ဒီဇယ်
-
Jul- 2025 -16 Julyသတင်း
နန်းယွန်းမှာ ဆေးရုံတက်တဲ့လူနာတွေ ဒီဇယ်ဝယ်ပြီး ဆေးရုံတက်နေရ
စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့မှာ လျှပ်စစ်မီးမရတာကြောင့် ဆေးရုံတက်တဲ့လူနာတွေက ကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီးစက်နိုးကာဆေးရုံတက်နေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့မှာ လျှပ်စစ်မီးပြတ်တောက်နေတာ တစ်နှစ်ဝန်းကျင်ရှိလာချိန် ဆေးရုံတက်တဲ့လူနာတွေအနေနဲ့ ညဘက်လျှပ်စစ်မီးသီးအသုံးပြုဖို့နဲ့ ခွဲစိပ်ကုသဖို့အတွက် လျှပ်စစ်မီးလိုအပ်တာကြောင့် လူနာတွေကိုယ်တိုင်ဒီဇယ်ဝယ်ပြီး မီစက်နိုးနေရတယ်လို့ နန်းယွန်းမြို့ခံအသက် ၃၀ ကျော်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီဇယ်ကတော့ဝယ်ကြတယ်ဗျ ဘာလို့ဆိုနန်းယွန်းမြို့က လျှပ်စစ်မီးမရဘူးလေး အရေးပေါ်လူနာတွေ အောက်ဆီဂျင်ပေးဖို့၊ခွဲစိပ်ကုသတဲ့နေရာတွေမှာက မီးစက်နိုးရတယ်”လို့ သူကပြောပါတယ်။ ပုံမှန်အားဖြင့် နန်းယွန်းမြို့ကို တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံးကနေ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားပေမယ့် ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကရေကြီးရေလျှံမှုကြောင့် တိုင်းယောင်းချောင်းရေအားလျှပ်စစ်စက်ရုံစက်ပိုင်းချို့ယွင်းမှု၊ဓာတ်တိုင်နဲ့ မီးကြိုးတွေအများအပြားပျက်စီးခဲ့မှုကြောင့် ဒီကနေ့အထိ လျှပ်စစ်မီးပြတ်တောက်နေတာဖြစ်ပါတယ်။ “အမှန်ဆိုရင်အစိုးရဆေးရုံဖြစ်တဲ့အတွက် ဒါတွေက အစိုးရဘတ်ဂျက်နဲ့စီစဥ်ပေးရမှာ အခုဟာက အစိုးရက မစီစဥ်ပေးတော့ လူနာတွေကိုယ်ထူကိုယ်ထစနစ်နဲ့ဆီဝယ်ပြီးလျှပ်စစ်မီးသုံးနေရတယ်”လို့ နန်းယွန်းမြို့ခံအအမျိုးသားတစ်ဦးလည်း ပြောပါတယ်။ နန်းယွန်းမြို့ပေါ်မှာ လက်ရှိ အိန္ဒိယ–မြန်မာ နယ်စပ် ပန်ဆောင်နယ်စပ်ဂိတ်ကနေသွင်းတဲ့အိန္ဒိယဆီ ဒီဇယ်တစ်ဂါလံကို ကျပ် ၄၀၀၀၀ သောင်းပေးဝယ်ရပြီး ဆေးရုံတက်တဲ့လူနာတွေ ကုသရမယ့် အခြေအနေပေါ်မူတည်ပြီးတစ်ည ဒီဇယ်နှစ်လီတာကနေ တစ်ဂါလံအထိ ဝယ်နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ “အောက်ဆီဂျင်နဲ့ ခွဲစိပ်ကုသရမယ့်လူနာတွေဆိုရင်တော့ တစ်ည တစ်ဂါလံကတော့ဝယ်ရတယ် ပြီးတော့ မီးလင်းဖို့ပဲဆိုရင်တော့အဲ့လောက်မဝယ်ရဘူး ဘာဖြစ်ဖြစ်ဗျာ ဆီတစ်ဂါလံလေးသောင်း တစ်လုံးတစ်သောင်းဆိုတော့ ကုသစရိတ်နဲ့က မလွယ်ဘူးဗျအရမ်းကုန်တယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့အသက် ၃၀ ကျော်အရွယ်နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ နန်းယွန်းမြို့ဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို စီးပွားရေးအခွင့်အလမ်းအလွန်နည်းပါးတာကြောင့် ပြည်သူ ၈၀ ရာခိုင်နှုန်းလောက်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်ပြီးအသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ငွေကြေးမတတ်နိုင်တဲ့မိသားစုတွေအများအပြားရှိနေပါတယ်။ စက်သုံးဆီဝယ်ဖို့ဆေးရုံတက်နေရတဲ့အခြေအနေကြောင့် တစ်ချို့ငွေကြေး ခက်ခဲတဲ့မိသားစုတွေလည်း ဆေးကုသဖို့ရှိအခက်အခဲတွေကြုံတွေ့နေရကြောင်းဒေသခံတွေကဆိုပါတယ်။ လူနာတွေကိုယ်တိုင်စက်သုံးဆီဝယ်ပြီးဆေးရုံတက်နေရတာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်တာလို့သိရပါတယ်။ နန်းယွန်းပြည်သူ့ဆေးရုံကြီးမှာ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိဆရာဝန်မရှိတဲ့အတွက်ပြည်သူတွေဟာ အိန္ဒိယဘက်အထိသွားပြီး ဆေးကုသရမှုတွေလုပ်ခဲ့ရပါတယ်။ နောက်ပိုင်းမြို့ခံပြည်သူတွေတင်ပြတောင်းဆိုမှုနဲ့ သတင်းမီဒီယာကနေ ဖော်ပြပေးမှုတွေကြောင့် ၂၀၂၅ နှစ်ဆန်းပိုင်းမှ ဆရာဝန်ချပေးတာလို့ဒေသခံတွေကဆိုပါတယ်။ နန်းယွန်းမြို့ကိုလျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးတဲ့ တိုင်းယောင်းချောင်း ရေအားလျှပ်စစ်စက်ရုံ ၂၀၂၄ ခုနှစ် ဇွန်လက ပျက်စီးသွားပြီးနောက်ဒီကနေ့အထိ ပြန်လည်ပြုပြင်ပေးခြင်းမရှိ သေးကြောင်းလည်းသိရပါတယ်။ By –…
Read More » -
Jul- 2024 -3 Julyသတင်း
မြစ်ကြီးနားမှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်ထားပြီးနောက် ပုလင်းချိန်တွေ စျေးအဆမတန်တင်ရောင်းနေ
ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ မြစ်ကြီးနားမြို့ပေါ်မှာ စက်သုံးဆီဆိုင်ကြီးတွေပိတ်သွားပြီး လမ်းဘေး ပုလင်းချိန်နဲ့ ရောင်းချသူတွေ စျေးအဆမတန်ရောင်းချပေးနေတာကြောင့် ပြည်သူတွေစက်သုံးဆီရရှိဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ပြည်သူတွေဟာ လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ စက်သုံးဆီတွေအရေးပေါ်လိုအပ်နေတာဖြစ်ပေမယ့် မြစ်ကြီးနားမြို့ပေါ်မှာ ရောင်းချပေးနေတဲ့ ဆီဆိုင်ကြီးတွေအားလုံးနီးပါးပိတ်ထားတယ်လို့သိရပြီး လမ်းဘေးပုလင်းချိန်နဲ့သာရရှိနေတယ်လို့ မြစ်ကြီးနားပြည်သူတွေကပြောပါတယ်။ “ကျနော်တို့ သိရသလောက် ဆိုင်ကြီးတွေမှာ ဓါတ်ဆီက လုံးဝမရောင်းပေးတော့ဘူး။ အခုက လမ်းဘေးဆိုင်တွေမှာ ဘယ်လိုရလာလဲတော့မသိဘူး။ တစ်လီတာပြည့်မပြည့် ရှိတဲ့ တစ်ပုလင်းကို မနေ့ကအထိတော့ တစ်သောင်းလောက်နဲ့ ရသေးတာ။ ဒီကနေ့ ဆိုင်ရင် တစ်သောင်းခွဲ ၊ နှစ်သောင်းလောက်ရှိနေပြီ။ အဲလိုဆိုတော့ ကျနော်တို့ ပြည်သူတွေက တော်ခက်ခဲနေတဲ့ အချိန်ဖြစ်နေပါတယ်။ သွားဖို့လာဖို့တောင်အရမ်းခက်ခဲသွားပြီ။ အခုဆိုရင် မီးလည်းမလားဘူး။ ရေလည်းကျလာပြီဆိုတော့ ပြည်သူတွေက ဘာပဲဖြစ်ဖြစ် စက်သုံးဆီက အရမ်းကို လိုအပ်နေတဲ့ အချိန်အပေါ့လေ”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့မှာ ဇွန်လ ၃၀ ရက်နေ့ကစပြီး ဧရာဝတီမြစ်ရေဟာတစ်မြို့လုံးနီးပါးဝင်ရောက်ခဲ့ပေမယ့် ဇူလိုင် ၂ ရက်နေ့စပြီး တစ်ချို့ရပ်ကွက်တွေမှာ ရေတွေပြန်ကျသွားပြီဖြစ်ပါတယ်။ ခုလိုရေတွေပြန်ကျသွားတဲ့နောက် ပြည်သူတွေဟာသယ်ယူပို့ဆောင်ရေးအတွက်နဲ့ လူနေရပ်ကွက်တွေမှာ ကျန်ရှိနေသေးတဲ့ ရွံ့နွံတွေကို စက်နဲ့စုပ်ထုတ်တာ၊ ရေတွင်းထဲမှာကျန်ရှိနေတဲ့ ရေပုပ်တွေကို စုပ်ထုတ်ဖို့တာတွေလုပ်ဖို့လိုအပ်နေပေမယ့် စက်သုံးဆီတွေပြတ်နေတဲ့အခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။ လက်ရှိ စက်သုံးဆီတွေရရှိနေသေးတဲ့ နေရာတွေမှာလည်း တစ်လီတာကို ၂ သောင်းဝန်းကျင်နဲ့ တစ်ဂါလံကို ၈ သောင်းခန့်အထိ စျေးတင်ရောင်းချနေတာကြောင့် ပြည်သူအပိုင်းဝယ်ယူဖို့ခက်ခဲနေတာလည်းဖြစ်ပါတယ်။ မြစ်ကြီးနားမြို့မှာ စက်သုံးဆီတွေပြတ်လပ်နေတာနဲ့ ပတ်သက်ပြီး ရေကြီးရေလျှံဖြစ်တဲ့နောက်ပိုင်း ဆီဆိုင်ကြီးတွေစက်သုံးဆီရောင်းချပေးတာကို ရပ်တန့်လိုက်ပြီး လမ်းဘေးဆိုင်ရောင်းချတဲ့ သူတွေကို စျေးနှုန်းမြင့်တင် ရောင်းချပေးတာကြောင့် အခုလို ဆီစျေးတွေအဆမတန်ထိုးတက်နေတာဖြစ်တယ်လို့ နောက်ထပ် မြစ်ကြီးနား ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “ရေတွေပြန်ကျလာတဲ့အခါမှာ ပြည်သူတွေက ပြန်လည်ထူထောင်ရေးအတွက် စက်သုံးဆီတွေ အရမ်းလိုအပ်နေတဲ့ အချိန်လို့ပြောလို့ရမယ်။ ဒါပေမယ့် စက်သုံးဆီရောင်းတဲ့ ဆိုင်တွေက အကုန်မရောင်ပေးဘူး။ အဲဒါကြောင့် စျေးနှုန်းလည်းအရမ်းမြင့်သွားတယ်။ တစ်ချို့ဆိုင်မှာက ဒီဇင်တွေက ရသေးတယ်။ ဓါတ်ဆီဆိုရင် ရောင်းကို မရောင်းပေးတော့ဘူး။ တစ်ချို့ဆီဆိုင်တွေက ရေမြုပ်သွားတယ်လို့ ဆိုတာနားလည်တယ်။ တစ်ချို့ဆိုင်တွေက ရှိနေရဲ့သားနဲ့ မရောင်းပေးဘူး။ တစ်ဆင့်ခံစျေးနဲ့ ပြန်ရောင်းတဲ့ သူတွေကိုပဲ ရောင်းပေးနေတယ်။ အဲလိုဆိုရင်တော့ တစ်ပေပါကို သိန်း ၂၀ လောက်ပေါက်သွားတယ်”လို့ပြောပါတယ်။ အခုလို စက်သုံးဆီတွေ ပြတ်လပ်သွားတာကြောင့် ပြည်သူတွေအရေးတကြီးလိုအပ်နေတဲ့ သောက်သုံးရေရရှိဖို့ရေတွင်းနေရာတွေကို အမြန်ရှင်းလင်းဖို့လိုအပ်သလို ရေဝင်ထားတဲ့ နေအိမ်၊ ဂိုဒေါင်တွေကိုလည်း ရှင်းလင်းရေးမလုပ်ဆောင်နိုင်တဲ့ အခြေအနေကြုံတွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။ ဒါ့အပြင် ရေပြည့်နေသေးတဲ့ရပ်ကွက်တစ်ချို့မှာ အရပ်သားတွေလည်းပိတ်မိတ်နေဆဲဖြစ်ပြီး လူမူကူညီရေးအဖွဲ့တွေအနေနဲ့ သွားရောက်ကယ်ထုတ်ချင်ပေမယ့် စက်သုံးဆီမရရှိတဲ့အတွက် မကယ်နိုင်ဘဲ အစားအသောက်သာသွားရောက်ဝေပေးနေတာတွေရှိတယ်လို့ သိရပါတယ်။ “ခုရေကျသွားလည်း တစ်ချို့နေရာမှာက ရေကျန်နေသေးတယ် သွားကယ်ဖို့ကလည်းလှေရရင် ဆီကမရဘူး အဲဒါကြောင့် ကျနော်တို့က အစားသောက်ဘဲလိုက်ဝယ်နေတော့တယ် ရေကလည်းကျနေပြီဆိုတော့လေ”လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမူကူညီရေးအဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူတစ်ဦး ခုလိုပြောပါတယ်။ လက်ရှိ မြစ်ကြီးနားမြို့ ရေဝပ်နေသေးတဲ့ရပ်ကွက်တွေဟာ ဧရာဝတီမြစ်နဲ့အနီးမှာရှိတဲ့ ရပ်ကွက်တွေဖြစ်တဲ့ စီတာပူ၊ မန်ခိန်၊ မြို့သစ်ကြီး၊ ကြက်ပေါင်ခြံ စတဲ့မြေနိမ့်ပိုင်းနေရာတွေမှာ ရေပြည့်နေဆဲဖြစ်ပြီး ပြည်သူအများပိုင်းက ရေဘေးဒဏ်ကို ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်ကနေ စတင်ပြီး ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အသီးသီးမှာ ရေကြီးရေလျှံဖြစ်ပေါ်နေပြီး မြစ်ကြီးနားမှာက ပြည်သူသောင်းနဲ့ချီ ရေဘေးအန္တရာယ်ကို ကြုံတွေနေရတာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာသာရှိပေမယ့် ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ် မြစ်ရေအမှတ်ဟာ ၁၄၀၈ စင်တီမီတာရှိခဲ့ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ စိုးရိမ်ရေအမှတ် ၁၄၀၄ စင်တီမီတာအထိရောက်ရှိခဲ့တာဖြစ်ပါတယ်။ By…
Read More »

