ဖားကန့်

  • Nov- 2025 -
    13 November
    သတင်း

    ဖားကန့်မှာ စစ်တပ်ထပ်ဝင်လာတဲ့တစ်ပတ်အတွင်း ကလေးငယ်အပါ ပြည်သူ ၄ ဦးသေဆုံး

    ဖားကန့်မှာ စစ်ကြောင်းထပ်မံဝင်ရောက်လာတဲ့ ယခုပတ်အတွင်း တိုက်ပွဲမဖြစ်တဲ့ ကျေးရွာ ရပ်ကွက်တွေဘက်ကို ဦးတည်ပြီး လေကြောင်းအပြင် လက်နက်ကြီးဆက်တိုက်ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေ ဆက်တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာ ဖားကန့် ဗျူဟာကုန်းကနေ လုံးခင်းအုပ်စု တောမှော်အတက်လမ်း ကုဋေမှော်၊ မားဆားဘက်ကို အကြောင်းမဲ့ လက်နက်ကြီး ၁၂၀ မမ ၄ ကြိမ်ထက်မနည်းလှမ်းပစ်ခဲ့တဲ့အတွက် ကလေးငယ်တစ်ဦးထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိတဲ့ ပြည်သူတစ်ချို့တွေလည်းရှိခဲ့တယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လှမ်းပစ်တာက ၁၂ နာရီခွဲကျော်ကျော်လောက်ရှိမယ်။ တောမှော်အတက်လမ်းရှိတဲ့ ဘက်ကို ဦးတည်ပြီးပစ်တာ။ အဲ့မှာ မားဆားကျေးရွာထဲမှာ လက်နက်ကြီးကျကွဲလို့ ကလေးငယ်တစ်ဦးထပ်ဆုံးခဲ့တယ်။ ထိခိုက်ဒဏ်ရာရတဲ့တစ်ချို့လည်းရှိသေးတယ်လို့ ကြားပါတယ်။ ဒါပေမယ့် သေးစိတ်တော့မသိရသေးဘူး။ အခုလက်နက်ကြီးပစ်တဲ့ နေရာဘက်မှာ တိုက်ပွဲလည်းမရှိပါဘူး”လို့ပြောပါတယ်။ ဖားကန့်ဗျူဟာကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ၃ လုံးခန့်က မားဆားကျေးရွာတဝိုက်ကျမှန်ပေါက်ကွဲခဲ့ပြီးတော့ အခုလိုပြည်သူတွေ အသက်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ လက်နက်ကြီးပစ်ခတ်ခံရတဲ့ နေရာဘက်မှာ စစ်တပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာပဲ Y – 12 လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်အပါ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ တစ်ရက်ခြားမှာပဲ အခုလို ဖားကန့်ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးပစ်ခတ်ခံရတာဖြစ်ပါတယ်။ တိုက်ပွဲမရှိတဲ့ တောမှော်ကျေးရွာဘက်ကို လေကြောင်းအပါ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခံနေရတဲ့ အခြေအနေဟာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်စခန်းသိမ်းတိုက်ပွဲမှာ တောမှော်ကျေးရွာမှာ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ထားပြီး အဲဒီနေရာမှာ KIA နဲ့ PDF အဖွဲ့တွေ တပ်အထိုင်ချထားတာကြောင့် ပစ်ခတ်ခံရတာဖြစ်နိုင်တယ်လို့ သတင်းအရင်းအမြစ်တွေသုံးသပ်ပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ပြီး ဖားကန့် လုံးခင်းနဲ့ မှော်ဆီစာ ကျေးရွာတစ်လျှောက် စစ်အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားလာတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဲဒီနိုဝင်ဘာလ ၉ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကြောင်းတွေ ဝင်ရောက်လာတဲ့အချိန် စစ်ကြောင်းနောက်ကနေ ဆိုင်ကယ်နဲ့ကပ်ပါလာတဲ့ အသက် ၂၀ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလည်း မိုင်းစထိမှန်သေဆုံးမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ၁၀ ရက်နေ့မှာလည်း မှော်ဆီစာ ကားလမ်းမကြီးပေါ်မှာ မိုင်ဆွဲပေါက်ကွဲမှုဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန် KBC ဘုရားကျောင်းရှေ့မှာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ဘက်က ပြန်ပြီးနေရာယူထားတဲ့ လုံးခင်း၊ မှော်ဆီစာ၊ နမ့်မဖြစ်၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့နေရာတွေကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ဖို့ရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့မှာ ဖားကန့် ကားမိုင်း – နန့်ယားလမ်းပိုင်းကနေ ရဲတပ်သားတွေအပါအဝင် စစ်ကြောင်းထိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းတွေက နိုဝင်ဘာလ ၁၀ ရက်ညမှာ မှော်ဆီစာကျေးရွာထဲက Sky Hotel နဲ့ ဘုရားကုန်းနေရာတွေမှာ ဝင်ရောက်နေရာယူထားတာဖြစ်ပါတယ်။ Sky Hotel ထဲမှာ နေရာယူထားတဲ့ စစ်အင်အားတစ်ချို့က နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း ပြန်ထွက်ခွာသွားတာရှိပေမယ့် စစ်ရေးနေရာမဟုတ်တဲ့နေရာတွေမှာ ပေါ်ပေါ်တင်တင်စစ်ရေးလှုပ်ရှားနေတာကြောင့် ပြည်သူတွေက အပြင်မထွက်ရဲဘဲ ကြောက်လန့် စိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးပြောပြပါတယ်။ “လုံးခင်းကတော့ ပုံမှန်အနေအထားဖြစ်သွားပြီလို့ပြောလို့ရမယ်။ ဒါပေမယ့် အခုရက်ပိုင်းဖြစ်ပျက်သွားတာက မှော်ဆီစာနားမှာပဲ အခြေတည်ဖြစ်သွားတယ်ဆိုတော့ လမ်းမကြီးနဘေးက အိမ်တွေ၊ စျေးဆိုင်ကတွေကအစ အဖွင့်ရဲ မသွားရဲကြတဲ့သူတွေရှိသေးတယ်။ နေ့ခင်းဘက်မှာကျတော့ အိမ်မှာနေပြီး ညခင်းဘက်မှာဆိုရင် တခြားနေရာတွေမှာ သွားအိပ်ကြတာတွေရှိတယ်။ တစ်ချို့ကတော့ အိမ်နောက်ဖေးဘက်မှာ တံခါးတွေပိတ်ပြီး ပုန်းနေကြတယ်”လို့ပြောပါတယ်။ မှော်ဆီစာဘုရားကုန်းပေါ်မှာ နေရာယူထားတဲ့ စစ်ကြောင်းတစ်ချို့လည်း မှော်ဆီစာဘုန်းကြီးရဲ့ ပြောဆိုမှုကြောင့် တပ်စွန့်ခွာသွားတယ်လို့ ဆက်သိရပါတယ်။…

    Read More »
  • 11 November
    သတင်း

    ဖားကန့်မှာ စစ်တပ်က အရပ်ပြည်သူတွေရှိတဲ့ အဆောက်အဦး ဟိုတယ်တွေအထိ တပ်စွဲလာ

    ဖားကန့်မှာ စစ်ရေးအသာရဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်က စစ်ရေးနေရာမဟုတ်ဘဲ ကျေးရွာ၊ ရပ်ကွက်အတွင်းရှိ ခိုင်ခံ့တဲ့အဆောက်အဦး ဟိုတယ်နေရာတွေမှာ တပ်စွဲဝင်ရောက်နေရာယူလာတာကြောင့် နှစ်ဖက်စစ်တပ် စစ်ရေးပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ဖားကန့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အရေးပါတဲ့ မြို့နေရာ၊ ကျေးရွာ၊ ရပ်ကွက်တွေကို စစ်ရေးအရ နယ်မြေစိုးမိုးနိုင်ဖို့အတွက်…

    Read More »
  • 6 November
    သတင်း

    ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    ဖားကန့်မှာ တစ်ရက်တည်း အမျိုးသားနှစ်ဦး ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် ယူမာကျေးရွာနဲ့ ဖားကန့် – ဆိုင်းတောင်သွားလမ်းမကြီးပေါ်မှာ သေဆုံးနေတဲ့ရုပ်အလောင်းတွေ့ရတယ်လို့ ဖားကန့်ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မနေ့ည မရှီကထောင်၊ ဆိုင်းတောင်ဘက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရတယ်။ ဘယ်အဖွဲ့ကပစ်တာဆိုတာမသိသေးဘူး။ သေဆုံးသူနှစ်ဦးလည်း ဘယ်သူရယ်မသိသေးဘူးဗျ”လို့ပြောပါတယ်။ ပစ်သတ်ခံရတဲ့ အမျိုးသား နှစ်ဦးအနက် ဆိုင်ကယ်အပါ လမ်းမပေါ်မှာ သေဆုံးသူက ယူမာကျေးရွာတွင်းဖြစ်ပြီးတော့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ ဖားကန့် – ဆိုင်းတောင်သွား လမ်းမပေါ်မှာ သွေးထွက်သံယိုများပြီး သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်လို့ သိရပါတယ်။ အမျိုးသားနှစ် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားတဲ့ အချိန်ကျော်လွန်ပြီး သွားလာတာကြောင့် ပစ်ခတ်ခံရတာဖြစ်တယ်လို့လည်း သတင်းအရင်းအမြစ်တွေပြောပါတယ်။ ဒါ့အပြင် လက်ရှိ သေဆုံးမှုဖြစ်ခဲ့တဲ့ နေရာတွေဟာ စစ်ကောင်စီတပ်ဘက်က နေရာယူထားတဲ့ ပတ်ဝန်းကျင်တဝိုက်မှာ ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဖားကန့်မှာ တိုက်ခိုက်သံတွေငြိမ်သက်သွားတာ တစ်လနီးပါးခန့် ကြာမြင့်လာပေမယ့် အရပ်သားပစ်သတ်ခံရမှုတွေ ဆက်ရှိနေသေးတာဖြစ်တယ်လို့ ဖားကန့် အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ “ဖားကန့်စစ်ရေးအခြေအနေက အရင်လို ပြင်းပြင်းထန်ထန်တော့မရှိတော့ဘူး ငြိမ်နေတာပေါ့လေ။ ပြည်သူတွေက စစ်ပွဲတွေထပ်ဖြစ်လာမှာကို စိုးရိမ်နေကြတာပေါ့။ တိုက်ပွဲပဲ မဟုတ်ဘူး စုဆောင်းရေးဆွဲတဲ့အသံတွေလည်း ဒီရက်ပိုင်းက ပြန်ငြိမ်သွားတယ်။ တန်ဆောင်မုန်းလပြည့်ရက်တွေကြောင့်လားတော့မသိဘူး။ ပြည်သူတွေလည်းသွားလာကြနေတာတွေ့ရပါတယ်။ အခုလို ပစ်သတ်ခံရတာတွေတော့ ရှိနေသေးတော့ ဂရိုက်စိုက်ပြီးမှတော့ နေထိုင်ကြတာပေါ့”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ ရက်စွဲနဲ့ မြစ်ကြီးနားနဲ့ ဖားကန့် မြို့နှစ်ခုမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ည ၁၀ နာရီကနေ မနက်ပိုင်း ၄ နာရီအထိ ညမထွက်ရ အမိန့်စာထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့ မေလကတည်းကနေ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် စက်တင်ဘာလအထိ တိုက်ပွဲတွေပြင်းထန်ခဲ့သလို အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးကျမှန်ပြီးသေဆုံးမှုရှိခဲ့တဲ့ဖြစ်စဉ်၊ ကျေးရွာတွေမှာ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး အကြောင်းမဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်၊ ဖားကန့် တပ်မကုန်းကနေ ပစ်လိုက်တဲ့ လက်နက်ကြီး ကျေးရွာအတွင်း ကျမှန်ပြီး အရပ်သားပြည်သူ သေဆုံးတဲ့ ဖြစ်စဉ်တွေ လနဲ့ချီ ဖြစ်စဉ်အသီးသီးရှိခဲ့ပါတယ်။ By – နော်ထွယ့်(ဟူးကောင့်)

    Read More »
  • Oct- 2025 -
    24 October
    သတင်း

    ဖားကန့်တိုက်ပွဲ ၅ လအတွင်း စစ်တပ်နဲ့ SNA တပ်သား ၃၀ ကျော် KIA ဖမ်းဆီးရမိ

    ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ ၅ လကျော်အတွင်း တိုက်ပွဲနေရာက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိထားတဲ့ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA ) တပ်သားစုစုပေါင်း ၃၀ ကျော်ရှိတယ်လို့ KPDF အဖွဲ့မှသိရပါတယ်။ ဖမ်းဆီးရမိထားတဲ့ ဒီစစ်အင်အား…

    Read More »
  • 23 October
    သတင်းဆောင်းပါး

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့…

    Read More »
  • 20 October
    သတင်း

    ဖားကန့် နေရာ ၂ ခုမှာ နှစ်ဖက်တပ် ပစ်ခတ်မှုဖြစ်

    ဖားကန့်မှာ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ချို့ ထွက်ခွာသွားပေမယ့် စစ်တပ်တပ်စွဲထားတဲ့ နေရာတစ်ချို့မှာ နှစ်ဖက်တပ်အကြားအပြန်အလှန် ပစ်ခတ်မှုတွေဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်။ ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) နဲ့ ယူမာကျေးရွာလမ်းမကြီးပေါ်က အဲဗားဝင်းမျောခြံမှာ စစ်တပ်ထားတဲ့စစ်တပ်နဲ့ မရှီမကထောင် တရုတ်ဘုံကျောင်း ရခိုင်ကုန်းပေါ်မှာ တပ်စွဲထားတဲ့ ရဲတပ်သားနဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာကြောင့် ထိတွေ့တိုက်ပွဲရှိနေတယ်လို့…

    Read More »
  • 16 October
    သတင်း

    ဖားကန့်မှာ ထိုးစစ်တိုက်ခိုက်နေတဲ့ စစ်ကြောင်းတစ်ချို့ပြန်ထွက်ခွာ

    ဖားကန့်ဒေသမှာ ငါးလကျော်ခန့်အကြာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ချို့ ဖားကန့် – ကားမိုင်းလမ်းဘက်ဦးတည်ပြီး ပြန်ထွက်ခွာသွားတယ်လို့ ဖားကန့်မှာနေထိုင်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကြောင်းဝင်ရောက်လာကတည်းက တပ်စွဲထားတဲ့ မှော်ဆီစာကျေးရွာ ဘုရားကုန်းနေရာနဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ)နေရာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းတွေ…

    Read More »
  • 10 October
    သတင်း

    ဆိုင်းတောင်ကိုရဖို့ စစ်တပ်က မလန်း(Malang) ရွာဘက်ခြမ်းကို လေကြောင်းနဲ့ တိုက်ခိုက်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို အလုံးစုံထိန်းချုပ်နိုင်ဖို့ မလန်းကျေးရွာဘက်ကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်ဝင်ရောက်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သိရပါတယ်။ ဖားကန့်မြို့ အရေးပါတဲ့ နေရာတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ထဲမှာ ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာက အဓိကပါဝင်နေပြီး စစ်တပ်ဟာ မြေပြင်စစ်ကြောင်းနဲ့ အလွယ်တူဝင်ရောက်နိုင်ဖို့…

    Read More »
  • 9 October
    သတင်း

    ဖားကန့်နဲ့မြစ်ကြီးနားမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

    ကချင်ပြည်နယ် ဖားကန့် နဲ့ မြစ်ကြီးနားမြို့ နှစ်ခုမှာ စစ်ကောင်စီက အများပြည်သူလုံခြုံရေးထိခိုက်ပျက်ပြားစေတယ်ဆိုပြီး ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဖားကန့်မြို့နယ်အတွင်း လမ်းမကြီးများ၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာများမှာ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေမလုပ်ဖို့…

    Read More »
  • 8 October
    သတင်းဆောင်းပါး

    လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ

    “KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။  ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။

    Read More »
Back to top button