စစ်ပြေးဒုက္ခသည်များသတင်း

ဆွမ်ပီယန်စစ်ရှောင်တစ်ထောင်ကျော်အတွက် အရေးပေါ်အကူညီလိုအပ်နေ

ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာအုပ်စုက ဒေသခံစစ်ဘေးရှောင်ပြည်သူတစ်ထောင်ကျော်အတွက် အစားအသောက်၊ ဆေးဝါးနဲ့နေရာထိုင်းခင်း အရေးပေါ် ကူညလိုအပ်နေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေဆီကနေ သိရပါတယ်။

ဆွမ်ပီယန်ကျေးရွာအုပ်စု  ၀ဒတ်(Wadat)  နဲ့ မစီးယန်(Nsi yang) စတဲ့ ကျေးရွာ  ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်၊ လူဦးရေ ၁၅၀၀ ကျော်ရှိတဲ့ ဒေသခံပြည်သူအားလုံးနီးပါးဟာ စစ်ရေးအခြေအနေကြောင့် ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့ကစပြီး တောထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့် တောထဲမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းအခက်ခဲကြောင့် မေလ ၁၆ ရက်နေ့ တောထဲကနေပြန်ထွက်လာကြပြီး လက်ရှိ ခင်ဒူယန်( Hkindu yang) နဲ့ လမ်းမကြီးဘေး ကျေးရွာတစ်ချို့မှာ ယာယီခိုလှုံနေကြရတယ်လို့ဆွမ်ပီယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

အစတော့ တောထဲတိမ်းရှောင်ကြတယ် တောထဲမှာ ထွက်လမ်းပိတ်မှာစိုးတာနဲ့ အစားအသောက်အရမ်းခက်လာလို့  ပြန်ထွက်လာကြပြီး အခု ကားလမ်းမဘေး ခင်ဒူယန်မှာ ခေတ္တရပ်နားရင်း ယာယီခိုလှုံနေကြတယ်။ အခုဒီကနေ အခြားအဆင်ပြေမဲ့နေရာတောတစ်နေရာဆီ ထပ်ရွှေ့ဖို့ပြင်ဆင်နေတုန်းဖြစ်တယ်။ လောလောဆယ်တဲတွေထိုးဖို့ မိုးကာတွေမလောက်တာအပြင်  အစားအသောက်က ခက်တာနဲ့ ဒုက္ခရောက်နေကြတယ်။”   

မေလ ၁၆ ရက်နေ့ ကားလမ်းဘက်ထွက်လာတဲ့သူတွေဟာ ဆွမ်ပီယန်ကျေးရွာဒေသခံအများပိုင်းဖြစ်ပြီး မစီးယန်နဲ့ ၀ဒတ်ကျေးရွာ ဒေသခံပြည်သူအများစုက မလိခမြစ်ကမ်းဘက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။  

ဒီစစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က ရွာထဲစစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာကာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်းပြုလုပ်လာတဲ့အပြင် စစ်ရေးအခြေအနေတင်းမာလာတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပါတယ်။

ဒါပေမယ့်  အိမ်ခြေ  အိမ်လောက်က တောထဲကနေ မထွက်လာနိုင်သေးပဲ ဆက်လက် ခိုလှုံကာတိမ်းရှောင်နေသူတွေလည်း ရှိသလို ဒီစစ်ရှောင်တွေထဲက ကလေးနဲ့ သက်ကြီးရွယ်အိုတွေ များစွာရှိပြီး နာတာရှည်ရောဂါသည်များ၊ ဖျားနာသူတွေ များနေတာကြောင့် ဆေးဝါးအကူအညီအပြင် နေရာထိုင်ခင်းအတွက် မိုးကာများ၊ အစားအသောက်များ အရေးပေါ်လိုအပ်နေတာပဲဖြစ်ပါတယ်။

ကလေးကများ၊ သက်ကြီးရွယ်အိုကများ၊ ဖျားနာနေသူလည်းများတယ်။ နာတာရှည်ဖျားနာနေတဲ့သူတွေလည်း များတယ်။ အစားအသောက်က ကိုယ့်မှာမပါရင် ပါလာခဲ့တဲ့ သူတွေဆီကနေ ခွဲဝေမျှစားနေတယ်။ အခုက ကူညီတာတွေလည်း မရှိသေးတော့ စစ်ရှောင်တွေနေဖို့ တဲအဆောင်တွေ ဆောက်တော့ ဆောက်နေပေမဲ့ မိုးကာမရှိလို့ မိုးကရွာ အရမ်းဒုက္ခရောက်နေတယ်။ဟု ဆွမ်ပီယန်ဒေသခံက ဆက်ပြောပါတယ်။  

ဒါ့အပြင် ဆွမ်ပီယန်ကျေးရွာမှာလည်းမထွက်ပြေးနိုင်ပဲ ရွာထဲကျန်ခဲ့တဲ့ သက်ကြီးရွယ်အို  ဦးအပါအဝင် နောက်ထပ် ရွာသား  ယောက်လောက်ကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့မနက်က ဆွမ်ပီယန်ကျေးရွာက စစ်ရှောင်အမျိုးသမီး  ဦးတောထဲကနေ  မိမိနေအိမ်ဆီ ကြက်၊ဝက်တွေကို အစာကျွေးဖို့ နဲ့ လိုအပ်တဲ့ အစားားအသောက်ယူဖို့ ခဏရွာပြန်လာချိန် စစ်ကောင်စီတပ်က ဖမ်းဆီးခြိမ်းခြောက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

ထို့နောက် အဲဒီအမျိုးသမီး  ဦးဟာ စစ်တပ်ဆီကလွတ်မြောက်လာပြီး တောထဲကို ဦးတည်ထွက်ပြေးလာရာ လမ်းတစ်ဝက်က ရေချောင်းကူးရင်း အမျိုးသမီးတစ်ဦးကရေထဲနစ်မြုပ်ပြီး အသက်သေဆုံးခဲ့ရကာ ကျန်  ဦးသာ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။  

စစ်ဘေးရှောင်ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာ  ရက်ပေါင်း ၂၀ ခန့်ရှိလာပြီဖြစ်ပြီး ကျေးရွာကိုလည်း ခဏတဖြုတ် ပြန်သွားလို့မရတဲ့အခြေအနေဖြစ်နေတာကြောင့်  ဒုက္ခရောက်နေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ဆွမ်ပီယန်ကျေးရွာနဲ့ ၀ဒတ်ကျေးရွာတွေမှာ နေရာယူလှုပ်ရှားနေပြီး ရွာသားတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်တဲ့အပြင် ပြည်သူပိုင် အိမ်မွေးတိရစ္ဆာန် ကြက်၊ ဝက်၊ နွား တွေ့သမျှကို သတ်ဖြတ်စားသောက်ရင်း ရှိနေကြတယ်လို့ သိရပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button