ပူတာအို

  • Dec- 2025 -
    10 December
    သတင်း

    ပူတာအို နမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားနဲ့ရွှေလုပ်သားတစ်ချို့ကို စစ်တပ်ဖမ်းဆီး

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲက နာမ့်စဘွမ်ရွှေမှော်မှာ စက်ယန္တရားတစ်ချို့နဲ့ရွှေလုပ်သားတစ်ချို့စစ်ကောင်စီဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဒီဇင်ဘာလ ၉ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင် အင်အား ၃၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပူတာအိုမြို့အရှေ့ဘက်ရှိ နမ့်စဘွမ်နဲ့နမ့်ခမ်းရွှေမှော်ထဲဝင်ရောက်လာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ နမ့်စဘွမ်ကျေးရွာနေအမျိုးသားတစ်ဦး KNGကိုပြောပါတယ်။ “မျက်စိရှေ့မှာတော့ ဘတ်ဖိုးနှစ်စီးဖမ်းသွားတယ် နောက်ထပ်ဘယ်နှစ်စီးဖမ်းခံရလဲအတိအကျတော့မသိရဘူး။ ပြီးတော့ ရွှေကျင်းက ကျင်းသားခြောက်ယောက်ဖမ်းသွားတယ်”လို့ သူကပြောပါတယ်။ စစ်ကောင်စီစစ်သားတွေဟာ နမ့်စဘွမ်ရွှေမှော်ထဲက ဘတ်ဖိုးယာဥ်နှစ်စီးထက်မနည်းနဲ့ ရွှေလုပ်သားအမျိုးသား ၆ ဦးကိုလည်း ဖမ်းဆီးသွားကြောင်းသိရပါတယ်။ “ပြန်လွတ်လာတာတော့မကြားမိသေးဘူး စစ်သားတွေရုတ်တရက်ဝင်လာတော့အကုန်ထွက်ပြေးကြတာ အခုလောလောဆယ်ရွှေမှော်တွေအကုန်ပိတ်ထားတယ်”လို့အထက်ဖော်ပြပါနမ့်စဘွမ်ကျေးရွာနေအမျိုးသားကဆက်ပြောပါတယ်။ အလားတူမနေ့ကတစ်ရက်တည်းမှာပဲ ပူတာအိုမြို့အနောက်ဘက်ခြမ်းက မကျော့ဝါ၊နာမ်ဟော်စတဲကျေးရွာတွေဘက်က ရွှေမှော်တွေမှာလည်း စစ်ကောင်စီစစ်သားတွေဝင်ရောက်လာပြီး အရပ်သားတစ်ချို့ဖမ်းခံရတာရှိတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အချက် လက်အတိကျ…

    Read More »
  • 10 December
    သတင်း

    ပူတာအိုမှာ ဖမ်းဆီးခံလိုက်ရတဲ့ Starlink wifi စက်အလုံးရေ ၆၀ အထိရှိလာပြီး ဆက်ပြီးလိုက်လံဖမ်းဆီးနေဆဲ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ စစ်ကောင်စီတပ်က Starlink Wifi စက်တွေလိုက်ဖမ်းနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးဝန်းကျင်ကျေးရွာတွေမှာ ဖွင့်ထားတဲ့ Starlink wifi စက်တွေကို  ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းကစပြီး  လိုက်ပြီးဖမ်းနေတာလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကုန်လိုက်ဖမ်းတယ် ဘယ်တော့ပြန်ပေးမလဲတော့မသိရသေးဘူး။ခုမြို့ထဲမှာဖွင့်ထားတဲ့စက်တွေကော ရွာဘက်ကဆိုင်တွေကော အကုန်လိုက်စစ်တယ် အခုလောလောဆယ်တော့အကုန်လုံးပိတ်ထားတယ်”လို့ အသက် ၄၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီက Starlink wifi စက်တွေကို လိုက်ဖမ်းနေတာကြောင့် လက်ရှိပူတာအိုမြို့ပေါ်က Starlink wifi ဖွင့်ထားတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာဖွင့်ထားတဲ့ wifiတွေနဲ့ အိမ်သုံးတပ်ထားတဲ့ wifi တွေကအစ ပိတ်ထားရကြောင်း သိရပါတယ်။ ပူတာအိုမြို့ပေါ်မှာ Starlink wifi စက်တွေကို ခုလိုရုတ်တရက်လိုက်လံဖမ်းဆီးနေတာနဲ့ပတ်သက်ပြီး ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။ “အသိလည်းမပေးဘူးရုတ်တရက်ကြီးကိုဝင်စစ်ဝင်သိမ်းလုပ်သွားတာ အခြေနေကတော့အမျိုးမျိုးကြားနေရတယ် မ. ပ.ခ ကနေဒုတိုင်းမှူးလာမှာမလို့လည်း ကြားရတယ်။ ရွေးကောက်ပွဲနီးလာလို့လည်း ကြားရတယ်။ ဘာကြောင့်ပိတ်ခိုင်းတာလဲဆိုတာအတိအကျတော့မသိရဘူး”လို့သူကပြောပါတယ်။ လတ်တလော ပူတာအိုမြို့မှာ စတားလင့်တွေကို လိုက်လံဖမ်းဆီးနေဆဲဖြစ်တယ်လို့သိရပြီး ဖမ်းထားတဲ့စတားလင့်စက်အလုံးရေ ၆၀ ဝန်းကျင်ခန့်ရှိနိုင်တယ်လို့လည်း အထက်မှာဖော်ပြတဲ့ ပူတာအို ခ.လ.ရ ၄၆ တပ်နဲ့နီးစပ်တဲ့အမျိုးသားက ဆက်ပြောပါတယ်။ ပူတာအိုမြို့နဲ့ဝေးတဲ့ လုံရှာယာန်၊ ဖက်မာ၊ နမ်ထူခူးစတဲ့ကျေးရွာတွေဘက်မှာတော့ လိုက်လံသိမ်းဆည်းတာမျိုးမရှိသေးကြောင်းသိရပါတယ်။ လက်ရှိပူတာအိုမြို့ခံတွေဟာ Mytel ဆင်းမ်ကဒ်နဲ့ အင်တာနက်အသုံးပြုရဖို့အတွက် ဖုန်းအရောင်းဆိုင်တွေမှာ VPN ဝယ်ပြီးသုံးနေရကြောင်း သိရပါတယ်။ “Mytel နဲ့ရတယ် ဒါပေမယ့် vpn ဝယ်သုံးရတယ် တစ်သောင်းနဲ့ဝယ်ရတယ်သူတို့ပေးတဲ့VPN နဲ့ ပြီးတော့ File သီးသန့်ချပေးသေးတယ်အဲ့ဖိုင်ထည့်သုံးမှရတယ်”လို့ မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။ ဒေသခံတွေသုံးချက်အရ ရွေးကောက်ပွဲနီးကပ်လာလို့ပိတ်တာလည်းဖြစ်နိုင်သလို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးရဲ့ခရီးစဥ်ရှိတာကြောင့်ပိတ်တာလည်းဖြစ်နိုင်ကြောင်း ပြောဆိုနေကြပါတယ်။ ပူတာအိုမြို့အပါအဝင် မြစ်ကြီးနား၊ တနိုင်း၊နောင်မွန်၊ခေါင်လန်ဖူး၊ မိုးညင်းစတဲ့မြို့နယ်တွေမှာတော့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာရွေးကောက်ပွဲကျင်းပဖို့ရှိပြီး ကျန်တဲ့မြို့နယ်တွေမှာတော့ Starlink Wifi စက်တွေပုံမှန်အတိုင်းအသုံးပြုလို့ရနေဆဲလို့သိရပါတယ်။ စစ်ကောင်စီဟာကချင်ပြည်နယ် ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကုန်ပိုင်းကတည်းက ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။…

    Read More »
  • 5 December
    သတင်း

    ပူတာအိုမြို့အထွက် ပြည်သူ့စစ်ဂိတ်ကို အချိန်ကန့်သတ်နဲ့ဖွင့်ပေးနေတာကြောင့် ဒေသခံတွေအခက်တွေ့

    ကချင်ပြည်နယ် ပူတာအိုမြို့အထွက်မှာရှိတဲ့ ပြည်သူ့စစ်ဂိတ်မှာ ဂိတ်ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားတာကြောင့် ဒေသခံတွေသွားလာရေးမှာ အခက်တွေ့နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အထွက် ဂျူဗလီရပ်ကွက်က ပူတာအို – နောင်မွန် – ခေါင်လန်ဖူးလမ်းဆုံမှာထိုင်ထားတဲ့ ပြည့်စစ်ဂိတ်မှာ ည ၉ နာရီအထိသာဖြတ်သန်းသွားလာခွင့်ပြုထားတဲ့အတွက် မြို့ခံပြည်သူများ လမ်းသွားလမ်းလာအခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ “ဂိတ်ကမြို့ပြင်ဘက်ကျပေမယ့် ဟိုဘက်ကမှာ လူနေအိမ်တွေအများကြီးရှိတယ် ဟိုဘက်ရပ်ကွက်ဒီဘက်ရပ်ကွက်သွားသွားလာလာအခက်အခဲတော့ဖြစ်တာပေါ့။ ည ၉ နာရီဆိုရင် ဂိတ်ပိတ်တယ်။ မနက်လည်း ၅ နာရီနောက်ပိုင်းမှာဖွင့်တယ် တစ်ခါတလေ စစ်ဆေးမေးမြန်းတာမျိုးလည်းလုပ်တယ်”လို့ ပူတာအိုမြို့ခံအသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။ ဒါ့အပြင် အဲဒီပြည်သူ့စစ်ဂိတ်မှာ ပူတာအိုကနေ နောင်မွန်၊ခေါင်လန်ဖူး၊မချမ်းဘော့ဘက်တက်တဲ့ ကုန်ကားတွေနဲ့ ရွှေမှော်တက်သွားတဲ့ဆီကား၊ဆန်ကား၊သုံးဘီးကားတွေကအစ အခွန်ကောက်နေတာလို့သိရပါတယ်။ “မချမ်းဘော့ ဘက်ကရွှေမှော်တွေဘက်သွားတဲ့ ဆန်ကား၊ဆီကားတွေဆီကနေကောက်တယ်ပြီးနောက်ခေါင်လန်ဖူးနောင်မွန်ဘက်တက်တဲ့ကားတွေဆီကနေလည်းကောက်တယ် ကားတစ်စီးကို တင်တဲ့ကုန်ပေါ်မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိတော့ကောက်တယ်ပြောတယ်”သုံးဘီးပါမကျန်ဘူး အားလုံးကောက်တယ်”လို့ အထက်ဖော်ပြပါပူတာအိုဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမြို့အထွက်မှာတန်ဂူးတန်ပြည်သူ့စစ်ဂိတ်ထိုင်ထားသလို ပူတာအိုမြို့အဝင်ဘက်မှာလည်း စစ်ကောင်စီတပ်က မူလာရှီးဒီးမှာ ဂိတ်ထိုင်ထားပြီးအခွန်ကောက်တာ၊ စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့သိရပါတယ်။ ပူတာအိုမြို့အထွက် တန်ဂူးတန်ပြည်သူ့စစ်ဂိတ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစထိုင်တာဖြစ်ပြီး ပူတာအိုမြို့ပေါ်က ပြည်သူ့စစ်ရဲ့တစ်ခုတည်းသောဂိတ်ဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာအဓိကအားဖြင့် ရှမ်း၊ဂျိန်းဖော့၊ရဝမ်၊လီဆူလူမျိုးတွေအများဆုံးနေထိုင်ကြပြီး မြစ်ကြီးနားမြို့ရဲ့ မြောက်ဘက် မိုင်အရှည် ၂၀၇ မိုင်ခန့်အကွာမှာရှိတဲ့ မြို့ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရကပြည်နယ်/တိိုင်းဒေသအသီးသီးမှာရှိတဲ့ ငြိမ်းချမ်းရေးယူထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းပေးလိုက်ပြီးနောက် ဦးတန်ဂူးတန်ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့စည်းပေါ်ပေါက်လာခြင်းဖြစ်ပြီး လက်ရှိ ပူတာအို၊ခေါင်လန်ဖူးအထိ ပြည်သူ့စစ်တွေရှိနေတာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • Nov- 2025 -
    29 November
    သတင်း

    ကချင်ဒေသထွက် ကျောက်ဂျပိုး စျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြော

    ကချင်ပြည်နယ်ရဲ့ အအေးပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေမြို့တွေမှာ ဆောင်းအဝင်ထွက်လေ့ရှိတဲ့ ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ ပူတာအို၊ ခေါင်လန်ဖူးနဲ့ ချီဖွေတွေမှာ အောက်တိုဘာလကစပြီး ကျောက်ဂျပိုးအကောင်ထွက်တဲ့ရာသီဖြစ်တာကြောင့် ဒေသခံတွေက နှစ်စဉ်ကျောက်ဂျပိုးဖမ်းပြီး ဝင်ငွေရှာဖွေကြတာဖြစ်ပါတယ်။  ဒါပေမဲ့ ဒီနှစ်ကတော့ အရင်နှစ်တွေလို ဝယ်သူနည်းလာတဲ့အတွက် ကျောက်ဂျပိုးစျေးကောင်းမရတော့ဘူးလို့ ဒေသခံတွေပြောပါတယ်။ “အရင်နှစ်ကတော့ စျေးအရမ်းကောင်းတယ်။ တစ်ပိဿာ ၆ သိန်း၊ ၇ သိန်း အလုအယက်ဝယ်ကြတယ်။ ပြီးရင် အဲလိုမခက်ခဲဘူး။ ဒီနှစ်ကတော့ စျေးမရှိဘူး။ ဘာကြောင့် စျေးကျသလဲဆိုရင် နိုင်ငံခြား တရုတ်၊ အိန္ဒိယပို့မယ်ဆိုရင် ဂိတ်ပေါင်းအများကြီးရှိတယ်။ ဟိုဂိတ်၊ ဒီဂိတ်နဲ့ နှုတ်လိုက်တဲအခါ ဟိုမှာရောက်ရင် အရင်းထိတယ်ဆိုပြီး သိပ်မဝယ်ကြဘူး။ သူတို့နေရာရောက်ရင်တော့ စျေးရတာပေါ့။ ဒီမှာက ဝယ်တဲ့သူမရှိလို့ ဟိုမှာရောက်ရင်တော့ စျေးကောင်းတယ်လို့ ပြောတယ်”ဟု ပူတာအိုဒေသခံတစ်ဦးက ပြောပါတယ်။ ကချင်ဒေသထွက် ကျောက်ဂျပိုးတွေကို တရုတ်၊ အိန္ဒိယ စတဲ့အိမ်နီးချင်းနိုင်ငံတွေကို အဓိကတင်ပို့ကြသလို ဒီဒေသတွေအထိ တရုတ်ဘက်က ဝယ်လက်တွေ လာရောက်ဝယ်ယူကြတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ပူတာအိုဒေသတွင်း ကျောက်ဂျပိုးတစ်ပိဿာကို ကျပ်ငွေ ၇ သိန်းအထိ စျေးပေါက်ခဲ့ပေမဲ့ ဒီနှစ်ကတော့ တစ်ပိဿာကို ၃ သိန်းနဲ့ ၄ သိန်းကြားသာရတယ်လို့ ဆိုပါတယ်။  တစ်ဖက်က ချီဖွေဒေသဘက်မှာတော့ ဒီနှစ် ကျောက်ဂျပိုးထွက်ခါစ အောက်တိုဘာလလောက်မှာ အစိုတစ်ပိဿာကို ၇ သိန်းလောက်စျေးပေါက်ခဲ့ပြီး အခြောက် တစ်ပိဿာကို ၉ သိန်းကျော်ထိ စျေးပေါက်ခဲ့တယ်လို့ သိရပါတယ်။  ဒါပေမဲ့ အခုလက်ရှိစျေးကတော့ ကျောက်ဂျပိုး တစ်ပိဿာကို ၆ သိန်းလောက် စျေးရှိနေတယ်လို့ ချီဖွေဘက်က ကျောက်ဂျပိုးဝယ်ရောင်းသူတွေ ပြောပါတယ်။  တရုတ်တွေဘက်က ကျောက်ဂျပိုးတွေ အရင်နှစ်တွေလို စျေးကောင်းပေးမဝယ်တော့တာဟာ တရုတ်ဘက်မှာလည်း မွေးမြူတတ်သွားသူတွေရှိသလို လက်ရှိနိုင်ငံရေးအခြေအနေအရ လမ်းပိုင်းအခက်အခဲအမျိုးမျိုးကြောင့်ဖြစ်တယ်လို့ တရုတ်ကျောက်ဂျပိုးကုန်သည်ကြီးတွေနဲ့ ချိတ်ဆက်ပြီး ကျောက်ဂျပိုးဝယ်ယူစုဆောင်းသူက ပြောပါတယ်။  “တရုတ်ဘက်မှာ မနှစ်တုန်းကဆိုရင် အကောင်ရှင်သေးတဲ့ အစိမ်းဆိုရင် နို့ဆီခွက်တစ်ခွက်ကို ကျပ်ငွေ ၅ သောင်းကနေ ၇ သောင်းအထိ ပေးကြတယ်။ စျေးကောင်းပေးပြီး ဝယ်ကြတယ်။ အခုတော့ သူတို့တရုတ်ဘက်မှာလည်း မွေးတတ်သွားကြပြီတဲ့။ ဘယ်လိုရာသီမျိုး၊နေရာမျိုးမှာရှိတယ်ဆိုတာကို လေ့လာယူပြီး သူတို့တရုတ်ဘက်မှာလည်း ရာသီဥတုကို လုပ်ယူဖန်တီးပြီး မွေးကြပုံပဲ။ ဒီကျောက်ဂျပိုးကို အဆုတ်နဲ့ဆိုင်တာ၊ နှလုံးသွေးကြောနဲ့ဆိုင်တာ၊ ကင်ဆာနဲ့ပတ်သက်တဲ့ ဆေးတွေ ဖော်စပ်တယ်လို့ ပြောတယ်။ ကျောက်ကပ်ဆေးလိုမျိုးတွေ ဖော်တယ်လို့ ပြောတယ်။ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။”ဟု ချီဖွေဒေသ ကျောက်ဂျပိုးဝယ်သူတစ်ဦးက ပြောပါတယ်။ ကျောက်ဂျပိုးအကောင်တွေဟာ မြစ်၊ချောင်းဘေး ကျောက်ဆောင်၊ ကျောက်တုံးတွေနားမှာရှိကြတာဖြစ်ပါတယ်။ ဒေသခံတွေဟာ ကျောက်ဂျပိုးကို ခြင်ထောင်စတွေ၊ စကာပိတ်စတွေနဲ့ မေခမြစ်၊ မလိခမြစ်နားတွေ မြစ်၊ချောင်းဖျားပိုင်းတွေမှာ အဓိက ရှာဖွေကြတယ်လို့ သိရပါတယ်။  ကျောက်ဂျပိုးအကောင်တွေထဲမှာ အမည်းရောင်တန်းပြီး အကောင်သေးတဲ့ပုံစံမျိုးနဲ့ အနီရောင်တန်းပြီးအကောင်းနည်းနည်းကြီးတဲ့ပုံစံ စသဖြင့် အကောင်နှစ်မျိုးရှိရာ အနီရောင်တန်းပြီး နည်းနည်းကြီးတဲ့အကောင်မျိုး ဝယ်ယူတာမရှိဘူးလို့ သိရပါတယ်။ ဒီကျောက်ဂျပိုးတွေကို ပူတာအို၊ ချီဖွေ ဒေသခံတွေက ဟင်းပွဲအဖြစ်စားသုံးကြတာလည်း ရှိသလို အဓိကတော့ တရုတ်တွေ စျေးကောင်းပေးဝယ်တာကြောင့် စီးပွားဖြစ် ဝင်ငွေအတွက် ကျောက်ဂျပိုးအကောင်ကို ရှာဖွေကြတာ ပိုများပါတယ်။ တရုတ်ပြည်ဘက်မှာတော့ ဒါကို အဖိုးတန်တစ်ခုအဖြစ် စျေးကောင်းပေးဝယ်ပြီး အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ကင်ဆာ စတဲ့ရောဂါတွေနဲ့ပတ်သက်တဲ့ ဆေးဝါးဖော်စပ်တဲ့နေရာမှာ အဓိကသုံးသလို ဟင်းခတ်အမွေးအကြိုင်အဖြစ် ဖေစပ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတယ်လို့ တရုတ်ကုန်သည်တွေ ပြောဆိုချက်အရ သိရတယ်လို့ ကျောက်ဂျပိုးဖောက်သည်တွေက ပြောဆိုပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 28 November
    သတင်း

    ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီး‌နေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ

    ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့…

    Read More »
  • 24 November
    သတင်း

    စစ်တပ်က မချမ်းဘော့ဘက် စစ်အင်အားဖြည့်တင်းပြီး လမ်းပိုင်းတစ်ချို့ပိတ်ဆို့ထား

    ကချင်ပြည်နယ်၊ ပူတာအိုခရိုင် မချမ်းဘော့မြို့အထိုင်တပ် ခ.လ.ရ ၁၃၇ တပ်ထဲကို စစ်ကောင်စီတပ်က အင်အားဖြည့်နေပြီး လမ်းပိုင်းတစ်ချို့ကိုလည်း ပိတ်ထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မချမ်းဘော့မြို့ရဲ့အောက်ဘက် မလိခမြစ်အနီးမှာ စစ်ကောင်စီတပ်နဲ့…

    Read More »
  • 20 November
    သတင်း

    နောင်မွန်မြို့ပြည်သူတွေ ဆေးကုသဖို့ အခက်အခဲကြုံတွေ့နေရ

    ကချင်ပြည်နယ် ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်နယ်ထဲက ပြည်သူတွေ ဆေးကုသဖို့ ပိုမိုခက်ခဲကြပ်သည်းလာတယ်လို့သိရပါတယ်။ နောင်မွန်မြို့နယ်ထဲမှာ ဆေးဝါးတွေလွတ်လွတ်လပ်လပ်သယ်ယူလို့မရတာ၊ အစိုးရပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးအလုံအလောက်မရှိတဲ့အပြင် ဆေးကုစရိတ်အဆမတန်များတာကြောင့် ပြည်သူတွေဆေးဝါးကုသဖို့အတွက် တစ်နေ့တခြားပိုခက်ခဲလာတယ်လို့နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “လက်ထဲမှာပိုက်ဆံအနည်းဆုံးငါးသောင်းမှမရှိရင် ဆေးရုံသွားလို့မရဘူး အကြောဆေးလေးတစ်လုံးထိုးရင် ၁၈၀၀၀ ပေးရတယ်။ ဆေးရုံတစ်ညအိပ်ရင်…

    Read More »
  • 14 November
    သတင်း

    ပူတာအိုမှာ စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှု နေရာပိုပြီးကျယ်ပြန့်လာတယ်လို့ဆို

    စစ်ကောင်စီတပ်က အောက်တိုဘာလကုန်ပိုင်းကစပြီး ပူတာအိုမြို့ အရှေ့ဘက် မချမ်းဘော့၊ ထန်ဂါးဘက်နဲ့ မြို့ရဲ့ တောင်ဘက် ပူတာအို–မြစ်ကြီးနားလမ်းပိုင်းရှိ ဆွမ်ပီယန်၊ တန်ဂျာဘက်ကို စစ်ရေးလုပ်ရှားမူတွေ ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း သိရပါတယ်။ “အင်အားသွားဖြည့်တဲ့ပုံစံတော့ မဟုတ်ဘူးဗျ သူတို့မနက်သွားညပြန်ပုံစံလုပ်ရှားနေတာ မနက်မနက်ဆိုရင် ကားအပြည့် အပြည့်သွားတယ် တန်ဂျာဘက်၊ မချမ်းဘော့ဘက်တွေသွားတယ်။ ညပိုင်းဆိုပြန်ပြန်လာကြတယ် သူတို့စစ်ကြောင်းနဲ့ ကင်းပတ်တဲ့ပုံစံပဲ အဆင့်သင်ပြင်ဆင်ပြီးနေကြတာ ဘာသတင်းတွေကြားလို့လဲတော့ မသိဘူး”လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ပူတာအို ခလရ ၄၆ အထိုင်တပ်ဟာ ယခုရက်ပိုင်း…

    Read More »
  • 13 November
    သတင်း

    KIA ကလုံခြုံရေးအရ မီးရှို့စွန့်ခွာသွားတဲ့ စခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးအောင်ပွဲခံနေ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ လုံခြုံရေးအရ မီးရှို့စွန့်ခွာခဲ့တဲ့ စခန်းထဲကို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ဝင်လာပြီး အောင်ပွဲခံနေကြောင်း ဒေသခံများထံမှ သိရပါတယ်။ အဲဒီစခန်းဟာ မြစ်ကြီးနား – ပူတာအိုကားလမ်းပိုင်း တန်ဂျာကျေးရွာအနီးမှာရှိပြီး KIA ပူးပေါင်းတပ်ကလနဲ့ချီတပ်စွဲနေထိုင်ခဲ့တဲ့စခန်းဖြစ်တယ်လို့ ဒေသခံ‌တွေပြောပါတယ်။ …

    Read More »
  • 12 November
    ရွေးကောက်ပွဲဆိုင်ရာ

    စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲကို တော်လှန်ရေးလမ်းစဉ်အတိုင်း ဆန့်ကျင်သွားမယ့်လို့ တော်လှန်ရေးတပ်ဖွဲ့တွေပြော

    ရွေးကောက်ပွဲကို အပိုင်း (၃)ခုနဲ့ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီက ကချင်ပြည်နယ်ထဲက မြို့နယ် (၉) နေရာလောက်မှာ ကျင်ပဖို့ ပြင်ဆင်နေတာဖြစ်ပြီး မြို့နယ်တစ်ချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲပါဝင်နေပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ အပိုင်း(၁) ကြေညာချက်မှာ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး မြို့နယ်(၆)ခုပါဝင်ပြီး အောက်တိုဘာလ (၂၈) ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ရွေးကောက်ပွဲ အပိုင်း(၂) ကြေညာချက်ထဲမှာ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တို့ပါဝင်လာပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ မြို့နယ်ရှိတဲ့ ထဲကနေ မြို့နယ် ထက်ဝက်ခန့် ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီးဖြစ်တဲ့ ခေါင်လန်ဖူးနဲ့ ဝိုင်းမော်မြို့နယ်တွေက KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေဖြစ်သလို အဓိကတိုက်ပွဲနေရာလည်းဖြစ်နေပါတယ်။ စစ်တပ်အာဏာသိမ်းပြီး အာဏာရှင်ကျဆုံးဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ဆက်လက်ပြီး ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့ ဖားကန့် KPDF တာဝန်ခံတစ်ဦးက KNG ကိုပြောပါတယ်။ “တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်ပြီးသွားမှာဖြစ်တယ်။ စစ်တပ်က ရွေးကောက်ပွဲကို အပြလုပ်ပြီး အစိုးရတစ်ရပ်ဆိုပြီး အုပ်ချုပ်ရေးတွေဖွဲ့လာလိမ့်မယ်။ အဲဒီအခါမှာ ပြဿနာတွေ ကြီးကြီးမားမားတွေ ထွက်လာမယ်။ စစ်တပ်က ထွက်ပေါက်ရှာချင်တဲ့ သဘောအနေနဲ့၊ ပြီးရင် အာဏာရှင်ကို ဆွဲဆန့်နိုင်သလောက် ဆွဲဆန့်နေတယ်။ အဲထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်အမတ်တွေကို ထိုးကျွေးတဲ့သဘောမျိုးပါပဲ။ ဒါကို ကျနော်တို့ဘက်က လုပ်စရာရှိတာဆက်လုပ်သွားမှာပါပဲ”လို့ပြောပါတယ်။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာက ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်မလာနိုင်ဘူးလို့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ချို့က မှတ်ချက်ပြုနေပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြစ်ကြီးနား တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ဖြစ်ခဲ့ရင်လည်း ခုလို တရားမဝင်တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ကော KIO/KIA ဥက္ကဋ္ဌ ကိုယ်တိုင်လည်းရှင်းရှင်းလင်းလင်းပြောထားပြီဖြစ်တယ်။ ဒီအပေါ်မှာ ပြည်သူတွေက ဘာလုပ်ရမလဲဆိုတာသိပြီးသားပါ”လို့ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ နောက်ထပ် မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်ခရိုင်ထဲက မိုးမောက်၊ မံစီ နဲ့ ဖားကန့် ဒေသတွေက လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။ ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ပါဝင်တာမတွေ့ရသေးပါဘူး။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲက ဟန်ပြရွေးကောက်ပွဲတစ်ခုအနေနဲ့သာ ဖြစ်မြောက်သွားနိုင်ပေမယ့် တစ်ဖက်မှာ ကချင်ပြည်နယ်ရဲ့ စစ်ရေးကပိုပြီး ပြင်းထန်လာနိုင်တယ်လို့လည်း ကချင်နိုင်ငံရေးသုံးသပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင်တောင် အရင်တုန်းကလို လွှတ်တော်ကိုယ်စားလှယ်တွေ စုံစုံလင်လင်ထိုင်နိုင်တွေ့နိုင်ဖို့က ဒါကမဖြစ်နိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ ကချင်ထဲမှာဆိုရင် ၉ နေရာလောက်မှာ လုပ်ဖို့ ကြေညာထားတယ်။ တော်တော်များများနေရာတွေမှာက မလုပ်နိုင်တော့ တဝက်လောက်က လွှတ်တော်ကိုယ်စားလှယ်တွေ မရောက်နိုင်တော့ဘူး။ အဲ့လို မစုံမလင်နဲ့ လုပ်သွားဖို့ ပြင်ဆင်နေတယ်။ အဲ့တော့ဘာဖြစ်လာနိုင်သလဲဆိုတော့ အစိုးရတစ်ရပ်ဆိုပြီး ရှိလာမယ် ဒါပေမယ့် တိုက်ပွဲက ပိုပြီး ဖြစ်လာနိုင်ပါတယ်”လို့ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၉) နှစ်ပြည့် KIO အထိန်းအမှတ်နေ့မှာ KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ လည်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးယန္တရားအောက်မှာ ရှိနေတဲ့ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ပူးပေါင်းပါဝင်လိုက်တာဟာ တစ်တိုင်းပြည်လုံးမှာ နေထိုင်ကြတဲ့ ပြည်သူလူထုအားရဲ့ ဘဝကံကြမ္မာကို အဆုံးအဖြတ်ပေးလိုက်တာဖြစ်တယ်လို့ သတိပေး တိုက်တွန်းပြောဆိုထားပါတယ်။ တစ်ဖက်မှာ စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲကျင်းပဖို့ သတ်မှတ်ထားတဲ့ မြို့၊ ကျေးရွာနေရာတွေမှာ ရဲ၊ စစ်သားအင်အားတွေအသုံးပြုပြီး ပိတ်ဆို့ကန့်သတ်တာတွေ လုပ်ဆောင်ကာ ရွေးကောက်ပွဲဖြစ်မြောက်အောင် လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ဆန့်ကျင်နှောက်ယှက်သူတွေကို ကြီးလေးတဲ့ထောင်ဒဏ်အပြင် သေဒဏ်အထိပါချမှတ်နိုင်တဲ့ ဥပဒေတစ်ရပ်ကိုလည်း စစ်တပ်က ပြီးခဲ့တဲ့ ဇူလိုင်မှာ ထုတ်ပြန်ကြေညာထားပါတယ်။ ကချင်ပြည်နယ်အတိုင်းအတာနဲ့  စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ပါတီ ၄ ခုတွေ့ရပြီး ရွေးကောက်တင်းမြောက်ခံရမယ့် ပါတီကိုယ်စားလှယ်လောင်းတွေရဲ့အမည်စားရင်းနဲ့ တကွ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတွေ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်လူထုရဲ့ ထောက်ခံမှုအားကောင်းခဲ့တဲ့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ်(ကချင်)ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၄ ခုဖြစ်ပါတယ်။ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ပြည်နယ်ပါတီ ၄ ခုအပြင် ပြည်ထောင်စုအဆင့်ဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၊ ပြည်သူ့ရှေ့ဆောင်ပါတီ PPP ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့ပါတီ စတဲ့ ပါတီစုစုပေါင်း ၈ ခုခန့်က ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို မဲအများဆုံးရသူ အနိုင်ရသူစနစ်နဲ့ FPTP စနစ်ကိုကျင့်သုံးသွားမှာဖြစ်ပြီး အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေမှာတော့ FPTP စနစ်အပြင် အချိုးကျစနစ် PR စနစ်နဲ့ ကျင့်သုံးသွားမှာဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ကြေညာထားပါတယ်။…

    Read More »
Back to top button