TNLA
-
Aug- 2024 -16 Augustဆောင်းပါး
တိတ်ဆိတ်သွားတဲ့ ကွတ်ခိုင်မြို့
အထပ်မြင့် လူနေအိမ် အုတ်တိုက်တွေ၊ ဟိုတယ်တွေ၊ ဈေးဆိုင်တွေအပြင် မီးကြိုးတွေ နှင့် ရှုပ်ရှက်နေတဲ့ဓာတ်တိုင်တွေဟာ ပေ ၃၀ ကျော်လောက်ကျယ်တဲ့ ကတ္တရာလမ်းမကြီးဘေးမှာ နေရာယူလျှက်ရှိပါတယ်။ ကွတ်ခိုင်မြို့ရဲ့ စည်ကားလှတဲ့ ကတ္တရာလမ်းမကြီးတစ်လျှောက်မှာ အခုတော့ လူသူမရှိ တိတ်ဆိတ်ခြောက်ကပ်နေပြီးပဲ့တင်ထပ်လာတဲ့ ဆိုင်ကယ်တစ်စီးရဲ့…
Read More » -
6 Augustသတင်း
TNLA တွေ ထိန်းချုပ်ထားတဲ့ မိုးမိတ်မှာ ဒေသခံတစ်ချို့နေရပ်ပြန်နိုင်ကြပြီ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ထဲက တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံ တစ်ချို့ နေရပ်ပြန်လာကြပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ်မြို့ဆီ ဒေသခံတွေပြန်လာနေကြတာဖြစ်ပြီး မြို့ခံ PDF တွေကသေချာစီစစ်ပြီးဝင်ခွင့်ပြုနေတာလို့ မိုးမိတ်ဒေသခံတစ်ယောက်ကပြောပါတယ်။ “တပ်ကတော့မရှိတော့ဘူး။ မြို့ထဲမှာတော့ မြို့ခံPDF တွေပဲကျန်တော့မှာ တအာင်းတပ်ကလည်း နည်းနည်း ပဲ ကျန်ခဲ့တယ်တဲ့။ မိုးမိတ် PDF တွေကသေချာစီစစ်ပြီးတော့ဝင်ခွင့်ပြုနေတယ်ဗျ။အခုကဒေသခံတွေလည်း တော်တော်များများဝင်ကြတယ် ဈေးရောင်းဈေးဝယ်တို့ ပြည်သူလူထုကတော့ဝင်နေကြပြီ”လို့ပြောပါတယ်။ နေရပ်ပြန်ဝင်လာတဲ့ဒေသခံ ထောင်နဲ့ချီရှိနိုင်တယ်လို့သိရပြီး ဒေသခံဖြစ်တဲ့အစိုးရဝန်ထမ်းတွေနဲ့မိသားစု ဝင်တွေပဲ မြို့ထဲကိုပြန်ဝင်လာတာမတွေ့ရဘူးလို့ဒေသခံတွေကပြောပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်က ဒီရက်ပိုင်းအတွင်းမြောက်ပိုင်းညီနောင်အဖွဲ့တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ လောက်ကိုင်နဲ့ သိန္နီမြို့တို့ကိုလေကြောင်းတိုက်ခိုက်မှုတွေရှိနေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့တွင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက်တော့ အချိန်ယူရအုံးမယ် လို့ ဒေသခံတစ်ယောက်ကအခုလိုသုံးသပ်ပါတယ်။ “တကယ်လို့ပြန်လည်ထူထောင်ရေးလုပ်မယ်ဆိုရင်တော့ စီးပွားရေးသမားတွေကတော့မဖြစ်လောက်တော့ ဘူးထင်တယ်။ အခုကလည်း သိတဲ့အတိုင်းပဲ ကွတ်ခိုင်တို့လောက်ကိုင်တို့အေးအေးဆေးဆေးနေနေတာ တောင် သွားသွားကြဲနေတာဆိုတော့ မိုးကုတ်၊မိုးမိတ်လည်းဘယ်နေပါ့မလဲ”လို့ဆိုပါတယ်။ မိုးမိတ်မြို့တွင်းနဲ့အနီးတစ်ဝိုက်ကတော့ ဖုန်းနဲ့အင်တာနက်လိုင်းတွေပြတ်တောက်နေဆဲဖြစ်ပြီး မိုးမိတ်မြို့နဲ့ ၁၀မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတစ်ချို့မှာတော့ တယ်လီနောဖုန်းလိုင်းတွေရတယ်လို့သိရပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယလှိုင်းအဖြစ် သိမ်းပိုက်နိုင်ခဲ့တဲ့ မိုးမိတ် မြို့သိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေအကြားမြို့တွင်းနဲ့ ဘေးနားမှာရှိတဲ့ မြောက်ပိုင်း၊ လက်ခုပ်တန်း၊ ဒိုးပင်နဲ့ တောင်ကိုင်းစတဲ့ကျေးရွာတွေမှာပျက်ဆီးဆုံးရှုံးမှုတွေများတယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကို ဝင်နိုင်တဲ့လမ်းကြောင်းတွေဖြစ်တဲ့ မန္တလေးတိုင်း မတ္တာရာနဲ့တွင်းငယ်လမ်းပိုင်းတွေကို တော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ပြီးဝင်ထွက်သွားလာခွင့်ပိတ်ဆို့ထားတာကြောင့်အသုံးပြုလို့ မရဘူး လို့သိရပါတယ်။ မိုးမိတ်မြို့ကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ–မန်တုံ၊ မဘိမ်း–မြစ်ဆုံ၊ မိုးကုတ်–မိုးမိတ်၊ တွင်းငယ်–မိုးမိတ် စတဲ့လမ်းပိုင်းတွေကိုအသုံးပြုပြီးသွားလာနိုင်ပေမဲ့ လက်တလောတိုက်ပွဲတွေကြောင့်လမ်းပိုင်းသွားလာခွင့် ကန့်သတ်ချက်တွေတော့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLAပူးပေါင်းအဖွဲ့ တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကစလို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားခဲ့ရာကနေ ဇူလိုင်လ ၃၁ ရက်နေ့မှာ မိုးမိတ်မြို့တစ်မြို့လုံးကို TNLA နဲ့ပူးပေါင်းအဖွဲ့ကသိမ်းပိုက်ထိမ်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ By – အမိုး
Read More » -
6 Augustသတင်း
ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော
သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။
Read More » -
1 Augustတိုက်ပွဲ
မိုးမိတ်မြို့ကို TNLA နဲ့ပူးပေါင်းအဖွဲ့အလုံးစုံသိမ်းပိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့ မနေ့ကပဲ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေအလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးက KNG ကိုပြောပါတယ်။ မနေ့က ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ မိုးမိတ်မြို့တွင်းနောက်ဆုံးကျန်တဲ့ စကခ ၂၁၊ ခလရ ၃၄၈၊ ခလရ ၂၇၆ ခလရ ၂၂၃ တို့ကိုသိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။ “မနေ့က မိုးမိတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကိုရှင်းလင်းပြီးတော့မှ ဒီစခန်းအားလုံးကိုသိမ်း ပိုက်နိုင်ခဲ့တယ်။ လက်ရှိမှာတော့ မိုးမိတ်မြို့ကိုထိန်းချုပ်နိုင်တဲ့အခြေနေဖြစ်ပါတယ်။” လို့ TNLA ပြန်ကြားရေး တာဝန်ခံ မလွေးယေဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ဇွန်လ နောက်ဆုံးအပတ်မှစတင်ကာ တအာင်းတပ် မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က မိုးမိတ်မြို့တွင်းက စစ်ကောင်စီတပ်ဖွဲ့တွေတပ်ပြန်ဆုတ်ခဲ့ကြရပြီး မြို့နဲ့ ၂မိုင် လောက်အကွာမှာရှိတဲ့ ဗျူဟာကုန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ မိုးမိတ်မြို့ရဲ့ အနောက်တောင်ဘက်မှာ မန္တလေးတိုင်း၊ မြောက်ဘက်ခြမ်းမှာတော့ ကချင်ပြည်နယ်၊ အရှေ့တောင်ဘက်မှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာတည်ရှိတာဖြစ်ပြီး စစ်ရေးအရအချက်အချာ ကျတဲ့နေရာလို့ စစ်ရေးနဲ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေကဆိုကြပါတယ်။ “မိုးမိတ်မြို့ကျတော့ တော်တော်လေးအရေးကြီးတဲ့ တည်နေရာမှာပါတာပေါ့နော်။ မိုးမိတ်မြို့ဟာ ကချင်ပြည်နယ် မပခရဲ့ လက်အောက်ခံဖြစ်ပေမဲ့ တိုင်း ၃ ခုပေါ့နော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရယ် ၊ မပခ ရယ်၊ ရမခ ရယ် ၃ခုရဲ့ တည်နေရာလို့တောင်ပြောလို့ရတယ်။ အရေးကြီးတဲ့နေရာလည်းဖြစ်တာမို့ အခြေချစစ်ဗျူဟာ တောင်အခြေချထားတယ်။ တစ်ခြားသူ့လက်အောက်မှာလည်း တပ်ရင်းတွေရှိတယ်။ တောင်ဘက်မှာ ဆို မိုးကုတ်၊ မဘိမ်း၊ ကချင်တောက်လျှောက်ပေါ့၊ နောက်ပြီး မိုးမိတ်နဲ့ မဘိမ်းကြားမှာဆို ရေအားလျှပ်စစ်တွေ ရှိတယ်။ နောက်ပြီးတော့ အရှေ့ဘက်ခြမ်းဆိုမန်တုံပေါ့နော် ဆိုတော့ တော်တော်လေး ဗျူဟာကျတဲ့ နေရာ လို့ သုံးသပ်ပါတယ်။”လို့ အမည်မဖော်လိုတဲ့နိုင်ငံရေးနဲ့စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။ မိုးမိတ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို မြို့ကို KIA ဘက်က ထိန်းချုပ်နိုင်ခဲ့ပြီးမှ တပ်ပြန် ဆုတ်ခဲ့ရတာဖြစ်ပါတယ်။ မိုးမိတ်မြို့ကို တအာင်းတပ်မတော် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ MOD PDF ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ ဒုတိယအပိုင်းစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး ပထမအကြိမ် KIA နဲ့ တိုက်ပွဲကတည်းက ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ မိုးမိတ်မြို့ကို စစ်ကောင်စီက ဒီတစ်ကြိမ်တော့ တော်လှန်ရေး အင်အားစုတွေလက်ထဲ လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။ အခုလိုမိုးမိတ်မြို့ကိုသိမ်းပိုက်ပြီးတဲ့နောက်မှာတော့ တအာင်းတပ်မတော် TNLA နဲ့ပူးပေါင်းအဖွဲ့တို့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း မန္တလေးတိုင်းထဲက မိုးကုတ်၊ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုမြို့နဲ့ တတိယမြို့ အဖြစ် မိုးမိတ်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA နဲ့ ပူးပေါင်းအဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းဟာ တစ်လကျော်ရှိလာပြီ ဖြစ်ပြီး မြို့ကြီး ၃မြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပေမဲ့ အရပ်သားသေဆုံးမှုနဲ့ နေအိမ်အဆောက်အဦးပျက်ဆီး ဆုံးရှုံးမှုတွေ များပြားခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ဇွန်လ ၂၅ ရက်နေ့ကနေ ဒီနေ့အထိ ရှမ်းမြောက်တစ်ခွင် စစ်ကောင်စီရဲ့ လက်နက် ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ရပြီး ဘုန်းကျောင်း စာသင်ကျောင်း နဲ့ အရပ်သားနေအိမ် ၁၀၅ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။ By – အမိုး
Read More » -
Jul- 2024 -19 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၃ ဦးနဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦး ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦး တစ်ရက်ကြာချူပ်နှောင်ခံရပြီးနောက် ပြန်လွတ်ပေးခဲ့ပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ နမ်လာ(namlalawk)ရပ်ကွက် မနောမြေစားသောက်ဆိုင်မှာ ထိုင်နေကြတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးနဲ့ ကချင်လူငယ် ၃ ဦးကို TNLA တပ်ဖွဲ့က ဇူလိုင် ၁၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ရိုက်နှက်ဖမ်းဆီးသွားရာ ဇူလိုင်လ ၁၆ ရက် ညနေ ၃ နာရီဝန်းကျင် ပြန်လွတ်လာပြီလို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “လူငယ်တွေ ပြန်လွတ်လာပြီ ဇူလိုင် ၁၇ ရက် ညနေ ၃ နာရီခွဲလောက်မှာ ပြန်လွတ်ပေးတယ်။ သတင်းတွေတက်လာတာကြောင့်ဖြစ်မယ်။ သူတို့က ပြန်လာခေါ်ယူခိုင်းလိုက်တယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ပြောပါတယ်။ လူငယ် ၆ ဦး ဖမ်းဆီးခံရပြီးနောက် ဇူလိုင် ၁၆ ရက်နေ့ နမ္မတူက ရပ်မိရပ်ဖတွေနဲ့ မိသားစုဝင်တွေ တွေ့ဖို့လိုက်သွားပေခဲ့ပေမဲ့ TNLA က မပေးတွေ့ပဲ ဇူလိုင် ၁၈ ရက်နေ့လာတွေ့ဖို့ ပြောခဲ့တာဖြစ်ပါတယ်။ အလားတူ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့ ည KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး TNLA က နမ္မတူမြို့ တည်းခိုခန်းတစ်ခုကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်နေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်ပေးခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်တွေနည်းတူ လားရှိုးမြို့အရှေ့ဘက် မိုင်းယော်အနီး ပန်ရှော်(Bangshau)ကျေးရွာအုပ်ချူပ်ရေးမှူးကို TNLA က ဇွန်လ ၉ ရက်နေ့မှာဖမ်းဆီးသွားပြီး တစ်လအကြာ ဇူလိုင် ၁၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့ပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ဖမ်းဆီးခံပြည်သူတွေ TNLA လက်မှ ပြန်လည်လွတ်မြောက်လာတာဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့်လည်း ပါဝင်တယ်လို့ ပြောဆိုကြပါတယ်။ “သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြမှု၊ အသံထွက်မှုကြောင့် အများပြည်သူသိလာရခြင်းကြောင့် ပြန်လွတ်မြောက်လာခြင်းဖြစ်တယ်။ သတင်းမီဒီယာရဲ့ တစ်ဖက်တစ်လမ်းပါဝင်မှုအားဖြင့် ကျနော်တို့ ဒေသခံပြည်သူတွေကို တတ်နိုင်သလောက် ဆက်လက်ဝိုင်းဝန်းကာကွယ်ကြရအောင်။”လို့ ရှမ်းမြောက်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ကချင်သတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေလဆန်းပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာအနီး ခိုမုန်းကျေးရွာက ကချင်အမျိုးသမီးတစ်ဦးကို ကိုးကန့် MNDAA က ဖမ်းဆီးသွားပြီး တစ်လကြာ ချူပ်နှောင်ထားပြီးနောက် ဇွန်လ ၂ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ ရှမ်းမြောက်မှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အရပ်သားပြည်သူတွေကို တပ်သားသစ်အဖြစ်ရိုက်နှက်ဖမ်းဆီးတာ၊ဖမ်းဆီးခံရပြီး လက်လွန်အသက်သေဆုံးတာ၊ လူသူမသိ ပစ်ခတ်သတ်ဖြတ်ပြီး အလောင်းဖျောက်လိုက်တဲ့ဖြစ်စဉ်တွေမကြာခနကြုံတွေ့နေကြရပြီး ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတာလည်း ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
17 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး
လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ ၊ နမ်လာ(Namlalawk)ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။ “အဲဒီညက ၉ နာရီနဲ့ ၁၀ နာရီကြားမှာ သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင်အကြောင်း ပြောမိဆိုမိကြပုံပဲ။ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အတကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA ကရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ပြီး ၃ ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းနဲ့ မြို့ထဲရောက်တုန်း သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေချိန် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရပါတယ်။ အဲဒီလူငယ်တွေဖမ်းခံရပြီး နောက်နေ့ ဇူလိုင် ၁၆ ရက်နေ့မှာ မိသားစုဝင်တွေ နဲ့ ရပ်မိရပ်ဖိတွေ သွားတွေ့ဖို့ လိုက်သွားပေမဲ့ TNLA ဘက်က တွေ့ခွင့်မပေးပဲနောက် ဇူလိုင် ၁၈ ရက်နေ့လောက်မှာ ပြန်လာတွေ့ဖို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။ “ကျနော်စဉ်းစားမိတာတစ်ခုက သူတို့ခြေလွန်၊လက်လွန် အတကုန်ရိုက်နှက်မိလိုက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလို့ မပေးတွေ့တာလားလို့ တွေးမိတယ်။ အခုသူတို့ကို နမ္မတူအချူပ်ထောင်မှာဖမ်းထားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ လူငယ်တွေကို ဘာကြောင့် ရိုက်နှက်ဖမ်းဆီးထားရကြောင်းနဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့နဲ့ နမ္မတူမြို့ရှိ TNLA တာဝန်ရှိသူတစ်ချို့ကို KNG သတင်းဌာနက ဆက်သွယ်ကြိုးစားနေပေမဲ့ လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က နမ္မတူမြို့ထဲမှာ ဝင်ရောက်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင် ၁၀ ဦးကို TNLA က ဖမ်းဆီးသွားပြီး နောက်နေ့မှာပဲ သက်ဆိုင်ရာ KIA လူကြီးတွေလာရောက်တွေ့ဆုံ ဆွေးနွေးပြီး ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။ KIA တပ်ဖွဲ့ဝင်တွေကို TNLA ရဲ့ ခွင့်ပြုခြင်းမရှိပဲ နမ္မတူမြို့ထဲ ဝင်ခွင့်မပြုတာတွေ၊ KIA တွေကို ဝတ်စုံယူနီဖောင်းနဲ့ မြို့တွင်းဝင်ခွင့်မပြုပဲ ဂိတ်မှာတားဆီးပိတ်ပင်တာတွေကို TNLA ပြုလုပ်နေကြောင်း တွေ့မြင်တဲ့ ဒေသခံတွေက KNG သတင်းဌာနကို ပြောပါတယ်။ နမ္မတူမြို့ထဲမှာ ဒေသခံကချင်အမျိုးသမီး မုဆိုးမသားအမိရဲ့ အိမ်ခြံဝင်းကို TNLA က အတင်းအဓ္ဓမ သိမ်းယူပြီး ဂိတ်တည်ဆောက်လိုက်ကာ တပ်ချလိုက်တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာတင်ဖြစ်ပွားခဲ့ပါတယ်။ “နမ္မတူမြို့ထဲက ဒေသခံလူမျိုးပေါင်းစုံပဲ။အားလုံးပြောဆိုနေကြတာက ကျနော်တို့လိုချင်တာက ဒီမိုကရေစီဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကွန်မြူနစ်ပုံစံလုပ်နေတယ်။ ဆိုတော့ ဒီ TNLA နဲ့ ပြည်သူလူထုတွေ တစ်နေ့တော့ ထိတွေ့ရမဲ့အချိန်ရောက်အုံးမယ်လို့ ခံစားနေကြတယ်။ အရင်က စကစထက် ပိုကြမ်းတမ်းတယ်။ ပိုကြပ်တယ်၊ အခွန်လည်းအရမ်းကောက်တယ်။ သွားလာရေးမှာလည်း လွတ်လပ်မှုမရှိဘူး။ ပိုအသက်ရှူကြပ်သလိုခံစားရတာလို့ အားလုံးပဲပြောနေကြတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တွေဘက်က သိမ်းယူထိန်းချူပ်နေတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား အဆင်မပြေမှုတွေ၊ TNLA နဲ့ ကိုးကန့် MNDAA တွေရဲ့ အုပ်ချူပ်မှုပုံစံအပေါ် ပြည်သူတွေ ဝေဖန်ပြောဆိုနေတာတွေ များစွာ ရှိနေတာလည်းဖြစ်ပါတယ်။ By – ဂျာဘောက်ရာ
Read More » -
17 Julyသတင်း
အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။ မနေ့ကညပိုင်း ၈ နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ် ၄ မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ ၄ ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ By – အမိုး
Read More » -
11 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းမှာလာရောက်တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ အဲဒီနောက် ဒီနေ့မနက် မိုးမိတ်ဘက်က သက်ဆိုင်ရာ KIA အရာရှိတွေရောက်လာပြီး နှစ်ဖက်တပ်ဖွဲ့အကြားတွေ့ဆုံညိနှိုင်းခဲ့ရာ ပြေလည်သွားတာကြောင့် မွန်းလွဲပိုင်း ၁ နာရီခွဲမှာ ပြန်လွတ်ပေးပြီဖြစ်တယ်လို့ နမ္မတူဒေသတာဝန်ခံ KIO အရာရှိတစ်ဦးက ကချင်သတင်းဌာန KNG ကို ခုလိုပြောပါတယ်။ “အားလုံး ၁၀ ယောက်ဖြစ်တယ် မနေ့ည ၁၁ နာရီကျော်မှာဖမ်းသွားတယ် ဖမ်းခံရချိန် ဒို့ဘက်က အရာရှိလည်းပါတော့ သူတို့ကို ပြောတော့ပြောပေမဲ့ သူတို့မသိလို့ထင်တယ်။ KIA တပ်ဖွဲ့ဝင်တွေဟုတ်မှန်း သူတို့သိပ်မယုံလိုက်လို့ ထင်တယ်။ အခုဒီနေ့တော့ အချင်းချင်းသက်ဆိုင်ရာတွေ တွေ့ဆုံကြပြီး ၁ နာရီ ၂၁ မိနစ်မှာ ပြန်လွတ်ပေးပြီ။” လို့ နမ္မတူဒေသ တာဝန်ရှိသူ KIO အရာရှိတစ်ဦးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ မိုးမိတ် KIA တပ်ရင်း ၁၄ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး သေနတ်တိုပါတဲ့အကြောင်းပြချက်နဲ့ TNLA ဘက်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုကြောင်း သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ဖမ်းဆီခံရချိန် KIO၊KIA အရာရှိနဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း သက်သေပြပြောဆိုတာတွေရှိခဲ့ပေမယ့် TNLA ဘက်က မြို့တွင်းပုံမှန်စစ်ဆေးရေးလုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွင်း ဖမ်းဆီးမိလိုက်ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး အချင်းချင်းပြေလည်သွားပြီဖြစ်တယ်လို့ KIO အရာရှိဘက်က အခုလို ဆက်ပြောပါတယ်။ “သူတို့လည်း ဒို့လူဖြစ်မှန်းသေချာသိပြီဆိုတော့ ဒို့ဆီကို ပြန်အပ်ပေးတယ်။ အချင်းချင်း ပြေလေအောင် အဆင်ပြေအောင် ၊ အချင်းချင်းပြဿနာတွေ ထပ်မပွားအောင် ပြုလုပ်ကြတာဖြစ်တယ်။ TNLA ဘက်ကလည်း အမြဲတမ်းပုံမှန်လုပ်ဆောင်နေတဲ့ လုပ်ငန်းအတွင်း ဖမ်းဆီးမိလိုက်တယ်လို့ ပြောပါတယ်။ ည ည ဆို သူတို့လည်း အဲလို တည်းခိုခန်းတွေမှာ ပုံမှန်စစ်ဆေးတာတော့ရှိတယ်ပြောတယ်။” လို့ ပြောပါတယ်။ တစ်ဖက်မှာလည်း ဒေသခံတချို့ သုံးသပ်ပြောဆိုတာကတော့ နမ္မတူမြို့ထဲကို KIO/KIA တပ်ဖွဲ့ဝင်တွေ ခွင့်မရှိပဲဝင်လာတာကြောင့် TNLA ဘက်က ဖမ်းဆီးခြင်းဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ နမ္မတူမြို့ကို TNLA ဘက်က ထိန်းချူပ်ထားပြီးနောက် မြို့အဝင်ဂိတ်မှာ KIA/KIO တပ်ဖွဲ့ဝင်တွေကို ယူနီဖောင်းဝတ်စုံနဲ့ ဝင်ခွင့်မပြုပဲ တာဆီးပိတ်ပင်မှု ပြီးခဲ့တဲ့လတွေမှာလည်း ရှိခဲ့ပါတယ်။ နမ္မတူမြို့နဲ့ မန်တုံဒေသတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့အချင်းချင်း နယ်မြေပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ် အချင်းချင်းပြေလေအောင် ကြိုးစားနေတဲ့အခြေအနေမှာရှိတယ်လို့ နှစ်ဖက်တပ်ဖွဲ့က ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ
Read More » -
9 Julyသတင်း
မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။ သေဆုံးခဲ့ရသူတွေဟာ လက်ခုတ်ပင် အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ဦးကျော်ဦး ၆၅ နှစ် နဲ့ မြောက်ပိုင်းရပ်ကွက်က ကိုနိုင်ဦး ၅၅ နှစ် သေဆုံးခဲ့ရတာလို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့နယ်မှာ လက်တလောဖုန်းလိုင်းအားလုံးပြတ်တောက်နေသလို ကုန်စည်အဝင်လည်းမရှိတော့သလို တစ်ဖက်မှာ သောင်းနဲ့ချီတဲ့ဒေသခံတွေကလည်း တိုက်ပွဲတွေနဲ့လွတ်ကင်းတဲ့နေရာတွေကို ထွက်ပြေးနေကြရပြီး ဖုန်းအဆက်အသွယ်ခက်ခဲလို့ သူတို့အခြေနေအသေးစိတ်ကိုသိရဖို့ KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။ “ရှောင်ကြတာကတော့ အောက်ပိုင်းရွာတွေပါပဲပြန်ရှောင်ကြတာပေါ့ စစ်မဖြစ် နိုင်တဲ့အခြမ်းတွေ ပေါ့ မြို့ရဲ့တောင်ဘက်ခြမ်းဖြစ်နိုင်တယ်ဆိုရင် တောင်ဘက်ကိုပြေးပေါ့ ဒီလိုပဲကြည့်ပြီးရှောင်ရတာ ပေါ့ ကျနော်တို့မြို့ကကြေမှာ အထိုင်တပ်က မြို့နဲ့ ၂ မိုင်လောက်ပဲရှိတာ အဲ့ကိုကျသွားမတိုက်ကြဘူး မြို့ထဲပဲခိုပြီးတိုက်တော့ မြို့ကကြေမှာပဲ“ လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဘက်ကတော့ လက်ခုပ်တန်း၊ ရွှေဇာလီ နဲ့မိုမိတ်တံတားတစ်ဝှိုက်မှာ အဓိက စစ်ရေး လှုပ်ရှားတာတွေရှိသလို မြေပြင်ရောလေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့သိရ ပါတယ်။ မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့အကြား ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် နေ့ကစလို့ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းရဲ့ စစ်ဆင်ရေးအဖြစ် တိုက်ပွဲက တကျော့ပြန်ဖြစ်ပွားနေတာဖြစ်ပါတယ်။ တအာင်းတပ်မတော် TNLA ဘက်က မိုးမိတ်မြို့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း လက်ခုတ်တန်း နဲ့ လယ်ကြီးရွာဘက်က တပ်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ညကတိုက်ခိုက်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေအထိုင်ချထားတဲ့ မိုးမိတ်မြို့နယ် ထဲက ရွှေသာယာတပ်စခန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ By – အမိုး
Read More » -
Jun- 2024 -28 Juneသတင်း
ဂါလိုင်(Galeng)စာသင်ကျောင်းဖွင့်ဖို့ ကျောင်းကော်မတီနဲ့ TNLA တို့ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်းဖွင့်ဖို့ ဒေသခံကျောင်းသားမိဘတွေ နဲ့ TNLA ဆက်ပြီးဆွေးနွေးနေဆဲဖြစ်တယ်လို့ ကျောင်းတာဝန်ရှိသူတွေထံကနေ သိရပါတယ်။ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က ဇွန်လ ၂၃ ကျောင်းကိုအတင်းပိတ်ပေးလိုက်ပြီးနောက် ဇွန်လ ၂၆ ရက်နေ့မှာတော့ TNLA အထက်အရာရှိတွေနဲ့ ကျောင်းတာဝန်ခံတွေ တွေ့ဆုံဆွေးနွေးရာ ဂါလိုင်ကျောင်းဖွင့်ဖို့ TNLA ရဲ့ပညာရေးကောင်စီ TLEC ထံခွင့်တောင်းစာတင်ပြီး TLEC ချပေးတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကျောင်းဖွင့်ခွင့်ပေးမယ်လို့ ပြောဆိုခဲ့တာကြောင့် ကျောင်းတာဝန်ခံတွေနဲ့ KIO ဘက်က ဆက်လက်ညှိနှိုင်းဖို့လိုအပ်နေသေးတာဖြစ်တယ်လို့ ပြောပါတယ်။ နောက်ဆုံးညှိနှိုင်းထားတဲ့အခြေနေမှာတော့ နမ့်ဖတ်ကာမှာ KIA ရဲ့ခွင့်ပြုချက်နဲ့ TNLA ကျောင်း ၂ ကျောင်းဖွင့်ထားတာကြောင့် ကွတ်ခိုင်မြို့နယ် ဂါလိုင်မှာလည်း ပညာရေးကျောင်းဖွင့်ချင်ပါက TNLA ရဲ့ ပညာရေးဌာနဖြစ်တဲ့ TELC ကနေ ခွင့်ပြုမှဖွင့်ရမယ်ဆိုတဲ့အကြောင်း ပြောဆိုထားတယ်လို့ ဂါလိုင်အလယ်တန်းကျောင်းတာဝန်ခံတစ်ဦးက Kachin News Group ( KNG) ကို ပြောပါတယ်။ “ကျနော်တို့အတွက်က ဒီကျောင်းကအရင်ကတည်းက KIO အစိုးရအောက်သင်ကြားနေပြီးသားကျောင်းဖြစ်တာကြောင့် ဟိုကကျောင်းနဲ့ နှိုင်းယှဉ်လို့မရနေတာနဲ့ ကျနော်တို့လည်းအခု ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ ညှိနေရတုန်းဖြစ်တယ်။ ပုဂ္ဂလိကကျောင်းဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီး ညှိနှိုင်းရအုံးမယ်။ သူတို့ပြောသလို စာတင်တာတွေတော့ မလုပ်သေးဘူး” လို့ ပြောပါတယ်။ ဂါလိုင်ကျေးရွာ အလယ်တန်းကျောင်းကို ဇွန်လ ၂၃ ရက်နေ့ညက TNLA ဘက်က အင်အား ၄၀ ဝန်းကျင်နဲ့ကျောင်းကိုရောက်လာပြီး ကျောင်းတံခါးအားလုံးကို သစ်ပြား နဲ့ ရိုက်ပြီးပိတ်လိုက်တဲ့အပြင် ကျောင်းဝင်းထဲက ဆရာ၊ ဆရာမိသားစုတွေကိုလည်း အပြင်ကို မောင်းထုတ်ကာ ကျောင်းရှေ့မှာလည်း လွှင့်ထူထားတဲ့ ကချင်အမျိုးသားအလံကိုလည်း ဖြုတ်သိမ်းပေးလိုက်တယ်လို့ ဆိုပါတယ်။…
Read More »









