ဆဒုံးမြို့
-
Feb- 2026 -23 Februaryသတင်း
KIO ထိန်းချုပ်နယ်မြေ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ကြုံနေရ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချူပ်ထားတဲ့ နေရာတစ်ချို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုအရှိန်မြင့်လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတွေ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မြစ်ကြီးနားလေဆိပ်ပေါက်ကွဲမှုကို KIA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ စစ်တပ်ကထုတ်ပြန်လာပြီး ပြင်းထန်တဲ့ တုန့်ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ပြောဆိုလာပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၂ နာရီဝန်းကျင် စစ်တပ်က ဆဒုံးမြို့ကို လေယာဉ်ဗုံး ၃ ကြိမ်လာကြဲသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဆဒုံးဗုံးကြဲခံရမှုမှာ လူထိခိုက်တာမရှိပေမဲ့ အရင်ဗုံးကြဲခံရတဲ့ စျေးတန်းနေရာတွေမှာ ထပ်ကြဲချခံရတာကြောင့် စျေးတန်းတွေနဲ့ နေအိမ်တချို့ထပ်မံပျက်စီးသွားတဲ့အပြင် အဲဒီနားမှာရှိတဲ့ဟိုတယ်တစ်ခုလုံးလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။ ဗုံးကြဲခံရတာကြောင့် ပျက်စီးသွားတဲ့ အဲဒီဟိုတယ်ဟောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ အဖွဲ့သားတွေ အဝင်အထွက်ရှိတာကို စစ်တပ်က သိရှိတာကြောင့် ရည်ရွယ်ချက်ရှိရှိ ဗုံးလာကြဲတာဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဖားကန့် KIA တပ်မဟာ ၉ နယ်မြေဖက်ကို ဂျက်လေယာဉ်နဲ့ ဗုံး ၄ လုံးထက်မနည်းဗုံးကြဲခဲ့တဲ့အပြင် KIO ဌာနချူပ်လိုင်ဇာမြို့ပေါ် လေယာဉ်ပျံဝဲတာတွေလုပ်ခဲ့ပြီး အင်ပါပါကျေးရွာဘက်ကို လေယာဉ်ဗုံးကြဲချခဲ့တယ်လို့ ဆက်လက်သိရပါတယ်။ “ဒီရက်ပိုင်းက အရမ်းသတိထားရမယ့်အခြေအနေဖြစ်နေတယ်။ ဗိုလ်ချူပ်ဂွမ်မော်ကလည်း စကားနည်းနည်းပြောထွက်ထားတယ်ဆိုတော့ စစ်ကော်မရှင်တွေဘက်က နည်းနည်းတော့ ကြက်သည်းထပုံပဲ။တမင်တကာလိုက်ပြီး ဗုံးကြဲပြနေတယ်။ အခု တရုတ်နယ်စပ်တစ်ဝိုက်ကိုလည်း တရုတ်ဘက်က ဗုံးကြဲခွင့်မပေးထားတော့ စစ်တပ်တွေ ဗုံးလိုက်ကြဲနေတဲ့ နေရာတွေကို ကြည့်လိုက်ရင် အင်ခေါင်းပါလို၊မံစီ – အင်ပါပါလို နေရာတွေကို လိုက်ကြဲနေတာ။ဘာမှမဆိုင်တဲ့နေရာတွေကိုပဲ လိုက်ကြဲနေတာ”လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၂ ရက်နေ့ မနေ့ည ၁၁ နာရီခွဲဝန်းကျင်မှာလည်း စိန်လုံဘွမ်နှင့် မိုင်ဂျာယန်ကြား အင်ခေါင်းပါကျေးရွာအနီး ဘွမ်ကထောင်ရွာမှာ စစ်တပ်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ နေအိမ်တစ်ခုလုံးပျက်စီးသွားကာအဖိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အင်ခေါင်းပါကနေ ၄ မိုင်လောက်အကွာမှာရှိတဲ့ ဘွမ်ကတောင်ကျေးရွာ လေကြောင်းဗုံးကြဲခံရမှုမှာ အသက် ၇၈ နှစ်အရွယ် အဘိုးတစ်ဦး အသက်သေဆုံးပြီး…
Read More » -
Sep- 2025 -30 Septemberသတင်း
လေကြောင်း အန္တရာယ်ထပ်မံစိုးရိမ်ပြီး ဆဒုံးပြည်သူတွေတိမ်းရှောင်မှုရှိနေ
ကချင်ပြည်နယ် ကန်ပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းမပေါ် ရှိ ဆဒုံးမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စာသင်ကျောင်းနဲ့ ဌာနဆိုင်ရာရုံးတွေပိတ်လိုက်ပြီး ပြည်သူတစ်ချို့လည်း မြို့တွင်းကနေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “ရုံးတွေ၊ ကျောင်းတွေလည်းအကုန်ပိတ်လိုက်ပြီ။ ဒေသခံပြည်သူတွေက ဆိုလာပြားတင်တဲ့ သူကတင် မြို့ထဲကနေ ထွက်နေကြတယ်။ အားလုံးက…
Read More » -
Nov- 2024 -15 Novemberသတင်း
မြစ်ကြီးနားမြို့မှာ ဆီပန့်ဆိုင်တစ်ချို့ စက်သုံးဆီအကန့်သတ်နဲ့သာရောင်းချ
ကချင်ပြည််နယ် မြစ်ကြီးနားမြို့မှာ စက်သုံးဆီအဝင်ရပ်တန့်နေတဲ့အတွက် ဆီပန့်ဆိုင်ကြီးတစ်ချို့ အကန့်သတ်နဲ့သာရောင်းပေးနေတယ်လို့ မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ပြည်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ဝန်းကျင် ကံပိုင်တည်မြို့– ဆဒုံးလမ်းပိုင်းရှိ နယ်ခြားစောင့်တပ်ရဲ့ အမှတ် ၁၀၀၃ စင်ကြိုင်စခန်းကို KIA ပူးပေါင်းတပ်ထိုးစစ်ဆင်လာချိန် မြစ်ကြီးနား– ကန်ပိုင်တည်လမ်း စစ်ရေးအခြေနေကြောင့် လမ်းပိုင်းသွားလာခွင့် KIA က ပိတ်ထားတာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့ KIA ပူးပေါင်းတပ် စင်ကြိုင်စခန်းကိုသိမ်းလိုက်ပြီး မြစ်ကြီးနား– ကံပိုင်တည်လမ်းပိုင်း ပုံမှန်သွားလာခွင့်ရပေမယ့် ကံပိုင်တည်မြို့ကိုထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်ကောင်စီတပ်ဟာ ကံပိုင်တည်ကနေ မြစ်ကြီးနားဘက်ဆင်းမယ့် စက်သုံးဆီကားတွေ ထွက်ခွင့်မပေးပဲ ပိတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် မြစ်ကြီးနားမြို့ထဲ စက်သုံးဆီအဝင်ရပ်တန့်သွားပြီး နိုဝင်ဘာလ ၂ ရက်နေ့စ ဆီလက်ကျန်နည်းနေတဲ့ ဆီပန့်ဆိုင်တစ်ချို့အကန့်သတ်နဲ့ရောင်းပေးနေတယ်လို့ ဆီဆိုင်နဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦး ပြောပါတယ်။ “ဆီစျေးက လောလောဆယ် တစ်လီတာ တစ်သောင်းဝန်းကျင်ရှိတယ် ဝယ်လို့တော့ရတယ်။ ဒါပေမယ့် တချို့ဆိုင်ကြီးတွေက တစ်နေကုန်မဖွင့်ကြတော့ဘူး ဥပမာ ဒီနေ့ ပေပါ ၂၀ ဘဲရောင်းမယ်ဆိုရင် အဲဒါကုန်ရင် ဆိုင်ပိတ်ထားပြီ”လို့ ဆီအရောင်းဆိုင်နဲ့ရင်းနှီးသူတစ်ဦး ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့ကနေ ဆီလက်ကျန်နည်းလို့ အကန့်သတ်နဲ့ရောင်းနေတဲ့ ဆီပန့်ဆိုင်တွေဟာ တိုင်းကျော်၊ ရွှေလှိုင်း၊ ဆဲဗင်းဟွာကျန်း၊ရွှေမြေတို့ဖြစ်တယ်လို့ သိရပြီး တစ်နေ့တာရောင်းချမယ့် ဆီပမာဏကိုကန့်သတ်ထားတာဖြစ်ကြောင်း သူက ဆက်ပြောပါတယ်။ ခုလို စက်သုံးဆီဆိုင်ကြီးတွေ အကန့်သတ်နဲ့ရောင်းချလာတဲ့အတွက် လမ်းဘေးပုလင်းချိန်မှာ တစ်လီတာကို ကျပ် ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) အထိ ပေးဝယ်နေရတယ်လို့ ရွှေစက်ရပ်ကွက်နေ ဒေသခံတစ်ဦး ခုလိုပြောပါတယ်။ “လမ်းဘေးဆိုင်တွေမှာတော့ မနေ့ကမေးတာ တစ်ပုလင်းကို ၁၂၀၀၀ တဲ့ဒါတောင်အပြည့်မပါဘူး ဆီပန့်တွေကလည်းပိတ်တဲ့ဆိုင်ပိတ်တယ်တချို့ဆိုင်လေး နေ့တဝက်လောက်ပဲ ဖွင့်တယ် ဒါတောင် 95 မရဘူး ဆိုင်တိုင်း 92 ကြီးတွေပဲ”လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ထိ မြို့တွင်း စက်သုံးဆီစျေး 92 တစ်လီတာ ကျပ် ၁၀၀၀၀ (တစ်သောင်း) လမ်းဘေးပုလင်းချိန် တစ်လီတာ ၁၂၀၀၀ (တစ်သောင်းနှစ်ထောင်) နဲ့ ဒီဇယ် တစ်လီတာ ကျပ် ၉၅၀၀ (ကိုးထောင့်ငါးရာ) အထိရှိပြီး ၂ လအတွင်း စက်သုံးဆီစျေး တစ်ဆ တက်လာတာလို့ မြစ်ကြီးနားမြို့နေပြည်သူတွေက ပြောပါတယ်။ မြစ်ကြီးနားမြို့အပါ ကချင်တစ်ပြည်နယ်လုံးအတွက် လိုအပ်တဲ့ စက်သုံးဆီတွေကို မန္တလေးဘက်ကနေလည်းတင်သွင်းသလို တရုတ်ပြည်ထဲကနေတစ်ဆင့် တင်သွင်းတာဖြစ်ပါတယ်။ သို့သော် ပြီးခဲ့တဲ့ သြဂုတ်လကတည်းက စစ်ကိုင်း– ကချင်အစပ် အင်းတော်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် မန္တလေး – မြစ်ကြီးနားမိန်းလမ်းမကြီး ပိတ်သွားခဲ့ပြီး ဆီတင်ကားကြီးအဝင်မရှိတော့ပဲ ရပ်တန့်နေတာဖြစ်ပါတယ်။ အလားတူဘဲ တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့ ကံပိုင်တည်ဂိတ်ကို စစ်တပ်ကထိန်းချုပ်ထားပြီး ဆီကားဝင်ခွင့်မပေးသလို လွယ်ဂျယ်ဂိတ်ကိုတော့ တရုတ်ဘက်ကပိတ်လိုက်တဲ့နောက် KIA ကလည်း တန်ပြန်ပိတ်ထားတာဖြစ်ပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးစျေးတက်နေသလို တစ်ခြားသောအခြေခံစားသောက်ကုန်၊လူသုံးကုန်တွေလည်း အဆမတန်စျေးတက်နေတာဖြစ်ပါတယ်။ By – Zaw Zaw
Read More » -
Oct- 2023 -13 Octoberသတင်း
ဆဒုံ လမ်းမြေပြိုမှုမှာ KIA တပ်သားတစ်ယောက်သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံမြို့ကနေ ခေါင်ရှောင် (Hkau shau)ဘက်သွားတဲ့လမ်းတစ်နေရာမှာ မြေပြိုကျနေတဲ့လမ်းနေရာကို ရှင်းလင်းနေချိန် မြေထပ်မံပြိုကျလာတာကြောင့် KIA တပ်သားတစ်ယောက်က မြေပိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ KIA တပ်ရင်း ၃ က တပ်သားတစ်ယောက်ဟာ အိမ်ပြန်ဖို့ခွင့်တောင်းပြီး ပြန်လာချိန် လမ်းမှာ သစ်ပင်တွေကျိုးကျနေတာကြောင့် သစ်ပင်ခုတ်ထွင်ရှင်းလင်းနေချိန် မြေပြိုမှုဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့…
Read More »



