နမ့်ဖတ်ကာ

  • Apr- 2026 -
    11 April
    သတင်း

    နမ့်ဖတ်ကာအနီး ခရီးသွားကားတစ်စီးတိမ်းမှောက် ၅ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာပြင်းထန်

    ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့ လွယ်ကန်ကုန်းလမ်းပိုင်းမှာ ခရီးသွားကားတစ်စီးကားမှောက်လို့ ခရီးသည် ၅ ဦးသေဆုံးပြီး ကျန်ခရီးသည်များထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဧပြီလ ၁၁ ရက်နေ့ ဒီနေ့မနက်ပိုင်း ၉ နာရီဝန်းကျင် နမ့်ဖတ်ကာ– မူဆယ်ဘက်သွားလမ်းပိုင်းမှာ ကားသမားတွေအပါ ခရီးသည် ၁၆ ဦးစီးလာတဲ့ကား ဘရိတ်ပေါက်ပြီးတိမ်းမှောက်မှုဖြစ်ခဲ့တယ်လို့ နမ့်ဖတ်ကာမြို့ပြည်သူတစ်ဦးပြောပါတယ်။ “နမ့်ဖတ်ကာ ရီးယန်ဂိတ်နဲ့သိပ်မကွာဘူး လွယ်ကန်ကုန်းမှာ ကားမှောက်တာဟုတ်တယ်။ ကားသမားတွေနဲ့အတူ လူက ၁၈ ယောက်ဟုတ်တယ်။ ၅ ဦးက သေသွားပြီ။ ကျန်တဲ့သူတွေက ဒဏ်ရာပြင်းထန်ပြီး နမ့်ဖတ်ကာဆေးရုံကို ရောက်လာတယ် မူဆယ်ကားဟုတ်တယ်။ ခရီးသည်က ၁၆ ဦးပါလာတာ” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။  ကျောက်ဆယ်မြို့ကနေ မူဆယ်ကို ဦးတည်လာတဲ့ အဲ့ဒီခရီးသည်တင်ကားဟာ နမ့်ဖတ်ကာမြို့အလွန်မှာ တိမ်းမှောက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ ကားထဲမှာ ခရီးသည်စုစုပေါင်း ၁၆ ဦးလိုက်ပါစီးနှင်းလာပြီး ကားသမားတွေနဲ့အတူ စုစုပေါင်း ၁၈ ဦးထဲမှာ ခရီးသည်အမျိုးသမီး ၄ ယောက် နဲ့ အတူအမျိုးသားတစ်ဦးသေဆုံးသွားတာဖြစ်ပြီး ကျန်တဲ့ ၁၃ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ဒဏ်ရာရရှိသူတွေက နမ့်ဖတ်ကာဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။ အဲဒီခရီးသည်တွေက ရွှေလီဘက်ကို…

    Read More »
  • Mar- 2026 -
    17 March
    သတင်း

    ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်စခန်းတွေဖယ်ပေးဖို့ ဖိအားပေးခံနေရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့ အဝင်အထွက် ပြည်ထောင်စုလမ်းမပေါ်ရှိ KIA ဂိတ်စခန်းတွေကို ဖယ်ရှားပေးဖို့ MNDAA ဖိအားပေးလာတာရှိတယ်လို့ KIA နဲ့နီးစပ်သူတွေက ပြောဆိုပါတယ်။ မတ်လ ၁၆ ရက်နေ့ နေ့လည်လောက်ကစပြီး KIO ထိန်းချူပ်ထားတဲ့ နမ့်ဖတ်ကာမြို့ လမ်းမတစ်ကြောရှိ…

    Read More »
  • 16 March
    သတင်း

    ကွတ်ခိုင်မြို့ ကိုးကန့်ထိန်းချုပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒရုန်းနဲ့တိုက်ခိုက်တာတွေ ဆက်လုပ်နေ

    ကွတ်ခိုင်မြို့နယ်အားလုံးကို ကိုးကန့်တပ် MNDAA တပ်က သိမ်းပိုက်ထိန်းချူပ်လိုက်ပြီး‌ နယ်မြေရှင်းလင်းရေးဟုဆိုပြီး မြို့ပြင်တွေမှာ ဒရုန်းနဲ့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ကွတ်ခိုင်မြို့တွင်းနဲ့ မြို့ပြင်တွေမှာ TNLA တပ်ချထားတဲ့နေရာအားလုံးကို ကိုးကန့် တပ် MNDAA က…

    Read More »
  • 9 March
    သတင်း

    နမ့်ဖတ်ကာမှာ နေအိမ်မီးလောင်ရာကနေ မြေးအဖွားနှစ်ဦး အသက်သေဆုံး

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုကြောင့် မိသားစုဝင် ၂ ဦးအသက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၈ ရက်နေ့ မနေ့ည ၈ နာရီခွဲမှာ နမ့်ဖတ်ကာမြို့ ရပ်ကွက် (၆)မှာ နေအိမ်တစ်အိမ် မီးလောင်ရာကနေ မြေးအဖွား ၂ ဦး အသက်သေဆုံးခဲ့တာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “အိမ်ထဲမှာ ဓာတ်ဆီပုံးနဲ့အနီးကပ်မှာ မီးခြစ်နဲ့လားဘာနဲ့လား ခြစ်မီးကနေစပြီး မီးစလောင်ကျွမ်းလာတာလို့ သိရတယ်။ အဖွားဖြစ်သူနဲ့ မြေးဖြစ်သူ ကလေးမလေး မီးထဲသေဆုံးသွားတယ်။ အဖိုးဖြစ်သူနဲ့ မြေးလေးတစ်ယောက်က လွတ်တယ်။”လို့  ပြောပါတယ်။  မီးလောင်မှုဖြစ်တဲ့နေအိမ်ဟာ ဦးအိုက်စိုင်းဆိုသူရဲ့နေအိမ်ဖြစ်ပြီး မီးလောင်မှုကြောင့် အသက် ၅၆ နှစ်အရွယ် ဦးအိုက်စိုင်း ဇနီး ဒေါ်အန်ဟေမ်နဲ့ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် မြေးမလေးတို့ဖြစ်တယ်လို့သိရပါတယ်။ ဒေသခံတွေပြောချက်အရ နေအိမ်မီးလောင်မှုစဖြစ်တာဟာ နေအိမ်ထဲမှာရှိတ့ ဓာတ်ဆီပုံးမှာ မီးစွဲရာကတစ်ဆင့် စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး မီးလောင်မှုကြောင့် အိမ်တွင်းပိုင်ဆိုင်မှုအားလုံးလည်း ဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။ နမ့်ဖတ်ကာမြို့မှာ နေအိမ်မီးလောင်မှုမကြာခဏဖြစ်ပွားနေပြီး အဓိက မီးလောင်ရတဲ့အကြောင်းရင်းက မီးအသုံးပြုမှု သတိမထားတာကြောင့် ဖြစ်ပွားတာများတယ်လို့ ဆိုပါတယ်။ “မီးလောင်တာတွေကို ကြည့်လိုက်ရင် မိသားစုဝင်တွေ မီးအသုံးပြုမှုပေါ့ဆတာကြောင့် များတယ်။ မီးလောင်ပြီဆိုတာနဲ့ တစ်ခါတည်း ငြိမ်းသတ်နိုင်ခြင်းလည်း မရှိဘူး။ အဓိက မီးသတိပြုမှု အားနည်းကြတယ်။ အခုတစ်ခေါက်ရော၊ ရှေ့တစ်ခေါက်တွေမှာရော မီးလောင်တာတွေက လျှပ်စစ်မီးလျှော့တာကြောင့် လောင်တာမပါသေးဘူး။” လို့ နမ့်ဖတ်ကာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။  နမ့်ဖတ်ကာမြို့မှာ ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ဒီနှစ်အတွင်း နေအိမ်မီးလောင်မှု ၄ ကြိမ်ဖြစ်ပွားပြီလို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတိုင်း နမ့်ဖတ်ကာမြို့မှာတာဝန်ရှိတဲ့ မီးသတ်ရုံးတွေဘက်မှ မီးလောင်တဲ့အိမ်ကို ချက်ချင်းမရောက်နိုင်တာမျိုးတွေ တာဝန်ရှိအုပ်ချူပ်ရေးအပိုင်းမှ တာဝန်ယူလုပ်ဆောင်ရမယ့်အရာ၊ အားနည်းနေသေးတဲ့အရာတွေလည်း ရှိနေသေးတယ်လို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။ နမ့်ဖတ်ကာမြို့ကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO က ထိန်းချူပ်ထားတာဖြစ်ပြီး မြို့တွင်း တအာင်းတပ်ဖွဲ့ TNLA နဲ့ ကိုးကန့် MNDAA တို့လည်း ရုံးစိုက်ထားကာ မြို့တွင်း အုပ်ချူပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ဝိုင်းဝန်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Feb- 2026 -
    4 February
    သတင်း

    နမ့်ဖတ်ကာမှာ လက်ကျန်ဗုံးတီးဆော့ကစားရာကနေ ကလေးတစ်ဦး သေဆုံး၊ ၃ ဦးဒဏ်ရာရ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့မှာ ကလေးငယ် ၄ ဦး လက်ပစ်ဗုံးဆော့ကစားရင်း ပေါက်ကွဲလို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၂ နာရီဝန်းကျင်မှာ နမ့်ဖတ်ကာမြို့ရပ်ကွက် ၃ ရှိ မိသားစုနေအိမ်…

    Read More »
  • Jan- 2026 -
    8 January
    သတင်း

    နမ့်အွမ်ထိန်းသိမ်းနယ်‌မြေမှာ နေရာယူထားတဲ့ကိုးကန့်တပ်နဲ့ဒေသခံတို့ကြား မြေနေရာကိစ္စသဘောတူညီမှုမရရှိသေး

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး နမ့်အွမ်ကျေးရွာမှာ ဒေသခံတွေထိန်းသိမ်းထားတဲ့ မြေနေရာမှာ ကိုးကန့်တပ် နေရာယူလိုက်တာနဲ့ပတ်သက်ပြီး နေရာဖယ်ပေးဖို့ ဒေသခံတွေဘက်က တောင်းဆိုမှုအပေါ် သဘောညီမှုမရရှိ‌သေးကြောင်း ဒေသခံတွေက ပြောပါတယ်။ နမ့်အွမ်ရွာသားတွေ ထိန်းသိမ်းထားတဲ့မြေနေရာမှာ ဆေးရုံတည်ဆောက်ဖို့ လျာထားပေမဲ့ ကိုးကန့် MNDAA တပ်ဖွဲ့က…

    Read More »
  • Dec- 2025 -
    3 December
    သတင်း

    နမ့်ဖတ်ကာမှာ တအာင်းလူမျိုးဇနီးမောင်နှံနှစ်ဦးဓါးခုတ်ခံရ

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်၊နမ့်ဖတ်ကာမြို့မှာ တအာင်း ( ပလောင်) ဇနီးမောင်နှံနှစ်ဦး ဓားခုတ်ခံရမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံသွားရတဲ့အမှုတော်ဆောင် ဆရာ ၂ ဦးထဲက တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ့်ဖတ်ကာမြို့ရဲ့ လွယ်ကန်တောင်ခြေ လယ်တောတစ်နေရာမှာ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေခင်းပိုင်း ပလောင်လူမျိုး ဇနီးမောင်နှံနှစ်ဦး ဓါးခုတ်ခံထားရပြီးနောက် ည ၈ နာရီဝန်းကျင်မှာ TNLA တပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာ အနီးဝန်းကျင်က ခြံပိုင်ရှင်တွေဖြစ်တဲ့ နမ့်ဖတ်ကာမြို့ KBC အသင်းတော်က အမှုတော်ဆောင်ဆရာ ၂ ဦးကို လာဖမ်းသွားတာဖြစ်တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။ “ပြဿနာက သစ်ခိုးခုတ်နေတဲ့ အဲဒီလင်မယားနှစ်ဦးကို ဘယ်သူဘယ်ဝါမှန်းမသိဘူး ဓားနဲ့လာခုတ်သွားတာ။ အမျိုးသမီးဖြစ်သူက နားတောင်ပျက်ခါနီးနီးပဲ။ အမျိုးသားကတော့ တော်တော်ပြင်းထန်တယ်။ အဲလိုဖြစ်တော့ ပလောင်ရွာသားတစ်ချို့က TNLA ကိုတိုင်တယ် TNLA အဖွဲ့ကလည်း ဖြစ်စဉ်ဖြစ်တဲ့နေရာက ဘယ်နေရာ၊ အဲဒီအနီးအနားက ခြံပိုင်ရှင်တွေက ဘယ်သူတွေဖြစ်တယ်ဆိုတာကို စုံစမ်းပြီး ခြံပိုင်ရှင်တွေဖြစ်တဲ့ အမှုတော်ဆောင်ဆရာတွေကို မနေ့ည အတင်းအဓမ္မလာဖမ်းသွားတာဟုတ်တယ်”လို့ နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။ TNLA အဖွဲ့က ဖမ်းဆီးသွားတဲ့ အမှုတော်ဆောင် ဆရာ ၂ ဦးမှာ သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန် နဲ့ ဆရာဘရန်အောင်တို့ဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့ ဒီနေ့ညနေပိုင်းမှာတော့  သိက္ခာတော်ရဆရာ ဒေါက်တာဖောင်ယမ်တူးထန်ပြန်လည်လွတ်မြောက်လာတယ်ပြီလို့ သိရပါတယ်။ ဓားခုတ်ခံရတဲ့ ပလောင်ဇနီး‌မောင်နှံ၂ ဦးမှာ ဦးအိုက်လိုင် ( အသက် ၄၇ နှစ်) နဲ့ ဒေါ်အိမီး( အသက် ၄၃ နှစ်) တို့ဖြစ်ပြီး အမျိုးသမီးဖြစ်သူက နားမှာ ခုတ်ဒဏ်ရာရရှိပြီး အမျိုးသားဖြစ်သူမှာ မျက်နှာတစ်ခြမ်းလုံးဓားဒဏ်ရာနဲ့ ဒဏ်ရာပြင်းထန်ကာ လက်ရှိ နှစ်ဦးလုံးကို ကွတ်ခိုင်ဆေးရုံသို့ ပို့ထားတယ်လို့ ဆိုပါတယ်။  ဒေသခံတွေပြောတာတော့ ဓားခုတ်မှု အမှုခင်းဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက် သစ်ခြံတွေရှိတဲ့အတွက် သစ်ခိုးမှုနဲ့ပတ်သက်ပြီး ဒေသခံတွေကြား ပုံမှန်ပြဿနာဖြစ်တဲ့‌နေရာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်မှာလည်း ဓားခုတ်ခံရတဲ့ လင်ဇနီး‌မောင်နှံနှစ်ဦး သစ်ခိုးခုတ်နေစဥ်အတွင်းဖြစ်နိုင်တယ်လို့ ဒေသခံတွေ သုံးသပ်နေကြပါတယ်။ နမ့်ဖတ်ကာရှိ TNLA အဖွဲ့က ဆရာ ၂ ဦးကို အတင်းအဓမ္မလာရောက် ဖမ်းဆီးသွားတဲ့အပေါ် ဒေသခံတွေကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပြီး မနေ့ညအထိတော့ ဆရာ ၂ ဦးဟာ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မသက်ဆိုင်ကြောင်း၊ မဟုတ်ကြောင်း ငြင်းဆိုလက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။  “နမ့်ဖတ်ကာမှာက ဒီလို ပြဿနာတစ်ခုခုဆို လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခပုံစံမျိုး ဖမ်းပြီး ဖြေရှင်းတာမျိုးတွေ ပုံမှန်ဖြစ်ပွားနေတယ်။ နမ့်ဖတ်ကာက KIO/KIA အုပ်ချုပ်နေတာဖြစ်တယ်။ ဒါပေမဲ့ TNLA လုပ်ဆောင်နေတဲ့ လုပ်ရပ်က မှန်တယ်၊ မှားတယ် သိပ်မကြည့်ပဲ သူတို့တွေ့တာ မိတာဆို လူမျိုးရေးဆန်ဆန် ဖြေရှင်းလျက်ရှိတယ်။ အခြားလူမျိုးတွေ ဖြစ်ရင်က သူတို့အဲလိုမဟုတ်ဘူး။ တစ်ခုခု ကချင်နဲ့ပတ်သက်တာဆို ပြဿနာထဲမပါလည်း ဘာမှမဟုတ်တဲ့နေရာမှာ အချိန်ကုန်၊ လူပင်ပန်း၊ ငွေကုန်တဲ့ လုပ်ရပ်ပဲလုပ်တယ်။ ဒီနေ့ TNLA လုပ်ဆောင်နေတာက ရဲတပ်ဖွဲ့ဆိုပြီး ဥပဒေအတိုင်းသွားသလိုတော့ လုပ်နေတယ်။ ဒါပေမဲ့ ပြည်သူတွေအတွက်က အရမ်းကို မသင့်တော်တဲ့ အုပ်ချုပ်မှုပုံစံပဲ လုပ်နေတယ်လို့ မြင်တယ်။ “လို့ ဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။  နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး KIO/KIA အစိုးရအောက် တည်ရှိနေတဲ့ မြို့လို့ဆိုပေမဲ့ ဒီမြို့ထဲမှာ ကိုးကန့်တပ်ဖွဲ့ရုံးအပြင် TNLA အုပ်ချုပ်ရေးရုံး၊ TNLA ရဲတပ်ဖွဲ့ဌာန စဖြင့် ဌာနအသီးသီးလည်းရှိတာဖြစ်ပါတယ်။ များသောအားဖြင့် တအာင်း(ပလောင်) လူမျိုးတွေကြား ဖြစ်ပွားတဲ့ ပြဿနာ ကိစ္စရပ်တွေအားလုံးကို တအာင်း(ပလောင်) ဒေသခံတွေက TNLA ကို တိုင်တန်းတာမျိုးတွေ ပြုလုပ်ကာ TNLA တပ်ဖွဲ့က တာဝန်ယူပြီး ဖြေရှင်းလျက်ရှိတယ်လို့ ဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • Nov- 2025 -
    3 November
    သတင်း

    ၆၀ မမ ဗုံးသီးကိုထုရိုက်ရာကနေ ပေါက်ကွဲပြီး အမျိုးသား ၂ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ စစ်ကျန်လက်နက်ပစ္စည်း ၆၀ မမ ဗုံးသီးက ယမ်းကိုထုတ်ဖို့ ကြိုးစားရင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၂ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်ကတော့ နိုဝင်ဘာလ ၂ ရက်နေ့ မနေ့က ညနေပိုင်း…

    Read More »
  • Sep- 2025 -
    8 September
    သတင်း

    TNLA အပေါ်တရုတ်ဖိအားရှိနေတာကြောင့် ကွတ်ခိုင်၊ နမ့်ဖတ်ကာဒေသတွက် လုံခြုံရေးစိုးရိမ်လာဖွယ်ရှိနေ

    စစ်ကော်မရှင်နဲ့ တရုတ်အစိုးရပူးပေါင်းပြီး တအာင်းလွတ် မြောက်ရေးအဖွဲ့ TNLA ကို ဆက်တိုက်ဖိအားပေးနေတာကြောင့် ကွတ်ခိုင်မြို့နဲ့ နမ့်ဖတ်ကာဒေသတွေဟာ လုံခြုံရေးစိုးရိမ်လာနိုင်ဖွယ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ စစ်ကော်မရှင်တပ်ဖွဲ့ဟာ လားရှိုး– မူဆယ် ပြည်ထောင်စုလမ်းမတစ်လျှောက်ရှိ မြို့နယ်တွေကို ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပြီး တရုတ်အစိုးရနဲ့ပူးပေါင်းကာ…

    Read More »
  • Dec- 2024 -
    3 December
    သတင်း

    မန်ပိန်းရွာ စာသင်ကျောင်းမှာတပ်မစွဲဖို့ပြောတဲ့ ကျောင်းသားမိဘတွေကို TNLA က သေနတ်နဲ့ခြိမ်းခြောက်ပြီး အတင်းအဓ္ဓမတပ်စွဲနေ

    ရှမ်းမြောက် နမ့်ဖတ်ကာမြို့အနီး မန်ပိန်းကျေးရွာ စာသင်ကျောင်းမှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြား တအာင်း TNLA က တပ်ချနေရာယူလိုက်တာကြောင့် ကျောင်းသားမိဘတွေ အပြင်းအထန်ကန့်ကွက်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ မူဆယ်မြို့နဲ့ နမ့်ဖတ်ကာကြား ခိုမုန်းကျေးရွာအနီးက မန်ပိန်းကျေးရွာ စာသင်ကျောင်းကို တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာလ ၂၅ ရက်နေ့ အတင်းအဓ္ဓမတပ်စွဲလိုက်တာကြောင့် နိုဝင်ဘာလ ၂၉ ရက်နေ့ကစပြီး ဒီနေ့ထိ ဒေသခံတွေနဲ့ TNLA လက်နက်ကိုင်တပ်ဖွဲ့ကြား ပြဿနာဖြစ်နေပြီး TNLA က ဒေသခံတွေကို သေနတ်နဲ့ခြိမ်းခြောက်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ “ကလေးတွေ ကျောင်းတက်နေတဲ့ဘေးမှာ အရင်ကျောင်းဆောင်ဟောင်းကို TNLA ကရှင်းလင်းပြီး နေရာလုယူလိုက်တာ။ ရွာက စာသင်ကျောင်းဝင်း မြေနေရာမှာ အဲလိုတပ်ချလိုက်တော့…

    Read More »
Back to top button