ဖားကန့်

  • May- 2024 -
    3 May
    သတင်း

    တာမခံကျေးရွာ မီးဘေးသင့်အိမ်ခြံတွေ လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခံကျေးရွာတိုက်ပွဲတွင်း မီးလောင်ပျက်စီးသွားတဲ့ အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့ဝယ်ယူပြီး ကျောက်တူးဖို့စီစဥ်နေကြတယ်လို့ တာမခံဒေသခံတွေဆီကနေ သိရပါတယ်။ တာမခံတိုက်ပွဲမှာ စစ်တပ်ရဲ့လေကြောင်းဗုံးကျဲတိုက်ခိုက်မှုအပြင် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၇၆ လုံးမီးလောင်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ မီးလောင်ပျက်စီးသွားတဲ့အိမ်ခြံမြေတွေကို လုပ်ငန်းရှင်တစ်ချို့စျေးနှိမ်ပေးဝယ်ပြီး ကျော်တူးဖို့စီစဥ်နေတယ်လို့ အသက် ၄၀ ကျော်အရွယ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။ “ဟုတ်တယ်ရှင့် ဒီကအိမ်ခြံတွေက ပုံမှန်ဆိုရင်မြေမှန်တယ် ခြံကျယ်တယ်ဆိုရင် သိန်း ၅ ထောင်၊ သိန်း ၈ထောင်အဲ့လောက်ထိစျေးပေါက်တာ။ ဒါပေမယ့်အခုအဲ့လောက်မပေးဘူး ရာဂဏန်းလောက်ပဲပေးဝယ်နေတာ ဝယ်ပြီးမှကျောက်တူးမယ်မြေပြန်ဖို့ပေးခဲ့မယ်ပေါ့ သူတို့ညှိနေကြတုန်း ကျောက်တူးခွင့်ရမရကိုတော့မသိသေးဘူး”လို့ ပြောပါတယ်။ တာမခံကျေးရွာဟာ ဟောင်ပါး၊ ဆယ်ဇင်းနေရာတွေထက် ကျောက်စိမ်းအရည်အသွေးကောင်းပြီး ကျောက်ကောင်းထွက်တာကြောင့် ပုံမှန်အားဖြင့် ပေ ၈၀ ၊ပေ ၁၂၀ ကျယ်တဲ့ အိမ်ခြံတစ်ကွက် ပေါက်စျေးကျပ် သိန်း ၅၀၀၀ ကနေ ကျပ်သိန်း ၈၀၀၀ ကြားရှိတယ်လို့သိရပေမယ့် လက်ရှိလုပ်ငန်းရှင်တွေက ကျပ်သိန်း ၃၀၀ နဲ့ ကျပ်သန်း ၈၀၀ ကြားသာစျေးပေးဝယ်နေပြီး ကျောက်တူးဖို့စီစဥ်နေတာလို့သိရပါတယ်။ လက်ရှိ တာမခံကျေးရွာကို KIO၊KIA ရဲ့ထိန်းချုပ်မှုအောက် အရပ်ဘက်အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတာဖြစ်ပြီး လုပ်ငန်းရှင်တွေကျေးရွာထဲ ကျောက်တူးဖို့ကိစ္စကို အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေဆဲဖြစ်တဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တာမခံကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို KNG  သတင်းဌာနကနေ မေးမြန်းဖို့ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ အိမ်ခြေ ၈၀၀ ကျော်ရှိတဲ့ တာမခံကျေးရွာထဲမှာ  အိမ်ခြေ ၃၇၆ လုံးပျက်စီးသွားပြီး ဒေသခံတွေအနေနဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့ ကြိုးစားနေချိန်ဖြစ်ပါတယ်။ဒါကြောင့် ဒေသခံတစ်ချို့အိမ်ခြံမြေတွေပြန်လည်ရောင်းချနေကြတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် အိမ်ခြံမြေဝယ်ယူတဲ့လုပ်ငန်းရှင်တွေအနေနဲ့ မီးဘေသင့်ပြည်သူတွေကို ပေါက်စျေးအတိုင်းပေးဝယ်တာမျိုးမဟုတ်ဘဲ အခွင့်ကောင်းယူသလိုဖြစ်နေတယ်လို့ ဒေသခံတစ်ချို့က သုံးသပ်ပြောပါတယ်။ “တချို့ကတော့ပြန်ရောင်းချင်နေကြတယ် အဲ့တာလေးရောင်းပြီးမှပဲ အသစ်ကနေပြန်စဖို့ပေါ့အကုန်ပါသွားတာလေးတချို့ကဘာမှမရလိုက်ဘူး။ တချို့ကျတော့လေးအဲ့မှာမိုးကာတဲလေးထိုးပြီးမှနေနေတာ ခြံရောင်းလို့ဝယ်လို့အဆင်ပြေတဲ့ချိန်ကိုစောင့်နေတာပေါ့ အဓိကတော့မီးလောင်သွားတာဆိုတော့ အခက်အခဲကြောင့်ခြံရောင်းချင်တာပေါ့။ အဲ့တာကိုလုပ်ငန်းရှင်တွေအခွင့်ကောင်းမယူသင့်ဘူး”လို့ တာမခံကျေးရွာနေအမျိုးသားတစ်ဦးကပြောပါတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းကနေ စစ်ဘေးရှောင်သွားကြတဲ့တာမခံပြည်သူတွေဟာ မတ်လ ၁၇ ရက်နေ့ကနေစပြီးနေရပ်ပြန်ဝင်ကြပေမယ့် နေအိမ်မီးလောင်ပျက်စီးသွားတဲ့သူကတော့ အိမ်မရှိတော့တဲ့အတွက် နေရပ်မပြန်နိုင်ပဲ ခြားနေရာတွေဟာ ပြောင်းရွေ့နေထိုင်နေကြရတယ်လို့သိရပါတယ်။ တာမခံကျေးရွာ စစ်ကောင်စီတပ်စခန်းကို KIA၊KPDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ လကုန်းပိုင်းကတည်းစနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၁၀ ရက်ကျော်ကြာတိုက်ပွဲ ဖြစ်ပွားပြီးနောက်စစ်ကောင်စီစစ်သားတွေစခန်းကိုစွန့်ခွာသွားတာကြောင့် မတ်လ ၉ ရက်နေ့မှာ တာမခံ ကျေးရွာကို KIA၊KPDF တပ်တွေထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ By – Zaw Zaw

    Read More »
  • 2 May
    သတင်း

    ဆိုင်းတောင်တံတားထိပ်မှာ အရပ်သား ၃ ဦးဖမ်းဆီးခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတံတားထိပ်မှာ စစ်ကောင်စီတပ်က အရပ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်သူတွေကနေ သိရပါတယ်။ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ မေလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင် ဆိုင်းတောင်တံတားထိပ်မှာ တစ်နာရီအကြာပိတ်ဆို့စစ်ဆေးခဲ့ပြီး အရပ်သား ၃ ဦးကိုဖမ်းဆီးသွားတယ်လို့ ဆိုင်းတောင်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “အကြာကြီးတော့မဟုတ်ဘူး ခနပဲလုပ်သွားတာ အဲ့မှာသူတို့မသင်္ကာတဲ့အမျိုးသားသုံးယောက်ကိုတော့ဖမ်းသွားတယ်။ ဆိုင်းတောင်ရဲကုန်းကိုခေါ်သွားတယ်။ နောက်ဆက်သွယ်တော့မသိရသေးဘူးအခုတော့မရှိတော့ဘူး ပြန်ဆုတ်သွားကြပြီ”လို့ ပြောပါတယ်။ ဖမ်းဆီးခံရသူ အရပ်သား…

    Read More »
  • 1 May
    သတင်း

    ဖားကန့်မှာ ဒုရဲအုပ်တစ်ဦးကို KPDF ဖမ်းဆီးရမိ

    ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ နေ့လည်ပိုင်း ၁ နာရီလောက်က ဒုရဲအုပ်တစ်ဦးကို KPDF တပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသခံတွေနဲ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပြောပါတယ်။ ဖြစ်စဥ်ကတော့ ဆိုင်းတောင်ရဲစခန်းကနေ ရဲ၃ယောက် မြို့ထဲကိုဆင်းလာပြီး ငွေသွင်းငွေထုတ်လုပ်နေတဲ့ အချိန်မှာပဲ…

    Read More »
  • Apr- 2024 -
    29 April
    သတင်း

    ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇…

    Read More »
  • 25 April
    သတင်း

    ဖားကန့်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သတ်ခံရ

    ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်မှာ မီးသတ်တပ်ဖွဲ့ဝင်တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ ဧပြီလ ၂၄ ရက်‌နေ့ ညနေ ၄ နာရီဝန်းကျင် မှော်ဝမ်းရပ်ကွက်ဈေးနားမှာ အမည်မသိ လူ ၃ ဦးက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသခံ…

    Read More »
  • 24 April
    သတင်း

    ပန်းတင်တံတားမှာ လိုင်စင်မဲ့ကားတွေဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာလိုင်စင်မဲ့ကားတွေကို ဖမ်းဆီးစစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရတာကြောင့် ဖားကန့်ဘက်ပြန်ဆုတ်ခွာသွားတယ်လို့ ကာကွယ်ရေးတပ်တွေကနေ သိရပါတယ်။ ဒီနေ့ ဧပြီ ၂၄ ရက်နေ့ မနက် ၆နာရီဝန်းကျင် ဖားကန့်တပ်မကုန်းကနေ ဆင်းလာတဲ့ စစ်ကြောင်းဟာ ဖားကန့်မြို့အဝင် ပန်းတင်တံတားထိပ်မှာ လိုင်စင်မဲ့ကားတွေကိုစစ်ဆေးဖမ်းဆီးနေချိန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖားကန့်KPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဟုတ်တယ် မနက်က ဒီကောင်တွေပန်းတင်တံတားမှာလပြီး Without ကားတွေကိုဖမ်းဆီးစစ်ဆေးနေတာ အဲ့တာကို ဒီဘက်က ကျနော်တို့ကလေးတွေ(ဖားကန့် pdf)တွေက ဒရုန်းနဲ့သွားပစ်ခတ်ခဲ့တာ။ သူတို့ချက်ချင်းပြန်ဆုတ် သွားပါတယ်”လို့ ပြောပါတယ်။ ဒီစစ်ကြောင်းဟာ ဖားကန့် ခမရ (၁၁၉) တပ်ကဖြစ်ပြီး အင်အား…

    Read More »
  • 22 April
    သတင်း

    ဆယ်ဇင်းစစ်တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေဆဲ

    ဖားကန့်မြို့နယ် ဆယ်ဇင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲ ၃ ရက်ကြာမြင့်လာပေမယ့် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တို့ကြား ဧပြီလ ၂၂ ရက် ဒီနေ့အထိ ၂ ဖက်တပ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။ ဆယ်ဇင်းတပ်စခန်းဖြစ်တဲ့ ခမရ ၁၁၆ တပ်ရင်းကို…

    Read More »
  • 18 April
    သတင်း

    နန့်ယားမှာ ချိတ်ပိတ်ထားတဲ့နေအိမ်တွေပြန်လည်ဖြေလျော့

    ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာမှာမူးယစ်ဆေးဝါးရောင်းမှုကြောင့် ချိတ်ပိတ်ခံထားရတဲ့ နေအိမ်တွေကို ပြန်ဖြေလျော့လိုက်ပြီလို့ နန့်ယားရပ်မိရပ်ဖတွေဆီကနေ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDFပူးပေါင်းတပ်တွေ နန့်ယားကျေးရွာကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် နန့်ယားကျေးရွာထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့နေအိမ်တွေကို ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။ ချိတ်ပိတ်ထားတဲ့နေအိမ်တွေကို ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကနေစပြီးပြန်ဖြေလျော့ပေးလိုက်ပြီဖြစ်တယ်လို့ နန့်ယားကျေးရွာထဲကရပ်မိရပ်ဖတစ်ဦးက KNG ကိုပြောပါတယ်။ “ကျနော်တို့ဒီချိတ်ပိတ်တယ်ဆိုတဲ့ဟာက ပထမလတ်တလောမှာတော့ဟုတ်ပါတယ် ချိတ်ပိတ်လိုက်တယ်။ ဒါပေမယ့်လို့အခုအုပ်ချုပ်ရေးလိုင်းကနေပြီးမှပြန်ဝင်လာတဲ့အခါမှာတော့ ဒီမူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားတဲ့ဥစ္စာတွေကတော့ သူတို့ရဲ့မိဘတွေကလုပ်တယ်ဆိုရင် သားသမီးတွေက သူ့အိမ်လေးနဲ့သူလာနေပါစေ ယောင်္ကျားဖြစ်သူကလုပ်တယ်ဆိုရင် မိန်းမတွေကလာနေပါစေဆိုပြီး အကုန်လုံးကိုပြန်ဝင်ခွင့်ပေးထားပါတယ်”လို့ ပြောပါတယ်။ KIA အနေနဲ့ နန့်ယားကျေးရွာထဲမှာရှိတဲ့ နေအိမ်ဆယ်လုံးခန့်ကို မူးယစ်ဆေးဝါးရှောင်းဝယ်ဖောက်ကားမှုနဲ့ ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ချိတ်ပိတ်တာကိုဖြေလျော့လိုက်ပေမယ့်…

    Read More »
  • 15 April
    သတင်း

    နန့်ယားတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးသွားတဲ့ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုလိုအပ်နေ

    မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ နန်ယားစခန်းသိမ်းတိုက်ပွဲမှာ နေအိမ်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသခံပြည်သူအတွက် ကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ သိရပါတယ်။ နန့်ယားမှာ ဧပြီလ ၉ ရက်နေ့မှစတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIAပူးပေါင်တပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲ ၃ ရက်အတွင်း ဒေသခံပြည်သူတွေရဲ့နေအိမ်တွေမှာ လက်နက်ကြီးကျည်ထိမှန်တာအပြင် စစ်တပ်ကလေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂၅ လုံးထက်မနည်းထိခိုက်ပျက်စီးခဲ့ပြီး ကူညီထောက်ပံ့တာတွေလိုအပ်နေတယ်လို့ နန့်ယားမှာနေထိုင်တဲ့ပြည်သူတစ်ဦးက ပြောပါတယ်။ “ခုဒီမှာက တစ်ချို့ကဝင်တာတော့ဝင်နေကြပြီ အားလုံးတော့မဝင်သေးဘူး။ ဝင်လို့ရပေမယ့် တစ်ချို့အိမ်တွေလုံးဝယူလို့မရတော့တဲ့အခြေနေဆိုတော့ ဖြစ်နေကြတယ် ယာယီနေဖို့တဲလေးတွေဆောက်ဖို့လုပ်နေကြတာတော့ရှိတယ်”လို့ ပြောပါတယ်။ နန့်ယား ခလရ ၁၂၀ တပ်ကို KIA ပူးပေါင်းတပ်တွေက ဧပြီလ ၁၀ ရက်နေ့သိမ်းယူထားနိုင်ပြီး လက်ရှိချိန်မှာတော့ ဒေသခံပြည်သူတစ်ချို့ရွာထဲကို ပြန်ပြီးဝင်ရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။သို့ပေမယ့် နေအိမ်အများပိုင်းမှာ နေထိုင်လို့မရတော့တဲ့အခြေနေထိ မီးလောင်ပျက်စီးခဲ့တာကြောင့် နေထိုင်ဖို့အခက်ခဲကြုံတွေ့နေကြရတယ်လို့ သူကဆက်ပြောပါတယ်။ ဒါ့အပြင် မီးလောင်ပျက်စီးသွားတဲ့ထဲမှာ ဘာသာရေးအဆောက်အဦးတစ်ချို့နဲ့ စာသင်ကျောင်းအပြင် စျေးဆိုင်တစ်ချို့လည်းပါဝင်ပြီး လက်ရှိကုန်စျေးနှုန်းမြင့်တက်နေတဲ့ကာလမှာပြန်လည်ထူထောင်ရေးလုပ်ဖို့ ခက်ခဲမှုတွေရှိနေတယ်လို့ သိရပါတယ်။ “ဘုရားကျောင်းတွေမှာထိမှန်ထားတာလည်းရှိတယ် ပြီးတော့ ကုန်စုံဆိုင်တွေလည်းထိထားတာရှိတယ် ခုချိန်ဖားကန့်မှာက ကုန်စျေးနှုန်းကြီးတာနဲ့ဆို ပြန်လည်ထူထောင်ရေးတော့လွယ်တော့မလွယ်လောက်သေးဘူး”လို့ နန့်ယားမှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ပြောပါတယ်။ နန့်ယားကျေးရွာဟာ မြစ်ကြီးနား– ဖားကန့်သွားလမ်းမပေါ်မှာရှိပြီး စစ်ဆေးရေးတင်းကြပ်ဆုံးဂိတ်ရှိတာကြောင့် နန့်ယားဒေသခံတွေအပါအဝင် ခရီးသွားပြည်သူတွေဟာ မကြာခနစစ်ဆေးဖမ်းဆီးခံရတာလည်းဖြစ်ပါတယ်။ ဒါပမေယ့် လက်ရှိစစ်တပ်ဂိတ်မရှိတော့တာကြောင့် ဒေသခံပြည်သူများသွားရေးလာရေးမှာအခက်ခဲမရှိတော့ဘူးလို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်ဆန်းပိုင်းအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ ဖားကန့်မြို့နယ်ထဲမှာရှိတဲ့ ဗျူဟာမြှောက်တပ်စခန်းနေရာတွေကို ဆက်တိုက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နန့်ယား၊ နမ်တိန့်၊ ဝှေခါ၊ တာမခံ၊ ကသိုဏ်းတောင်နဲ့ နမ်မှော်စတဲ့ တပ်စခန်းတွေကို ၄ လအတွင်းမှာ သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ ဒါ့အပြင်  အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ နေအိမ်ပေါင်း ၂၈၃,၇၄၆  လုံးမီးရှို့ဖျက်ဆီးခံထားရတယ်လို့ Data for Myanmar ကမနေ့ကထုတ်ပြန်ထားပါတယ်။ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ ၁၀၀၀ အောက်ထိကျဆင်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလနေ တဖြေးဖြေး ပြန်ပြီးမြင့်တက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လအတွင်း နေအိမ်ပေါင်း ၂,၈၃၁ လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကိုင်းတိုင်းထဲ ၁,၈၅၁ လုံးနဲ့ မန္တလေးတိုင်းထဲက ၆၂၈ လုံးအများဆုံးပါဝင်သလို ကချင်အပါအဝင် ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာလည်းနေအိမ်မီးရှို့ခံရတာတွေရှိတယ်လို့ ဖော်ပြထားပါတယ်။ By – ဇမီ

    Read More »
  • 13 April
    သတင်း

    ဖားကန့် မမုံမှာအရပ်သား ၂ ဦးသတ်ဖြတ်ခံရ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်  မမုံကျေးရွာအနီးမှာ အရပ်သား ၂ ဦးသတ်ဖြတ်ခံထားရပြီး ပါလာတဲ့လက်ဝတ်ရတနာတွေလည်းလုယက်သွားတယ်လို့သိရပါတယ်။ ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်း မမုံကျေးရွာ ပန်းခြံကုန်းထဲမှာ အသက် ၂၀ ကျော်လူငယ် ၂ ဦး လက်နောက်ပြန်ကြိုးသုတ်ထားပြီး ဓားထိုးသတ်ခံထားရတဲ့…

    Read More »
Back to top button