ဖားကန့်

  • Aug- 2024 -
    6 August
    သတင်း

    ဖားကန့်မှာ အသက်သေဆုံးတဲ့အထိ ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားရောဂါဖြစ်သူတွေ များလာနေပြီး အသက်သေဆုံးတဲ့အထိ ဖျားနာ နေကြတယ်လို့ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များလာပြီးနောက် တစ်ဆက်တည်းငှက်ဖျားရောဂါလည်း အဖြစ်များလာနေတယ်လို့ ဖားကန့် မှော်ဝမ်းရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။ “မိုးဦးကျကတည်းကပဲ ဒီနှစ် မိုးကရက်စက်တယ် ငှက်ဖျားရော၊ဝမ်းပျက်ဝမ်းလျှောတာရော ရေကြီးကတည်းကဘဲ”လို့ ပြောပါတယ်။ လက်ရှိ ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာတွေဟာ ဖားကန့်မြို့ပြင် ကျေးရွာတွေဖြစ်တဲ့ တာမခံ၊ဝှေခါနဲ့ မှော်စီဇာအပြင် ဖားကန့်မြို့တွင်းမှာလည်း ငှက်ဖျားပိုးတွေ့သူတွေများလာနေတယ်လို့ ဆိုပါတယ်။ ဖားကန့်ပြည်သူတွေပြောဆိုချက်အရ မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဖျားလာပါက ဆေးရုံ၊ဆေးခန်းသွားဖို့ နီးပြီး ဆေးဝယ်ယူဖို့လွယ်ကူပေမယ့် ကျေးရွာနေပြည်သူတွေဟာ မြို့နဲ့အလှမ်းဝေးပြီး ဆေးဝါးကုသမှုမရရှိတာကြောင့်  အသက်သေဆုံးတဲ့အထိ အခြေနေဆိုးရွားနေတယ်လို့ ဖားကန့် တာမခံဘက်က ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။ “ငှက်ဖျားကြောင့် ဆုံးကြရတာတွေ ရှိနေတယ်ဆေးပစ္စည်းတွေ ပို့ဖို့ခက်တဲ့နေရာတွေမှာဖြစ်တာ ပိုးတွေ့လူနာတွေတော့များတယ်။ တောထဲမှာရော ဆေးပစ္စည်းတွေကလည်း ဈေးကြီး ပြီးတော့လိုအပ်တဲ့အချိန်မှာ ဆေးကမရှိတာမျိုးလည်းကြုံနေကြတော့ သေဆုံးတာတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့သလို၊ ဖားကန့်မှာလည်း ဥရုချောင်းမြင့်တက်ခဲ့တာကြောင့် ရေဘေးသင့်ခဲ့ကြပါတယ်။ ဥရုချောင်းရေတွေပြန်ကျသွားပေမယ့် နေအိမ်အတွင်းအများပိုင်း ရေနစ်မြုပ်တာ၊ရေတွင်းရေနစ်မြုပ်တာတွေကြောင့် သန့်ရှင်းတဲ့သောက်သုံးရေ မလုံလောက်မှုကြုံခဲ့ကြရပြီး ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များခဲ့တယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ တစ်ဆက်တည်းမှာဘဲ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူတွေ သက်သာလာချိန်မှာ ငှက်ဖျားရောဂါဖြစ်သူတွေများလာတာလို့ သိရပါတယ်။  ဒါ့အပြင် စက်သုံးဆီအခက်ခဲကြောင့် ကုန်ကားတွေအဝင်နည်းလာတဲ့အတွက် ဖားကန့်မှာ ကုန်စျေးနှုန်း၊အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေလည်း စျေးအဆမတန်မြင့်တက်လာတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတဲ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေကြတာပါ။ လက်ရှိ ဖားကန့်မှာ အင်တာနက်လိုင်းသုံးရဖို့ တစ်နာရီကို ကျပ် ၃ သောင်ပေးပြီး တုံကင်စနစ်နဲ့သုံးနေရသလို ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိတဲ့အတွက် ပြည်သူတွေငွေလွှဲ၊ငွေထုတ်ဖို့လည်း ခက်ခဲနေကြတယ်လို့ သိပါတယ်။ ဖားကန့်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး ဖုန်း၊အင်တာနက်သုံးစွဲခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီးနောက် အကန့်သတ်နဲ့သာသုံးခွင့်ရနေရာကနေ ဒီနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်းတွေအားလုံးထပ်ပြီး ပြတ်တောက်သွားပြီဖြစ်ပါတယ်။ By – CJ

    Read More »
  • Jul- 2024 -
    31 July
    သတင်း

    ဖားကန့်မြို့နယ်တစ်ခုလုံး ငွေလွှဲ၊ ငွေထုတ် ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ် နဲ့ သာထုတ်ခွင့်ရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ငွေလွှဲငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိပြီး အကန့်အသတ်နဲ့သာထုတ်ပေးနေတာကြောင့် ပြည်သူတွေ ခက်ခဲနေကြတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကနေ ဖုန်း၊အင်တာနက်လိုင်းတွေပြတ်တောက်သွားတဲ့နောက် ဖုန်းထဲမှာရှိတဲ့ KPAY နဲ့ wavepay အကောင့်တွေကျသွားတဲ့အတွက်  ငွေတွေထုတ်လို့မရဘဲ မြို့တွင်းထဲမှာရှိတဲ့ လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ဆိုင်မှာသာ ငွေလွှဲငွေထုတ်ရနေတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ “Sim card လိုင်းပိတ်ထားတော့ လော့ကျကုန်တာ၊ ခု တစ်မြို့လုံးမှာ တစ်နေရာပဲ ငွေထုတ် ငွေလွှဲ ရတယ်။ ဒါတောင် kpay အကောင့်နှစ်ခုပဲ ထုတ်လွှဲရတော့တာတဲ့။ အကောင့် active ဖြစ်လို့ သွားထုတ်ရင်လည်းရတယ် ဒါပေမယ့် မျှထုတ်ပေးတာ လူတစ်ယောက်က ငါးဆယ်ထုတ်ချင်ရင် ထုတ်ပေးလို့မရဘူး တခြားလူလည်း ထုတ်ချင်ကြမှာမို့ ဆိုင်မှာရှိတာ မျှထုတ်ပေးတာ”လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း လေယာဉ်လက်မှတ်အရောင်းဆိုင်တစ်ခုသာ Kpay အကောင့်သာ ထုတ်လို့ရနေပြီး ငွေလွှဲချင်သူတွေအနေနဲ့ မနက် ၇ နာရီကနေ ၉ နာရီထိ ငွေလွှဲလက်ခံပြီး ၉နာရီနောက်ပိုင်း ငွေထုတ်ပေးတယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် ငွေထုတ်လိုသူတွေအနေနဲ့ လိုချင်တဲ့ပမာဏာထုတ်လို့မရဘဲ ဆိုင်မှာရှိတဲ့ ငွေပမာဏပေါ်မှုတည်ပြီး ထုတ်ပေးနေတာလို့ သိရပါတယ်။ “Kpay လွှဲတာက မနက် 7 ကနေ 9 အထိပဲ၊ ထုတ်တာက သူတို့လက်ထဲ ထုတ်ပေးနိုင်တဲ့ ပမာဏအထိပဲ မျှထုတ်ပေးတာ ဥပမာ သိန်း ၂၀ ထုတ်ချင်တဲ့သူဆိုရင် ၁၀ သိန်းလောက်ထုတ်ပေးတယ်။ လိုချင်သလောက်မရဘူး အားလုံးက အရမ်းခက်ခဲနေကြတယ်”လို့ ဇူလိုင်လ ၂၉ ရက်နေ့က ငွေထုတ်ခဲ့တဲ့ ဖားကန့်ပြည်သူတစ်ဦးက ပြောပါတယ်။ ခုလို ဖုန်းအင်တာနက်ပြတ်တောက်ပြီး ငွေလွှဲ၊ငွေထုတ်ခက်ခဲသွားတာကြောင့် ကုန်ပစ္စည်းမှာယူသူတွေ နှောင့်နှေးမှုတွေ ပိုများလာတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်တာတွေအပြင် ကုန်စျေးနှုန်းတွေလည်း ပိုမြင့်တက်လာတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းအားလုံးပြတ်တောက်နေပြီး ဒီကိစ္စနဲ့ပတ်သက်လို့  KNG သတင်းဌာနက ကချင်ပြည်နယ်စစ်ကောင်စီအဖွဲ့နဲ့ စစ်ကောင်စီသတင်းနဲ့ပြန်ကြားရေး ပြောဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူ။ ဒါ့အပြင် ဖုန်း၊အင်တနက်လိုင်းတွေပြတ်တောက်နေတဲ့အတွက် အင်တာနက်လိုင်းတွေကို IPSTARNတပ်ဆင်ထားတဲ့ ဆိုင် ၂ ဆိုင်မှာ တုံကင်စီစနစ်နဲ့သုံးနေရပြီး တစ်နာရီိကို ကျပ် ၃ သောင်းပေးပြီးသုံးနေရတဲ့အပြင် တုံကင်နံပါတ်ကလည်း တစ်ပတ်စာကုန်နေပြီလို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။ အဆိုပါအခွင့်အရေးများထဲ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့ သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By –…

    Read More »
  • 30 July
    သတင်း

    ဖားကန့်မှာ အင်တာနက်သုံးဖို့ တစ်ပတ်စာ တုံကင်ပြည့်နေပြီလို့ဆို

    ဖားကန့်မြို့မှာ အင်တာနက်သုံးဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး ဒီတစ်ပတ်စာလုံးအတွက် တုံကင်ပြည့်နေပြီလို့ ဖားကန့်မြို့မှာနေထိုင်သူတွေကပြောပါတယ်။ ဇူလိုင်လ ၃၀ ရက်နေ့ကနေ ဩဂုတ်လ  ၆ ရက်နေ့ထိ တစ်ပတ်စာ တုံကင်ပြည့်နေပြီဖြစ်တဲ့အပြင် နောက်ထပ် အင်တာနက်လိုင်းသုံးဖို့ စောင့်နေရတဲ့လူတွေလည်း များစွာရှိနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကိုခုလိုပြောပါတယ်။ “ဖားကန့် လေယာဉ်လက်မှတ်အရောင်းဆိုင် kpay လွှဲထုတ်ရတဲ့ ဆိုင်က လူတစ်ဦးကို နာရီဝက်အထိပဲ သုံးခွင့်ပြုတာ၊ ဒီနေ့ တုံကင်ယူမယ်ဆို နောက်လ ၆ ရက်နေ့ကိုရမှာ ကြားထဲလူအပြည့်ဖြစ်နေလို့တဲ့”လို့ ပြောပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း  လေယာဉ်လက်မှတ်ရောင်းတဲ့ဆိုင်နဲ့ ငွေလွှဲ၊ငွေထုတ်လုပ်တဲ့ဆိုင် ၂ ဆိုင်မှာအက်တာနက်သုံးလို့ရနေပေမယ့် ဆိုင် ၂ ဆိုင်စလုံး တစ်ပတ်စာ တုံကင်ပြည့်နေတယ်လို့ သူကဆက်ပြောပါတယ်။ ဒါပေမယ့် တုံကင်ယူထားသူတွေ အိမ်ခနတစ်ဖြုတ်ပြန်သွားတာ၊ တုံကင်အလှည့်ရောက်ချိန် ရှိမနေပါက အစားဝင်သုံးလို့ရနေတယ်လို့ ဖားကန့်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။ “အင်တနက်သုံးဖို့တန်းစီနေတဲ့သူတွေ များတယ် တန်းစီနေတာပဲ လူအုပ်က သွားစောင့်နေပြီး တုံကင်သမားမလာရင်တော့ အဲ့နေရာအစားဝင်သုံးလို့ရတယ်” လို့ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နေ့စဉ်သတင်းတွေကို လူမှုကွန်ရက် Facebook ကနေတဆင့် ပြည်သူတွေ သိရှိနေတာဖြစ်တဲ့အတွက် ဖားကန့်ပြည်သူတွေကလည်း သတင်းအချက်လက်ရဖို့ လူမူစီးပွားအတွက် အင်တာနက်သုံးရဖို့ တစ်နေကုန်လာရောက်စောင့်ဆိုင်းနေသူတွေလည်း များစွာရှိနေတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်တစ်ပြည်နယ်လုံး  ဖုန်း၊အင်တာနက်လိုင်းတွေကို ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ပြတ်တောက်နေတာကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို KNG က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။  ဒါ့အပြင် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံရမှု ဒုတိယ  အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ အလားတူ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By – CJ

    Read More »
  • 29 July
    သတင်း

    ဖားကန့်မှာ တုံကင်စနစ်နဲ့ တစ်နာရီမှာ ကျပ် ၂ သောင်းကျပ်ပေးပြီး အင်တာနက်သုံးနေရ

    ကချင်ပြည်နယ် ဖားကန့်မြို့မှာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်စနစ်နဲ့တန်းစီနေရပြီး တစ်နာရီ ကျပ် ၂ သောင်းပေးပြီး သုံးနေရတယ်လို့ ဖားကန့်မြို့ခံတွေကပြောပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းပြတ်တောက်သွားတဲ့နောက် ဖားကန့်မြို့နယ် ပြည်သူတွေ IP Star နဲ့ Star link တပ်ဆင်ထားတဲ့ဆိုင်တွေမှာ တုံကင်စနစ်နဲ့တန်းစီနေပြီး တစ်နာရီကို ကျပ် ၂ သောင်းပေးပြီးသုံးနေရတယ်လို့ ဖားကန့်မြို့ခံတစ်ဦးက KNG ကိုပြောပါတယ်။ “ဆိပ်မူမှာက နာရီဝက် တစ်နာရီ တန်းစီစောင့်ရင်ရတယ် တုံကင်နံပါတ်နဲ့ ဘယ်နေ့ ဘယ်အချိန်ရမယ် မသိဘူး။ နာရီဝက် သုံးမိနစ်နောက်ကျတာနဲ့ တခြားလူ နေရာဝင်ယူပဲ”လို့ပြောပါတယ်။ ပြည်သူတွေဟာ အင်တာနက်လိုင်းသုံးရဖို့ တုံကင်နံပါတ်နဲ့တန်းစီစောင့်နေရပြီး တစ်ခါတစ်လေ အလှည့်ရောက်ဖို့ ၂ရက်ခန့်စောင့်ရတဲ့သူတွေလည်းရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ဖားကန့်မြို့တွင်း အင်တာနက်လိုင်းသုံးရတဲ့ ဆိုင်တွေဟာ လုံးခင်းမှာတစ်ဆိုင်၊ ဆိပ်မှုနဲ့ ငှက်ပျောတောရပ်ကွက်တွေမှာ သုံးလို့ရနေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးက ဆက်ပြောပါတယ်။ ခုလို ဖုန်း၊အင်တာနက်ဖြတ်တောက်ခံထားရတဲ့အတွက် ငွေလွှဲ၊ငွေထုတ်ခက်ခဲသွားပြီး ကုန်သည်များ ကုန်ပစ္စည်းမှာယူဖို့ခက်ခဲနေကြတာကြောင့် ကုန်အဝင်နည်းပြီး ကုန်စျေးနှုန်းတွေလည်း ပိုတက်လာနေတယ်လို့ သိရပါတယ်။ “လုပ်ငန်းလုပ်သူတွေ မန်းလေး ရန်ကုန်ကိုငွေလွှဲပစ္စည်းမှာဖို့မရဘူး၊ ကျောက်သမားတွေ ကျောက်ကယ်ရီ ရောက်မရောက် ဖုန်းဆက်လို့မရဘူး၊ ကျောက်ပွဲစားတွေ အစရှိသဖြင့် ပြည်သူတွေ လုပ်ငန်းတွေ အဆင်မပြေကြတော့ဘူး”လို့ပြောပါတယ်။ ဒါ့အပြင် ကျောက်အရောင်းအဝယ်လုပ်သူတွေ၊အွန်လိုင်းကနေ ပညာလေ့လာနေတဲ့ကျောင်းသားတွေ၊အွန်လိုင်းစျေးသည်များအပါအဝင် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေပြီး သတင်းသိရှိဖို့လည်း ခက်ခဲသွားပြီဖြစ်တယ်လို့ ဖားကန့်ပြည်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ ဖားကန့်မြို့မှာ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်ကအာဏာသိမ်းတဲ့နောက် ၇ လအကြာ ဩဂုတ်လကစပြီး  ဖုန်းအင်တာနက် Mobile Data နှင့် Wifi များ၊ ဖုန်းအော်ပရေတာလိုင်းအားလုံးပြတ်တောက်သွားတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ပိုင် Mytel မိုဘိုင်းအင်တာနက်လိုင်း ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့ကနေ ၁၅  ရက်နေ့ထိ ၁၀ ရက်သာဖုန်းလိုင်းဖွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။  အဲဒီနောက် ဖုန်းနဲ့အင်တာနက်လိုင်းတွေဟာ ဖားကန့်မြို့တွင်း၊မြို့ပြင် နေရာတစ်ချို့မှာသုံးလို့ရနေရာကနေ ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်း အားလုံးထပ်ပြီးပြတ်တောက်သွားပြီဖြစ်ပါတယ်။ ခေတ်မီတိုးတက်လာတာနဲ့အမျှလူတွေဟာ သတင်းအချက်လက်ရဖို့၊ လူမူစီးပွားရေး ကိစ္စအဝဝအတွက် အင်တာနက်လိုင်းကို အသုံးပြုနေကြတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်း လွတ်လပ်စွာ ယူဆနိုင်ခွင့်နှင့်လွတ်လပ်စွာ ဖွင့်ဟပြောဆိုပိုင်ခွင့်ရှိသည်။အဆိုပါအခွင့်အရေးများ၌ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင် နယ်နမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနဲ့သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာပါဝင်ဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နဲ့ဝေငှဖြန့်ချီနိုင်ခွင့်တို့ပါဝင်ပါတယ်။ By – CJ

    Read More »
  • 19 July
    ပညာရေး

    KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား

    ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။  “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။  “ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ  NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲ”လို့သူကဆက်ပြောပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။ လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12  အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။  “ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်”လို့ ပြောပါတယ်။  လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/မ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/မ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။  ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။  ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂ –၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ်…

    Read More »
  • 10 July
    ဆောင်းပါး

    နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

    “အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

    Read More »
  • 9 July
    သတင်း

    ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊  ဝှေခါ၊  မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့  ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။ “ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ်  တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့်  တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဒါကြောင့် ဝမ်းပျက်၊ဝမ်းလျှော၊တုပ်ကွေး၊ငှက်ဖျားဖြစ်သူတွေအနေနဲ့ ဆေးမှီတိုနဲ့ကုသခြင်းမဟုတ်ဘဲ သက်ဆိုင်ရာဆရာဝန်တွေနဲ့ဆေးခန်းသေချာပြသင့်တယ်လို့လည်း ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin Backpack) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “အဓိကတော့ ပိုးလောက်လောင်းတွေကို နှိမ်နှင်းရမှာပေါ့ ရေတွင်းရေကန်တွေမှာ ပိုးသေစေနိုင်တဲ့ ကလိုရင်းဆေးရည်တွေကို ရေနဲ့ချိန်ဆပြီးထည့်ပေးတာမျိုးပေါ့ တကယ်လို့ ဘယ်လိုမှ နှိမ်နှင်းလို့ မရတော့ဘူးဆိုရင် ခြင်အကိုက်မခံရအောင် ခြင်ထောင်ပြီးအိပ်တာတို့ အလုပ်လုပ်တဲ့အချိန် လက်ရှည်တွေဝတ်ပြီး လုပ်တာမျိုးလုပ်ဆောင်သင့်တယ်”လို့ ပြောပါတယ်။ လတ်တလော အဖြစ်များနေတဲ့ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဆိုရင်လည်း ခြင်ကတစ်ဆင့် ကူးစက်တာဖြစ်ပြီး နေ့လည်ကိုက်တဲ့ခြင်က တုပ်ကွေးဖြစ်နိုင်ပြီး ညကိုက်တဲ့ ခြင်က ငှက်ဖျားရောဂါကို ဖြစ်စေနိုင်တယ်လို့ ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။ ဒါ့အပြင် ဥရုချောင်းရေကြီးရေလျှံဖြစ်ခဲ့တဲ့နောက် မသန့်ရှင်းတဲ့ရေတွေကြောင့်လည်း ဝမ်းပျက်၊ဝမ်းလျှောဖြစ်ကြတာလို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။ လက်ရှိဖားကန့်မြို့နယ်မှာ နိုင်ငံရေးအခြေအနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေသာမက ဆေးဝါးတွေလည်း သာမန်ထက် ဈေး ၂ ဆ ၃ ဆလောက် စျေးမြင့်တက်နေတယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။ ဖားကန့်မြို့နယ်ဟာ စတုရန်းမိုင် ၂၂၃၈.၈၇ ကျယ်ဝန်းပြီး မြို့နယ်(၁)ခု၊ မြို့(၁)မြို့၊ ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၅ခုနဲ့ ကျေးရွာ ၅၄ခုထိရှိတဲ့ မြို့ဘဲ ဖြစ်ပါတယ်။ဒါအပြင် မြန်မာနိုင်ငံ ပြန်ကြားရေးဌာကရဲ့ ၂၀၁၉ သန်းခေါင်စာရင်းအရ လူဦးရေ ၁၃၃၈၁၅ဦးထိရှိတဲ့ မြို့ နယ် ဖြစ်ပါတယ်။ By – Hope

    Read More »
  • 8 July
    သတင်း

    ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

    “မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။

    Read More »
  • 3 July
    သတင်း

    ဖားကန့်မှာ ရပ်ကွက် ၄ ခုရေဘေးသင့်နေဆဲဖြစ်ပြီး တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်းရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရက်ကွက် ၄ ခု ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေကြီးရေလျှံလာတာကြောင့်  မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်တွေမှာရေဝင်ရောက်ပြီး ပြည်သူတွေရေဘေးသင့်နေတာ  ၃ ရက်ကြာရှိသွားပြီဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ဖားကန့်မှာမိုးတိတ်ပြီး ဥရုချောင်းရေ ၅ ပေလောက်ကျသွားပေမယ့်လည်း အထက်ဖော်ပြပါရပ်ကွက် ၄ ခုရဲ့တစ်ချို့နေရာမှာ ရေအနက်လူတစ်ရပ်ကျော်ထိရှိဆဲဖြစ်တယ်လို့ သိရပါတယ်။ အခုလို ချောင်းရေတွေအမြန်မကျရတာဟာ ဉရုချောင်းကြမ်းပြင် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။ “ဒီမှာက ရတနာနယ်မြေဆိုတော့ ချောင်းကြမ်းပြင်ကမြေကြီးတွေ တူးတာဆွတာတွေဆိုတော့ ရေကဘယ်လောက်ကြီးကြီး အပေါ်ကိုဘဲလျှံထွက်လာတာလေအဲလိုဖြစ်တာ”လို့ ဆိုပါတယ်။ ဖားကန့်မြို့ဟာ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာဒေသဖြစ်တာကြောင့် ကျောက်တူးဖော်မှုတွေဟာ ဆယ်စုနှစ်တစ်စုကြာလာနေတဲ့အပြင် ကျောက်စိမ်းကုမ္မဏီကနေစွန်ပစ်တဲ့မြေစာတွေဟာလည်း ချောင်းနံဘေးတွေမှာသာ အများပိုင်းစွန့်ပစ်ကြတာဖြစ်ပါတယ်။ ချောင်းနံဘေးကမြေစာပုံတွေဟာ မိုးရာသီရောက်လာချိန်မှာတော့ မိုးရေနဲ့အတူချောင်းထဲစီးဝင်သွားတာကြောင့်  နှုံးတွေစုပုံလာတဲ့အတွက် ချောင်းကြမ်းပြင်ပိုမြင့်တက်လာတဲ့အတွက် နှစ်တိုင်းရေကြီးရေလျှံမှုတွေဟာ ပိုပြီးဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။ ရေဘေးသင့်ပြည်သူတွေကိုတော့ ကွန်ဖောင်းဒေးရှင်းပရဟိသလူငယ်အသင်းကနေပြီးတော့ ရလာတဲ့ အလှူငွေတွေကို စီမံခန့်ခွဲပြီး တစ်နေ့ကို နှစ်ကြိမ် ထမင်းထုပ်နဲ့သောက်ရေတွေကို အိမ်တိုင်ရာရောက် လှေတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပြီး ရေဘေးသင့် ပြည်သူတွေထဲက ၉၀ရာခိုင်နှုန်းဝန်းကျင်ဟာ နေအိမ်တွင်းမှာဘဲ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုကြောင့် မီးတိုင်တွေပျက်စီးပြီး လျှပ်စစ်မီးပျက်နေတာ ၅ ရက်လောက်ရှိပြီလို့ သိရပြီး ပြန်လည်ပြုပြင်ဖို့ အချိန် တစ်လလောက်ကြာမြင့်နိုင်တယ်လို့ ဖားကန့်မြို့နေ ပြည်သူတွေဆီကနေ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် ဖားကန့်မြို့ထဲက ပြည်သူတွေဟာ ဖုန်းအားတွေကုန်ပြီး  တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ခက်ခဲလာသလို အစားအသောက်ချက်ပြတ်ရာမှာလည်း  အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “အခြေကတော့ တော်တော်ဆိုးရွားတယ်ဗျ မီးပျက်တဲ့ အခါကျတော့ မီးစက်တွေ နိုးဖို့ အတွက်ဆိုရင်လည်း ဆီဈေးတွေလည်း ဈေးကြီးတော့ ဓာတ်ဆီတွေလည်း လုံလုံလောက်လောက်မရ”လို့ပြောပါတယ်။ လက်ရှိဖားကန့်မြို့မှာ ဆီဈေး တစ်ဂါလံကို ၃ သောင်းဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ကို အနည်း ဆုံး ၁ သိန်းဝန်းကျင်နဲ့ ကြက်သွန်နီ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ထိ မြင့်တက်နေတယ်လို့ ဖားကန့်မြို့နေ ပြည်သူကပြောပါတယ်။ ဒါအပြင် ကွန်ဖောင်ဒေးရှင်း ပရဟိသ လူငယ်အသင်းရဲ့ ဖော်ပြချက်အရ ရေဘေးသင့်ပြည်သူ ဦးရေဟာ မြို့မရပ်ကွက် ၅၃၄ ဦး၊ ငှက်ပျောတောရပ်ကွက် ၇၅၀ ဦး၊ မရှီကတောင်ရပ်ကွက် ၂၅၀ ဦးနဲ့ အေးမြသာယာရပ်ကွက် ၇၂၄ဦး ထိရှိနေတာဘဲ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 2 July
    သတင်း

    ဖားကန့်မြို့မှာ လှေတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးပျောက်ဆုံးနေ

    ဖားကန့်မြို့ ငှက်ပျော်တောရပ်ကွက်မှာ ရေဘေးရှောင်တွေစီးလာတဲ့ လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးရေစီးနဲ့မျှောပါသွားတယ်လို့  ပြည်သူတစ်ဦးက ပြောပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ မနေ့က ၇နာရီ ၂၀ မိနစ်ဝန်းကျင် ငှက်ပျော်တောရပ်ကွက်၊ အောက်လမ်း ဦးဝေလင်းအကင်ဆိုင်နားမှာ ပြည်သူ ၅ ဦးလိုက်ပါလာတဲ့ လှေတစ််််စီး တိမ်းမှောက်ခဲ့တာဘဲ ဖြစ်ပါတယ်။  လှေတိမ်းမှောက်မှုမှာ လူ ၄ ဦးကိုသာ အသက်ရှင်လျက်ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ငှက်ပျော်တောရပ်ကွက်နေ ဒေါ်မိုးအေးဆိုတဲ့ အမျိုးသမီးကတော့ရေစီးနဲ့ အတူမျှောပါသွားပြီး ခုထိပျောက်ဆုံးနေဆဲဖြစ်တယ်လို့ လှေတိမ်းမှောက်မှုမှာပါလာတဲ့ အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။ “ညီမတို့လည်း မှောက်တဲ့ထဲပါတာဘဲ ကံကောင်းလို့ သူများဆယ်ပေးထားတာ ရေစီးအရမ်းသန်လို့လေ ရေကအရမ်းစီးနေတာ ရေကတော်တော်နက်တယ်”လို့ ဆိုပါတယ်။ လှေတိမ်းမှောက်တဲ့နေရာဟာ မြေနိမ့်ပိုင်းဖြစ်ပြီး ရေအနက်ကတော့ ၁၀ပေနဲ့ ၁၅ပေအကြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။  ဒါ့အပြင်  ဒီရေတွေဟာ ဖားကန့်မှာမိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေလျှံပြီး လမ်းပေါ်ကို ဖြတ်စီးနေတဲ့ရေတွေဖြစ်တယ်လို့ သိရပါတယ်။ ဥရုချောင်းရေဟာ မနေ့ညနေပိုင်း ၃ ပေလောက်ကျသွားပေမယ့်လည်း ဒီမနက်ကတော့ရေပြန်တက်လာတဲ့အတွက် ပျောက်ဆုံးသွားတဲ့အမျိုးသမီးကို ရှာဖွေဖို့ခက်ခဲနေတယ်လို့ ရေဘေးသင့်ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ရေက မကျသေးတဲ့ ကျွန်တော်တို့ကရှာဖို့ မဖြစ်နိုင်သေးဘူးဖြစ်နေတာ ရေစီးသန်လို့ ကျွန်တော်တို့ အခုထမင်းဘူးဝေဖို့ လုပ်နေတာတောင်မှ  ကျွမ်းကျွမ်းကျင်ကျင်လှော်တတ်တဲ့သူ ၂ယောက်ပါမှ အဆင်ပြေတာ“လို့ ဆိုပါတယ်။ လက်ရှိချိန်ထိ ဖားကန့်မှာမိုးတွေရွာနေဆဲဖြစ်ပြီး  ဉရုချောင်းရေလျှံမှုကြောင့် မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်နဲ့ အေးမြသာယာရပ်ကွက်၊ ငှက်ပျော်တောရပ်ကွက်တို့မှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ဖားကန့်မှာလက်ရှိ ရေဘေးသင့်ပြည်သူ ၂၂၅၈ဦး ထိရှိနေပြီဖြစ်ပြီး မှော်ဝမ်းရပ်ကွက်တစ်ခုသာ ရေဘေးလွတ်ကင်းနေတာဖြစ်တယ်လို့ ကွန်းဖောင်ဒေးရှင်း ပရဟိတအသင်း ဖာကန့်မြို့ ကနေသိရပါတယ်။ By – Hope

    Read More »
Back to top button