စစ်ရှောင်အကူအညီ

  • Jul- 2025 -
    9 July
    သတင်း

    ဖားကန့်တိုက်ပွဲမှာ နှစ်ဖက်စစ်တပ်ရဲ့ပိတ်ဆို့မှုတွေကြား စစ်ရှောင်ပြည်သူတွေ အဖက်ဖက်ကကြပ်တည်းလာ

    ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် တိုက်ပွဲဧရိယာအတွင်းနေထိုင်တဲ့ ကျေးရွာ ၁၀ ရွာခန့်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ရဲ့ လမ်းပိုင်းပိတ်ဆို့ထားမှုတွေကြောင့် အစားအသောက်အကူညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကနေစတင်ပြီး ဖားကန့်ဗျူဟာကုန်းနဲ့ အနီးကပ်ဆုံး ရှရော်ခ(Sharaw Hka) ညောင်ပင်ကုန်း၊ မော်မောလယန်နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)ကျေးရွာ စတဲ့ စစ်မျက်နှာ ၃ နေရာမှာ တိုက်ပွဲဖြစ်နေတာကြောင့် ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) ၊ မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ ဆိုင်းကြိုင်၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။ “လက်ရှိမှာက ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ဆွတ်ငိုင်ယန်၊ အင်းမိုင်းယန် ဒီကျေးရွာတွေကတော့ လောလောဆယ် အလောတကြီး ပြေးနေရတာပေါ့။ အဲဒီကျေးရွာတွေက စစ်ကြောင်းတိုက်ရိုက်ထိုးနေတော့ မရှောင်လို့လည်း မရတော့ဘူး။ တစ်ချို့ပြည်သူတွေက တိုက်ရိုက်ကြီး စစ်ကြောင်းထိုးတာမရှိပေမယ့် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျတာတွေဖြစ်တော့ မရှောင်ချင်ဘဲ ရှောင်ကြရတာတွေရှိနေတယ်။ ဖားကန့် ဘာသာရေးဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းတွေမှာဆိုရင် စစ်ရှောင်တွေ ပြည့်လျှံနေကြပြီ။ အခုချိန်မှာဆို အဓိကတော့ အစားအသောက်ပိုပြီးခက်ခဲတယ်လေ။ လောလောဆယ်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေပဲ ရသလောက်လုပ်ပေးနေတာပေါ့”လို့ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိ တိုက်ပွဲနေရာမဟုတ်တဲ့ ဖားကန့်မြို့နဲ့ ဆိုင်းတောင်၊ လုံးခင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် KBC ၊ ကက်သလစ် RC နဲ့ ဆွေမျိုးအိမ်တွေမှာ ခက်ခက်ခဲခဲတိမ်းရှောင်နေကြတယ်လို့သိရပြီး ဒီစစ်ဘေးရှောင်ပြည်သူတွေကို ဖားကန့်ဒေသက အရပ်ဖက်လူမှုကူညီရေးအဖွဲ့စည်းနဲ့ သက်ဆိုင်ရာ ဘာသာရေးကျောင်းအသီးသီးက တာဝန်ရှိသူတွေရဲ့ ကြီးကြပ်မှုအောက်မှာ သွားနေတယ်လို့ ဆိုပါတယ်။ သို့သော် ဘုန်းကြီးကျောင်းနဲ့ ဘုရားကျောင်းဝင်းနေရာတွေမှာ စစ်ရှောင်ပြည့်လျှံသွားတဲ့အတွက် နေရာအခက်အခဲကြောင့် စစ်ရှောင်တစ်ချို့က သစ်ပင်အောက်တွေမှာ မိုးကာတဲထိုးကာ တိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ ဇူလိုင်လ ၄ ရက်နေ့ကစတင်ပြီး တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ကြတဲ့ ရှရော်ခ၊ ဆွတ်ရာ(ကျောက်ဖြူ) မှော်ဝမ်းကလေး၊ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ)၊ ဆိုင်းကြိုင် စတဲ့ ကျေးရွာ ၇ ရွာထဲကနေ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် KBC ရဲ့ လက်အောက်မှာ စစ်ရှောင်ပြည်သူ စုစုပေါင်း အိမ်ထောင်စု ၂၀၄ ခု၊ လူဦးရေ ၇၀၀ ကျော်အထိရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။ ဒါပေမယ့် KBC လက်အောက်ထဲမှာ ပြီးခဲ့တဲ့ မေလအတွင်း ကားမိုင်း – ဖားကန့်လမ်း စစ်ကောင်စီတပ် ပထမအကြိမ် စစ်ကြောင်း စတင်ဝင်ရောက်လာချိန်ကတည်းက နန့်ယား၊ ဆိုင်းဖရာ၊ ခွန်စိုင်ဇွပ်၊ တံတားညီနောင်၊ ကပ်မှော်၊ ပျားအုံး စတဲ့ ကျေးရွာတွေထဲကနေ စစ်ရှောင်ပြည်သူတစ်ချို့ ဖားကန့် ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတာကြောင့် လက်ရှိ စစ်ရှောင်ပြည်သူ ၁၄၀၀ ကျော်အထိရှိနေပါတယ်။ အဲဒီစစ်ရှောင်ပြည်သူတွေဟာ ကားမိုင်း – ဖားကန့် လမ်းဘက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်တဲ့အတွက် နေရပ်ပြန်နိုင်ခြင်းမရှိဘဲ ဖားကန့်ထဲမှာ တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။ KBC အသင်းတော် အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေ စုစုပေါင်း စစ်ရှောင်လူဦးရေ ၂ ထောင်ခန့်ရှိနေပြီး နောက်ထပ် ဘာသာရေးကျောင်းအသီးသီးမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်ပြည်သူတွေအပါဆိုရင် ဖားကန့်ဒေသမှာ စစ်ရှောင်ပြည်သူ ၅၀၀၀ ကျော်ခန့်အထိ ရှိနိုင်တယ်လို့ ဖားကန့် ပြည်သူတွေ ဆီကနေ သိရပါတယ်။ ယခုလို ဖားကန့်ဒေသထဲမှာ တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြတဲ့ စစ်ရှောင်ပြည်သူတွေ များပြားလာသလို တစ်ဖက်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို လမ်းပိုင်း ပိတ်ဆို့ မှုတွေလည်းရှိနေပါတယ်။ ဖာကန့်ဒေသဘက်ကို တိုက်ရိုက်သွားလာလို့ရတဲ့ မြစ်ကြီးနား – ကားမိုင်းကားလမ်းပိုင်းကို တိုက်ပွဲကြောင့် စစ်တပ်နဲ့ KIA နှစ်ဖက်က ပိတ်ဆို့ထားတာဖြစ်ပါတယ်။ လက်ရှိမှာ အင်းတော်ကြီး – ဖားကန့် ဂွေခါလမ်းတစ်ခုတည်းသာ ကုန်းစည် စီးဆင်းနေပြီး အဲ့ဒီလမ်းပိုင်းကိုလည်း စစ်တပ်က ဆန်သယ်ယူမှုကို ကန့်သတ်ထားတာ တစ်လခန့် ကြာမြင့်လာပြီလို့ ဖားကန့်ဒေသခံတွေ ဆီကနေ သိရပါတယ်။ ဒါကြောင့် လက်ရှိ စစ်ဘေးရှောင် ပိုမိုများပြားလာတဲ့ ဖားကန့်ဒေသမှာ ဆန်ပြတ်လပ်မှုတွေဖြစ်လာပြီး စစ်ရှောင်ပြည်သူတွေအတွက် အခက်အခဲဖြစ်နေတယ်လို့ KBC လက်အောက်မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ နောက်ထပ် ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောဆိုလာပါတယ်။…

    Read More »
  • Jun- 2024 -
    21 June
    သတင်း

    နေရပ်ပြန်လာကြပြီဖြစ်တဲ့ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေ လိုအပ်နေ

    တိုက်ပွဲကြောင့် သုံးလဝန်းကျင်လောက် တောတွင်းနေရာတွေမှာထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ဆွမ်ပရာဘွမ့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာနေထိုင်ကြပြီး တိုက်ပွဲအတွင်းထိခိုက်ပျက်စီးမှုများတာကြောင့် ကူညီထောက်ပံ့တာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ ဆွမ်ပရာဘွမ်ဒေသခံပြည်သူတွေဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်ကနေ အိမ်ထောင်စုအားလုံးနီးပါခန့်က မြို့ထဲကို ပြန်ဝင်လာကြပြီး လက်ရှိမှာ မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြပြီလို့…

    Read More »
  • May- 2024 -
    29 May
    သတင်း

    ဆွမ်ပီယန်စစ်ရှောင်တစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီလိုအပ်နေ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုက ဒေသခံစစ်ဘေးရှောင်ပြည်သူတစ်ထောင်ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့နေရာထိုင်းခင်း အရေးပေါ် ကူညလိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေဆီကနေ သိရပါတယ်။ ဆွမ်ပီယန်ကျေးရွာအုပ်စု  ၀ဒတ်(Wadat)  နဲ့ မစီးယန်(Nsi yang) စတဲ့ ကျေးရွာ ၃ ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်၊ လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့ ဒေသခံပြည်သူအားလုံးနီးပါးဟာ စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့် တောထဲမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်ခဲကြောင့် မေလ ၁၆ ရက်နေ့ တောထဲကနေပြန်ထွက်လာကြပြီး လက်ရှိ ခင်ဒူယန်( Hkindu yang) နဲ့ လမ်းမကြီးဘေး ကျေးရွာတစ်ချို့မှာ ယာယီခိုလှုံနေကြရတယ်လို့ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “အစတော့ တောထဲတိမ်းရှောင်ကြတယ် တောထဲမှာ ထွက်လမ်းပိတ်မှာစိုးတာနဲ့ အစားအသောက်အရမ်းခက်လာလို့  ပြန်ထွက်လာကြပြီး အခု ကားလမ်းမဘေး ခင်ဒူယန်မှာ ခေတ္တရပ်နားရင်း ယာယီခိုလှုံနေကြတယ်။ အခုဒီကနေ အခြားအဆင်ပြေမဲ့နေရာတောတစ်နေရာဆီ ထပ်ရွှေ့ဖို့ပြင်ဆင်နေတုန်းဖြစ်တယ်။ လောလောဆယ်တဲတွေထိုးဖို့ မိုးကာတွေမလောက်တာအပြင်  အစားအသောက်က ခက်တာနဲ့ ဒုက္ခရောက်နေကြတယ်။”    မေလ ၁၆ ရက်နေ့ ကားလမ်းဘက်ထွက်လာတဲ့သူတွေဟာ ဆွမ်ပီယန်ကျေးရွာဒေသခံအများပိုင်းဖြစ်ပြီး မစီးယန်နဲ့ ၀ဒတ်ကျေးရွာ ဒေသခံပြည်သူအများစုက မလိခမြစ်ကမ်းဘက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။   ဒီစစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရွာထဲစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းပြုလုပ်လာတဲ့အပြင် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။ ဒါပေမယ့်  အိမ်ခြေ ၈ အိမ်လောက်က တောထဲကနေ မထွက်လာနိုင်သေးပဲ ဆက်လက် ခိုလှုံကာတိမ်းရှောင်နေသူတွေလည်း ရှိသလို ဒီစစ်ရှောင်တွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ များစွာရှိပြီး နာတာရှည်ရောဂါသည်များ၊ ဖျားနာသူတွေ များနေတာကြောင့် ဆေးဝါးအကူအညီအပြင် နေရာထိုင်ခင်းအတွက် မိုးကာများ၊ အစားအသောက်များ အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ်။ “ကလေးကများ၊ သက်ကြီးရွယ်အိုကများ၊ ဖျားနာနေသူလည်းများတယ်။ နာတာရှည်ဖျားနာနေတဲ့သူတွေလည်း များတယ်။ အစားအသောက်က ကိုယ့်မှာမပါရင် ပါလာခဲ့တဲ့ သူတွေဆီကနေ ခွဲဝေမျှစားနေတယ်။ အခုက ကူညီတာတွေလည်း မရှိသေးတော့ စစ်ရှောင်တွေနေဖို့ တဲအဆောင်တွေ ဆောက်တော့ ဆောက်နေပေမဲ့ မိုးကာမရှိလို့ မိုးကရွာ အရမ်းဒုက္ခရောက်နေတယ်။”ဟု ဆွမ်ပီယန်ဒေသခံက ဆက်ပြောပါတယ်။  …

    Read More »
Back to top button