#မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
-
Feb- 2026 -21 Februaryသတင်း
မြစ်ကြီးနားလေဆိပ်လက်နက်ကြီးကျပေါက်ကွဲတဲ့ဖြစ်စဉ်ဟာ KIO/KIA ရဲ့ပုံရိပ်ကျဆင်းအောင်လုပ်နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသူတွေပြော
မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးမှာရှိတဲ့ မြစ်ကြီးနားလေဆိပ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ ကချင်လွတ်လပ်ရေး KIO/KIA ရဲ့ ပုံရိပ်ကျဆင်းအောင် လုပ်ဇတ်ဖန်းတီးနေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လက်ရှိချိန်မှာ အစိုးရအသစ်ဖော်ဆောင်နေပြီီး တစ်ဖက်မှာလည်းနိုင်ငံတကာနဲ့ တရုတ်အစိုးရရဲ့အမြင်မှာ KIA နဲ့ PDF ပူးပေါင်းတပ်က အကြမ်းဖက်နေတဲ့ပုံစံထင်ယောင်ထင်မှားဖြစ်အောင် ဆက်တိုက်လုပ်ဆောင်လာတာမြင်တွေ့လာရတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက KNG ကိုပြောပါတယ်။ “ဒါက စစ်တပ်ကိုယ်တိုင်လုပ်ဆောင်နေတယ်လို့ပဲမြင်ပါတယ်။ ပြောရရင် မြစ်ကြီးနားမှာ KIA နဲ့ PDF တွေက လေယာဉ်ကွင်း လေဆိပ်တွေအထိ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်တယ်ဆိုတဲ့ အမြင်မှားအောင် တမင်လုပ်နေတာ။ ဘာလို့လဲဆိုတော့ စစ်တပ်က အခု အစိုးရအသစ်လည်း ဖွဲ့စည်းတော့မယ်။ နောက်ပြီး မြစ်ဆုံစီမံကိန်းတွေ ထပ်ပြီးလုပ်ဆောင်လာဖို့အတွက် လုပ်ဇတ်လုပ်နေတယ်။ KIA နဲ့ PDF တွေရှိနေရင် လုံခြုံမှုမရှိဘူးဆိုပြီး မဖြစ်ဖြစ်အောင် လုပ်နေတဲ့သဘောလို့ပဲသုံးသပ်ပါတယ်”လို့ပြောပါတယ်။ ပြည်သူတွေရှိတဲ့ လေဆိပ်နေရာနဲ့ မြို့ပေါ်ရပ်ကွက်တွေအထိ ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အခြေအနေမှာ စစ်တပ်ဟာ မြစ်ဆုံစီမံကိန်းဖော်ဆောင်နိုင်ဖို့ KIA နဲ့ တော်လှန်တပ်ဖွဲ့တွေကို မြို့နဲ့ နီးတဲ့အနီးတဝိုက်မရှိစေလိုတဲ့ ရည်ရွယ်ချက်တဲ့ လုပ်ဆောင်လာတာဖြစ်တယ်လို့ သုံးသပ်နေတာလည်းဖြစ်ပါတယ်။ နောက်ပြီး မြစ်ကြီးနားမြို့နဲ့ တစ်ဆက်တည်းရှိတဲ့ ဝိုင်းမော်မြို့အနီးတစ်လျှောက် ကျေးရွာတွေမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေတာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ကနေ တစ်နှစ်ကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ KIA သိမ်းပိုက်နယ်မြေဖြစ်သလို တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချီဖွေ၊ ပန်ဝါ၊ ဆဒုံးနဲ့ ကန်ပိုင်တည်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ စစ်ကြောင်းထိုးဝင်နိုင်မရှိမရှိတဲ့အတွက် ဝိုင်းမော်မြို့အနီး မိုင်းနား၊ ဝူယန်နဲ့ လမြန်ကျေးရွာတစ်လျှောက် နှစ်ဆန်းပိုင်းကနေ တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ရေးအကောင်အထည်မဖော်နိုင်တဲ့အတွက် မြစ်ကြီးနားမြို့ကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတဲ့ အခြေအနေလည်း ပါဝင်နိုင်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတွေ ပြောပါတယ်။ စစ်တပ်ဟာ အစိုးရအသစ်ပြောင်းလဲလာတဲ့တစ်ချိန်ထဲမှာပဲ မြစ်ဆုံစီမံကိန်းကိုလည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ဖို့ရှိလာတာကြောင့် အများပြည်သူရဲ့ အားပေးထောက်ခံမှုတွေ ရရှိအောင် ကြိုးပမ်းနေတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် ကချင်အရေးကျွမ်းကျင်တဲ့ အမျိုးသားတစ်ဦးလည်း အခုလိုဆက်သုံးသပ်ထားပါတယ်။ “လေဆိပ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီမလုပ်ဘူးလို့လုံးဝမပြောနိုင်ပါဘူး။ အခုဆို စီမံကိန်းနဲ့ ပတ်သက်ပြီးမှ ပြည်သူလူထုရဲ့ မေတ္တာ ထောက်ခံမှုတွေဆိုချင်နေတယ်။ အဲ့ဒါကြောင့် KIA နဲ့ PDF တွေက မကောင်းတဲ့ ပုံစံဖြစ်အောင် ဖန်းတီးနေတာလည်းဖြစ်နိုင်တယ်။ မြစ်ကြီးနားမှာရှိတဲ့ လူတော်တော်များများလည်း အဲ့လိုပဲသုံးသပ်နေကြပါတယ်”လို့ပြောပါတယ်။ မြစ်ကြီးနားမြို့ အများပြည်သူသုံးလေဆိပ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာပထမအကြိမ် ဒရုန်းနဲ့ပစ်ခံရချိန်မှာလည်း စစ်ကောင်စီက KIA နဲ့ PDF တွေသာဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အလားတူ မနေ့က ဖေဖော်ဝါရီလ ၂၀ ည ပစ်ခတ်ခံရတဲ့အခြေနေမှာလည်း KIA နဲ့ PDF တွေရဲ့ လက်ချက်သာဖြစ်ကြောင်း စစ်ကောင်စီ ထုတ်ပြန်ပြောဆိုခဲ့ပြီး ပြင်းထန်တဲ့တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးပြောဆိုတာတွေလည်းရှိလာပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO ဘက်ကမဟုတ်ကြောင်း ငြင်းဆိုထားသလို KIA က စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာ၊ ရန်သူမရှိတဲ့ နေရာတွေကို ပစ်ခတ်တာမလုပ်ဘူးလို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောဆိုထားတာရှိပါတယ်။ ကချင်နိုင်ငံရေးသုံးသပ်သူတွေရဲ့ ပြောဆိုချက်အရလည်း KIO၊PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မည်ဆိုပါက စစ်တပ်လေယာဉ်ကွင်း နန့်ပေါင်လေတပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နေရာနဲ့ စစ်တပ်နဲ့ သက်ဆိုင်တဲ့နေရာတွေကိုသာ ပစ်မှတ်ထားတိုက်ခိုက်ကြမှာဖြစ်တယ်လို့…
Read More » -
Feb- 2024 -15 Februaryသတင်း
မိုးကောင်းမြို့ နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ခေါ်ယူစစ်ဆေးခံနေရ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နယ်ထိန်းခေါင်းဆောင် လာဘ်စားမှုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်က ခေါ်ယူစစ်ဆေးခံနေရတယ်လို့ မပခတပ်တွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က မိုးကောင်းမြို့နယ်ထိန်း ခေါင်းဆောင် ဗိုလ်ကြီးဇာနည်ဇော် ဆိုသူကို လာဘ်စားမှုနဲ့ဆင့်ခေါ်စစ်ဆေးနေတာလို့…
Read More » -
Feb- 2021 -8 Februaryငြိမ်းချမ်းရေးဆွေးနွေးမှု
NRPC ဖျက်သိမ်းပြီး တပ်မတော်ဖြင့်သာ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား
NLD အစိုးရလက်ထက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC ကိုဖျက်သိမ်းကြောင်း အာဏာသိမ်းတပ်မတော် က PCG မှတဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ အကြောင်းကြားလိုက်သည်ဟု သိရသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို NRPC မှ မဟုတ်ပဲ တပ်မတော်ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဖြင့်သာ…
Read More » -
Feb- 2020 -7 Februaryငြိမ်းချမ်းရေးဆွေးနွေးမှု
ကချင်တော်လှန်ရေးအစီစဉ်ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ
မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။ ‘လူငယ်အဖွဲ့စီစဉ်ဆောင်ရွက်မှုတွင် စဉ်စားတွေးခေါ်မှုလိုအပ်မှုရှိကြောင်း ခံယူပြီး …
Read More »



