ငှက်ပျောခြံ

  • Feb- 2026 -
    2 February
    သတင်း

    ဝိုင်းမော်မှာ အခွန်ကောက်သောင်းကျန်းတဲ့ ပြည်သူ့စစ်ဂိတ်နှစ်ခု KIA သိမ်းပိုက်

    ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ် မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာနှစ်ခုကြား အခွန်ကောက်သောင်းကျန်းတဲ့ လီဆူပြည်သူ့စစ်ဂိတ်နှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သွားရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မိုင်းနားနဲ့ ဝါးရှောင်ကျေးရွာကြားရှိ ငှက်ပျောခြံသွားတဲ့လမ်းပေါ် နဲ့   င်္သီချောင်းတံတားမှာ တပ်ချထားတဲ့ နှစ်ခုစလုံးကို  KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စစ်တပ်စခန်းဆိုတာက ပိုက်ဆံကောက်နေတဲ့ ဂိတ်နေရာဟုတ်တယ်။ မိုင်းနားကနေ သွားရင် ငှက်ပျောခြံထဲမှာ ပြည်သူ့စစ်ဂိတ်ရှိနေတာဟုတ်တယ်။ ပြီးရင် အဲဒီအကျော်မှာ ကွန်ကရက်တံတားတစ်ခုလည်းရှိတယ်။ အဲ့မှာ စစ်တပ်တွေထိုင်တာဟုတ်တယ်။ အဲဒီနေရာနှစ်ခုစလုံးကို သိမ်းလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။ လက်ရှိ KIA တပ်ဘက်က သိမ်းပိုက်လိုက်တဲ့ ဂိတ်စခန်း နှစ်ခုစလုံးဟာ ၂၀၂၄ ခုနှစ်ထဲမှာ KIA သိမ်းပိုက်နေရာထဲမှာပါဝင်ပြီးတော့  ၂၀၂၅ ခုနှစ်ထဲမှာ ယာယီဆုတ်လိုက်ရတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဂိတ်နေရာ နှစ်ခုစလုံးမှာ စစ်တပ်နဲ့ လီဆူပြည်သူ့စစ်တွေပူးပေါင်းပြီး တပ်အထိုင်ချထားကာ လမ်းသွားလမ်းလာ အိမ်စီးကားမကျန် ဖြတ်သန်းခွင့် ကောက်ခံတဲ့ ဂိတ်နေရာဖြစ်တယ်လို့ ပြောပါတယ်။ လီဆူပြည်သူ့စစ်ဂိတ် နှစ်ခု KIA သိမ်းပိုက်လိုက်တာနဲ့ ပတ်သက်ပြီး ငှက်ပျောခြံမှာရှိတဲ့ ပြည်သူတစ်ဦးက “ဟုတ်တယ်တဲ့ ဆိုလာပြားဆိုဒ်လို့လည်းခေါ်တယ်။ အဲ့မှာသွားပစ်တာ လှမ်းပေးကြည့်သလောက် သိမ်းလိုက်တာကသေချာတယ်”လို့ပြောပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေဘက်ကနေ ဂိတ်စခန်းနှစ်ခုလက်လွတ်လိုက်ရတဲ့အတွက် ဒီကနေ့ မနက်ပိုင်း တိုက်ပွဲဖြစ်ပွားချိန်ကတည်းကနေ ၁၁ နာရီဝန်းကျင်အထိ ဝိုင်းမော်မြို့ထဲကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဝိုင်းမော်ဒေသခံတွေပြောပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက KIA ထိန်းချုပ်ထားတဲ့ လမြန်ကျေးရွာအထက်ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာဖြစ်သလို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထဲမှာလည်း လမြန်ကျေးရွာအနီးတဝိုက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းအတွင်းကနေ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)၊ ဝိုင်းမော် ခလရ ၅၈ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ပေးပြီး ပြည်သူ့စစ်အဖွဲ့တွေကို မြေပြင်စစ်ကြောင်းကနေ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Jan- 2025 -
    21 January
    သတင်း

    စစ်ကောင်စီ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ဝိုင်းမော်မြို့ ငှက်ပျောခြံတစ်ခုမှာ အမျိုးသားတစ်ဦး သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ငှက်ပျောခြံတစ်ခုမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အချို့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု ကျမ်းခမ်းကျေးရွာ ဝေဆာမနောမြေ ငှက်ပျောခြံလုပ်ကွက်မှာ လက်နက်ကြီး…

    Read More »
  • Jun- 2024 -
    14 June
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ လဘန်ရွာ၊ ညပိုင်း ၈ နာရီလောက်မှာ မိုင်းနား ရေကန်ကြီးကျေးရွာတို့မှာကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးရေးမှာပါဝင်ခဲ့သူ အမျိုးသားတစ်ယောက်ကKNG ကိုပြောပါတယ်။ “ညပိုင်း ၈နာရီလောက်မှာတစ်ကြိမ် ၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ကူညီတာကအဲ့တစ်ခုရယ် မနေ့က တစ်ရက်တည်း မနက်ပိုင်း ၈ နာရီလောက်မှာလည်းတစ်ကြိမ် တစ်ယောက်ထိတယ်။ ကျနော်တို့ ကူညီခဲ့တာ အဲ့တာပါပဲ” လို့ပြောပါတယ်။ မိုင်းနား ရေကန်ကြီးကျေးရွာက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်မှာတော့ မိုင်းနားကျေးရွာ ရေကန်ကြီး ငှက်ပျောခြံလုပ်သားဇနီးမောင်နှံနှစ်ယောက်နဲ့ လဘန်ကျေးရွာလက်နက်ကြီးကျရောက်ပေါက်ကွဲ မှုဖြစ်စဥ်မှာတော့ အသက် ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ နှစ်ဖက်တပ်တွေအကြားစစ်ရေးကတော့တင်းမာနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြားစစ်ရေးတင်းမာမှုတွေရှိနေပေမဲ့လည်း ဒေသခံ တစ်ချို့ကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်ကြတဲ့ အခြေနေရှိတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။ “အခုကတော့ အခြေနေကစောင့်ကြည့်နေတုန်းပဲ အခုကတကယ်လို့များရွှေ့ပြောင်းရမယ်ဆိုရင် ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေကိုပါ အစကပြန်လုပ်ရမလိုဖြစ်တယ်။ ပြီးတော့ ဒီမှာကမပြောင်းကြတာက အဆင် မပြေသူတွေပဲများတယ်။ သူတို့ကိုတင်ပို့သယ်ဖို့ဆိုရင်လည်းအခက်အခဲရှိတယ်။ ပြီးရင်လမ်းအခက်အခဲ ကောပေါ့ “လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီ တပ်ဘက်က အရပ်သားပစ်မှတ်တွေပါမကျန် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဝိုင်းမော်ကဒေသခံ တွေအနေနဲ့ ပိုပြီးလုံခြုံတဲ့နေရာတွေပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲ မြစ်ကြီးနားမြို့ဘက်ကလာတဲ့လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲ လေ့ရှိပြီး မနေ့ကပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ ဘယ်ကလာပြီး ဘယ်အဖွဲ့ အစည်းတွေကပစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ KNG သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းတွေအရတော့ ဝိုင်းမော်မြို့နယ်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိကို ထိခိုက်သေဆုံးတဲ့အရပ်သား ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
Back to top button