ဖားကန့်
-
Sep- 2024 -18 Septemberသတင်း
ဆိုင်းတောင် စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အကူအညီလိုအပ်နေ
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄ ထောင်ကျော်အတွက် အစားသောက်ဆေးဝါးနဲ့သောက်သုံးရေ အဓိကလိုအပ်နေတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့နောက်ပိုင်း စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြားပြင်းထန်နေတဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ နေ့တိုင်းလိုလို ရွာကနေစွန့်ခွာပြီး ဖားကန့်မြို့ဘုန်းကြီးကျောင်းနေရာ၊ဘာသာရေးကျောင်းတွေအပြင်…
Read More » -
17 Septemberသတင်း
ဖားကန့်မှာ တစ်ပတ်အတွင်း ပစ်သတ်ခံရသူ ၃၀ ဦးထက်မနည်းရှိလာပြီး နေအိမ် ၄၀၀ ခန့်မီးရှို့ဖျက်ဆီးခံရ
တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှာ အရပ်သား ၃၀ ဝန်းကျင်သတ်ဖြတ်ခံထားရတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေဟာ စစ်တပ်က Lucky Man Hotel ဟိုတယ်ကနေ စနှိုက်ဘာနဲ့ပစ်သတ်တာ၊ နှစ်ဖက်စစ်တပ်အပြန်အလှန်ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးတာ၊ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်သေဆုံးတာတွေဖြစ်တယ်လို့ ဖားကန့်မှာ ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။ “မျက်မြင်သက်သေအရ ပြောရမယ်ဆိုရင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်သတ်လိုက်တာ၊ လေယာဉ်နဲ့ ဗုံးကြဲလို့ သေဆုံးသွားတာ၊ စစ်ကောင်စီတပ်သားတွေ Lucky Man Hotel ကနေ စနှိုက်ဘာနဲ့ ချိန်ပစ်တာတွေ၊ လမ်းပေါ်သွားလာတဲ့သူတွေကို လှမ်းပစ်တာအားလုံး ဒီရက်ပိုင်းအတွင်းမှာပဲ သေဆုံးတာ ၃၀ လောက်ရှိပြီဗျာ။ အခုချိန်အထိ တစ်ချို့ရုပ်လောင်းတွေကို ကောက်ယူလို့မရသေးဘူး။ လမ်းပေါ်တွေမှာ အများကြီးပုပ်ပွနေတာ ဘယ်လိုမှ ကောက်လို့မရသေးဘူး”လို့ပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းတွေဟာ လမ်းပေါ်မှာပုပ်ပွနေပြီး ကောက်လို့မရတဲ့အပြင် နေအိမ်တွေလည်း ဆက်တိုက်မီးရှို့ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့ထိ ဆိုင်းတောင်ကျေးရွာထဲမှာ ရုပ်အလောင်း ၃၀ ထက်မနည်းသေဆုံးနေပြိီး သေဆုံးတဲ့ထဲမှာ အရပ်သားအများဆုံးပါဝင်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အနည်းအကျဉ်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်ပူးပေါင်းပြီးတော့ လူနေအိမ်များအပြားကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပြီး Lucky Man Hotel ရှိတဲ့ ရပ်ကွက် ၄ မှာ နေအိမ် ၄၀၀ ဝန်းကျင်အများဆုံးမီးရှို့ခံရတယ်လို့ သူကဆက်ပြောတယ်။ စက်တင်ဘာ ၇ ရက်နေ့ တိုက်ပွဲစတင်လာတဲ့နောက် ၆ ရက်အကြာ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲဟာပိုပြီးပြင်းထန်လာသလို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်လုပ်နေပါတယ်။ “နေအိမ်တွေ မီးလောင်တာ ခန့်မှန်းတာ လေးရာကျော်၊ ငါးရာလောက်ရှိတယ်။ အဓိကတော့ ရပ်ကွက်(၄)နဲ့ ဖားပြင်လမ်းဘက်ကို ဆိုးဆိုးရွားရွာ မီးရှို့ခံထားရတာ။ ဒီဖြစ်စဉ်မှာက သေချာစုံစမ်းကြည့်ရသလောက်က စစ်ကောင်စီတပ်သားတွေရဲ့ ခိုင်းစေမှုနဲ့ ရှမ်းနီ SNA တပ်သားတွေလည်းပါတယ်လို့ သိရပါတယ်”လို့ပြောပါတယ်။ စက်တင်ဘာလ ၁၇ ရက် ဒီကနေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်မျာလည်း ဆိုင်းတောင် ယူမာကျေးရွာဘက်မှာ လူနေအိမ်တွေ ထပ်မံမီးလောင်ပျက်စီးနေတယ်လို့ သူကဆက်ပြောပါတယ်။ ဆိုင်းတောင်ကျေးရွာထဲက နေအိမ်မီးရှို့ဖျက်ဆီးခံရတာကြောင့် အိမ်ခြေ ၄၀၀ ကျော်လောက် မီးလောင်ပျက်စီးသွားပြီး အများဆုံး ဖားပြင်ကျေးရွာဘက်က အဆိုးရွာဆုံးဖြစ်တယ်လို့ သိရပါတယ်။ Lucky Man Hotel ထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေ ထွက်လာလို့မရအောင် KIA ပူးပေါင်းတပ်တွေ လမ်းကြောင်း ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် တစ်ဖက်မှာ စစ်တပ်က နေအိမ် မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဖားကန့်ဒေသခံတွေပြောပြပါတယ်။ ဖားကန့် ဆိုင်းတောင်ကျေးရွာထဲမှာ အရပ်သားသေဆုံးမှုနဲ့ နေအိမ်မီးရှို့ခံရမှု အလွန်များနေပေမယ့်လည်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေက စစ်ရေးတင်းမာနေပြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသေးတာလည်းဖြစ်ပါတယ်။…
Read More » -
17 Septemberသတင်း
ဖားကန့်မှာ နေအိမ်မီးရှို့တဲ့ မူးယစ်ဆေးသမားအပါအဝင် အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ KIO ပြော
ဖားကန့် ဆိုင်းတောင်တိုက်ပွဲမှာ အရပ်သားနေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတဲ့ မူးယစ်ဆေးဝါးသမားနှင့် အရပ်သား ၂၀၀ လောက်ကို ဖမ်းဆီးရမိတယ်လို့ KIO ပြောပါတယ်။ တိုက်ပွဲကြောင့် ပြည်သူတွေ စွန့်ခွာထားတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ စေခိုင်းမှုကြောင့် မီးရှို့ဖျက်ဆီးနေတဲ့ သူတွေကို ဖမ်းဆီးရမိထားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။ “တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ စစ်တပ်က ရွာထဲမှာရှိတဲ့ မူးယစ်ဆေးဝါးသမားတွေကို ပြည်သူပိုင်နေအိမ်တွေကို မီးရှို့စေခိုင်းတယ်။ ဘယ်လောက်ထိသေချာလဲတော့ မသိဘူး။ ဒါပေမယ့် အခုဖမ်းဆီးထားတာ ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံထားတဲ့ သူတွေကတော့ သူတို့မလုပ်ဘူးဆိုပြီး ငြင်းဆိုနေတာတွေလည်းရှိနေတယ်”လို့ပြောပါတယ်။ အခုလို ဖမ်းဆီးတာဟာ ဆိုင်းတောင်ကျေးရွာထဲမှာ ဆက်ပြီး ဒုက္ခမပေးဖို့နဲ့ ပြည်သူလူထုတွေကို ကာကွယ်တဲ့အနေနဲ့ ဖမ်းဆီးဆောင်ရွက်တာတွေ လုပ်နေတာဖြစ်တယ်လို့သိရပြီး ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ ဖားကန့်ဒေသကို ကွပ်ကဲနေတဲ့ KIO/KIA အနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲနေရာဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာထဲက Lucky Man Hotel ထဲမှာ နေရာယူထားပြီးတော့ အရပ်သားနေအိမ်တွေကို မူးယစ်ဆေးဝါးသမားတွေကို မီးရှို့စေခိုင်းနေတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ စစ်တပ်က ဆိုင်းတောင်ကျေးရွာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆိုင်းတောင် ခါနန်ရပ်ကွက် စျေးနေရာတွေက အရပ်သားပြည်သူတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးသွားတာဖြစ်တယ်။ ဆိုင်းတောင်ကျေးရွာထဲမှာရှိတဲ့ အရပ်သားနေအိမ်တွေကို စစ်တပ်က နေ့တိုင်းလိုလို မီးရှို့ဖျက်ဆီးနေတာဟာ Lucky Man Hotel ထဲမှာ တစ်ပတ်လောက်အကြာရှိနေကြတဲ့ စစ်ကောင်စီတပ်သားတွေကို KIA က ပိတ်ဆို့တိုက်ခိုက်နေတာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၆ ရက်နေ့ မှာလည်း Lucky Man Hotel ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့အပြင်ဘက်ကို ထွက်လာတာကြောင့် KIA ရဲ့ လိုက်လံပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ထက်မနည်း သေဆုံးမှုရှိနိုင်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ “အထဲမှာရှိနေတဲ့ စစ်ကောင်စီတပ်သား တစ်ချို့အပြင်ဘက်ကို ထွက်လာကြလို့ လိုက်ပစ်တာ ၁၀ ယောက်ကျော်လောက် သေတယ်။ KIA က လိုက်ပစ်တော့ တစ်ချို့က အထဲကို ပြန်ဝင်သွားကြတယ်။ အခုလည်း ပစ်နေဆဲဖြစ်တယ်”လို့ပြောပါတယ်။ မနေ့က တစ်ရက်ထဲမှာပဲ ဆိုင်းတောင်ကျေးရွာကို စစ်တပ်က…
Read More » -
7 Septemberသတင်း
ဖားကန့် ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်နေ
ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်း ၁ နာရီဝန်းကျင် စစ်ကောင်စီတပ်ဘက်က ဆိုင်းတောင်ရွာထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ Luky Man Hotel နဲ့ KTV မှာရှိနေတဲ့ KIA၊ KPDF တပ်ဖွဲ့တစ်ချို့ကို ဝင်စီးနင်းရာကနေ အပြန်လှန်ပစ်ခတ်မှုစတင်ခဲ့ပြီး ညနေ ၅ နာရီနောက်ပိုင်း တိုက်ပွဲပိုပြင်းထန်လာတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။ “ဒီမနက် ၁ နာရီကျော်ကတည်းက ဖြစ်နေတာ KIVနဲ့ Hotel မှာရှိတဲ့ တော်လှန်ရေးအဖွဲ့တစ်ချို့ကို စစ်တပ်က ဝင်ဖမ်းတာလို့ပြောတယ်။ စစ်ကြောင်းက ၃ ကြောင်း Luky man ထဲဝင်တာတစ်ဖွဲ့၊ Luky man ဆိုင်နားက တံတားမှာလုံခြုံရေးယူပေးတာ တစ်ဖွဲ့၊ Luky man နောက်ဖက် ကျောက်သွေးတောင်ဘက်ကို လုံခြုံယူပေးတာတစ်ဖွဲ့ ဝင်လာတာ။ အဲဒါကို KIA ပူးပေါင်းတပ်က ရွာအပြင်ကနေ ထပ်ဝိုင်းထားတော့ တစ်နေကုန်ပစ်လိုက် နားလိုက်နဲ့ ညနေပိုင်းကနေ တောက်လျှောက်ဖြစ်နေပြီ”လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၂၀ ဝန်းကျင်ရှိပြီး Luky man Hotel ထဲဝင်ရောက်စီးနှင်းချိန် တံတားမှာစောင့်နေတဲ့အဖွဲ့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ပြီး ကျောက်သွေးတောင်ဘက် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ်တို့အကြား တစ်နေ့လုံး စစ်ရေးတင်းမာနေခဲ့တာလို့ ဆိုပါတယ်။ စက်တင်ဘာလ ၆ နာရီ နောက်ဆုံးသိရှိရတဲ့အချက်လက်အရ ဆိုင်းတောင်ရွာက ပြည်သူတွေဟာ မနက်ပိုင်းကနေ ထွက်ပြေးသွားနိုင်တဲ့သူတွေရှိပေမယ့် အများပိုင်းရွာထဲကျန်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ “တစ်နေကုန် နှစ်ဖက်စောင့်ကြည့်အနေထားမှာရှိနေတာလို့ သိရတယ် ပစ်လိုက်နားလိုက်နဲ့ အထဲဝင်သွားတဲ့ စစ်ကြောင်းကလည်း ပြန်မထွက်နိုင်တော့ဘူး ပြည်သူတွေက တံခါးပိတ်ပြီးနေနေကြတယ်လို့ နောက်ဆုံးသိထားရတယ်။ပြေးတဲ့သူကလည်း တစ်ချို့ပြေးကြပြီ နေ့လည်ကတည်းက” လို့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် လက်ရှိ ရွာအထဲ ဝင်ရောက်တဲ့ စစ်ကောင်စီတပ်တွေထွက်လို့မရအောင် KIA ပူးပေါင်းတပ်က ပိတ်ဆို့ပစ်ခတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ မရှီကထောင်ဘက်ကို စစ်ရေးစတင်လှုပ်ရှားလာတာဘဲဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။‘ By – Zami
Read More » -
6 Septemberသတင်း
ဖားကန့် အထက်တန်းကျောင်းနီး လက်နက်ကြီးကျပေါက်ကွဲပြီး ဆိုင်ကယ် ကယ်ရီသမားတစ်ဦးလက်နက်ကျည်ထိမှန်
ကချင်ပြည်နယ် ဖားကန့်မြို့ အထက်တန်းစာသင်ကျောင်းအနီး လက်နက်ကြီးကျပေါက်ကွဲလို့ ဆိုင်ကယ် ကယ်ရီသမားတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျောင်းဆောင်အနည်းငယ်ထိမှန်ပျက်စီးထားတယ်လို့ ဖားကန့်မြို့ ပြည်သူတွေက ပြောပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင် ၆၀ မမ လက်နက်ကြီး ၂ လုံးကျပေါက်ကွဲတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ဟုတ်တယ် တစ်ယောက် ဒဏ်ရာရတာမြင်တယ် ကယ်ရီသမားဟုတ်တယ်လို့ ပြောတယ် နာမည်တွေတော့ အတိအကျမသိရဘူးဗျ ဆေးရုံပို့လိုက်ကြပြလို့ပြောတယ်။ အဲစာသင်ကျောင်းက ဗျူဟာကုန်းနားမှာရှိတာဟုတ်တယ်”လို့ ပြောပါတယ်။ လက်နက်ကြီးကျည်ထိမှန်သူဟာ မည်သူမည်ဝါဆိုတာအသေးစိတ်မသိရသေးဘူးလို့ သိရပြီး ကျောင်းသား၊သူတွေက နေအိမ်ပြန်သွားကြပြီဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ဖားကန့်မြို့မှာ စက်တင်ဘာလ ၄ ရက်နေ့ မနက်ပိုင်း ဖားကန့်မြို့ မရှိီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းနေရာမှာစစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာနေဆဲလည်းဖြစ်ပါတယ်။ စစ်ရေးအခြေနေကြောင့် မရှိီကထောင်ရပ်ကွက်၊အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူတွေ ဖားကန့်မြို့ပေါ်စစ်ရှောင်နေကြသလို စက်တင်ဘာလ ၅ ရက်နေ့ကစလို့ ယူမာရွာကိုလည်း ထပ်ပြီးစစ်ရှောင်ခိုင်းနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ “ယူမာရွာကိုလည်း လက်နက်ကြီးတွေထိမှာစိုးလို့ ရှောင်ခိုင်းနေတယ်လို့ ပြောတယ်။ ရှောင်တဲ့သူတွေကလည်း ရှောင်နေကြပြီ အများပိုင်းရှောင်နေကြတယ်”လို့ နောက်ထပ် ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ စက်တင်ဘာလ ၅ ရက်ည ဖားကန့်မြို့တွင်း KIA ပူးပေါင်းတပ်တွေရဲ့ဒရုန်းပျံဝဲလာတာကြောင့် စစ်တပ်ဘက်က ဒရုန်းကိုလိုက်လံပစ်ခတ်တာတွေလုပ်နေပြီး ဒီမနက်ထိပစ်ခတ်တာတွေ ရှိနေတယ်လို့ ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဒါကြောင့် ဒီမနက် အထက်တန်းကျောင်းအနီးကျပေါက်ကွဲတဲ့ လက်နက်ကြီးဟာ ဘယ်အဖွဲ့ကပစ်ခတ်တဲ့လက်နက်ကြီးလဲဆိုတာပြောဖို့ခက်တယ်လို့ ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာပြီး စက်တင်ဘာ လဆန်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုခပ်စိပ်စိပ်ဖြစ်နေပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာကြောင့် လက်နက်ကြီးထိမှန်သူတွေရဲ့ အချက်လက်အသေးစိတ်သိရှိဖို့လည်း ခက်ခဲနေပါတယ်။…
Read More » -
4 September
ဖားကန့် မရှိီကထောင်ရွာအနီး စစ်တပ်ကတပ်စွဲလာလို့ ပြည်သူများစစ်ဘေးရှောင်
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးမှာရှိတဲ့ ကုန်းမှာ စစ်တပ်က တပ်စွဲနေရာယူလာတာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။ ဩဂုတ်လ နောက်ဆုံးအပတ်ကစပြီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်အနီးဝန်းကျင် စစ်ရေးလှုပ်ရှားနေရာကနေ ဒီမနက်မှာ မရှီကထောင်ရပ်ကွက်၊ အောင်မြေကွက်သစ်အနီးကုန်းပေါ်မှာ တပ်စွဲလာတာဖြစ်တယ်လို့ ဖားကန့်မြို့ပြည်သူတစ်ဦးက ပြောပါတယ်။ “တောလမ်းကနေလာပြီး အဲကုန်းပေါ်မှာတပ်စွဲတာ PDF တွေကလည်း အဲ့ကုန်းနဲ့ မျက်နှာချင်းဆိုင်ကိုတက်သွားပြီး တစ်ရွာလုံး နေ့လည် တစ်နာရီ မထိုးခင် အမြန်ရွှေ့ကြဖို့ ပြောလို့ ရှောင်နေကြတယ်”လို့ ပြောပါတယ်။ စစ်တပ်ဘက်က တပ်စွဲနေရာယူထားတဲ့တစ်ဘက်ခြမ်းမှာ KIA ပူးပေါင်းတပ်ဘက်ကလည်း နေရာယူလိုက်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်နေတာကြောင့် အောင်မြေကွက်သစ်ရပ်ကွက် ပြည်သူများ ဖားကန့်၊မြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းမှာဝင်ရောက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။ “စစ်ရှောင်ကတော့ ဖားကန့် မဏိဇေယျုံကို အဓိက ပြေးလာကြတယ်၊ တချို့လည်း နီးစပ်ရာဆွေမျိုးအိမ်ပေါ့။ ခုစစ်ရှောင်လာတဲ့ရပ်ကွက်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ဟုတ်တယ်။ အိမ်ခြေ တစ်ရာကျော်လောက်ရှိမယ် ခုအားလုံးထွက်ပြေးနေကြပြီ” လို့ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။ ဒီနေ့ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အရေအတွက်ကိုတော့ ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့် တိတိကျကျသိရဖို့ ခက်ခဲနေပါတယ်။ မရှီကထောင်ရပ်ကွက်ဟာ ဖားကန့်မြို့နဲ့ ဉရုချောင်းခြားထားတဲ့ ကျောက်စိမ်းတောင်တံတားတစ်ဖက်မှာရှိပြီး ဖားကန့်မြို့ပေါ် ၅ ရပ်ကွက်ဝင်မှာပါဝင်သလို အိမ်ခြေထောင်ချီရှိပါတယ်။ လက်ရှိတိမ်းရှောင်နေရတဲ့ အောင်မြေကွက်သစ်က မရှီကထောင်ရပ်ကွက်မှာထပ်တိုးချဲ့ထားတဲ့ရပ်ကွက်ငယ်ဖြစ်ပါတယ်။ ဒီနေ့ စက်တင်ဘာလ ၄ ရက်နေ့ ညနေပိုင်းအထိ တိုက်ပွဲဖြစ်နေတဲ့နေရာဘက်ကို ဖားကန့် စစ်တပ် ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူတာတွေလုပ်နေတယ်လို့လည်း ဖားကန့်ပြည်သူတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဖားကန့် လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေရာကနေ ဩဂုတ်လနောက်ဆုံးအပတ်မှာ စစ်ရေးစတင်လှုပ်ရှားလာတာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစ မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ By – Zami
Read More » -
Aug- 2024 -26 Augustသတင်း
ဖားကန့်မှာ စစ်တပ်က လေကြောင်းနဲ့စစ်အင်အားဖြည့်နေ
ကချင်ပြည်နယ် ဖားကန့်မြို့မှာ စစ်တပ်က လေကြောင်းအသုံးပြုပြီး စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ လမောင်ဗျူဟာစခန်းကုန်းနဲ့ တောမှော်တပ်စခန်းလက်လွှတ်ထားရတဲ့ စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး ရဟတ်ယာဉ်နဲ့စစ်အင်အားဖြည့်နေတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “ရဟတ်ယာဉ် နှစ်စီး ဖားကန့်ဗျူဟာကုန်းမှာ လူလာချတယ် တစ်စီးပဲဆင်းလူချတယ်။ တစ်စီးက အပေါ်က ကင်းစောင့်ပါတ်ဝဲနေတာ။အဲဒါကို KPDF တွေက လက်နက်ငယ်တွေနဲ့လှမ်းပစ်တယ်။ဒါပေမယ့် သူတို့က ပြန်ပစ်တာမရှိဘူး လေယာဉ်ထွက်သွားမှ ဗျူဟာကုန်းကနေ မြို့ထဲ ရွာထဲဘက်ကို လက်နက်ကြီးနဲ့လှမ်းထုတော့တာပဲ”လို့ ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းမှာ ဩဂုတ်လ ၂၃ ရက်နေ့ကစပြီး တစ်ရက်မှာတစ်ကြိမ် စစ်ရဟတ်ယာဉ်နဲ့ အင်အား ၃၀ ဝန်းကျင် နေ့တိုင်းလာရောက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။ စစ်အင်အားချတဲ့ ရဟတ်ယာဉ်ပြန်ထွက်သွားပြီးနောက် စစ်ကောင်စီတပ် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ သုံးချက်ထက်မနည်းဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် ရေမဆေးကျောက်ရှာတဲ့အရပ်သားတစ်ဦးနဲ့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ “တစ်ချို့ထိမိတယ်၊ ရေမဆေးရှာနေတဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦး ဖားကန့်ဆေးရုံရောက်တယ်လို့ သိရတယ်ဗျ။ တခြားထိတာရှိနိုင်သေးတယ် ခုက ဖုန်း၊အင်တာနက်လိုင်းတွေ မရကြတော့ သတင်းသိရတာနောက်ကျတယ်“လို့ ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ထပ်ပြောပါတယ်။ ဖားကန့်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား မြို့တွင်း ၊ မြို့ပြင် မကြာခန ပစ်ခတ်တာ လက်နက်ကိုင်နှစ်ဖွဲ့တပ်အကြား အပြန်အလှန်ပစ်ခတ်ဖမ်းဆီးတာတွေ အများဆုံးဖြစ်တဲ့နေရာတဲ့အပြင် စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်တာတွေကြောင့် မြို့တွင်းသွားလာလှုပ်ရှားတာတွေမရှိဘဲ တပ်တွင်းမှာသာနေထိုင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဩဂုတ်လ ၂၃ ရက်နေ့ နောက်ပိုင်း အင်အား ၅ ဦး၊ ၁၀ ဦး အစုအဖွဲ့လိုက် စျေးဝယ်ထွက်တာတွေ ရှိလာတယ်လို့လည်း ဖားကန့်ပြည်သူတွေက ပြောပါတယ်။ ဖားကန့်မှာ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်စစ်ဆင်ရေးစတင်လာတဲ့ချိန်ကစပြီး မြစ်ကြီးနား– ဖားကန့်လမ်းမပေါ်မှာရှိတဲ့ နန့်ယား၊နန့်တိန်းအပါအဝင် ဝှေခါ၊ဆယ်ဇင်း၊တာမခံအပါအဝင် ဩဂုတ်လမှာတော့ လမောင်ကုန်းစခန်း၊တောမှော်စခန်းတို့ကို သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာကြောင့် ဖားကန့်ပြည်သူတွေဟာ တစ်နာရီကို ကျပ် တစ်သောင်း၊နှစ်သောင်း၊သုံးသောင်းပေးပြီး အင်တာနက်သုံးနေကြတာလည်းဖြစ်ပါတယ်။ By – Zami
Read More » -
16 Augustသတင်း
စစ်တပ်စခန်း ၂ ခုလက်လွတ်လိုက်တဲ့နောက် မနမှော်ရွာမှာ စစ်တပ်က တပ်စွဲနေရာယူ
မနမှော်ကျေးရွာဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ဖားကန့်ကနေ ၁၅ မိနစ်ဝန်းကျင်သွားရတဲ့နေရာမှာရှိပြီး စစ်တပ်အနေနဲ့ ခုလို မနမှော်ကျေးရွာမှာ တပ်စွဲလိုက်တာဟာ KIA/KPDF ပူးပေါင်းတပ်က ဗျူဟာကုန်းကို ဝင်တိုက်မှာစိုးတာကြောင့် ရှေ့တန်းကာကင်းစခန်းအနေနဲ့ တပ်စွဲလိုက်တာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
Read More » -
15 Augustသတင်း
KIA တပ်ရင်း(၆) နေရာကို ထိန်းချုပ်တဲ့ တောမှော် စစ်တပ်စခန်းကို KIA ထပ်မံသိမ်းပိုက်
ဖားကန့်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA လုံးခင်းအုပ်စုထဲမှာရှိတဲ့ လမောင်(Lamawng) စစ်တပ်ဗျူဟာကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် တပြိုင်နက်တိုက်ခိုက်ခဲ့တဲ့ တောမှော်(Tawmaw) တပ်စခန်းကိုလည်း ထပ်မံသိမ်းပိုက်ခဲ့တယ်လို့ KIO ပြောပါတယ်။ “တောမှော်တပ်စခန်းကို ဒီညနေ ၄ နာရီခွဲလောက်မှာ သိမ်းပိုက်ပြီ။ အဲဒီတပ်စခန်းလည်း တပ်စခန်းအကြီးပါဘဲ။ အဓိကကျတဲ့ လုံခြုံရေးတပ်စခန်းတွေပေါ့”လို့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တောမှော်စစ်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး လမောင်စစ်ဗျူဟာကုန်းနည်းတူ ရှေ့တန်းလုံခြုံရေးတပ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။ KIA တပ်တွေဟာ ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း ၉ နာရီလောက်မှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်ရရှိခဲ့ပြီးနောက် ညနေပိုင်း ၄ နာရီလောက်မှာ တောမှော်တပ်စခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တောမှော်တပ်စခန်းက ဖားကန့်မြို့နဲ့ ၁၀ မိုင်လောက်အကွာမှာတည်ရှိပြီး ကံဆီးကျေးရွာနဲ့လည်း နီးသလို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၆ နေရာကို အဓိက ထိန်းချုပ်နေတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးကလည်း ဆက်ပြောပါတယ်။ “တောမှော်ဆိုတာက ကံဆီး KIA တပ်ရင်း ၆ ကို တက်သွားတဲ့ လမ်းနေရာမှာရှိတာဖြစ်တယ်။ အခုသိမ်းလိုက်တဲ့ လမောင်စစ်တပ်စခန်းနဲ့ လည်း လှမ်းထောက်နိုင်တယ်။ တပ်ရင်း ၆ ဘက်ကို တက်သွားတဲ့ လမ်းနေရာက စစ်တပ်ရဲ့ ကာကင်းတပ်စခန်းတစ်ခုဖြစ်တယ်”လို့ပြောပါတယ်။ လမောင်စစ်ကုန်းနဲ့ တောမှော် စစ်တပ်စခန်းဟာ ၅ မိုင်လောက်အကွာမှာသာရှိပြီး တောမှော် တပ်စခန်းမှာ စစ်ကောင်စီတပ် ခမရ ၁၂ က တပ်ထိုင်ထားတဲ့ တပ်စခန်းဖြစ်တယ်လို့ သိရပါတယ်။ KIA က တစ်ရက်ကျော်အကြာမှာပဲ ဖားကန့်မြို့တစ်ခုလုံးအပါ ဖားကန့် မြို့တွင်းမှာရှိတဲ့ စစ်ဗျူဟာကုန်း၊ လုံးခင်းယမ်းချက်တပ်စခန်း နဲ့ ကံဆီးတပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း ၂ ခုကို သိမ်းပိုက်ယူလိုက်တာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်း လမောင်စစ်တပ်စခန်း သိမ်းပိုက်မှုမှာလည်း KIA ဘက်က စစ်ကောင်စီတပ်သား ၁၂ ဦးဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းနိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။ အဲဒီတပ်စခန်း ၂ ခုကို ဩဂုတ်လ ၁၄ ရက်နေ့ KIA ပူးပေါင်းတပ်တွေ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၅ ရက်နေ့မှာ တပ်စခန်း နှစ်ခုစလုံး သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်ရဲ့ ဗျူဟာမြောက်တပ်စခန်း ၆ ခုလောက်ကို သိမ်းပိုက်လိုက်တဲ့ နောက်ပိုင်း အခု ၄ လခန့်အကြာမှာ တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။ By –…
Read More » -
15 Augustသတင်း
ဖားကန့်မှာ မှော်မောင်းရွာအပါ ရွာ ၃ ရွာက ပြည်သူရာနဲ့ချီစစ်ဘေးရှောင်
ဖားကန့်မှာ ဩဂုတ်လ ၁၄ ရက်ကနေ တစ်ကျော့ပြန်တိုက်ပွဲဖြစ်လာတဲ့အတွက် မှော်မောင်းရွာအပါ ရွာပေါင်း ၃ ရွာက ပြည်သူတွေရာနဲ့ချီစစ်ဘေးရှောင်နေကြတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖားကန့်မြို့ လမောင်ဗျူဟာကုန်းစခန်းနဲ့ တောမှော်စခန်းကို KIA ပူးပေါင်းတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေပြီး နှစ်ဖက်တပ်တို့အကြား တိုက်ပွဲကြောင့် လမောင်၊မှော်မောင်း၊တောမှော် ရွာပေါင်း ၃ ရွာက ပြည်သူတွေ ဖားကန့်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။ “စစ်ရှောင်က ဗုဒ္ဓဘာသာက ဘုန်းကြီးကျောင်း ခရစ်ယာန်က ဘုရားကျောင်းရွှေ့နေကြတယ် မနေ့မနက်ကတည်းက ထွက်ပြေးလာကြတာ။ ပျှမ်းမျှက ခန့်မှန်း ငါးရာလောက်ရှိမယ်၊ အမျိုးသမီးနဲ့ကလေးတွေပဲ အမျိုးသားတွေက အိမ်စောင့်ကျန်ခဲ့တယ်”လို့ ပြောပါတယ်။ စစ်ဘေးရှောင်တွေဟာ လက်ရှိ ဖားကန့်မြို့ လုံးခင်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းနဲ့ ဖားကန့်မြို့ပေါ်ဘုရားကျောင်းအပြင်၊ ဖားကန့် မြို့မ မဏိဇေယျုံ ဘုန်းကြီးကျောင်း၊ မြို့ဦးစေတီရယ်၊ မှော်စီစာ တောင်ပေါ်ကျောင်းတွေမှာ အမျိုးသမီးနဲ့ကလေးသူငယ်တွေ အများဆုံး လာရောက်တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ကနေ တိုက်ပွဲပြင်းထန်နေတဲ့ လမောင်၊တောမှော်ရွာအပါအဝင် မှော်မောင်းကျေးရွာနေပြည်သူတွေဟာ တော၊တောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေရှိသလို ဖားကန့်မြို့ပေါ်ထွက်ပြေးလာသူတွေလည်းရှိတာဖြစ်ပြီး အထက်ဖော်ပြပါ စစ်ရှောင်လူဦးရေဟာ မြို့ပေါ်ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။ “ခုကလေကြောင်းနဲ့လာနေတုန်းဆိုတော့ မပြန်ကြသေးဘူး ပြီးတော့ တောမှော်မှာလည်း ချနေတုန်းလို့ပြောတယ်။ အဲကြောင့်တစ်ချို့ဆို တောဘက်ကို ထွက်ပြေးတိမ်းရှောင်သူတွေလည်း ရှိတယ်လို့ ကြားရတယ်။ တောဘက်ကတော့ လူဦးရေဘယ်လောက်ရှိလောက်ရှိလဲ ကျနော်တို့မသိရဘူးဗျ”လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့ ဒီမနက် ၉နာရီဝန်းကျင်မှာ လမောင်ဗျူဟာကုန်းကို KIA ပူးပေါင်းတပ်သိမ်းပိုက်ရရှိပြီဖြစ်ပေမယ့် နယ်မြေတည်ငြိမ်မှုမရှိသေးတဲ့အတွက် နေရပ်ပြန်လို့မရသေးဘူးလို့လည်း သိရပါတယ်။ ဖားကန့်မှာ ဒီနှစ် နှစ်ဆန်းပိုင်းကနေ KIA၊KPDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်မအတွင်း နန့်တိန်း၊ဝှေခါ၊ဆယ်ဇင်း၊တာမခန်၊ကသိုဏ်းတောင်တို့ကိုသိမ်းပိုက်ရရှိထားပြီး ဧပြီလ ၂၇ ရက်နေ့ မြစ်ကြီးနား–ဖားကန့်လမ်းမပေါ်က နန့်ယားကို နောက်ဆုံးသိမ်းပိုက်လိုက်ပြီးနောက် ၄ လ ဝန်းကျင်စစ်ရေးငြိမ်သက်နေရာကနေ ဩဂုတ်လ ၁၄ ရက်မှာ တစ်ကျော့ပြန်ထိုးစစ်ဆင်လာတာဘဲဖြစ်ပါတယ်။ By – Zami
Read More »








