ကာမိုင်း
-
May- 2026 -27 Mayသတင်း
KIA က ဖားကန့်လမ်းပိုင်း ယာယီပြန်ဖွင့်ပေး
ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားလာခွင့်ပိတ်ထားတဲ့ ကားမိုင်း–နန့်ယား–ဖားကန့်လမ်းပိုင်းကို မေ ၂၈ ရက်နေ့ကစပြီး ၁၀ ရက်ကြာ ယာယီသွားလာခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဖားကန့်ဒေသထဲမှာ နေထိုင်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ကျောင်းဖွင့်ချိန်အတွင်း လွတ်လပ်စွာ သွားလာနိုင်ဖို့ အခုလို…
Read More » -
11 Mayသတင်း
ဖားကန့်တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရတဲ့ တပ်သားတွေကို စစ်တပ်က သယ်ထုတ်ယူ
ဖားကန့်မှာ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို မေလ ၁၀ ရက်နေ့မှာ သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
Read More » -
7 Mayသတင်း
ဖားကန့်မှာ ကုန်စျေးနှုန်းအဆမတန်မြင့်တက်၊ ကြက်ဥတစ်လုံး ၁၅၀၀ အထိရှိ
ကားမိုင်း - နန့်ယား ဖားကန့်လမ်းပိုင်းပိတ်လိုက်တဲ့နောက် ဖားကန့်ဒေသအတွင်း ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေပြီး စားသောက်ကုန်တစ်ချို့ပြတ်လပ်သွားတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေသိရပါတယ်။
Read More » -
Aug- 2025 -27 Augustသတင်းဆောင်းပါး
စစ်ရေးအရှိန်ပိုပြင်းထန်လာတဲ့ ဖားကန့်ဒေသ ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ
စစ်တပ်အာဏာပြန်ရဖို့ အပြင်းထန်ကြိုးပမ်းနေတဲ့ ကချင်ပြည်နယ်ရဲ့ အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ စစ်တပ်က အင်အားထောင်ချီဖြည့်တင်းနေရာယူလိုက်ပြီးနောက် ဖားကန့်ပြည်သူတွေကြား စစ်ရေးစိုးရိမ်မှုဟာ တစ်ထစ်တိုးလို့လာပါတယ်။ လတ်တလော ဖားကန့်ဒေသထဲကို ဝင်ရောက်ထားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့ပြန်ရဖို့နဲ့ စစ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အပြင် ကားမိုင်း…
Read More » -
21 Augustသတင်း
ကားမိုင်းကနေ ဖားကန့်မြို့ဝင်အထိ စစ်တပ်က စစ်အင်အား ရာနဲ့ချီ နေရာယူထား
ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်ကောင်စီတပ် ၁၀ ရက်ကျော်အတွင်းမှာပဲ စစ်ကြောင်း ၂ ကြောင်းထိုးတက်လာပြီး ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံနဲ့ လုံးခင်းကျေးရွာအထိ လမ်းကြောင်းအားလုံးကို စစ်တပ်ကနေရာယူထားတယ်လို့ သိရပါတယ်။ ဩဂုတ်လ ဆန်းပိုင်းမှာ စစ်အင်အား ၃၀၀…
Read More » -
15 Augustသတင်း
ဖားကန့် – ကားမိုင်းလမ်းပိုင်းမှာ ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံး
ဖားကန့်မြို့နယ်ကိုဝင်ရောက်နိုင်တဲ့လမ်းကြောင်းတစ်ခုဖြစ်တဲ့ ဖားကန့်–ကားမိုင်းလမ်းပိုင်းက နန့်ယားကျေးရွာတစ်နေရာမှာတိုက်ပွဲကြောင့်ပိတ်မိနေတဲ့ကားတစ်စီး ဒရုန်းဗုံးသီးထိမှန်လို့ ကားသမားတစ်ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ မနေ့က ဩဂုတ်လ ၁၄ ရက်နေ့မွန်းလွှဲပိုင်းလောက်မှာ စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်တွေအကြား နန့်ယားကျေးရွားတစ်ဝှိုက်တိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပြီး ခရီးသွားကားတွေပိတ်မိနေခဲ့ကြချိန်မှာ အခုလိုဖြစ်စဥ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်နောက်ထပ်ခရီးသွားသုံးယောက်ကလည်း ထိခိုက်ဒဏ်ရာတွေပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။ “ကာမိုင်းလမ်းကြောပေါ်ပေါ့လေ ဒရုန်းဗုံးထိတာ။…
Read More » -
14 Augustသတင်း
ကားမိုင်း-နန့်ယားကြား တိုက်ပွဲပြင်းထန်နေ
ဖားကန့်ကို ဦးတည်ပြီး စစ်ကြောင်းထပ်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို လမ်းကြောင်းတစ်လျှောက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်က ခုခံတိုက်ခိုက်နေတဲ့အတွက် ဒီကနေ့ ဩဂုတ်လ ၁၄ ရက်နေ့အထိ နှစ်ဖက်တပ်အပြန်အလှန် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ ကားမိုင်း ၊ မိုးကောင်းမြို့နယ် ဘက်ကနေ စစ်အင်အား…
Read More » -
12 Augustသတင်း
ကားမိုင်း – နန့်ယားတစ်ကြောမှာ တပ်ပြန်ထိုင်နိုင်ဖို့ စစ်တပ်က စစ်ကြောင်းပြန်ထိုးလာ
ကားမိုင်း – နန့်ယား ဖားကန့်လမ်းတစ်လျှောက်ကို စစ်တပ်က တပ်နေရာ ပြန်လည်အထိုင်ချဖို့ စစ်အင်အားရာနဲ့ချီရှိတဲ့ စစ်ကြောင်းက ယခုရက်ပိုင်းအတွင်း ပြန်တက်လာတဲ့အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲပြန်လည် ပြင်းထန်လာနိုင်ခြေရှိတယ်လို့ သိရှိရပါတယ်။ ဖားကန့်လမ်းကို စစ်တပ်က ပြန်လည်ဖွင့်ပေးလိုက်တဲ့နောက်…
Read More » -
5 Augustသတင်း
ကားမိုင်း – နန့်ယားလမ်းကို စစ်တပ်က ဆန်၊ ဆေးဝါးနဲ့ အမျိုးသမီလစဉ်သုံးပစ္စည်းတွေကို သယ်ယူခွင့်ကန့်သတ်ထား
ဖားကန့်မြို့နယ် ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်တပ်က လမ်းပြန်ဖွင့်ပေးလိုက်ပေမယ့် ဆန်နဲ့ အခြား အခြေခံစားသောက်ကုန်တစ်ချို့ကန့်သတ်ချက်နဲ့သာသယ်ယူခွင့်ပြုထားတယ်လို့ သိရပါတယ်။ စစ်ရေးကြောင့် လေးလကျော်အကြာ နှစ်ဖက်တပ်ပိတ်ဆို့ထားတဲ့ ဖားကန့်လမ်းပိုင်းကို ဇူလိုင်လ ၃ ရက်နေ့ ပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်ပစ္စည်းအားလုံးကို…
Read More » -
2 Augustသတင်း
ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်း စစ်တပ်က ပြန်ဖွင့်
လေးလခန့်အကြာ ပိတ်ဆို့ထားတဲ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဒီကနေ့ ဩဂုတ်လ ၂ ရက်နေ့ မှာ ကုန်ပစ္စည်းတင်တဲ့ ကုန်ကားတစ်ချို့ ဖားကန့်ထဲကို ဝင်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ ကားမိုင်း…
Read More »







