,
ပူတာအိုမြို့ လေယာဉ်ကွင်းကို ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ (more…)
ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ့်ဘူယန်ကျေးရွာသို့ပြန်လာသော ဒေသခံ လူငယ် ၂ဦးကို မူလာရှီးဒီး စစ်ဆေးရေးဂိတ်တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် စိတ်ပူနေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။ (more…)
ပူတာအိုမြို့ လုံစွတ်စစ်ရှောင်ပြည်သူများက ဆောက်လုပ်ပြီးစီးသော ၎င်းတို့၏စစ်ရှောင်စခန်းအသစ်တွင် ရေအခက်အခဲရှိနေသောကြောင့် နောက် ၁ လအကြာမှသာ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း သိရသည်။ (more…)
ကချင်ပြည်နယ်မြောက်ပိုင်း နောင်မွန်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ပြန်လည်တိုက်ခိုက်ရန်အတွက် စစ်သင်တန်းများတက်ရောက်ရန် ဌာနေပြည်သူ့စစ်နဲ့ ရိုးရာယဉ်ကျေးမှုအဖွဲ့က စည်းရုံးရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်နေကြောင်း သိရသည်။ (more…)
ပူတာအိုမြို့နယ် ဖုန်ကျန်းကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၄ရက်နေ့ ညက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
ပူတာအိုမြို့ရှိ CDM တွင်ပါဝင်နေသော အစိုးရဝန်ထမ်းများကို အခမဲ့ဆေးကုသပေးနေသည့် သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်ကို အာဏာသိမ်းစစ်တပ်က ဧပြီလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ ဖမ်းဆီးခံရသော သွားဆရာဝန်မှာ ပူတာအို လုံစွတ်ရပ်ကွက်တွင် ဆေးခန်းဖွင့်ထားသူဖြစ်ပြီး CDM ပြုလုပ်သူများကို ထောက်ပံ့ပေးမူနှင့် ဖမ်းဆီးသွားကြောင်းသိရသည်ဟု ဒေသခံတစ်ဦးထံမှသိရသည်။ " သိရသလောက်က ဒီ CDM ပြုလုပ်တဲ့ သူတွေကို နောက်ကနေထောက်ပံ့ပေးတယ်။ ပြီးဆေးအခမဲ့ ကုသပေးတယ်လို့ကြားရတယ်။ သေချာလေးတော့ မသိဘူး။
ကချင်ပြည်နယ်ရှိ အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းနှင့် တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၃၁ ရက်နေ့ နေရာ ၂ ခုတွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ KIA တပ်မဟာ ၈ တပ်ရင်း ၃၅ နယ်မြေဖြစ်သော မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ အနောက်ဘက် နမ့်ကြိုင်းမှော်ဘက်သို့ တက်လာသော အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်း ၆ စီးကို မွန်းလွဲပိုင်း ၃ နာရီခန့်တွင် KIA က
လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၎င်း၏ပြိုင်ဖက် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO “အမည်” အသုံးချပြီး မဲဆွယ်စည်းရုံးနေသည်ဟု မမှန်မကန် အပုပ်ချပြောဆိုခဲ့မှုအပေါ် တရား၀င်ပြန်လည်တောင်းပန်ခဲ့ကြောင်း သိရသည်။ 'လာမည့် ရွေးကောက်ပွဲတွင် KIO အဖွဲ့၀င်များအနေဖြင့် တစုံတရာ ထောက်ခံပါ၀င် ပတ်သက်ခြင်း မပြုလုပ်ရန်' ဟူသော အကြောင်းကြားစာသည် လူမှုကွန်ရက် facebook ပေါ်တွင် စက်တင်ဘာ လ လယ်ပိုင်းက သတိပေး