ဆောင်းပါး

နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ

တရိပ်ရိပ်တက်လာတဲ့ ဥရုချောင်းရေကိုကြည့်ရင်း ဒါက သာမန်ရေကြီးတာပါလေလို့ စိတ်ထဲကနေ ရေရွတ်မိခဲ့တယ် လို့ ဖားကန့်ငှက်ပျောတော ရပ်ကွက်က မငုဝါ (အမည်လွှဲကပြောပါတယ်။

မငုဝါတို့ ငှက်ပျောတောရပ်ကွက်မှာ ဇူလိုင်လ  ရက်နေ့ ညနေ  နာရီဝန်းကျင် ရေစဝင်တော့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေက လှေကလေးနဲ့ လိုက်လံကယ်ဆယ်ပေးခဲ့ပေမယ့် မငုဝါတို့ အသိတစ်ယောက် လှေမှောက်ပြီး ရေထဲမျောပါသွားခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရပါတယ်။

မြေမှန်ဆိုလို့ မူးရင်ရှူစရာတောင်မရှိတော့တဲ့ ကျောက်စိမ်းမြေမှာ ဥရုချောင်းရေကြီးရေလျှံမှုက နှစ်တိုင်းကြုံတွေ့နေကြမို့ ဒီနှစ်ရဲ့ ဥရုချောင်းရေကြီးရေလျှံမှုကိုလည်း  သာမန်ရေကြီးခြင်းဖြစ်တယ်လို့သာ မှတ်ယူခဲ့ကြတာ ပြည်သူတွေအဖို့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ ရေဘေးဒဏ် ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ကြရပါတယ်။

ဇူလိုင်လ  ရက်နေ့ကစပြီး အငြိုးတေးကြီးစွာနဲ့ ရွာသွန်းတဲ့မိုးရေနဲ့အတူ ဥရုချောင်းရေဟာ တဟုန်ထိုးမြင့်တက်လာစေခဲ့သလို လုံးခင်းကျေးရွာအုပ်စုထဲက ရပ်ကွက်အပါအဝင် တစ်မြို့လုံးနီးပါး ရေဘေးဒဏ် ကြုံတွေ့ခဲ့ကြပါတယ်။

အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ် လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးဖြစ်ပြီး ဖားကန့်မြို့နယ် ကံစီး (Ginsi) ဒေသကနေ မြစ်ဖျားခံပြီး လုံးခင်း၊ ဖားကန့် ရတနာနယ်မြေမှာ မိုင်ပေါင်း ၅၄ မိုင် ဖြတ်သန်း စီးဆင်းနေတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။

ဒါကြောင့် ဖားကန့်ကပြည်သူတွေဟာ ကံစီးဘက်က မိုးအခြေနေကိုစောင့်ကြည့်ပြီး၊ ဖုန်းကနေတစ်ဆင့် အသိပေးတာ၊ ဆိုရှယ်မီဒီယာကနေ မျှဝေကြပေမယ့် ဒီနှစ်မှာ ဖားကန့်မြို့နယ်တစ်ခုလုံးနီးပါး ဖုန်း၊အင်တာနက်လိုင်း ဖြတ်တောက်ခံထား ရတာကြောင့် သတင်းအချက်လက် ရရှိဖို့လည်း ခက်ခဲခဲ့ကြပြီး ပြင်ဆင်ချိန်လည်း မရလိုက်ကြဘူးလို့ ဖားကန့်ပြည်သူအမျိုးသားတစ်ယောက်က ပြောပါတယ်။

ရေကြီးရေလျှံဖြစ်ခဲ့တာကြောင့် ဖားကန့်မြို့တွင်း ရေနစ်မြှုပ်မှုဖြစ်ခဲ့

တဟုန်ထိုးမြင့်တက်လာတဲ့ ဥရုချောင်းဟာ လုံးခင်းကျေးရွာအုပ်စုထဲက အိမ်ထောင်စု ၆၀ စုလောက် အိမ်ခြေမဲ့ဖြစ်သွားစေတဲ့အပြင် ရေတိုက်စားပြီး လမ်း၊ တံတားပျက်စီးဆုံးရှုံးမှုအများဆုံးကြုံတွေခဲ့ကြပြီ ဖြစ်ပါတယ်။

ရေဘေးအန္တရာယ်ကို အဆိုးဆုံးကြုံတွေ့နေရတဲ့ လုံးခင်းအုပ်စုထဲက ဆန်ခါ၊ အောင်ရာ၊ နန်းယွန်း စတဲ့ကျေးရွာတွေဖြစ်ပြီး နေအိမ်တွေအပြင် အိမ်ခြံဝင်းတွေပါ မကျန် ရေတိုက်စားသွားတာကြောင့် အိမ်ထောင်စု ၆၀ လောက်က အိမ်ခြေမဲ့သွားပြီလို့ ဆိုပါတယ်။

လုံးခင်းအုပ်စုထဲက တံတားကြိုးသွားတဲ့ ကောင်းပြည့်ဆီဆိုင် အောင်ရာကျေးရွာမှာက အိမ်ခြေ ၃၅ ခုက လောလောဆယ် ရေဘေးကြုံနေကြတယ်။ ပြီးရင် ဆန်ခါဘက်မှာလည်း အိမ်တင်မဟုတ်ဘူး အိမ်ဝင်းပါ မရှိတော့ဘူး။ အရမ်းခက်ခဲနေကြတယ်။ ဆန်ခါမှာက အိမ်ထောင်စု ၂၃ ခု။ ဒီကျေးရွာ  ခုက အရမ်းခက်ခဲနေတယ်။ နောက်ပြီး နန်းယွန်းကုန်းဘက်မှာလည်း  အိမ် ပါသွားတယ်” လို့ ပြောပါတယ်။

ရေတိုက်စားမှုထဲပါသွားတဲ့ ဆန်ခါကျေးရွာက လူနေအိမ် ၂၃ ခု၊ အောင်ရာ ကျေးရွာက ၃၅ ခု  နန်းယွန်းရွာက  ခု စုစုပေါင်း အိမ်ခြေ ၆၀ က နေစရာမဲ့ဖြစ်သွားပြီး ရေတိုက်မှုကြောင့် မြေနေရာတွေပြောင်းသွားပြီး အိမ်ရာဝင်းတွေပါ ပျောက်သွားကြပြီဖြစ်သလို ဆိုင်းတောင်နဲ့ အေးမြသာယာ၊ မဇွပ်ယန် စတဲ့ ကျေးရွာတွမှာလည်း နေအိမ်ပျက်စီးတာ ရွာချင်းဆက်လမ်းတွေ ပြိုကျပျက်စီးတာတွေရှိနေပြီး မဇွပ်ယန်သွားတဲ့ကားလမ်းမလည်း ရေထဲပြိုကျသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် မှော်ဘုံနဲ့ မဒန့်ယန် ကျေးရွာ  ခုကို ဆက်သွယ်ထားတဲ့ သံတံတား၊ အောင်ရာနဲ့ မိုးပြင်းရွာကြားက သံတံတား၊ မဇွပ်ယန်နဲ့ နန်းယွန်း ရွားကြားက တံတား၊ စုစုပေါင်း တံတား  စင်းထက်မနည်း သွားလာလို့မရအောင်ပျက်စီးသွားတဲ့အပြင် နောက်ထပ် ဖားကန့်မြို့တွင်း ငှက်ပျောတောရပ်ကွက်က ကြိုးတံတားလည်း ပျက်လုနီးပါအထိ ပျက်စီးနေပြီဖြစ်ပါတယ်။

နောက်ထပ် ဖားကန့်မြို့တွင်းနေရာတွေမှာ အများပြည်သူသွားလာနိုင်ဖို့  နှစ်ရှည်ဖောက်ထွင်းပြုပြင်ထားတဲ့လမ်းနေရာတွေလည်း ရေတိုက်စားပြီး ပျက်စီးသွားသလို အိမ်စီးကား  စီးနဲ့ အောင်ရာကျေးရွာထဲက ကောင်းပြည့် ဆီဆိုင်တစ်ခုလည်း ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆုံးရှုံးမှု ကြီးကြီးမားမားကြုံတွေ့ခဲ့ကြရတဲ့ ဒီနှစ်ရဲ့ ဖားကန့်ရေကြီးမှုဖြစ်စဉ်ဟာ နှစ်ပေါင်း ၄၀ လောက်အကြာမှာ မြင်တွေ့ရတဲ့ ကြီးမားတဲ့ ရေဘေးအန္တရာယ်ဖြစ်တယ်လို့ နောက်ထပ် ဖားကန့် ဒေသခံ တစ်ဦးက အခုလိုပြောပြလာပါတယ်။

ဒီနှစ်ဖားကန့်မြို့ရဲ့ ရေကြီးကြီးတဲ့ ဖြစ်စဉ်က နှစ်ပေါင်း ၄၀ ကြာတဲ့အခါ အဆိုးရွားဆုံး ရေကြီးရေလျှံဖြစ်သွားတဲ့ထဲမှာပါတယ်။ အရင်က ၂၀၁၄ – ၁၅ ခုနှစ်လောက်မှာ တစ်ကြိမ်တော့ ကြီးသေးတယ်။ ဒါပေမယ့် ဒီနှစ်လောက်မဆိုးသေးဘူး။ အဲခါတုန်းကလည်း ဆန်ခါ၊ ဆိုင်းရာ ရွာတွေလည်း ကြီးတယ်။ ရေသလောက်ထိ မရောက်ခဲ့ဖူး။ စစ်တပ်အာဏာသိမ်းတဲ့ နောက်ပိုင်းမှာ ဥရုချောင်းကို ရှင်းလင်းရေးတွေလည်း မလုပ်တော့ဘူး။ ပြီးရင် ကျောက်စိမ်းတူးဖော်လိုက်တဲ့ နေရာတွေကိုလည်း ပြန်ဖုပေးတာလည်းမရှိ။ ရေလမ်းကြောင်းတွေ အကုန်ပိတ်သွားပြီး မိုးပြန်ရွာတော့ ဒီအခြေအနေထိ ဆိုးသွားတာဟုတ်တယ်” လို့ ပြောပါတယ်။

ဖားကန့်မြို့တစ်ခုလုံးနီးပါး ရေနစ်မြှုပ်သွားတဲ့အထိ ကြုံတွေ့လာရတဲ့အကြောင်းအရင်းဟာ ဖားကန့်ဒေသမှာ နိုင်ငံတော်အကျိုးတူ ကျောက်စိမ်းတူးဖော်ခွင့်တွေပေးလိုက်တဲ့နောက်ပိုင်း ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီတွေက ကျောက်စိမ်းတူးဖော်လိုက်တဲ့ နေရာတွေကို စနစ်တကျပြန်လည် ပြန်လည်လုပ်ဆောင်ပေးတာတွေမရှိသလို နိုင်ငံတော်အစိုးရကလည်း ကြပ်မတ်မှု မရှိတော့တဲ့အတွက် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ကို ကြုံလာရတာဖြစ်ပါတယ်။

စစ်တပ် အာဏာမသိမ်းခင်အထိ ဖားကန့်မြို့ ဥရုချောင်းရှင်းလင်းရေးကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ချောင်းလက်တက်  ခုကို ၂၇၄၅၆ ပေ ဖယ်ရှားခဲ့ပြီး ကျပ် ၂၆၆၅ သန်းကျော် အသုံးပြုခဲ့တဲ့အပြင်   ၂၀၁၇  –၁၈ ပွင့်လင်းရာသီမှာတော့ ဥရုချောင်းအတွင်း ပေ ၁၇၀၀၀  ချောင်းလက်တက် ၁၃ ပိုင်းမှာ  ၆၇၅၀ ပေ ရှင်းလင်းခဲ့ပြီး ကျပ် ၇၄၀၀ သန်း အသုံးပြုကာချောင်းရှင်းလင်းရေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အလားတူဘဲ ၂၀၁၈၁၉ ဘဏ္ဍာနှစ်မှာတော့ CSR ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀  ၂၀၁၉၂၀၂၀ ဘဏ္ဍာနှစ် ကျပ်သိန်း  ၂၁၈၀ သိန်း ကုန်ကျပြီး ချောင်းရှင်းလင်းရေးလုပ်နိုင်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ချောင်းရှင်လင်းရေးကို ထိထိရောက်ရောက် လုပ်နိုင်တာ မရှိခဲ့ပါဘူး။

ခုလို ဥရုချောင်းရှင်းလင်းရေးပုံမှန် မလုပ်နိုင်ပါက မိုးရာသီရောက်တိုင်း  ချောင်းဘေးက စွန့်ပစ်မြေစာတွေဟာ မိုးရေနဲ့အတူချောင်းထဲ မျှောကျသွားပြီး  ဥရုမြစ်ကြမ်းပြင်ပိုပြီး မြင့်တက်လာပြီး နှစ်တိုင်းရေကြီးမှုဒဏ် ပိုဆိုးရွားလာမှာ ဖြစ်တယ်လို့လည်း ဖားကန့်ရပ်မိရပ်ဖ တစ်ဦးက ပြောပါတယ်။

မြေစာပစ်တဲ့သူတွေ ရွာထဲကနေမသွားဘူး ချောင်းဘေးကနေ မြေစာပစ်လမ်းလုပ်ကြတယ် အဲတော့ ချောင်းလက်တက် တွေမှာရော၊ ဥရုချောင်းထဲရော နှုံးတွေက ပိုထူလတယ်။ အဲဒါကြောင့် ဖားကန့်က သေချာတယ် ချောင်းရှင်းလင်းရေးပုံမှန်မလုပ်ရင် ဒီနှစ်ထက်ပိုပြီး ဆိုးလာမှာဘဲ

ဥရုချောင်းရေကြီးရေလျှံခဲ့တဲ့နောက်မှာတော့ ဖားကန့်မြို့တွင်း၊မြို့ပြင် နေရာတစ်ချို့မှာရေဝပ်နေသေးသလို ရေနုတ်မြောင်သန့်ရှင်းရေးလုပ်ဖို့လိုအပ်ပေမယ့် လက်ရှိအာဏာရယူထားတဲ့စစ်တပ်ကလည်း တာဝန်ယူမှုမရှိသလို ကျောက်စိမ်းကုမ္မဏီကြီးတွေကလည်း ရပ်ရွာအကျိုးတွက် စက်အင်အားနဲ့ရှင်းပေးတာတွေလည်းမရှိဘူးလို့ သိရပြီး မြို့တွင်းဆိုင်တစ်ချို့ ပုံမှန်ဖွင့်လှစ်တာတော့ရှိနေပြီလို့ သိရပါတယ်။

ဖားကန့်မြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်ခဲ့တဲ့ နောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရကတော့ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီး အိမ်ခြေမဲ့ဖြစ်သွားတဲ့ ဆန်ခါကျေးရွာ ပြည်သူတွေရဲ့ လူဦးရေစာရင်းလာရောက်ကောက်ခံသွားတာတွေရှိခဲ့တယ်လို့ သိရပေမယ့် လက်ရှိအချိန်အထိတော့ ပြန်လည်ထူထောင်ရေးအဖြစ် လုပ်ဆောင်ပေးတာတွေမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း ဖားကန့်မြို့နယ်ထဲမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် လုံးခင်းအုပ်စု ဆန်ခါနဲ့ မဇွပ်ယန် ကျေးရွာ  ခုမှာရှိတဲ့ လုပ်ကွက်ဟောင်း ရေလောင်ကန်အကြီး  ခု ပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာအုပ်စု တစ်ခုလုံး စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်ရှိနေတာလည်းဖြစ်ပါတယ်။

ဒီကနေ့ထိရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဖားကန့်ပြည်သူတစ်ချို့ဟာ ဘာသာရေးကျောင်းဝင်း နဲ့ ဆွေးမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး ပြန်လည်ထူထောင်ရေးတွေ အမြန်ဆုံး လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ ဖားကန့် ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။

ခြံဝင်းနဲ့ နေအိမ်တွေ ပါသွားတဲ့ သူတွေက လုံးဝနေစရာမရှိတော့ဘူးလေ။ သူတို့တွေအတွက် ပြန်လည်ရေချပေးဖို့ လိုအပ်နေတယ်။ ပြီးရင် အစားအသောက်ပေါ့။ ဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းပေးမလဲ။ တစ်ချို့ကတော့ အိမ်ဝင်းတော့ရှိသေးတယ်။ ဒါပေမယ့် အိမ်ကမရှိတော့ဘူး။ သူတို့တွေအတွက်က ထူထောင်ရေးတွေ လုပ်ပေးရမယ်။ သူတို့မှာက ဘာတစ်ခုမှ မကျန်တော့ဘူး ရေထဲအကုန်ပါသွားပြီဖြစ်တဲ့အတွက် လောလောဆယ် ပြန်လည်ရပ်တည်နေနိုင်ဖို့တောင် အမြန်ဆုံးကူညီပေးဖို့ တောင်းဆိုချင်ပါတယ်လို့ပြောပါတယ်။

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်မြေဟာ မြန်မာနိုင်ငံအနှံ့က စီးပွားရေးလာရောက်လုပ်ကိုင်ကြတဲ့စီးပွားရေးလုပ်ငန်းရှင် များသလို၊ အစိုးရခေတ်အဆက်ဆက် စစ်တပ်အသိုင်းအဝန်းအတွက် ဝင်ငွေအကောင်းဆုံးနေရာဖြစ်ပြီး ဒုတိယအနေနဲ့ လက်နက်ကိုင်အဖွဲ့အစုံ ဝင်ငွေရရှိနေတဲ့နေရာ ဖြစ်ပါတယ်။

ဆယ်စုနှစ်သာကြာသွားပေမယ့် ကျောက်စိမ်းမြေကို ထိန်းသိမ်းမယ့်အဖွဲ့စည်း မရှိသလို ဖားကန့်ကနေ အကျိုးစီးပွားဖြစ်ထွန်းနေတဲ့ သူတွေ အားလုံးကလည်း ဥပက္ခာပြုထားကြတဲ့အပြင်  ဥရုချောင်းရှင်းလင်းရေးပင် ထိထိရောက်ရောက် မလုပ်နိုင်တဲ့ဖားကန့်မှာ သဘာဝဘေးအန္တရယ်ဆိုးရွားတဲ့ဒဏ်ပိုပြီး ခံစားကြရမှာ အသေချာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button