သတင်း

ဆဒုံ လမ်းမြေပြိုမှုမှာ KIA တပ်သားတစ်ယောက်သေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံမြို့ကနေ ခေါင်ရှောင် (Hkau shau)ဘက်သွားတဲ့လမ်းတစ်နေရာမှာ မြေပြိုကျနေတဲ့လမ်းနေရာကို ရှင်းလင်းနေချိန် မြေထပ်မံပြိုကျလာတာကြောင့် KIA တပ်သားတစ်ယောက်က မြေပိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက်နေ့ KIA တပ်ရင်း ၃ က တပ်သားတစ်ယောက်ဟာ အိမ်ပြန်ဖို့ခွင့်တောင်းပြီး ပြန်လာချိန် လမ်းမှာ သစ်ပင်တွေကျိုးကျနေတာကြောင့် သစ်ပင်ခုတ်ထွင်ရှင်းလင်းနေချိန် မြေပြိုမှုဖြစ်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ ရုပ်အလောင်းကိုတူးဖော်ခဲ့သူတစ်ယောက်က ပြောပါတယ်။

အိမ်ပြန်လာတဲ့ချိန်မှာ လမ်းမှာ သစ်ပင်ကျိုးကျနေတော့ သူတို့က အဲသစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းနေတဲ့ချိန် နောက်ကနေ မြေထပ်ပြိုလာလို့ မြေတွေပိသွားတာ “လို့ ပြောတယ်။

သေဆုံးသူဟာဆဒုံမြို့ KIA တပ်ရင်း ၃ နယ်မြေဖြစ်တဲ့ ခေါင်ရှောင်ဘက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ကချင်လီဆူလူမျိုး ဖြစ်ပြီး မြေုပြိုတဲ့ချိန်တစ်ခါတည်းမတူးဖော်နိုင်ခဲ့ဘဲ ၇နာရီဝန်းကျင်လောက်မှသာ ရုပ်အလောင်းကို တူးဖော်ရရှိခဲ့တာလို့ ခေါင်ရှောင်ရွာနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒေသခံတွေပြောတာကတော့ ဆဒုံးလမ်းပိုင်းဟာ တောင်ရဲ့ဘေးနားကနေ လမ်းဖောက်ပြီးလုပ်ထားတဲ့ လမ်းတွေဖြစ်တဲ့အတွက် ခုလိုမိုးရာသီဆိုရင် တောင်တွေပြိုကျတာ ခနနကြုံတွေ့နေတာဖြစ်တယ်လို့လည်း ဆဒုံံးဒေသခံတစ်ဦးက ခုလိုပြောပြပါတယ်။

လမ်းတွေက တောင်ရဲ့ဘေးနားပတ်လည်တွေမှာ တူးပြီးလုပ်ထားတာ ဖြစ်တဲ့အတွက် မိုးရာသီဆို မြေပြိုနိုင်ချေအရမ်းများတယ်။ ခုလိုမျိုးကြီးမပျိုကျရင်တောင် နည်းနည်းပါးပါးတော့ အမြဲပြိုနေတာဘဲ လိုနေရင်တော့ အားလုံးက ခုလိုလမ်းရှင်းပြီးတော့ဘဲ ပြန်သွားကြတာဘဲလို့ ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်ဆဒုံးကံပိုက်တည်လမ်းတစ်လျှောက်မှာလည်း မိုးရာသီရောက်တိုင်း မြေပြိုတွေမကြာခနဖြစ်ခဲ့ပေမယ့် ခုလိုလူသေဆုံးမှုအထိဖြစ်တာဟာ မရှိသေးဘူးလို့ ဆဒုံးဒေသခံတွေက ပြောပါတယ်။

 မြေပိပြီးသေဆုံးသွားတဲ့ KIA တပ်သား

Show More

Related Articles

Back to top button