စစ်အင်အား

  • Aug- 2024 -
    26 August
    သတင်း

    ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့်  ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့  ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။ ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။ By – Zami

    Read More »
  • Jun- 2024 -
    11 June
    သတင်း

    စန်းကား အထက်တန်းကျောင်းမှာ စစ်အင်အား ၂၀၀ ခန့် တပ်စွဲထားပြီး ရွာအဝင်အထွက် တင်းကြပ်

    ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရဲ့ အခြေခံအထက်တန်း‌ကျောင်းမှာ စစ်ကောင်စီတပ်အင်အား ၂၀၀ ဝန်းကျင်တပ်စွဲနေရာယူထားတဲ့အပြင် ရွာအဝင်အထွက်ကိုလည်း စစ်ဆေးတင်းကြပ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ လကုန်ပိုင်းကနေတပ်စွဲထားတာဖြစ်ပြီး စန်းကားကျေးရွာအုပ်စုရဲ့ ရပ်ကွက် ၁ အဖြစ်သတ်မှတ်ထားတဲ့ အာလူးဘာရီရွာနဲ့ ရပ်ကွက် ၂ အကြား တံတားနားမှာလည်း စစ်ဆေးရေးတင်းကြပ်နေတာဖြစ်တယ်လို့ စန်းကားကျေးရွာဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “ကျောင်းမှာ ၂၀၀ လောက်ရှိတယ် အပြင်တောင်သိပ်မထွက်ကြဘူး လာနေတာက နှစ်ပတ်ဝန်းကျင်လောက်တော့ရှိလာပြီ။ အစကတော့ ရွာသားတွေပြန်လာရင် ကျောင်းဖွင့်မယ်ဆိုပြီးပြောကြတယ် ဒါပေမယ့် ခုက ရွာမှာ အိမ်စောင့်လောက်ဘဲရှိတယ်။အားလုံးလည်းထွက်ပြေးကုန်ပြီဆိုတော့ ကျောင်းကတော့ ဒီနှစ်မဖွင့်လောက်တော့ဘူး” လို့ စန်းကားရွာဒေသခံတစ်ဦးက ပြောပါတယ်။ စန်းကားရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ဖြစ်တဲ့ အာလူးဘာရီရွာကြားမှာရှိတဲ့ တံတားမှာ အင်အား ၁၀ ဝန်းကျင်နဲ့ နေ့တိုင်းစစ်ဆေးတင်းကြပ်တာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။  ဒါ့အပြင် စန်းကားရွာရဲ့ အောက်ဘက်မှာရှိတဲ့ ဘန်းဘားရွာမှာတော့ ဇွန်လ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ နှစ်ရက်သာ စစ်တပ်နဲ့ KIA,PDF ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အပြင် ဒီကနေ့အထိလည်း နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေအထိနာနေပြီး စစ်ကြောင်းမှူးသေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ “ဘန်ဘာဘက်မှာ တိုက်ပွဲဖြစ်တာ ဒီရက်ပိုင်းတွေဖြစ်နေတာ မနေ့ကတော့ဘာသံမှမကြားဘူး။ အဲဘက်ကဖြတ်လာတဲ့သူတွေပြောတာကတော့ လမ်းဘေးမှာ မိုးကာနဲ့အုပ်ထားတဲ့စစ်သားအလောင်းတွေရှိနေတယ်လို့ ပြောကြတယ်”လို့ နောက်ထပ်စန်းကားဒေသခံတစ်ဦးက ပြောပါတယ်။ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ ဘန်းဘားရွာဟာ စန်းကားကျေးရွာ ရပ်ကွက် ၇ ကနေသွားရင် နာရီဝက်နီးပါးဆိုင်ကယ်စီးရတဲ့နေရာမှာရှိတာဖြစ်ပြီး ဒေသခံတွေအပါအဝင်၊ ခတ်ချို၊နောင်ဟီးဘက်က ပြည်သူတွေ စိုက်ပျိုးခင်းလာရောက်လုပ်ကိုင်ကြတဲ့ ရွာဖြစ်ပါတယ်။ ဒါပေမယ့် စန်းကားကျေးရွာပြည်သူတွေအပါအဝင် ဘန်ဘား၊တာစန့်၊ခန့်လုံး၊မိုင်းမောအစရှိတဲ့ ရွာကပြည်သူတွေဟာ အိမ်စောင့်အဖြစ်အနည်းအကျဉ်းသာ ကျန်ခဲ့ပြီး ပြီးခဲ့တဲ့ မေလ ကတည်းကနေ နောင်ချိန်း၊မိုင်းနား၊မြစ်ကြီးနား အစရှိတဲ့ကျေးရွာဘက်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။ စန်းကားရွာဟာ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊နမ့်ပေါင်လေတပ်စခန်းရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ရွာဖြစ်ပြီး ရပ်ကွက်၊ကျေးရွာ ၁၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ ရွာကြီးဖြစ်ပါတယ်။ By – ဇမီ

    Read More »
  • Apr- 2023 -
    19 April
    တိုက်ပွဲ

    ဆိုင်းဖရာအနီးတစ်ဝိုက် စစ်တပ်အင်အားဖြည့်မည့်သတင်းကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်နေရ

    ဖားကန့် လမ်းမပေါ်သို့ စစ်တပ်အင်အားထပ်ဖြည့်မည်ဟူသော သတင်းကြောင့် ကျေးရွာ ၃ ရွာမှ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည်ဟု သိရသည်။ ယမန်နေ့ စစ်ကောင်စီတပ်ဖွဲ့၏ စီးနင်းမှုခံရသည့် ဆိုင်းဖရာကျေးရွာဘက်သို့ စစ်တပ်အင်အားဖြည့်လာမည့်သတင်းကြောင့် အနီးနားရှိ ကျေးရွာများမှာ ဒေသခံများလည်း ထွက်ပြေးနေသည်ဟု ဆိုင်းဖရာဒေသခံတစ်ဦးက KNG ကိုပြောသည်။ “ဒီကနေ့အထိ ရွာသားတွေက ကြောက်လို့…

    Read More »
Back to top button