုင်း ၁လုံးပေါက်ကွဲမှုဖြစ်ပွားရာတွင် လူ ထိခိုက်သူ မရှိကြောင်း ဒေသခံများ ဆိုပါသည်။ “ဘယ်သူ့လက်ချက် ဆိုတာ မသိဘူး။ ဒါပေမယ့် သူတို့ (ကုမ္ပဏီဂိတ်)ဘက်က အဲဒီ့နေရာမှာ…