မမုန်ကိုင်
-
Jan- 2026 -26 Januaryသတင်း
အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။ အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။ “မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။ KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့…
Read More » -
Jul- 2025 -16 Julyသတင်း
အင်းတော်ကြီး- ဖားကန့်လမ်းပိုင်းထိန်းချုပ်နိုင်ဖို့ စစ်တပ်အပြင်းထန်ကြိုးပမ်းနေ၊ ကျေးရွာနှစ်ခု KIA လက်လွှတ်လိုက်ရ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ– ဖားကန့်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကအပြင်းထန်ကြိုးစားနေတဲ့အတွက် အင်းတော်ကြီးနေရာဒေသတစ်ချို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ကျေးရွာ ၂ ရွာကိုလည်း KIA ပူးပေါင်းတပ်က လက်လွှတ်လိုက်ရတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ စစ်အင်အား ၅၀၀ ဝန်းကျင်ခန့်ရှိတဲ့ စစ်ကောင်စီပူးပေါင်းတပ် ဇူလိုင်လ ၁၂ ရက် မနက် ၂…
Read More »

