နမ့်ဖတ်ကာ

  • Dec- 2023 -
    20 December
    သတင်း

    ဆယ်စုနှစ်ကျော်ကြာတပ်ချနေထိုင်နေတဲ့ နမ့်ခိုင်စစ်တပ်စခန်းကြီးကို KIA တိုက်ခိုက်သိမ်းပိုက်

    ရှမ်းမြောက် ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အဓိကအရေးပါတဲ့ နမ့်ခိုင်တံတားစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက်မှ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ရှေ့တန်းသတင်ရင်းမြစ်တွေထံကနေ သိရပါတယ်။ အဲ့ဒီနမ့်ခိုင်စစ်တပ်စခန်းကို KIA တပ်မဟာ ၆ တပ်ရင်း ၉ တပ်ဖွဲ့များက ဒီဇင်ဘာ ၂၀…

    Read More »
  • 12 December
    သတင်း

    နမ့်ဖတ်ကာ စစ်ဘေးရှောင်များ အစားအသောက်ပိုမိုခက်ခဲလာ

    ရှမ်းမြောက် ကွတ်ခိုင်မြို့ နမ့်ဖတ်ကာမှာ စစ်တပ်ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဘေးလွတ်ရာတောထဲတိမ်းရှောင်နေတဲ့ပြည်သူတစ်ချို့  အစားအသောက်နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ကစပြီး နမ့်ဖတ်ကာဒေသခံတွေဟာ နီးစပ်ရာအသိဆွေမျိုးများအပြင် တောတွေမှာ စတင်ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အပြင် လက်ရှိချိန်ထိ စစ်ကောင်စီတပ်ရဲ့ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းကနေ လက်နက်ကြီးဆက်တိုက်ပစ်ခတ်နေပြီး…

    Read More »
  • 8 December
    သတင်း

    KIO တိုက်နယ် အုပ်ချုပ်ရေးမှူး နဲ့ ဒုတပ်ကြပ်တို့ နှစ်ဦး TNLA မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံး

    ရှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး( Mong Wee) အနီးမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ရဲ့ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ KIO နမ့်ဖတ်ကာအုပ်ချူပ်ရေး တိုက်နယ်အဖွဲ့ကနေ…

    Read More »
  • 8 December
    သတင်း

    နမ့်ဖတ်ကာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦးထက်မနည်းထိခိုက်သေဆုံး

    ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာမှာ စစ်တပ်ကလေကြောင်းနဲ့ဗုံးကျဲတိုက်ခိုက်တဲ့အပြင် လက်နက်ကြီးရမ်းသမ်းပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၅ ဦးထက်မနည်း ထပ်မံထိခိုက် သေဆုံးတဲ့အပြင် နေအိမ် ၁၀ အိမ်ခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံ တွေဆီကနေ သိရပါတယ်။ ဒီဇင်ဘာလ ၇ ရက် မနေ့တစ်ညလုံးထိ နမ့်ဖတ်ကာစစ်တပ်က လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်နေ့နဲ့ ၇ ရက်နေ့ မနက်ပိုင်းထိဆိုရင် လက်နက်ကြီးကြောင့် သေဆုံးသူ ၂ ဦးနဲ့ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ “၆ ရက်နေ့ညနေပိုင်းက လေယာဉ် ၂ စီးနဲ့လာပြီး သူတို့တပ်ထဲက မိန်းမတွေနဲ့ မိသားစုဝင်တွေကို လာခေါ်ထုတ်တယ်။ အဲ့ဒီအချိန် လုံခြုံရေးယူပေးတဲ့ လေယာဉ် ၁ စီးက နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်တစ်ခုလုံး ဗုံးကြဲသွားတယ်။ နေအိမ်တွေအများကြီးပျက်စီးသွားတယ်။ လူက ၂ ဦးထိတယ်။ အဲ့ဒီနောက် ည ၁၁ နာရီလောက်မှာ လက်နက်ကြီးနဲ့ ဆက်တိုက်ပြန်ပစ်တယ်။ အဲ့ဒီမှာ လူထပ်ပြီးထိတယ်။ စစ်တပ်က လက်နက်ကြီးမပစ်တဲ့အချိန်ကိုမရှိဘူး ခုလည်းဆက်တိုက်ပစ်နေတုန်းပဲ။” လို့ နမ့်ဖတ်ကာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ နမ့်ဖတ်ကာ ခ.လ.ရ ၁၂၃ တပ်စခန်း ထဲမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေကို လာခေါ်တဲ့ လေယာဉ် ၂ စီးရောက်လာချိန်မှာလည်း လုံခြုံရေးယူပေးတဲ့လေယာဉ် ၁ စီးကနေ နမ့်ဖတ်ကာကျေးရွာထဲကို ဗုံးဆက်တိုက် ကြဲချခဲ့တာလို့ သူကဆက်ပြောပါတယ်။ ခုလိုလေယာဉ်ဗုံးကျဲတာကြောင့် နမ့်ဖတ်ကာ ရပ်ကွက် ၄ မှာရှိတဲ့ နေအိမ် ၁၀ အိမ်ကျော် ထိခိုက်ပျက်စီးသွားတဲ့အပြင် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၁ ဦးသေဆုံးပြီး အသက် ၇၀ ကျော်အရွယ် အဘွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ တစ်ဆက်တည်း အဲ့ဒီည ၁၁ နာရီခန့်မှာဘဲ စစ်တပ်ကလက်နက်ကြီးနဲ့ ထပ်မံရမ်း သမ်းပစ်ခတ်ခဲ့တာကြောင့် နမ့်ဖတ်ကာရပ်ကွက် ၄ ဘက်မှာကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၁ ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက်သိရပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၇ ရက်နေ့ကလည်း တစ်နေ့လုံးနီးပါး နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ခတ်နေခဲ့တာကြောင့် အမျိုးသားတစ်ဦးထပ်ပြီး ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ “တနေကုန်လက်နက်ကြီးပစ်လို့ ညနေပိုင်း ၄ နာရီခွဲမှာတော့ လူပြန်ထိတယ်။ ဆေးရုံကိုခေါ်သွားတယ်။ ၆ နာရီလောက်မှာတော့ သေဆုံးသွားပြီ။ ပြီးခဲ့တဲ့နေ့လည်း လေယာဉ်နဲ့ သူတို့တပ်ထဲကလူတွေကို လာခေါ်ထုတ်ရင်း တစ်ရွာကိုလုံး ဗုံးကြဲလို့ ပြည်သူထိတယ်။ အိမ်တွေလည်း အများကြီးပျက်စီးသွားပြီ။” ဟု နမ့်ဖတ်ကာဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိနမ့်ခမ်းမြို့ဘက် ညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲဆက်တိုက်ပြင်းထန်နေပြီး နမ့်ဖတ်ကာစစ်တပ်စခန်ကုန်ကနေလည်း လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ လက်ရှိချိန်ထိ ၁ လကျော်ကာလအတွင်း နမ့်ဖတ်ကာစစ်တပ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာဒေသခံ အရပ်သားစုစုပေါင်း ၂၀ ဝန်းကျင် ထိခိုက်သေဆုံးပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။ By…

    Read More »
  • 6 December
    သတင်း

    နမ့်ဖတ်ကာကျေးရွာက ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်ရှောင်ခိုင်းနေ

    ရှမ်းမြောက်ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ရပ်ကွက် ၄ ခုကို စစ်ကောင်စီတပ်က တိမ်းရှောင်ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာထဲက ရီးယန်(Riyang ) ၊ဇီးဒဘန်(Zi dabang)၊ ဘန်ဂျရော့ပ်(Bang Jarawp)၊ မ နောယန်(ManauYang) စတဲ့ရက်ကွက် ၄ ခု ကို နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းက ဒီဇင်ဘာ ၂ ရက်နေ့ကစပြီး တိမ်းရှောင်ခိုင်းတာကြောင့် လက်ရှိ နမ့်ဖတ်ကာဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့နမ့်ဖတ်ကာဒေသခံတစ်ဦးက ပြောပါတယ်။ “အဓိက လက်နက်ကြီးအမြဲကျတဲ့ ရပ်ကွက်တွေပေါ့။ စစ်တပ်နဲ့ နီးတဲ့ရပ်ကွက် ၄ ခုရှောင်ခိုင်းတာဟုတ်တယ်။ အဓိက အဲ့ဒီရွာတွေဘက်က လက်နက်ကိုင်တော်လှန်ရေးတပ်မဖွဲ့တွေ လာလာပစ်လို့တဲ့ ရွာသားတွေ ထိခိုက်မှာစိုးလို့ဆိုပြီး ရှောင်ခိုင်းတာဟုတ်တယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ရီးယန်ရပ်ကွက်က ပြည်သူတွေက ခိုမုန်း၊ ဇွပ်ရာ နဲ့ လုံစော်ယန်စတဲ့ကျေးရွာတွေရှိ မိမိအသိမိတ်ဆွေတွေဆီခိုလှုံတိမ်းရှောင်သွားကြပြီး ဇီးဒဘန်ရပ်ကွက်သားတွေကတော့ လုံဂျာယန်ကျေးရွာတွေဆီ ခိုလှုံတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။ ဘန်ဂျရောပ်ရပ်ကွက်နေ ပြည်သူတွေက နမ့်ဖတ်ကာနဲ့ ခိုမုန်းကြား နမ့်မွေအနီးတဝိုက်တိမ်းရှောင်နေကြပြီး ခလရ ၁၂၃ တပ်စခန်းနဲ့ကပ်ရပ် မနောယန်ရပ်ကွက်နေပြည်သူတွေကတော့ ဟိုဖျက်ကျေးရွာသို့ အမြောက်အများ တိမ်းရှောင်ခိုလှုံနေကြကြောင်း သိရပါတယ်။ လက်ရှိ နမ့်ဖက်ကာကျေးရွာထဲက သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ နီးစပ်ရွာကျေးရွာတွေနဲ့ ဆွေမျိုးအိမ်တွေဆီ၊ တောင်ယာအခင်းတွေဆီ တိမ်းရှောင်နေကြရတဲ့အပြင် တိမ်းရှောင်ဖို့ခက်ခဲတဲ့ပြည်သူတစ်ချို့လည်း ရှိနေတယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးက ပါတယ်။ “သူတို့ရှောင်လို့မပြောတဲ့ ရပ်ကွက်တွေထဲက ရွာသားတွေလည်း အသက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဟို..လယ်တောတွေထဲ ပို့ထားတယ်။ တောထဲအခင်းတွေထဲ တိမ်းရှောင်နေတယ်။ အားလုံးက ကိုယ့်သိကျွမ်းရာ ကိုယ့်အစီအစဉ်နဲ့ ကိုယ် တိမ်းရှောင်ကြရတာပေါ့။ ရွာထဲရှိနေသေးတဲ့အမြောက်အများလည်း ကတုန်းကျင်းနဲ့သတိနဲ့ နေနေတယ်။” လို့ နမ့်ဖတ်ကာ…

    Read More »
  • Nov- 2023 -
    30 November
    သတင်း

    နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနေအိမ်ထဲက တန်ဖိုးရှိပစ္စည်းများ ယူဆောင်နေ

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ လုံခြုံရေးယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူနေအိမ်တွေထဲ ဝင်ရောက်မွေနှောက်ပြီး တန်ဖိုးရှိပစ္စည်းများနဲ့ ရွှေ၊ငွေတွေကို ယူဆောင်တာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေပြောပါတယ်။ နမ့်ခမ်းနဲ့ မူဆယ်တစ်ဝိုက် တိုက်ပွဲပြင်းထန်နေတဲ့အပြင် နမ့်ဖတ်ကာဘက်မှာလည်း စစ်တပ်ကလုံခြုံရေးတင်းကြပ်ထားပြီး နေ့တိုင်းဆိုသလိုကျေးရွာတစ်ဝိုက် လုံခြုံရေးယူရင်း ပြည်သူနေအိမ်တွေဆီ…

    Read More »
  • 28 November
    သတင်း

    လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်လိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံပြည်သူတွေ အစစအရာရာခက်ခဲနေ

    ရှမ်းပြည်မြောက်ပိုင်း လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး သွားလာခွင့်ပိတ်ထားလိုက်တဲ့နောက် နမ့်ဖတ်ကာရွာက ဒေသခံ ပြည်သူတွေဟာ လုံခြုံရေးနဲ့စားနပ်ရိက္ခာအတွက် စိုးရိမ်နေကြရတယ်လို့ နမ်ဖတ်ကာပြည်သူတွေက ပြောပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီးလားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ကနေ  သွားလာခွင့်ပိတ်ထားတဲ့အတွက် တခြားဒေသကို ထွက်ပြေးတိမ်းရှောင်ဖို့ခက်တဲ့ နမ့်ဖတ်ကာဒေသခံတွေဟာ အရေးပေါ်ဖျားနာ လာရင်သွားလာနိုင်ဖို့ခက်ခဲနေသလို စစ်ဖြစ်လာရင်လည်း ထွက်ပြေးဖို့ခက်ခဲတာကြောင့် ကတုတ်ကျင်းတူးပြီးပဲ နေနေရတယ်လို့ ဆိုပါတယ်။ “စစ်တပ်နဲ့နီးတဲ့ အိမ်တွေက ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေတယ်။ အခုကလမ်းတွေပိတ်ထားတော့ နမ့်ဖတ်ကာထဲကရွာသားတွေ တော်တော်ခက်တယ်။ အစားအသောက် ဝယ်ယူစားသောက်ဖို့နေရာတွေမရှိတော့ဘူး။ ပြီးရင် လမ်းတွေပိတ်လိုက်တော့ ကျမတို့က အခြားနေရာတွေဆီ ပြေးလို့လည်း မရတော့ဘူး။ဘယ်ကိုမှသွားလို့မရတော့ အသက်ကြီးရွယ်အိုတွေက ဘယ်မှပြေးလို့မရဘူး။” ဟုနမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက…

    Read More »
  • Oct- 2023 -
    30 October
    သတင်း

    နမ့်ဖတ်ကာမှာ လက်နက်ကြီးကျလို့ အရပ်သား ၃ ယောက်သေဆုံး

    တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖတ်ကာမှာ ဒီကနေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေပိုင်းမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အမျိုးသမီး တစ်ယောက်အပါအဝင် ၃ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လာရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ နမ့်ဖတ်ကာ ရပ်ကွက်…

    Read More »
  • 30 October
    သတင်း

    သိန္နီတံတားကို ညီနောင်မဟာမိတ်အဖွဲ့တွေမိုင်းခွဲဖျက်ဆီးပြီးနောက် ကွတ်ခိုင် နဲ့ နမ့်ဖတ်ကာကြားက နမ့်ခိုင်တံတားကိုလည်း တိုက်ခိုက်နေလို့သိရ

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီတံတားကို ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီကနေ့ အောက်တိုဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာပဲ မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။ အခုလို သိန္နီတံတားမိုင်းခွဲဖျက်ဆီးခံရတာဟာ ရှမ်းပြည်နယ်အရှေ့ဘက်ခြမ်းနဲ့ ရှမ်းပြည်နယ်တောင်ဘက်ခြမ်း…

    Read More »
  • Sep- 2023 -
    27 September
    ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်း

    နမ်ဖတ်ကာ တပ်စခန်းအနီးမှာ စစ်ကောင်စီတပ်က မိုင်းထောင်ထားလို့ ပြည်သူများ သွားလာရေးမှာ အခက်တွေ့

    ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအထိုင်ချ စစ်ကောင်စီတပ်က စခန်းဘေးပတ်ဝန်းကျင် ဒေသခံတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ မိုင်းထောင်ထားတဲ့အတွက် လုပ်ကိုင်စားသောက်ရေးနဲ့ သွားလာလှုပ်ရှားရေးမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်စခန်းဟာ ရွာသားတွေနဲ့ကပ်ရပ်စခန်းကြီးတစ်ခုဖြစ်ပြီး တပ်စခန်းပတ်ဝန်းကျင် မိုင်းထောင်ထားတဲ့အတွက် ရွာသားတွေ လယ်ယာ၊ ခြံ အခင်း သို့ သွားလာရေးမှာ အသက်အန္တရာယ်စိုးရိမ်ရပြီး…

    Read More »
Back to top button